iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါရွင္။ ဒီတခါမွာေတာ့ ပ်ိဳေမတို႔ရဲ႕ အသားအေရေလး အၿမဲတမ္း လွပေနေစဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္ေတြကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

၁။ Sunscreen လိမ္းပါ

ေနပူထဲသြားတဲ့အခါ SPF အနည္းဆံုး ၃၀ ပါတဲ့ Lotion လိမ္းေပးသင့္ပါတယ္။ ေနရိပ္ထဲမွာေနတဲ့အခါမွာလည္း SPF ၁၀ ေလာက္ပါတဲ့ Lotion ကိုလိမ္းေပးသင့္ပါတယ္။ ေနေလာင္ထားတဲ့အသားအေရကို ကုသဖို႔နဲ႔ ေနေလာင္ဒဏမ္ကေနကာကြယ္ဖို႔ Sunscreen လိမ္းေပးပါ။

၂။ အမည္းစက္ေတြကို ကုသပါ

သင့္မ်က္ႏွာမွာ အမည္းစက္ေတြ၊ ဝက္ၿခံေတြ ျဖစ္လာရင္ ေပ်ာက္သြားေအာင္ ဂရုစိုက္ပါ။ အမည္းစက္သက္သာေစၿပီး ဝက္ၿခံလည္း သက္သာေစဖို႔ မ်က္ႏွာကို ေပါင္းသင္ေပးတာမ်ိဳး လုပ္သင့္ပါတယ္။

၃။ မ်က္ႏွာကို ခဏခဏ မထိပါနဲ႔

မ်က္ႏွာကို လက္နဲ႔ ခဏခဏ ထိေပးတာဟာ လက္မွာ ရွိေနတဲ့ ဘက္တီးရီးယားေတြက မ်က္ႏွာေပၚမွာ ကပ္ညွိၿပီး အဆီနဲ႔ အညစ္အေၾကးေတြ ျဖစ္ေစသလို သင့္မ်က္ႏွာကို ညစ္ညမ္းေစပါတယ္။

၄။ အသားအေရကို သင့္ေလ်ာ္တဲ့ ထိန္းသိမ္းမႈလုပ္ပါ

သင့္အသက္အရြယ္နဲ႔ လိုက္ဖက္တဲ့ သင့္ေတာ္တဲ့ အသားအေရ ထိန္းသိမ္းမႈမ်ိဳးလုပ္ေပးပါ။ သင္အသက္ရလာတာနဲ႔ အမွ် သင့္အသက္အရြယ္နဲ ႔လို္က္ဖက္တဲ့ အလွျပင္ပစၥည္းေတြကို ေျပာင္းသံုးသင့္ပါတယ္။

၅။ လည္ပင္းက အသားအေရကိုလည္း ဂရုစို္က္ပါ

သင့္မ်က္ႏွာကိုပဲ အၿမဲတမ္း ဂရုစိုက္ေနၿပီး လည္ပင္းနဲ႔ တျခားအသားအေရကိုလည္း ဂရုစိုက္ဖို ႔ေမ့ေနၿပီလား။ ဒီလိုေတာ့မျဖစ္သင့္ပါဘူး။ သင့္လည္ပင္းက အသားအေရကိုလည္း ဂရုစို္က္ပါ။ ေနေလာင္ကာကြယ္တဲ့ ခရင္မ္ေတြလည္း လိမ္းေပးသင့္ပါတယ္။

၆။ သင့္မ်က္လံုး အၿမဲတမ္း လန္းဆန္းေနေအာင္လုပ္ပါ

မ်က္ကြင္းညိဳတာ ၊ မ်က္အိတ္ေဖာင္းတာမ်ိဳးျဖစ္ေနရင္ အိပ္ယာႏိုးႏိုးခ်င္း မ်က္လံုးကို ေရေအးေအးေလးနဲ႔ အရင္ေဆးခ်လိုက္ပါ။ ၿပီးရင္ သခြားသီး (သို႔) အာလူး ပါးပါးလွီးၿပီးကပ္ေပးပါ။ အားပါးတရ ငိုၿပီးတဲ့အခါမွာလည္း မ်က္လံုးေဖာင္းမလားေအာင္ ေရခဲကပ္ေပးၿပီးမွ အိပ္ပါ။

၇။ ေရခဲသံုးပါ

ေရခဲဟာ ေခၽြးေပါက္က်ဥ္းေစဖို႔ ကူညီေပးပါ။ ေရခဲကပ္ေပးျခင္းျဖင့္ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး အသားအေရကို စိုေျပေစမွာျဖစ္ပါတယ္။

၈။ အိပ္ယာမဝင္ခင္ မ်က္ႏွာသစ္ဖို႔ မေမ့ပါနဲ႔

ညအိပ္ယာဝင္တဲ့အခါမိတ္ကပ္လိမ္းလ်က္သားနဲ႔ မဝင္ပါနဲ႔။ မ်က္ႏွာကို ေသခ်ာသစ္ၿပီး Moisturizer လိမ္းေပးၿပီးမွ အိပ္ယာဝင္ေပးပါ။

၉။ အိပ္ေရးဝေအာင္အိပ္ပါ

အိပ္ေရးဝေအာင္အိပ္တာဟာ သင့္က်န္းမာေရးအတြက္ေရာ အသားအေရအတြက္ပါ ေကာင္းမြန္ပါတယ္။ အသားအေရလွၿပီး ေနာက္ေန႕မွာ လန္းဆန္းတက္ၾကြစြာ ႏိုးထႏိုင္ဖို႔ အိပ္ေရးဝဝ အိပ္သင့္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါရှင်။ ဒီတခါမှာတော့ ပျိုမေတို့ရဲ့ အသားအရေလေး အမြဲတမ်း လှပနေစေဖို့အတွက် လျှို့ဝှက်ချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ Sunscreen လိမ်းပါ

နေပူထဲသွားတဲ့အခါ SPF အနည်းဆုံး ၃၀ ပါတဲ့ Lotion လိမ်းပေးသင့်ပါတယ်။ နေရိပ်ထဲမှာနေတဲ့အခါမှာလည်း SPF ၁၀ လောက်ပါတဲ့ Lotion ကိုလိမ်းပေးသင့်ပါတယ်။ နေလောင်ထားတဲ့အသားအရေကို ကုသဖို့နဲ့ နေလောင်ဒဏမ်ကနေကာကွယ်ဖို့ Sunscreen လိမ်းပေးပါ။

၂။ အမည်းစက်တွေကို ကုသပါ

သင့်မျက်နှာမှာ အမည်းစက်တွေ၊ ဝက်ခြံတွေ ဖြစ်လာရင် ပျောက်သွားအောင် ဂရုစိုက်ပါ။ အမည်းစက်သက်သာစေပြီး ဝက်ခြံလည်း သက်သာစေဖို့ မျက်နှာကို ပေါင်းသင်ပေးတာမျိုး လုပ်သင့်ပါတယ်။

၃။ မျက်နှာကို ခဏခဏ မထိပါနဲ့

မျက်နှာကို လက်နဲ့ ခဏခဏ ထိပေးတာဟာ လက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာပေါ်မှာ ကပ်ညှိပြီး အဆီနဲ့ အညစ်အကြေးတွေ ဖြစ်စေသလို သင့်မျက်နှာကို ညစ်ညမ်းစေပါတယ်။

၄။ အသားအရေကို သင့်လျော်တဲ့ ထိန်းသိမ်းမှုလုပ်ပါ

သင့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ သင့်တော်တဲ့ အသားအရေ ထိန်းသိမ်းမှုမျိုးလုပ်ပေးပါ။ သင်အသက်ရလာတာနဲ့ အမျှ သင့်အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အလှပြင်ပစ္စည်းတွေကို ပြောင်းသုံးသင့်ပါတယ်။

၅။ လည်ပင်းက အသားအရေကိုလည်း ဂရုစိုက်ပါ

သင့်မျက်နှာကိုပဲ အမြဲတမ်း ဂရုစိုက်နေပြီး လည်ပင်းနဲ့ တခြားအသားအရေကိုလည်း ဂရုစိုက်ဖို့မေ့နေပြီလား။ ဒီလိုတော့မဖြစ်သင့်ပါဘူး။ သင့်လည်ပင်းက အသားအရေကိုလည်း ဂရုစိုက်ပါ။ နေလောင်ကာကွယ်တဲ့ ခရင်မ်တွေလည်း လိမ်းပေးသင့်ပါတယ်။

၆။ သင့်မျက်လုံး အမြဲတမ်း လန်းဆန်းနေအောင်လုပ်ပါ

မျက်ကွင်းညိုတာ ၊ မျက်အိတ်ဖောင်းတာမျိုးဖြစ်နေရင် အိပ်ယာနိုးနိုးချင်း မျက်လုံးကို ရေအေးအေးလေးနဲ့ အရင်ဆေးချလိုက်ပါ။ ပြီးရင် သခွားသီး (သို့) အာလူး ပါးပါးလှီးပြီးကပ်ပေးပါ။ အားပါးတရ ငိုပြီးတဲ့အခါမှာလည်း မျက်လုံးဖောင်းမလားအောင် ရေခဲကပ်ပေးပြီးမှ အိပ်ပါ။

၇။ ရေခဲသုံးပါ

ရေခဲဟာ ချွေးပေါက်ကျဉ်းစေဖို့ ကူညီပေးပါ။ ရေခဲကပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အသားအရေကို စိုပြေစေမှာဖြစ်ပါတယ်။

၈။ အိပ်ယာမဝင်ခင် မျက်နှာသစ်ဖို့ မမေ့ပါနဲ့

ညအိပ်ယာဝင်တဲ့အခါမိတ်ကပ်လိမ်းလျက်သားနဲ့ မဝင်ပါနဲ့။ မျက်နှာကို သေချာသစ်ပြီး Moisturizer လိမ်းပေးပြီးမှ အိပ်ယာဝင်ပေးပါ။

၉။ အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝအောင်အိပ်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ကောင်းမွန်ပါတယ်။ အသားအရေလှပြီး နောက်နေ့မှာ လန်းဆန်းတက်ကြွစွာ နိုးထနိုင်ဖို့ အိပ်ရေးဝဝ အိပ်သင့်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top