Credit : Duwun
အဆီများရင် များသလောက် ကြိမ်ရေများများ လုပ်သင့်ပါတယ်။
၁ - ထိုင်ခုံမှာ ထိုင်ရင်း ခြေထောက်ကို ၉၀ ဒီဂရီထားပြီး ကြမ်းပြင်နဲ့ထိထားပါ။ ပုံပါအတိုင်း လက်နှစ်ဖက်က ဒူးခေါင်းနှစ်ခုရဲ့ အပြင်ဘက်မှာ ကပ်ထားပါ။ ဒူးခေါင်းကို အပြင်ဘက်ကို ကားထုတ်ချိန်မှာ ကပ်ထားတဲ့လက်နှစ်ဖက်ကလည်း အထဲကိုပြန်ဖိထားပါ။ အဆိုပါ ပုံစံအတိုင်း ဒူးခေါင်းနဲ့လက်ကို အပြန်အလှန်ဖိပေးထားပြီး တစ်မိနစ်လောက်ထားပါ။ ဖိထားချိန်မှာ အသက်ကို ပုံမှန်ရှုပါ။
၂ - ထိုင်ခုံမှာ ထိုင်ပြီး ပုံပါအတိုင်းညာဘက်ခြေထောက်ကို အသက်ရှုထုတ်ပြီးမြှောက်ပါ။ ခြေထောက်ကို စက္ကန့်သုံးဆယ်လောက် တန်းထားပါ။ ပြန်ချပြီး ဘယ်ဘက်ခြေထောက်ကိုလည်း ရှုထုတ်ပြီးမြှောက်ပါ။ စက္ကန့်သုံးဆယ် ထားပါ။ ခြေထောက်တွေတန်းထား ချိန်မှာ အသက်ကို ပုံမှန်ရှုပါ။
၃ - ထိုင်ခုံမှာ ထိုင်ပြီး တင်ပါးကို ပုံပါအတိုင်းဖြစ်တဲ့ထိ မြှောက်ပါ။ မြှောက်တဲ့အချိန်မှာလည်း အသက်ကို ရှုထုတ်ပါ။ ပုံမှန်အတိုင်းအသက်ပြန်ရှုပြီး စက္ကန့် ၂၀ ကနေ ၆၀ လောက်ထိနေပါ။ ပြီးရင် ပြန်ထိုင်ပါ။
***အစားအသောက်ဆင်ခြင်ပြီး အဆီများတဲ့ အစားအစာတွေကိုတော့ လျှော့စားရမှာ ဖြစ်ပါတယ်။ အဆီများရင် များသလောက် အကြိမ်ရေများများ လုပ်သင့်ပါတယ်။
Photos & Source: Lifehack
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...