iMyanmarHouse.com - Best Property Website for Myanmar
×

ရဲယိုရြက္ဆိုရင္ ငါးခူန႔ဲ တြဲျမင္တတ္ၾကပါလိမ့္မယ္။ ရဲယိုရြက္ကို ငါးခူနဲ႔ ေရာခ်က္စားၾကသလို ေပါင္းလည္း စားၾကပါတယ္။ ရဲယိုပင္ဟာ ျမန္မာျပည္ အႏွံ႔အျပားမွာ ေပါက္ေရာက္ၿပီး အထက္ျမန္မာျပည္နဲ႔ ေအာက္ျမန္မာျပည္ ေဒသေတြမွာ အမ်ားဆံုးေ ပါက္ေရာက္ပါတယ္။ သဘာ၀ အေလ်ာက္ ေပါက္ေရာက္ၿပီး အပင္ငယ္မ်ိဳးျဖစ္ပါတယ္။

ရဲယိုရြက္ဟာ အစိမ္းရင့္ေရာင္ ရွိၿပီး သြယ္ၿပီး ခြ်န္ပါတယ္။ ရဲယိုပင္ရဲ႕ အပြင့္ဟာ အျဖဴေရာင္ျဖစ္ၿပီး ေမႊးပါတယ္။ အသီးကေတာ့ ရွည္ေမ်ာေမ်ာ ပံုစံ ျဖစ္ၿပီးပံုစံကေတာ့ ရုပ္ဆုိးတယ္ ေျပာရမလားပဲ။ အနံ႔ကေတာ့ မႀကိဳက္သူေတြ အတြက္ အေတာ္ ဆိုးပါတယ္။ ဒါေပမယ့္ အရြက္ေရာ အသီးေရာ ေဆးဖက္၀င္ပါတယ္။ ရဲယိုရြက္ရဲ႕ အရသာဟာ ခါးၿပီး အနည္းငယ္ ပူေစပါတယ္။ ရဲယိုသီးကေတာ့ အနည္းငယ္ ခ်ဥ္ပါတယ္။ မွည့္လာတဲ့ အခ်ိန္ဆို အနည္းငယ္ ခ်ိဳပါတယ္။

ရဲယို႐ြက္ ကုိျပဳတ္၍ တို႕စားလွ်င္ ေလခ်ဳပ္ ေရာဂါ၊ ၀မ္းဗုိက္နာ ေရာဂါ၊ အာေခါင္ ပူေလာင္ ေသာေရာဂါ၊ သည္းေျခ ေဖာက္ျပန္ေသာ ေရာဂါႏွင့္ ေသြးတိုး ေရာဂါ ေပ်ာက္ကင္းေစပါတယ္။ ရဲယို႐ြက္ ကို ငါးေျမြထုိး အသားႏွင့္ ျပဳတ္၍ သုပ္စားလွ်င္ ပင္လယ္ အူနာ ေပ်ာက္ေစၿပီး ရဲယို႐ြက္ ကုိ သုပ္စားပါက ႏုိ႕ေခ်ာင္းပိတ္ ေရာဂါ၊ႏုိ႕ေရ ခန္းေရာဂါ၊သက်ည္း ကိုက္ေရာဂါ၊၀မ္းရစ္နာ ျခင္းႏွင့္ ႏွာေခါင္း ေသြးလွ်ံ ျခင္းတုိ႕ကို ေပ်ာက္ေစပါတယ္။   ႏွလံုး ေရာဂါ၊ ေသြးသြန္ ေရာဂါႏွင့္ ဆီးခ်ိဳ ေရာဂါမ်ား အတြက္ ဒန္႕သလြန္႐ြက္ ႏွင့္ ဟင္းခ်ိဳ ခ်က္ေသာက္က ေပ်ာက္ေစတဲ့ အစြမ္း ရွိပါတယ္။ ငါးခူနဲ႔ ေရာခ်က္စားရင္ ခံတြင္းၿမိန္ေစၿပီး ေလကို ႏုိင္ေစပါတယ္။ ရဲယိုရြက္ ႏုႏုေလးကို ျပဳတ္ၿပီး တို႔စားရင္ ၀မ္းေပ်ာ့ေပ်ာ့ေလး သြားေစၿပီး ၀မ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။

ရဲယိုသီးကိုေတာာ့ ပ်ားရည္နဲ႔ ေခါက္စားရင္ ေခ်ာင္းဆိုးနဲ႔ ပန္းနာကို ေပ်ာက္ေစပါတယ္။ ရဲယိုသီးမွည့္ကို ထန္းလ်က္နဲ႔ စားရင္ေတာ့ အစာမေၾက ရင့္ျပည့္ရင္ကယ္ကို သက္သာေစပါတယ္။ အသီးႏုႏုေလးေတြကို ျပဳတ္စားရင္ေတာ့ ေလထိုးေလေအာင့္နဲ႔ ေသြးတက္ေရာဂါေတြကို ေပ်ာက္ေစပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရဲယိုရွက်ဆိုရင် ငါးခူနဲ့ တွဲမြင်တတ်ကြပါလိမ့်မယ်။ ရဲယိုရွက်ကို ငါးခူနဲ့ ရောချက်စားကြသလို ပေါင်းလည်း စားကြပါတယ်။ ရဲယိုပင်ဟာ မြန်မာပြည် အနှံ့အပြားမှာ ပေါက်ရောက်ပြီး အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဒေသတွေမှာ အများဆုံးေ ပါက်ရောက်ပါတယ်။ သဘာ၀ အလျောက် ပေါက်ရောက်ပြီး အပင်ငယ်မျိုးဖြစ်ပါတယ်။

ရဲယိုရွက်ဟာ အစိမ်းရင့်ရောင် ရှိပြီး သွယ်ပြီး ချွန်ပါတယ်။ ရဲယိုပင်ရဲ့ အပွင့်ဟာ အဖြူရောင်ဖြစ်ပြီး မွှေးပါတယ်။ အသီးကတော့ ရှည်မျောမျော ပုံစံ ဖြစ်ပြီးပုံစံကတော့ ရုပ်ဆိုးတယ် ပြောရမလားပဲ။ အနံ့ကတော့ မကြိုက်သူတွေ အတွက် အတော် ဆိုးပါတယ်။ ဒါပေမယ့် အရွက်ရော အသီးရော ဆေးဖက်ဝင်ပါတယ်။ ရဲယိုရွက်ရဲ့ အရသာဟာ ခါးပြီး အနည်းငယ် ပူစေပါတယ်။ ရဲယိုသီးကတော့ အနည်းငယ် ချဉ်ပါတယ်။ မှည့်လာတဲ့ အချိန်ဆို အနည်းငယ် ချိုပါတယ်။

ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်းစေပါတယ်။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်စေပြီး ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေပါတယ်။   နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေတဲ့ အစွမ်း ရှိပါတယ်။ ငါးခူနဲ့ ရောချက်စားရင် ခံတွင်းမြိန်စေပြီး လေကို နိုင်စေပါတယ်။ ရဲယိုရွက် နုနုလေးကို ပြုတ်ပြီး တို့စားရင် ဝမ်းပျော့ပျော့လေး သွားစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ရဲယိုသီးကိုတောာ့ ပျားရည်နဲ့ ခေါက်စားရင် ချောင်းဆိုးနဲ့ ပန်းနာကို ပျောက်စေပါတယ်။ ရဲယိုသီးမှည့်ကို ထန်းလျက်နဲ့ စားရင်တော့ အစာမကြေ ရင့်ပြည့်ရင်ကယ်ကို သက်သာစေပါတယ်။ အသီးနုနုလေးတွေကို ပြုတ်စားရင်တော့ လေထိုးလေအောင့်နဲ့ သွေးတက်ရောဂါတွေကို ပျောက်စေပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top