iMyanmarHouse.com - Best Property Website for Myanmar
×

အထိုင္မ်ားျခင္းက က်န္းမာေရးကို သက္ေရာက္မႈရွိေနပါတယ္။ လႈပ္ရွားမႈနည္းၿပီး အထိုင္မ်ားတာနဲ႔အမွ် ခႏၶာကိုယ္က ကယ္လိုရီေလာင္ကၽြမ္းမႈ နည္းပါးၿပီး အ၀လြန္ျခင္းနဲ႔ အျခား ကိုယ္အေလးခ်ိန္ဆိုင္ရာ ျပႆနာေတြ ရွိလာႏိုင္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းတစ္ခုက ထိုင္ေနရင္းလည္း ကယ္လိုရီးေတြ ေလာင္ကၽြမ္းသြားေအာင္ လုပ္ႏိုင္တာပဲျဖစ္ပါတယ္။ သင့္အေနနဲ႔ အထိုင္မ်ားတဲ့ အလုပ္သေဘာ၀ရွိတယ္ဆိုရင္ ဒီနည္းလမ္းေတြကို လုပ္ေဆာင္ၾကည့္ၿပီး ကိုယ္အေလးခိ်န္ကို ထိန္းထားႏိုင္ပါတယ္။

၁။ ရယ္ပါ
ရယ္ေမာျခင္းဟာ ေဆးတစ္မ်ိဳးျဖစ္ပါတယ္။ အရမ္းရီရတဲ့အခါမွာ ဘာပဲလုပ္လုပ္၊ ဘယ္လိုပဲေနေန ေခၽြးထြက္ေစပါတယ္။ သင့္တစ္ေန႔တာလံုးမွာ မ်ားမ်ား ရယ္ေပးမယ္ဆိုရင္ ကယ္လိုရီေတြကို ေလာင္ကၽြမ္းသြားေစႏိုင္ပါတယ္။ ဒါ့အျပင္ သင္ကိုယ္တိုင္နဲ႔ ပတ္၀န္းက်င္က လူေတြအတြက္ အေကာင္းျမင္စိတ္ေတြ မ်ားလာေစပါတယ္။

၂။ ထိုင္ခံုလဲပါ
သင့္အေနနဲ႔ အဆီပိုေတြနဲ႔ ကယ္လိုရီေတြ မ်ားမ်ားေလာင္ကၽြမ္းေစခ်င္တယ္ဆိုရင္ ထိုင္ေနတဲ့ ခံုကို လဲလိုက္ပါ။ သင့္အေနနဲ႔ အားကစားလုပ္ရာမွာ သံုးတဲ့ Stability ေဘာလံုးကို ထိုင္ခံုအျဖစ္နဲ႔ သံုးၾကည့္သင့္ပါတယ္။ ဒီေဘာလံုးေတြက သင့္ရဲ႕လႈပ္ရွားမႈနဲ႔ ကိုယ္အေလးခ်ိန္ေပၚမူတည္ၿပီး တစ္နာရီကို ကယ္လိုရီပမာဏ(၁၀၀)ေလာက္အထိ အပိုေလာင္ကၽြမ္းေစႏိုင္ပါတယ္။ ဒါ့အျပင္ ေျခေထာက္နဲ႔ အဓိကၾကြက္သာေတြ သန္မာလွပေစဖို႔လည္း အေထာက္အကူျဖစ္ေစပါတယ္။။

၃။ အပူခ်ိန္ေလွ်ာ့ခ်ပါ
အခန္းတြင္းအပူခ်ိန္ကို ေလွ်ာ့ခ်ၿပီး ေအးျမတဲ့အေျခအေနမွာ ေနထိုင္တာက ကိုယ္အေလးခ်ိန္ကို ထိထိေရာက္ေရာက္ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ သင့္ရဲ႕ခႏၶာကိုယ္က အပူခ်ိန္ညီမွ်ေအာင္ အလုိအေလ်ာက္ထိန္းညွိမွာျဖစ္တဲ့အတြက္ ကယ္လိုရီေတြကို ပိုၿပီးေလာင္ကၽြမ္းေစရပါတယ္။ ပတ္၀န္းက်င္ေအးေလေလ၊ ခႏၶာကိုယ္က ေႏြးေထြးဖို႔အတြက္ ပိုၿပီးအလုပ္လုပ္ရေလပဲ ျဖစ္ပါတယ္။

၄။ ထိုင္ေနရင္းနဲ႔ ကပါ
ထိုင္ေနရင္ မလႈပ္ရဘူးလို႔ ဘယ္သူကမွ မတားျမစ္ထားပါဘူး။ ဒါ့ေၾကာင့္ ေတးဂီတတစ္ခုခုကို ဖြင့္ၿပီး ခႏၶာကိုယ္ကို အလိုက္သင့္လႈပ္ရွားၿပီး လိုက္ကပါ။ အေၾကာအခ်င္ေတြ ေျပေလ်ာ့ေစသလို ကယ္လိုရီေတြကိုလည္း ေလာင္ကၽြမ္းေစပါတယ္။

၅။ အဆာေျပမုန္႔စားပါ
ခႏၶာကိုယ္ ၾကံ႕ခိုင္ေရးနဲ႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ ေသခ်ာေလ့လာထားသူေတြကေတာ့ ဒီအခ်က္ကို သေဘာေပါက္မွာ ျဖစ္ပါတယ္။ အစားအေသာက္ေတြ အမ်ားႀကီးတစ္ခါတည္း စားတာထက္ နည္းနည္းစီ မၾကာခဏစားေပးတာက ဆာေလာင္မႈကို မျဖစ္ေစပဲ အစားအလြန္အကၽြံမစားမိေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

၆။ ေရဓာတ္ျပည့္၀ေနပါေစ
သင့္အေနနဲ႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ လက္လွမ္းမီရာေနရာမွာ ေရတစ္ဘူးရွိေနသင့္ပါတယ္။ ေရေသာက္ျခင္းဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းကို ပိုၿပီးထိေရာက္ေစပါတယ္။ ေရဟာ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစမယ့္ ခႏၶာကိုယ္ ဇီ၀ကမၼျဖစ္စဥ္အတြက္ မရွိမျဖစ္လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။

၇။ အေၾကာဆန္႔ပါ
ထိုင္ေနရတယ္ဆိုတိုင္းမွာ ေက်ာက္ရုပ္တစ္ခုလို႔ ၿငိမ္သက္ေနရတာ မဟုတ္ပါဘူး။ အေၾကာေလွ်ာ့တာ၊ ကိုယ္လက္လႈပ္ရွားတာေတြကို မၾကာခဏလုပ္ေဆာင္ေပးပါ။ ဒီလိုလုပ္ေဆာင္ေပးတာက ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ၾကြက္သားေတြကို ေျပေလ်ာ့ေစႏုိင္သလို ကယ္လိုရီအနည္းငယ္ကိုလည္း ေလာင္ကၽြမ္းေစပါတယ္။

၈။ အသက္ျပင္းျပင္းရႈပါ
အသက္ျပင္းျပင္း ႐ႈသြင္း႐ႈထုတ္ျခင္းက က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။ သင့္ကို လန္းဆန္းေျပေလ်ာ့ေစၿပီး စိတ္ဖိစီးမႈကို သက္သာေစပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ အခ်ိဳစားခ်င္စိတ္နဲ႔ အျခားက်န္းမာေရးနဲ႔ မညီညြတ္တာေတြ စားေသာက္ခ်င္စိတ္ မ်ားလာတတ္ပါတယ္။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ျခင္းအားျဖင့္ ေသြးလည္ပတ္မႈနဲ႔ ဇီ၀ကမၼျဖစ္စဥ္ကို တိုးတက္ေစႏိုင္ၿပီး ကယ္လိုရီေတြကို ပိုၿပီးေတာ့ ျမန္ျမန္ေလာင္ကၽြမ္းေစႏိုင္ပါတယ္။

၉။ တစ္ေရးေလာက္အိပ္ပါ
တစ္ေရးတစ္ေမာအိပ္စက္ျခင္းက ပံုမွန္အိပ္စက္ျခင္းလိုပဲ အေရးႀကီးပါတယ္။ တစ္ေရးအိပ္စက္ျခင္းဟာ ဆာေလာင္မႈကိုျဖစ္ေစတဲ့ ေဟာ္မုန္းေတြ မထြက္ေအာင္ တားဆီးေပးႏုိင္ပါတယ္။ ဒါ့ေၾကာင့္ မလိုအပ္ပဲ အစားမစားမိႏိုင္ေတာ့ပဲ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

Credit : Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အထိုင်များခြင်းက ကျန်းမာရေးကို သက်ရောက်မှုရှိနေပါတယ်။ လှုပ်ရှားမှုနည်းပြီး အထိုင်များတာနဲ့အမျှ ခန္ဓာကိုယ်က ကယ်လိုရီလောင်ကျွမ်းမှု နည်းပါးပြီး အဝလွန်ခြင်းနဲ့ အခြား ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် သတင်းကောင်းတစ်ခုက ထိုင်နေရင်းလည်း ကယ်လိုရီးတွေ လောင်ကျွမ်းသွားအောင် လုပ်နိုင်တာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အထိုင်များတဲ့ အလုပ်သဘောဝရှိတယ်ဆိုရင် ဒီနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။

၁။ ရယ်ပါ
ရယ်မောခြင်းဟာ ဆေးတစ်မျိုးဖြစ်ပါတယ်။ အရမ်းရီရတဲ့အခါမှာ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲနေနေ ချွေးထွက်စေပါတယ်။ သင့်တစ်နေ့တာလုံးမှာ များများ ရယ်ပေးမယ်ဆိုရင် ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က လူတွေအတွက် အကောင်းမြင်စိတ်တွေ များလာစေပါတယ်။

၂။ ထိုင်ခုံလဲပါ
သင့်အနေနဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေ များများလောင်ကျွမ်းစေချင်တယ်ဆိုရင် ထိုင်နေတဲ့ ခုံကို လဲလိုက်ပါ။ သင့်အနေနဲ့ အားကစားလုပ်ရာမှာ သုံးတဲ့ Stability ဘောလုံးကို ထိုင်ခုံအဖြစ်နဲ့ သုံးကြည့်သင့်ပါတယ်။ ဒီဘောလုံးတွေက သင့်ရဲ့လှုပ်ရှားမှုနဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး တစ်နာရီကို ကယ်လိုရီပမာဏ(၁၀၀)လောက်အထိ အပိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်နဲ့ အဓိကကြွက်သာတွေ သန်မာလှပစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။။

၃။ အပူချိန်လျှော့ချပါ
အခန်းတွင်းအပူချိန်ကို လျှော့ချပြီး အေးမြတဲ့အခြေအနေမှာ နေထိုင်တာက ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်က အပူချိန်ညီမျှအောင် အလိုအလျောက်ထိန်းညှိမှာဖြစ်တဲ့အတွက် ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေရပါတယ်။ ပတ်ဝန်းကျင်အေးလေလေ၊ ခန္ဓာကိုယ်က နွေးထွေးဖို့အတွက် ပိုပြီးအလုပ်လုပ်ရလေပဲ ဖြစ်ပါတယ်။

၄။ ထိုင်နေရင်းနဲ့ ကပါ
ထိုင်နေရင် မလှုပ်ရဘူးလို့ ဘယ်သူကမှ မတားမြစ်ထားပါဘူး။ ဒါ့ကြောင့် တေးဂီတတစ်ခုခုကို ဖွင့်ပြီး ခန္ဓာကိုယ်ကို အလိုက်သင့်လှုပ်ရှားပြီး လိုက်ကပါ။ အကြောအချင်တွေ ပြေလျော့စေသလို ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

၅။ အဆာပြေမုန့်စားပါ
ခန္ဓာကိုယ် ကြံ့ခိုင်ရေးနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ သေချာလေ့လာထားသူတွေကတော့ ဒီအချက်ကို သဘောပေါက်မှာ ဖြစ်ပါတယ်။ အစားအသောက်တွေ အများကြီးတစ်ခါတည်း စားတာထက် နည်းနည်းစီ မကြာခဏစားပေးတာက ဆာလောင်မှုကို မဖြစ်စေပဲ အစားအလွန်အကျွံမစားမိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၆။ ရေဓာတ်ပြည့်ဝနေပါစေ
သင့်အနေနဲ့ ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင် လက်လှမ်းမီရာနေရာမှာ ရေတစ်ဘူးရှိနေသင့်ပါတယ်။ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်လျှော့ချခြင်းကို ပိုပြီးထိရောက်စေပါတယ်။ ရေဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေမယ့် ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

၇။ အကြောဆန့်ပါ
ထိုင်နေရတယ်ဆိုတိုင်းမှာ ကျောက်ရုပ်တစ်ခုလို့ ငြိမ်သက်နေရတာ မဟုတ်ပါဘူး။ အကြောလျှော့တာ၊ ကိုယ်လက်လှုပ်ရှားတာတွေကို မကြာခဏလုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ဆောင်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်သလို ကယ်လိုရီအနည်းငယ်ကိုလည်း လောင်ကျွမ်းစေပါတယ်။

၈။ အသက်ပြင်းပြင်းရှုပါ
အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်ခြင်းက ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ သင့်ကို လန်းဆန်းပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ စိတ်ဖိစီးမှုကြောင့် အချိုစားချင်စိတ်နဲ့ အခြားကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားသောက်ချင်စိတ် များလာတတ်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချခြင်းအားဖြင့် သွေးလည်ပတ်မှုနဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေနိုင်ပြီး ကယ်လိုရီတွေကို ပိုပြီးတော့ မြန်မြန်လောင်ကျွမ်းစေနိုင်ပါတယ်။

၉။ တစ်ရေးလောက်အိပ်ပါ
တစ်ရေးတစ်မောအိပ်စက်ခြင်းက ပုံမှန်အိပ်စက်ခြင်းလိုပဲ အရေးကြီးပါတယ်။ တစ်ရေးအိပ်စက်ခြင်းဟာ ဆာလောင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေ မထွက်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် မလိုအပ်ပဲ အစားမစားမိနိုင်တော့ပဲ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်စေပါတယ်။

Credit : Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top