သင္သည္ မအီမသာခံစားေနရပါလွ်င္ အရင္ဦးဆံုး သင္စားေသာက္ခဲ့ေသာ အစားအေသာက္မ်ားေႀကာင့္ျဖစ္သည္ဟု စဥ္းစားမိပါလိမ့္မည္။ သို႕ေသာ္ သင့္က်န္းမာေရးအတြက္ အာဟာရဓာတ္လံုေလာက္စြာ စားသံုးရန္လိုအပ္ပါသည္။
အခ်ိဳ႕ေသာ အစားအစာမ်ားသည္ မအီမသာျဖစ္ေစေသာ္လည္း အခ်ိဳ႕ေသာအစားအစာမ်ားစားျခင္းျဖင့္လည္း ထိုမအီမသာျဖစ္မႈမ်ားကို ေပ်ာက္ကင္းေစပါသည္။
ပန္းသီး
ပန္းသီးသည္ မအီမသာျဖစ္ျခင္းကို သက္သာေစေသာ္လည္း ပမာဏမ်ားစြာ တျပိဳင္နက္စားလိုက္လွ်င္ သင့္ကိုပိုေနရဆိုးေစပါသည္။ တေန႕ပတ္လံုး ပန္းသီး၊ အသီးအရြက္ စသည့္ အမွ်င္ဓာတ္မ်ားေသာ အစားအစာမ်ားကို ေျဖးေျဖးစားေပးပါ။
သင္သည္ မာေသာ အစာမ်ားကို အစာေျခနို္င္စြမ္းမရွိပါက ပန္းသီးအနွစ္၊ ပန္းသီးေဖ်ာ္ရည္တုိ႕ေသာက္နိုင္ပါသည္။
ဌက္ေပ်ာသီး
သင္သည္ မအီမသာျဖစ္ျပီး ေရဓာတ္ခမ္းေျခာက္မႈျဖစ္ပါက သို႕မဟုတ္ အန္ပါက အခ်ိဳ႕ေသာ အသီးမ်ားကသင့္အတြက္ သက္သာေစပါလိမ့္မည္။
ဌက္ေပ်ာသီးသည္ အန္ျပီး ၀မ္းေလွ်ာျပီးတြင္ ခႏၶာကိုယ္မွ ဆံုးရႈံးသြားေသာ ပိုတက္ဆီယံဓာတ္ကို ျပန္ျဖည့္ေပးနိုင္သည္။ သင္ ေ၀ဒနာသက္သာလာျပီး အစာျပန္စားနိုင္စအခ်ိန္တြင္ ဆရာ၀န္က ဌက္ေပ်ာသီးကဲ့သို႕ေသာ အစာေပ်ာ့မ်ိဳးကို စေကၽြးပါလိမ့္မည္။
ဘီစကစ္မုန္႕
ေပါင္မုန္႕၊ ေပါင္မုန္႕ႀကြပ္နွင့္ ေပါင္မုန္႕ကင္တို႕ကဲ့သို႕ ကစီဓာတ္ႀကြယ္၀ေသာအစားအစာမ်ားသည္ အစာအိမ္တြင္ အက္ဆစ္ဓာတ္ကို စုပ္ယူေပးျပီး ပ်ိဳ႕အန္ခ်င္ျခင္းကို ေလ်ာ့က်ေစသည္။ သင္ညအိပ္ခါနီး ဘီစကြတ္အခ်ိဳ႕ကို စားေပးျခင္းသည္ မနက္မိုးလင္းလာလွ်င္ မအီမသာျဖစ္ျခင္းကို ေလ်ာ့နည္းေစသည္။
ဂ်င္း
ဂ်ငိးသည္ ပ်ိဳ႕ျခင္း၊ အန္ျခင္းကို ေလ်ာ့နည္းေစသည္။ ဂ်င္းျဖင့္ျပဳလုပ္ထားေသာ လက္ဘက္ရည္၊ ဘီယာ၊ ကြတ္ကီး၊ သႀကားလံုး နွင့္ ဆူရွီနွင့္တြဲစားရေသာ ဂ်င္းဆားရည္စိမ္ စသည္တို႕ျဖင့္ စားသံုးနိုင္သည္။
အခြံမာသီးမ်ား
ပရိုတင္းဓာတ္နည္းျခင္းသည္ ပ်ိဳ႕အန္ျခင္းကို ပိုဆိုးေစသည္။ ထို႕ေႀကာင့္ ပရိုတင္းဓာတ္ျပည့္၀ေသာ အခြံမာသီမ်ား၊ ေျမပဲေထာပတ္(ဓာတ္မတည့္ျခင္း မရွိလွ်င္)စသည္တို႕သည္ အစာေျခလြယ္ေစသည္။
ထို႕ျပင္ ကုန္ဆံုးသြားေသာ အားအင္မ်ားကို လွ်င္ျမန္စြာျပန္ျဖည့္နိုင္ျပီး မအီမသာျဖစ္ျခင္းကိုလည္း သက္သာေစသည္။
အားကစားလုပ္ရာတြင္ေသာက္ေသာ အခ်ိဳရည္မ်ား
အားကစားလုပ္ရာတြင္ေသာက္ေသာ အခ်ိဳရည္အမ်ားစုသည္ ဆိုဒီယံနွင့္ ပို တက္ဆီယံဓာတ္မ်ား ႀကြယ္၀ႀကသည္။ သို႕ေသာ ္သင္သည္ အားကစားသမားတဦးမဟုတ္လည္း ထိုအားျဖည့္အခ်ိဳရည္မ်ားကို ေသာက္သံုးနိုင္ပါသည္။ ၎တို႕သည္ မအီမသာျဖစ္ျခင္းကို သက္သာေစပါသည္။
ပူစီနံ
ပူစီနံသည္ မအီမသာျဖစ္ျခင္းကို သက္သာေစေႀကာင္းလူသိမ်ားသည္။ ဂ်င္းကဲ့သို႕ပင္ ပူစီနံကိုလည္း အလြယ္တကူ၀ယ္ယူနိုင္ပါသည္။ ပူစီနံအနံ႕ကို စိတ္ႀကည္လင္ေစရန္ ရႈနိုင္ပါသည္။ သို႕ေသာ္ ပူစီနံကို စားျခင္းက သင့္ျဖစ္ေနေသာ မအီမသာခံစားမႈကို ထိေရာက္စြာ သက္သာေစပါလိမ့္မည္။
ေရ နွင့္ ေရခဲခ်ပ္မ်ား
ေရနည္းနည္းစီေသာက္ေပးျခင္းျဖင့္ ေခါင္းကိုက္ျခင္းနွင့္ ပ်ိဳ႕ျခင္းတို႕ကို ေလ်ာ့နည္းေစသည္။သင့္အစာအိမ္ကလက္ခံနို္င္သေလာက္ေရပမာဏကို နည္းနည္းခ်င္းစီ စေသာက္ပါ။ ေရခဲခ်ပ္မ်ားသည္လည္း အေအးမိျခင္း၊ ကား၊သေဘာၤ၊ ေလယာဥ္မူးျခင္း၊ အေအးမိတုပ္ေကြးျဖစ္ျခင္း၊ ကိုယ္၀န္ေဆာင္ခ်ိန္ပ်ိဳ႕ျခင္း၊ အစာအဆိပ္သင့္ျခင္းနွင့္ ကင္ဆာေဆးမ်ားေႀကာင့္ ပ်ိဳ႕အန္ျခင္းတို႕ကို သက္သာေစပါသည္။
ေရခဲသည္ အန္ျခင္း၊ ၀မ္းေလွ်ာျခင္းတို႕ေႀကာင့္ေရဓာတ္ခမ္းေျခာက္ျခင္းတို႕ကိုလည္းေလွ်ာ့နည္းေစပါသည္။ သံပရာ၊ လီမြန္စသည့္အရသာမ်ားနွင့္ ျပဳလုပ္ထားေသာ ေရခဲတံုးမ်ားကို ၀ါးမစားဘဲ ပါးစပ္ထဲတြင္ ငံုထားျခင္းျဖင့္လည္း မအီမသာျဖစ္ျခင္းကို သက္သာေစပါသည္။
အထက္ေဖာ္ျပပါနည္းလမ္းမ်ားသည္ သင္မအီမသာျဖစ္ေနေသာအခါ ကူညီေပးနိုင္ေသာ နည္းလမ္းမ်ားျဖစ္ပါသည္။ ထိုအနက္မွ အခ်ိဳ႕အစားအစာမ်ားသည္ ကင္ဆာေရာဂါသည္မ်ားနွင့္ မနက္အိပ္ရာထခ်ိန္္ ပ်ိဳ႕အန္ေသာ သူမ်ားအတြက္ ေကာင္းက်ိဳးမ်ားစြာရွိပါသည္။
Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓာတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။
အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။
ပန်းသီး
ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓာတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။
သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။
ဌက်ပျောသီး
သင်သည် မအီမသာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။
ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓာတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။
ဘီစကစ်မုန့်
ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ ကစီဓာတ်ကြွယ်ဝသောအစားအစာများသည် အစာအိမ်တွင် အက်ဆစ်ဓာတ်ကို စုပ်ယူပေးပြီး ပျို့အန်ချင်ခြင်းကို လျော့ကျစေသည်။ သင်ညအိပ်ခါနီး ဘီစကွတ်အချို့ကို စားပေးခြင်းသည် မနက်မိုးလင်းလာလျှင် မအီမသာဖြစ်ခြင်းကို လျော့နည်းစေသည်။
ဂျင်း
ဂျငိးသည် ပျို့ခြင်း၊ အန်ခြင်းကို လျော့နည်းစေသည်။ ဂျင်းဖြင့်ပြုလုပ်ထားသော လက်ဘက်ရည်၊ ဘီယာ၊ ကွတ်ကီး၊ သကြားလုံး နှင့် ဆူရှီနှင့်တွဲစားရသော ဂျင်းဆားရည်စိမ် စသည်တို့ဖြင့် စားသုံးနိုင်သည်။
အခွံမာသီးများ
ပရိုတင်းဓာတ်နည်းခြင်းသည် ပျို့အန်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် ပရိုတင်းဓာတ်ပြည့်ဝသော အခွံမာသီများ၊ မြေပဲထောပတ်(ဓာတ်မတည့်ခြင်း မရှိလျှင်)စသည်တို့သည် အစာခြေလွယ်စေသည်။
ထို့ပြင် ကုန်ဆုံးသွားသော အားအင်များကို လျှင်မြန်စွာပြန်ဖြည့်နိုင်ပြီး မအီမသာဖြစ်ခြင်းကိုလည်း သက်သာစေသည်။
အားကစားလုပ်ရာတွင်သောက်သော အချိုရည်များ
အားကစားလုပ်ရာတွင်သောက်သော အချိုရည်အများစုသည် ဆိုဒီယံနှင့် ပို တက်ဆီယံဓာတ်များ ကြွယ်ဝကြသည်။ သို့သော ်သင်သည် အားကစားသမားတဦးမဟုတ်လည်း ထိုအားဖြည့်အချိုရည်များကို သောက်သုံးနိုင်ပါသည်။ ၎င်းတို့သည် မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။
ပူစီနံ
ပူစီနံသည် မအီမသာဖြစ်ခြင်းကို သက်သာစေကြောင်းလူသိများသည်။ ဂျင်းကဲ့သို့ပင် ပူစီနံကိုလည်း အလွယ်တကူဝယ်ယူနိုင်ပါသည်။ ပူစီနံအနံ့ကို စိတ်ကြည်လင်စေရန် ရှုနိုင်ပါသည်။ သို့သော် ပူစီနံကို စားခြင်းက သင့်ဖြစ်နေသော မအီမသာခံစားမှုကို ထိရောက်စွာ သက်သာစေပါလိမ့်မည်။
ရေ နှင့် ရေခဲချပ်များ
ရေနည်းနည်းစီသောက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနှင့် ပျို့ခြင်းတို့ကို လျော့နည်းစေသည်။သင့်အစာအိမ်ကလက်ခံနိုင်သလောက်ရေပမာဏကို နည်းနည်းချင်းစီ စသောက်ပါ။ ရေခဲချပ်များသည်လည်း အအေးမိခြင်း၊ ကား၊သဘောၤ၊ လေယာဉ်မူးခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ပျို့ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် ကင်ဆာဆေးများကြောင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။
ရေခဲသည် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့်ရေဓာတ်ခမ်းခြောက်ခြင်းတို့ကိုလည်းလျှော့နည်းစေပါသည်။ သံပရာ၊ လီမွန်စသည့်အရသာများနှင့် ပြုလုပ်ထားသော ရေခဲတုံးများကို ဝါးမစားဘဲ ပါးစပ်ထဲတွင် ငုံထားခြင်းဖြင့်လည်း မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။
အထက်ဖော်ပြပါနည်းလမ်းများသည် သင်မအီမသာဖြစ်နေသောအခါ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ထိုအနက်မှ အချို့အစားအစာများသည် ကင်ဆာရောဂါသည်များနှင့် မနက်အိပ်ရာထချိန် ပျို့အန်သော သူများအတွက် ကောင်းကျိုးများစွာရှိပါသည်။
Credit : Hellosayarwon
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မအီမသာျဖစ္ျခင္းကို သက္သာေစမည့္ အစားအေသာက္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။