iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္ေရာက္ ျပီး သူေတြအေနနဲ႕ သြားမွာ စတီးၾကိဳး တပ္သင့္မတပ္သင့္ ဘယ္လိုဆံုးျဖတ္ၾကမလဲသြား မွာတပ္တဲ့ စတီးၾကိဳး လို႕ေျပာလိုက္တာနဲ႕စာၾကမ္းပိုး ေလးလုံးေလး ဝက္ျခံ ေတြဗရပြေတြရွိျပီး အမ်ားနဲ႕ေဘာင္မဝင္၊ အေပါင္းအသင္းမဆံ့တဲ့ အူေၾကာင္ေၾကာင္ ေကာင္ေလး ဒါမွမဟုတ္ ေကာင္မေလး တစ္ေယာက္ကို မ်က္လုံးထဲေျပးျမင္ၾကပါလိမ့္မယ္။ ဒါဟာ ဟိုးအရင္တုန္းကေတာ့ ဟုတ္ေကာင္းဟုတ္ပါလိမ့္မယ္။ ဒီဖက္ေခတ္မွာေတာ့ အရြယ္ေရာက္ ျပီးသူေတြဟာလည္း ဒီ သြား စတီးၾကိဳး ေတြကို တပ္လာၾကျပီ ျဖစ္ပါတယ္။ ဒါဟာ အလ်င္အျမန္ၾကီးထြားလာတဲ့ ေခတ္ေရစီးေၾကာင္း ျဖစ္ပါတယ္။ အရြယ္ေရာက္ ျပီးသူေတြလည္း သြား မွာ စတီးၾကိဳး တပ္တဲ့အေၾကာင္းနဲ႕ဒီလိုမ်ိဳးတပ္သင့္မတပ္သင့္သိရွိေစႏိုင္ဖို႕အတြက္ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါဦး။

အရြယ္ေရာက္ျပီးသူေတြ ဘာလို႔မ်ား သြား မွာတပ္တဲ့ စတီးၾကိဳး ကိုအသုံးျပဳၾကတာလဲ။

ကြၽန္ေတာ္ တို႔ေတြ တျဖည္းျဖည္းနဲ႕အသက္ၾကီးလာသလို သြား ေတြဟာလည္း အသက္ၾကီး လာပါတယ္။ ဒီလိုအသက္ၾကီး လာတာနဲ႔အမွ် ထိခိုက္ဒါဏ္ရာရမႈေတြ၊ ေရခဲတုံးကိုက္တာလိုမ်ိဳး မေကာင္းတဲ့အေလ့အထေတြ၊ လွ်ာ နဲ႕ထိုးထိုးေနတတ္တာေတြ ဒါမွမဟုတ္ သူ႔အလိုလို ျဖစ္လာတာေတြ စတဲ့အေၾကာင္းရင္းေတြေၾကာင့္ သြား ေတြဟာ က်ိဳးတာ၊ ပဲ့တာ၊ ရြဲ႕တာ၊ ထပ္တာေတြ ျဖစ္ေပၚလာတတ္ပါတယ္။ သြား ထပ္တာမ်ိဳးျဖစ္တဲ့အခါမွာ ပံုမွန္အတိုင္း ေနသားတက် ျဖစ္ေနေစဖို႕အတြက္ စတီးၾကိဳး ေတြကို အသုံးျပဳဖို႕လိုအပ္လာပါတယ္။
လူအမ်ားအျပားဟာ ငယ္စဥ္ကတည္းက သြား ေတြတစ္ေခ်ာင္းေပၚ တစ္ေခ်ာင္း ထပ္ျပီးေပါက္ေနတာမ်ိဳး ျဖစ္ေလ့ရွိၾကေပမယ့္ အဲ့ဒီ့အခ်ိန္တုန္းက မိဘ က မတတ္ႏိုင္တဲ့အတြက္ စတီးၾကိဳး ေတြကို မတပ္ခဲ့ရပါဘူး။ အရြယ္ေရာက္လာလို႔ အလုပ္လုပ္ျပီ၊ ပိုက္ဆံ ရွာႏိုင္ျပီဆိုတဲ့အခ်ိန္မွာ ထပ္ေနတဲ့သြား ေလးေတြကို ျပဳျပင္ခ်င္စိတ္ေပၚလာေလ့ရွိၾကပါတယ္။ ပိုေကာင္းတဲ့ ပိုလွတဲ့ အျပဳံးေလး ဒါမွမဟုတ္ အလုပ္အကိုင္အသစ္အတြက္ေပါ့။
လူအခ်ိဳ႕အေနနဲ႔ ဒါဟာ လုပ္သင့္တယ္၊ ထိုက္တန္တယ္လို႕ယူဆၾကပါတယ္။ သူတို႕အေနနဲ႔ ၾကည္႔ရတာ၊ ေနရာတာတမ်ိဳးၾကီး ျဖစ္ေကာင္းျဖစ္ေနမယ္၊ သြား ဆရာဝန္ ဆီ ခဏခဏသြားဖို႔ လိုေကာင္းလိုလိမ့္မယ္။ ဒါေပမယ့္ ဒါေတြအားလုံးဟာ ႏွစ္အနည္းငယ္အတြင္းမွာ အရာထင္လာပါလိမ့္မယ္။ တစ္သက္တာ အသာစံဖို႕ခဏတာအနာခံရတာလို႕သူတို႔အေနနဲ႔ ေျပာေလ့ရွိၾကပါတယ္။

မေကာင္းတဲ့အခ်က္ေတြ

သြား မွာ စတီးၾကိဳး ေတြတပ္တာဟာသင့္ သြား ေတြအတြက္ေကာင္းတယ္၊ အက်ိဳးရွိတယ္ဆိုေပမယ့္ ငယ္တုန္းရြယ္တုန္းလုပ္ရင္ေတာ့ ပိုေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ငယ္တဲ့အခ်ိန္မွာ ခႏၶာကိုယ္ ရဲ့တံု႕ျပန္ႏိုင္စြမ္း၊ ပံုမွန္ျပန္ျဖစ္ႏိုင္စြမ္းက ပိုျမန္၊ပိုေကာင္းလို႔ ျဖစ္ပါတယ္။

ျပင္ဆင္စရာရွိတာ ၾကိဳတင္ျပင္ဆင္ပါ။

သြားက်ဲ ေနတာေတြကို ေစ့ေအာင္လုပ္ေပးတာ ဒါမွမဟုတ္ ထပ္ေနတဲ့ သြား ေတြကိုခ်ဲျပီး ေျဖာင့္ေအာင္လုပ္ေပးတာ စတဲ့အခ်က္ေတြကို စတီးၾကိဳး ေတြက လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ စတီးၾကိဳး တပ္ျပီးတဲ့အခါ သင့္အေနနဲ႕လိုက္နာေဆာင္ရြက္စရာေတြ အမ်ားၾကီးရွိေနပါတယ္။
သင့္မွာ ေလာေလာဆယ္သြားဖုံး ဒါမွမဟုတ္ သြား နဲ႕ပတ္သက္တဲ့ ေရာဂါ တစ္ခု ျဖစ္ေနတယ္ဆိုရင္ စတီးၾကိဳးမ တပ္ခင္ အဆိုပါ ေရာဂါ ကို အရင္ကုရမွာ ျဖစ္ပါတယ္။ သင့္ သြား ဒါမွမဟုတ္ သြားဖုံး  ေတြအေနႏွဲ႕စတီးၾကိဳး ကာလၾကာျမင့္စြာတပ္ထားတာကို ခံႏိုင္ရည္ရွိပါေစ။ အစားအေသာက္ ကိုလည္း ဆင္ျခင္ဖို႕လိုအပ္မွာျဖစ္ျပီး ေစးကပ္တဲ့၊ မာတဲ့အစာေတြမွန္သမွ် ဘာမွမစားရပါဘူး။ စတီးၾကိဳး ကို ျပတ္သြားေစႏိုင္တဲ့အတြက္ ေရခဲတုံး ဝါးစားတာမ်ိဳးေတာင္ မလုပ္ရပါဘူး။ စတီးၾကိဳး တပ္ထားရင္ သြားတိုက္ တဲ့အခါ ဒါမွမဟုတ္ သြား ကိုၾကိဳးနဲ႕ရွင္းတာမ်ိဳးေတြလုပ္တဲ့အခါ ပိုျပီးလက္ဝင္တဲ့အတြက္ ဒါေတြလုပ္ဖို႕အခ်ိန္ကိုပိုေပးထားရမွာ ျဖစ္ပါတယ္။ သြား ေပၚမွာ ဘာမွကပ္တင္ျပီး က်န္မေနေစရပါဘူး။ ဘာလို႕လဲဆိုေတာ့ ဒီလိုမ်ိဳးက်န္ေနခဲ့ရင္ သြား ကိုေရာ စတီးၾကိဳး ကိုပါ ထိခိုက္ေစလို႕ပဲ ျဖစ္ပါတယ္။
သြား ဆရာဝန္ နဲ႕မွန္မွန္ျပဖို႕ၾကိဳတင္ျပီးအစီအစဥ္ဆြဲပါ။ တစ္လတခါပံုမွန္ျပဖို႕ (လိုအပ္ရင္ တစ္ပတ္တခါ ျပဖို႕) အခ်ိန္မရရေအာင္ယူပါ။ သင့္အေနနဲ႕ဘယ္ေလာက္ပဲအလုပ္မ်ားေနပါေစ၊ သြားမွာစတီးၾကိဳးတပ္ထားစဥ္ကာလတစ္ေလွ်ာက္လုံး သြားဆရာဝန္ေခၚတဲ့ရက္ခ်ိန္းတိုင္းကို မပ်က္မကြက္ဘဲမွ န္မွန္သြားေရာက္ရပါမယ္။ သင့္အေျခအေနနဲ႕လိုအပ္ခ်က္ေတြအေပၚမူတည္ျပီး သြားဆရာဝန္အေနနဲ႕အေကာင္းဆုံး နည္းလမ္း ကို ေရြးခ်ယ္ေပးပါလိမ့္မယ္။
တခ်ိဳ႕ေတြက သြားကိုေထာက္ထားတဲ့အရာေလးေတြနဲ႕ဝိုင္ယာၾကိဳးေလးေတြလိုအပ္မွာျဖစ္ျပီး တခ်ိဳ႕ေတြကေတာ့ အလွအပကိုပိုျပီးဦးစားေပးပါလိမ့္မယ္။ ပံုမွန္ စတီးၾကိဳး ၊ သတၱဳၾကိဳး၊ အစြပ္ေလးေတြ၊ အံကပ္အၾကည္ေလးေတြစသျဖင့္ ပံုစံအမ်ိဳးမ်ိဳးကြဲျပားပါလိမ့္မယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရွယ်ရောက် ပြီး သူတွေအနေနဲ့ သွားမှာ စတီးကြိုး တပ်သင့်မတပ်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲသွား မှာတပ်တဲ့ စတီးကြိုး လို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံ တွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင် ကောင်လေး ဒါမှမဟုတ် ကောင်မလေး တစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက် ပြီးသူတွေဟာလည်း ဒီ သွား စတီးကြိုး တွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက် ပြီးသူတွေလည်း သွား မှာ စတီးကြိုး တပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွား မှာတပ်တဲ့ စတီးကြိုး ကိုအသုံးပြုကြတာလဲ။

ကျွန်တော် တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွား တွေဟာလည်း အသက်ကြီး လာပါတယ်။ ဒီလိုအသက်ကြီး လာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာ နဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွား တွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွား ထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုး တွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။
လူအများအပြားဟာ ငယ်စဉ်ကတည်းက သွား တွေတစ်ချောင်းပေါ် တစ်ချောင်း ထပ်ပြီးပေါက်နေတာမျိုး ဖြစ်လေ့ရှိကြပေမယ့် အဲ့ဒီ့အချိန်တုန်းက မိဘ က မတတ်နိုင်တဲ့အတွက် စတီးကြိုး တွေကို မတပ်ခဲ့ရပါဘူး။ အရွယ်ရောက်လာလို့ အလုပ်လုပ်ပြီ၊ ပိုက်ဆံ ရှာနိုင်ပြီဆိုတဲ့အချိန်မှာ ထပ်နေတဲ့သွား လေးတွေကို ပြုပြင်ချင်စိတ်ပေါ်လာလေ့ရှိကြပါတယ်။ ပိုကောင်းတဲ့ ပိုလှတဲ့ အပြုံးလေး ဒါမှမဟုတ် အလုပ်အကိုင်အသစ်အတွက်ပေါ့။
လူအချို့အနေနဲ့ ဒါဟာ လုပ်သင့်တယ်၊ ထိုက်တန်တယ်လို့ယူဆကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရတာ၊ နေရာတာတမျိုးကြီး ဖြစ်ကောင်းဖြစ်နေမယ်၊ သွား ဆရာဝန် ဆီ ခဏခဏသွားဖို့ လိုကောင်းလိုလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ နှစ်အနည်းငယ်အတွင်းမှာ အရာထင်လာပါလိမ့်မယ်။ တစ်သက်တာ အသာစံဖို့ခဏတာအနာခံရတာလို့သူတို့အနေနဲ့ ပြောလေ့ရှိကြပါတယ်။

မကောင်းတဲ့အချက်တွေ

သွား မှာ စတီးကြိုး တွေတပ်တာဟာသင့် သွား တွေအတွက်ကောင်းတယ်၊ အကျိုးရှိတယ်ဆိုပေမယ့် ငယ်တုန်းရွယ်တုန်းလုပ်ရင်တော့ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ငယ်တဲ့အချိန်မှာ ခန္ဓာကိုယ် ရဲ့တုံ့ပြန်နိုင်စွမ်း၊ ပုံမှန်ပြန်ဖြစ်နိုင်စွမ်းက ပိုမြန်၊ပိုကောင်းလို့ ဖြစ်ပါတယ်။

ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ပါ။

သွားကျဲ နေတာတွေကို စေ့အောင်လုပ်ပေးတာ ဒါမှမဟုတ် ထပ်နေတဲ့ သွား တွေကိုချဲပြီး ဖြောင့်အောင်လုပ်ပေးတာ စတဲ့အချက်တွေကို စတီးကြိုး တွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် စတီးကြိုး တပ်ပြီးတဲ့အခါ သင့်အနေနဲ့လိုက်နာဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။
သင့်မှာ လောလောဆယ်သွားဖုံး ဒါမှမဟုတ် သွား နဲ့ပတ်သက်တဲ့ ရောဂါ တစ်ခု ဖြစ်နေတယ်ဆိုရင် စတီးကြိုးမ တပ်ခင် အဆိုပါ ရောဂါ ကို အရင်ကုရမှာ ဖြစ်ပါတယ်။ သင့် သွား ဒါမှမဟုတ် သွားဖုံး  တွေအနေနှဲ့စတီးကြိုး ကာလကြာမြင့်စွာတပ်ထားတာကို ခံနိုင်ရည်ရှိပါစေ။ အစားအသောက် ကိုလည်း ဆင်ခြင်ဖို့လိုအပ်မှာဖြစ်ပြီး စေးကပ်တဲ့၊ မာတဲ့အစာတွေမှန်သမျှ ဘာမှမစားရပါဘူး။ စတီးကြိုး ကို ပြတ်သွားစေနိုင်တဲ့အတွက် ရေခဲတုံး ဝါးစားတာမျိုးတောင် မလုပ်ရပါဘူး။ စတီးကြိုး တပ်ထားရင် သွားတိုက် တဲ့အခါ ဒါမှမဟုတ် သွား ကိုကြိုးနဲ့ရှင်းတာမျိုးတွေလုပ်တဲ့အခါ ပိုပြီးလက်ဝင်တဲ့အတွက် ဒါတွေလုပ်ဖို့အချိန်ကိုပိုပေးထားရမှာ ဖြစ်ပါတယ်။ သွား ပေါ်မှာ ဘာမှကပ်တင်ပြီး ကျန်မနေစေရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကျန်နေခဲ့ရင် သွား ကိုရော စတီးကြိုး ကိုပါ ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။
သွား ဆရာဝန် နဲ့မှန်မှန်ပြဖို့ကြိုတင်ပြီးအစီအစဉ်ဆွဲပါ။ တစ်လတခါပုံမှန်ပြဖို့ (လိုအပ်ရင် တစ်ပတ်တခါ ပြဖို့) အချိန်မရရအောင်ယူပါ။ သင့်အနေနဲ့ဘယ်လောက်ပဲအလုပ်များနေပါစေ၊ သွားမှာစတီးကြိုးတပ်ထားစဉ်ကာလတစ်လျှောက်လုံး သွားဆရာဝန်ခေါ်တဲ့ရက်ချိန်းတိုင်းကို မပျက်မကွက်ဘဲမှ န်မှန်သွားရောက်ရပါမယ်။ သင့်အခြေအနေနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး သွားဆရာဝန်အနေနဲ့အကောင်းဆုံး နည်းလမ်း ကို ရွေးချယ်ပေးပါလိမ့်မယ်။
တချို့တွေက သွားကိုထောက်ထားတဲ့အရာလေးတွေနဲ့ဝိုင်ယာကြိုးလေးတွေလိုအပ်မှာဖြစ်ပြီး တချို့တွေကတော့ အလှအပကိုပိုပြီးဦးစားပေးပါလိမ့်မယ်။ ပုံမှန် စတီးကြိုး ၊ သတ္တုကြိုး၊ အစွပ်လေးတွေ၊ အံကပ်အကြည်လေးတွေစသဖြင့် ပုံစံအမျိုးမျိုးကွဲပြားပါလိမ့်မယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top