iMyanmarHouse.com - Best Property Website for Myanmar
×

 ညစာစားအၿပီးမွာ လဲေလ်ာင္းတာ ဒါမွမဟုတ္ ပက္လက္ကုလားထုိင္မွာ ထုိင္တာေတြက မလုပ္သင့္တဲ့အရာေတြပါ။ ဒီအမူအက်င့္ေတြက က်န္းမာေရးျပႆနာေတြ ျဖစ္ေစႏုိင္ၿပီး အလြန္အႏၲရာယ္မ်ားတယ္လုိ႔ ကၽြမ္းက်င္သူေတြက မွတ္ခ်က္ခ်ထားပါတယ္။

ဒါ့အျပင္ ေအာက္ပါ အရာငါးမ်ဳိးကိုလည္း အစာစားအၿပီးမွာ လံုး၀ မလုပ္သင့္ပါဘူး။

ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္စဲြေနသူေတြအဖုိ႔ အစာစားၿပီးရင္ ေဆးလိပ္ေသာက္ဖုိ႔ ခ်င္ျခင္း တပ္ေနတတ္ၾကပါတယ္။ အစာစားၿပီးၿပီးခ်င္း ေဆးလိပ္ေသာက္တာက အလြန္ဆုိးရြားပါတယ္။ ေလ့လာမႈအမ်ားအျပားအရ အစာစားၿပီးၿပီးခ်င္း ေဆးလိပ္တစ္လိပ္ ေသာက္တာက တစ္ႀကိမ္တည္း ေဆးလိပ္ ၁၀ လိပ္ေသာက္တာနဲ႔ အက်ဳိးသက္ေရာက္မႈ တူညီၿပီး အဆုတ္ကင္ဆာနဲ႔ အူမႀကီးကင္ဆာ ျဖစ္ႏုိင္ေျခ အလြန္ျမင့္မားတယ္လုိ႔ သိရပါတယ္။ အစာစားၿပီးစဥ္ ေသာက္တဲ့ ေဆးလိပ္မွာ ပါ၀င္တဲ့ ကင္ဆာျဖစ္ေစတဲ့ ပစၥည္းေတြကုိ ခႏၶာကုိယ္က ပုိမုိစုပ္ယူႏုိင္တာေၾကာင့္လုိ႔ ဆုိပါတယ္။ သင္ ေဆးလိပ္မေသာက္ရ မေနႏုိင္ျဖစ္ခဲ့ရင္ေတာ့ အစာစားၿပီး အနည္းဆံုး တစ္နာရီခဲြ၊ ႏွစ္နာရီ ေလာက္အၾကာမွာ ေသာက္သင့္တယ္လုိ႔ ကၽြမ္းက်င္သူေတြက အႀကံေပးထားပါတယ္။

သစ္သီးစားျခင္း

သစ္သီးေတြကုိ ထမင္းမစားခင္သာ စားသံုးသင့္ပါတယ္။ ထမင္းစားၿပီး မစားသံုးသင့္ဘူးလုိ႔ ကၽြမ္းက်င္သူေတြက အႀကံေပးထားပါတယ္။ သစ္သီးေတြကုိ အစာေျခဖုိ႔အတြက္ အထူးအင္ဇုိင္းေတြ လုိအပ္တဲ့အျပင္ သစ္သီးမွာ ပါ၀င္တဲ့ သၾကားဓာတ္ေတြကုိ ခႏၶာကုိယ္က စုပ္ယူဖုိ႔ အခ်ိန္ ပုိလုိအပ္တာေၾကာင့္လုိ႔ ဆုိပါတယ္။ ဒါ့အျပင္ ထမင္းစားၿပီး သစ္သီးစားတာက အစာမေၾကတာ၊ ရင္ပူတာလုိမ်ဳိး ျပႆနာေတြ လည္း ျဖစ္ႏုိင္ပါတယ္။ ထမင္းမစားခင္ သစ္သီးစားတာက သစ္သီးမွာ ပါ၀င္တဲ့ အာ ဟာရဓာတ္အားလံုး အမွ်င္ဓာတ္နဲ႔ သၾကားဓာတ္ေတြရဲ႕ အက်ဳိးေက်းဇူးကုိ ခႏ္ၶာကုိယ္ က ပုိမုိရရွိႏုိင္တယ္လုိ႔ သိရပါတယ္။

အိပ္ျခင္း

ထမင္းစားၿပီး တစ္ေရးအိပ္တာက အမ်ားစု ျပဳလုပ္ေနက် အေလ့အက်င့္ပါ။ ဒီအေလ့အက်င့္က က်န္းမာေရးနဲ႔ မညီၫြတ္ပါဘူး။ အစာမေၾကတာ၊ ေလပြတာေတြအျပင္ အိပ္စက္မႈကုိေတာင္ အေႏွာင့္အယွက္ေပးႏုိင္တယ္လုိ႔ ေလ့လာမႈအရ သိရပါတယ္။ ေဆးတကၠသုိလ္တစ္ခုမွ ေလ့လာမႈအရ ထမင္းစားၿပီး ႏွစ္နာရီေလာက္ေစာင့္ၿပီးမွ အိပ္စက္သူေတြက ေလျဖတ္ႏုိင္ေျခ ေလ်ာ့နည္းတယ္လုိ႔ ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ထမင္းစားၿပီး ႏွစ္နာရီေလာက္ျခားၿပီးမွ အိပ္ရာ၀င္သင့္ပါတယ္။

ေရခ်ဳိးျခင္း

ထမင္းစားၿပီးၿပီးခ်င္း ေရခ်ဳိးတာက အဆုိးရြားဆံုးပါ။ ေရေႏြးနဲ႔ ေရခ်ဳိးတာက ပုိဆုိးပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ေသြးစီးဆင္းမႈက ေျခေထာက္ေတြ၊ လက္ေတြဆီကုိ ပုိေရာက္သြားၿပီး အစာအိမ္ထဲကုိ အေရာက္နည္းသြားတာေၾကာင့္ အစာမေၾကတာေတြ ျဖစ္တာပါ။

လက္ဖက္ရည္ေသာက္ျခင္းႏွင့္လက္ဖက္စားျခင္း

လက္ဖက္က က်န္းမာေရးနဲ႔ ညီၫြတ္ေပမယ့္ ထမင္းစားၿပီးၿပီးခ်င္း မစားသင့္တဲ့ အရာပါ။ ထမင္းစားၿပီး လက္ဖက္ရည္ေသာက္တာ ဒါမွမဟုတ္ လက္ဖက္စားတာက ခႏၶာကုိယ္က သံဓာတ္စုပ္ယူမႈကုိ အေႏွာင့္အယွက္ေပးႏုိင္တာေၾကာင့္ပါ။ လက္ဖက္မွာ ပါ၀င္တဲ့ တင္းနစ္အက္စစ္က အစာထဲမွ ပ႐ုိတင္းေတြနဲ႔ ပူးေပါင္းလုိက္တာေၾကာင့္ ခႏၶာကုိယ္မွ သံဓာတ္စုပ္ယူႏုိင္ဖုိ႔ ၈၇ ရာခုိင္ႏႈန္း ေလ်ာ့က်သြားတဲ့အတြက္ သံဓာတ္ခ်ဳိ႕တဲ့ ေသြးအားနည္းေရာဂါ ျဖစ္လာႏုိင္ပါတယ္။ ေသြးအားနည္းေရာဂါျဖစ္ရင္ ေခါင္းမူးတာ၊ အားနည္းတာနဲ႔ ေမာပန္းတာလုိမ်ဳိး ေ၀ဒနာေတြ ခံစားရႏုိင္ပါတယ္။

ဒါေၾကာင့္ ထမင္းစားၿပီးၿပီးခ်င္း အထက္ေဖာ္ျပပါအရာေတြကုိ လံုး၀မျပဳလုပ္ဖို့ အၾကံေပးပါတယ္။

Credit : ေဒါက္တာခင္မုိးမုိး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ညစာစားအပြီးမှာ လဲလျောင်းတာ ဒါမှမဟုတ် ပက်လက်ကုလားထိုင်မှာ ထိုင်တာတွေက မလုပ်သင့်တဲ့အရာတွေပါ။ ဒီအမူအကျင့်တွေက ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပြီး အလွန်အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ချထားပါတယ်။

ဒါ့အပြင် အောက်ပါ အရာငါးမျိုးကိုလည်း အစာစားအပြီးမှာ လုံး၀ မလုပ်သင့်ပါဘူး။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်စွဲနေသူတွေအဖို့ အစာစားပြီးရင် ဆေးလိပ်သောက်ဖို့ ချင်ခြင်း တပ်နေတတ်ကြပါတယ်။ အစာစားပြီးပြီးချင်း ဆေးလိပ်သောက်တာက အလွန်ဆိုးရွားပါတယ်။ လေ့လာမှုအများအပြားအရ အစာစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ် သောက်တာက တစ်ကြိမ်တည်း ဆေးလိပ် ၁၀ လိပ်သောက်တာနဲ့ အကျိုးသက်ရောက်မှု တူညီပြီး အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ အလွန်မြင့်မားတယ်လို့ သိရပါတယ်။ အစာစားပြီးစဉ် သောက်တဲ့ ဆေးလိပ်မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်တာကြောင့်လို့ ဆိုပါတယ်။ သင် ဆေးလိပ်မသောက်ရ မနေနိုင်ဖြစ်ခဲ့ရင်တော့ အစာစားပြီး အနည်းဆုံး တစ်နာရီခွဲ၊ နှစ်နာရီ လောက်အကြာမှာ သောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

သစ်သီးစားခြင်း

သစ်သီးတွေကို ထမင်းမစားခင်သာ စားသုံးသင့်ပါတယ်။ ထမင်းစားပြီး မစားသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ သစ်သီးတွေကို အစာခြေဖို့အတွက် အထူးအင်ဇိုင်းတွေ လိုအပ်တဲ့အပြင် သစ်သီးမှာ ပါဝင်တဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူဖို့ အချိန် ပိုလိုအပ်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ထမင်းစားပြီး သစ်သီးစားတာက အစာမကြေတာ၊ ရင်ပူတာလိုမျိုး ပြဿနာတွေ လည်း ဖြစ်နိုင်ပါတယ်။ ထမင်းမစားခင် သစ်သီးစားတာက သစ်သီးမှာ ပါဝင်တဲ့ အာ ဟာရဓာတ်အားလုံး အမျှင်ဓာတ်နဲ့ သကြားဓာတ်တွေရဲ့ အကျိုးကျေးဇူးကို ခန်္ဓာကိုယ် က ပိုမိုရရှိနိုင်တယ်လို့ သိရပါတယ်။

အိပ်ခြင်း

ထမင်းစားပြီး တစ်ရေးအိပ်တာက အများစု ပြုလုပ်နေကျ အလေ့အကျင့်ပါ။ ဒီအလေ့အကျင့်က ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အစာမကြေတာ၊ လေပွတာတွေအပြင် အိပ်စက်မှုကိုတောင် အနှောင့်အယှက်ပေးနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဆေးတက္ကသိုလ်တစ်ခုမှ လေ့လာမှုအရ ထမင်းစားပြီး နှစ်နာရီလောက်စောင့်ပြီးမှ အိပ်စက်သူတွေက လေဖြတ်နိုင်ခြေ လျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ထမင်းစားပြီး နှစ်နာရီလောက်ခြားပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

ရေချိုးခြင်း

ထမင်းစားပြီးပြီးချင်း ရေချိုးတာက အဆိုးရွားဆုံးပါ။ ရေနွေးနဲ့ ရေချိုးတာက ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ သွေးစီးဆင်းမှုက ခြေထောက်တွေ၊ လက်တွေဆီကို ပိုရောက်သွားပြီး အစာအိမ်ထဲကို အရောက်နည်းသွားတာကြောင့် အစာမကြေတာတွေ ဖြစ်တာပါ။

လက်ဖက်ရည်သောက်ခြင်းနှင့်လက်ဖက်စားခြင်း

လက်ဖက်က ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ထမင်းစားပြီးပြီးချင်း မစားသင့်တဲ့ အရာပါ။ ထမင်းစားပြီး လက်ဖက်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်စားတာက ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့်ပါ။ လက်ဖက်မှာ ပါဝင်တဲ့ တင်းနစ်အက်စစ်က အစာထဲမှ ပရိုတင်းတွေနဲ့ ပူးပေါင်းလိုက်တာကြောင့် ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူနိုင်ဖို့ ၈၇ ရာခိုင်နှုန်း လျော့ကျသွားတဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးအားနည်းရောဂါဖြစ်ရင် ခေါင်းမူးတာ၊ အားနည်းတာနဲ့ မောပန်းတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် ထမင်းစားပြီးပြီးချင်း အထက်ဖော်ပြပါအရာတွေကို လုံးဝမပြုလုပ်ဖို့ အကြံပေးပါတယ်။

Credit : ဒေါက်တာခင်မိုးမိုး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top