iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ ထိေရာက္တဲ့ နည္းလမ္းကို ရွာရတာဟာ လူအေတာ္မ်ားမ်ားၾကားမွာ ထင္ရွားတဲ့ ျပႆနာတစ္ခုပဲျဖစ္ပါတယ္။ ဒီေခတ္ႀကီးမွာလူေတြဟာေဖ်ာ္ရည္ေသာက္ၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ ႀကိဳးစားလာၾကပါတယ္။

သို ့ေသာ္ဒါဟာ ထိေရာက္မႈ ရွိမရွိကိုေတြေ၀ေနၾကတံုးပါပဲ။ သင့္မွာအလားတူေမးခြန္းရွိေနရင္ ဒီေဆာင္းပါးဟာအသံုးဝင္တဲ့ အခ်က္အလက္ေတြ ေျပာျပမွာျဖစ္ပါတယ္။

အဝလြန္ျခင္းနဲ႔ က်န္းမာေရး ျပႆနာမ်ား

ကိုယ္အေလးခ်ိန္ တစ္ေပါင္ ပိုတက္လာေလေလမတူညီတဲ့ က်န္းမာေရး ျပႆနာေတြ အခု၅၀ေလာက္ ပိုရင္ဆိုင္ရလာေလေလ ျဖစ္ပါတယ္။ ပာားဗတ္ တကၠသိုလ္မွေလ့လာမႈတစ္ခုအရကိုယ္အေလးခ်ိန္မ်ားတဲ့ (သို႔) အဝလြန္တဲ့သူေတြဟာ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း၊ ကင္ဆာနဲ႔ စိတ္က်ေရာဂါတို႔ကိုပိုမိုခံစားရဖြယ္ရွိတယ္လို႔ ေဖာ္ျပပါတယ္။

ကိုယ္အေလးခ်ိန္နဲ႔ စိတ္က်ျခင္း – ၂၀၁၀မွာ ထုတ္ေဝခဲ့တဲ့ စိတ္က်န္္းမာေရးေလ့လာမႈတစ္ခုအရအဝလြန္ျခင္းဟာပံုမွန္ကိုယ္အေလးခ်ိန္ရွိတဲ့သူေတြနဲ႔ ယွဥ္ရင္ စိတ္က်ေရာဂါျဖစ္ႏိုင္ေျခကို ၅၅ရာခိုင္ႏႈန္းပိုမိုျဖစ္ပြားႏုိင္တယ္လို႔ဆိုပါတယ္။

ကိုယ္အေလးခ်ိန္ႏွင့္ ကင္ဆာ – အဂၤလန္ ေဆးပညာဂ်ာနယ္တစ္ခုမွာထုတ္ေဝခဲ့တဲ့ေလ့လာမႈတစ္ခုကအဝလြန္ျခင္းနဲ႔ ကင္ဆာအေတာ္မ်ားမ်ားရဲ႕ ဆက္ႏြယ္မႈကိုေဖာ္ျပခဲ့ပါတယ္။ အမ်ိဳးသားေရာအမ်ိဳးသမီးမွာပါ အဝလြန္ျခင္းဟာအစာျပြန္၊ အူမႀကီး၊ အစာေပာာင္းအိမ္၊ အသည္းနဲ႔ ေက်ာက္ကပ္ကင္ဆာတို႔ကို ျဖစ္ႏိုင္ေခ် ပိုမိုမ်ားျပားေစပါတယ္။

အမ်ိဳးသားေတြမွာအစာအိမ္ (သို႔) ဆီးက်ိတ္ကင္ဆာအျပင္းအထန္ ခံစားေနရသူေတြဟာကိုယ္အေလးခ်ိန္မ်ားသူ (သို႔) အဝလြန္သူေတြ ျဖစ္ၾကပါတယ္။ အမ်ိဳးသမီးေတြမွာေတာ့ အဝလြန္ျခင္းဟာရင္သားကင္ဆာ၊ သားအိ္မ္ကင္ဆာနဲ႔ သားဥအိမ္ကင္ဆာတို႔ကေနေသႏႈန္းပိုမို ျမင့္မားေစပါတယ္။

ကိုယ္အေလးခ်ိန္နဲ႔ ဘဝသက္တမ္း – အဝလြန္ျခင္းဟာသင့္ဘဝရဲ ့ ႏွစ္ေပါင္းမ်ားစြာကိုယူေဆာင္သြားမွာပါ။ အဂၤလန္ ေဆးပညာဂ်ာနယ္ကေလ့လာမႈတစ္ခုအရအသက္ ၅၀ ကေန၇၁ႏွစ္အရြယ္မွာကိုယ္အေလးခ်ိန္မ်ားတဲ့လူေတြဟာအျခားသူေတြထက္ ပိုမိုျမန္ဆန္တဲ့ ေသဆံုးျခင္းကိုၾကံဳရတတ္တယ္လို႔ ဆိုပါတယ္။ အဝလြန္တဲ့ လူေတြၾကားမွာလည္းေသႏႈန္းဟာ ႏွစ္ဆကေနသံုးဆအထိပိုမိုမ်ားျပားပါတယ္။

အဝလြန္ျခင္းရဲ႕ အေၾကာင္းရင္းမ်ား

အဝလြန္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားစြာရွိပါတယ္။

    ေလ့က်င့္ခန္း (သို႔) ကိုယ္ခႏၶာ လႈပ္ရွားမႈ မလုပ္ျခင္း
    မွားယြင္းေသာလူမႈဘဝေနထိုင္ပံုေရြးခ်ယ္ျခင္းမ်ား
    မ်ိဳးရိုးဗီဇ
    က်န္းမာေရးနဲ႔ မညီညြတ္တဲ့ စားေသာက္ပံု

ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစရန္ နည္းလမ္းမ်ား

ကာဘိုဟုိက္ဒရိတ္နည္းပါးတဲ့ အစားအစာစားသံုးျခင္း၊ ဘီယာႏွင့္အရက္ စြဲလမ္းမႈမွ ေရွာင္ၾကဥ္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ေသာက္သံုးျခင္းနဲ႔ တရားထုိင္ျခင္းအစရွိတဲ့ အရာေတြနဲ႔ ကိုယ္အေလးခ်ိန္ကို ႀကိဳးစားေလွ်ာ့ခ် ႏိုင္ပါတယ္။

ေဖ်ာ္ရည္ျဖင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း

လူသိမ်ားတဲ့ အျခားကိုယ္အေလးခ်ိန္ေလွ်ာ့နည္းကေတာ့ အစာစိမ္းလို႔ လူသိမ်ားတဲ့ ေဖ်ာ္ရည္ေသာက္ျခင္းပဲ ျဖစ္ပါတယ္။ အသီးေဖ်ာ္ရည္ကိုေသာက္ျခင္းအားျဖင့္ ခႏၶာကိုယ္ကအဆိပ္အေတာက္ေတြ ထြက္ေစၿပီးလိုအပ္တဲ့ အာဟာရေတြ ျပန္လည္ရရွိတာမို႔ေကာင္းမြန္တဲ့က်န္းမာေရးအေျခအေနကိုျပန္လည္ထိန္းသိမ္းထားႏိုင္ပါတယ္။

The Miracle of Fastingစာအုပ္ေရးသူ Paul and Patricia Bragg က အစားမစားဘဲေနျခင္းဟာ ခႏၶာကိုယ္ကအဆိပ္အေတာက္ေတြကိုရွင္းထုတ္သန္ ့စင္ျခင္းျဖစ္ပါတယ္လို႔ ဆိုပါတယ္။

ေအာက္ေဖာ္ျပပါ စာရင္းကေတာ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ ေသာက္သံုးႏိုင္တဲ့အသီးေဖ်ာ္ရည္ေတြျဖစ္ပါတယ္။

    သခြားသီးေဖ်ာ္ရည္
    တရုတ္နံနံေဖ်ာ္ရည္
    မုန္လာဥနီေဖ်ာ္ရည္
    ေဂၚဖီရြက္ ေဖ်ာ္ရည္
    ၾကက္ပာင္းခါးသီးေဖ်ာ္ရည္
    Wheatgrassေဖ်ာ္ရည္
    ရွားေစာင္းလက္ပပ္ေဖ်ာ္ရည္
    ဖရဲသီးေဖ်ာ္ရည္
    ဆီးျဖဴသီးေဖ်ာ္ရည္
    တလည္းသီးေဖ်ာ္ရည္
    သံပုရာရည္
    ဘယ္ရီသီးေဖ်ာ္ရည္

ကိုယ္အေလးခ်ိန္မ်ားျခင္း (သို႔) အဝလြန္ျခင္းဟာက်န္းမာေရးနဲ႔ ကိုယ္ခႏၶာကိုဆိုးက်ိဳးေတြ အမ်ားႀကီးသယ္ေဆာင္လာတတ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုလႈပ္ရွားမႈေတြ လုပ္ရမယ္ (သို႔) ဘယ္လိုအသီးေဖ်ာ္ရည္ကသင့္က်န္းမာေရးအတြက္ အသင့္ေတာ္ဆံုးျဖစ္တယ္ ဆိုတာကိုေသခ်ာေရြးခ်ယ္သင့္ပါတယ္။ တကယ္လို႔ မေသခ်ာဘူးဆိုရင္ေတာ့ ဆရာဝန္ဆီကအၾကံဥာဏ္ကိုေတာင္းခံသင့္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းကို ရှာရတာဟာ လူအတော်များများကြားမှာ ထင်ရှားတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလူတွေဟာဖျော်ရည်သောက်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားလာကြပါတယ်။

သို့သော်ဒါဟာ ထိရောက်မှု ရှိမရှိကိုတွေဝေနေကြတုံးပါပဲ။ သင့်မှာအလားတူမေးခွန်းရှိနေရင် ဒီဆောင်းပါးဟာအသုံးဝင်တဲ့ အချက်အလက်တွေ ပြောပြမှာဖြစ်ပါတယ်။

အဝလွန်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်အလေးချိန် တစ်ပေါင် ပိုတက်လာလေလေမတူညီတဲ့ ကျန်းမာရေး ပြဿနာတွေ အခု၅၀လောက် ပိုရင်ဆိုင်ရလာလေလေ ဖြစ်ပါတယ်။ ပာားဗတ် တက္ကသိုလ်မှလေ့လာမှုတစ်ခုအရကိုယ်အလေးချိန်များတဲ့ (သို့) အဝလွန်တဲ့သူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ စိတ်ကျရောဂါတို့ကိုပိုမိုခံစားရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။

ကိုယ်အလေးချိန်နဲ့ စိတ်ကျခြင်း – ၂၀၁၀မှာ ထုတ်ဝေခဲ့တဲ့ စိတ်ကျန်းမာရေးလေ့လာမှုတစ်ခုအရအဝလွန်ခြင်းဟာပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၅၅ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။

ကိုယ်အလေးချိန်နှင့် ကင်ဆာ – အင်္ဂလန် ဆေးပညာဂျာနယ်တစ်ခုမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကအဝလွန်ခြင်းနဲ့ ကင်ဆာအတော်များများရဲ့ ဆက်နွယ်မှုကိုဖော်ပြခဲ့ပါတယ်။ အမျိုးသားရောအမျိုးသမီးမှာပါ အဝလွန်ခြင်းဟာအစာပြွန်၊ အူမကြီး၊ အစာပောာင်းအိမ်၊ အသည်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်နိုင်ချေ ပိုမိုများပြားစေပါတယ်။

အမျိုးသားတွေမှာအစာအိမ် (သို့) ဆီးကျိတ်ကင်ဆာအပြင်းအထန် ခံစားနေရသူတွေဟာကိုယ်အလေးချိန်များသူ (သို့) အဝလွန်သူတွေ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေမှာတော့ အဝလွန်ခြင်းဟာရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ကနေသေနှုန်းပိုမို မြင့်မားစေပါတယ်။

ကိုယ်အလေးချိန်နဲ့ ဘဝသက်တမ်း – အဝလွန်ခြင်းဟာသင့်ဘဝရဲ့ နှစ်ပေါင်းများစွာကိုယူဆောင်သွားမှာပါ။ အင်္ဂလန် ဆေးပညာဂျာနယ်ကလေ့လာမှုတစ်ခုအရအသက် ၅၀ ကနေ၇၁နှစ်အရွယ်မှာကိုယ်အလေးချိန်များတဲ့လူတွေဟာအခြားသူတွေထက် ပိုမိုမြန်ဆန်တဲ့ သေဆုံးခြင်းကိုကြုံရတတ်တယ်လို့ ဆိုပါတယ်။ အဝလွန်တဲ့ လူတွေကြားမှာလည်းသေနှုန်းဟာ နှစ်ဆကနေသုံးဆအထိပိုမိုများပြားပါတယ်။

အဝလွန်ခြင်းရဲ့ အကြောင်းရင်းများ

အဝလွန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။

    လေ့ကျင့်ခန်း (သို့) ကိုယ်ခန္ဓာ လှုပ်ရှားမှု မလုပ်ခြင်း
    မှားယွင်းသောလူမှုဘဝနေထိုင်ပုံရွေးချယ်ခြင်းများ
    မျိုးရိုးဗီဇ
    ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံ

ကိုယ်အလေးချိန် လျော့ကျစေရန် နည်းလမ်းများ

ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအစာစားသုံးခြင်း၊ ဘီယာနှင့်အရက် စွဲလမ်းမှုမှ ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သောက်သုံးခြင်းနဲ့ တရားထိုင်ခြင်းအစရှိတဲ့ အရာတွေနဲ့ ကိုယ်အလေးချိန်ကို ကြိုးစားလျှော့ချ နိုင်ပါတယ်။

ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း

လူသိများတဲ့ အခြားကိုယ်အလေးချိန်လျှော့နည်းကတော့ အစာစိမ်းလို့ လူသိများတဲ့ ဖျော်ရည်သောက်ခြင်းပဲ ဖြစ်ပါတယ်။ အသီးဖျော်ရည်ကိုသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေ ထွက်စေပြီးလိုအပ်တဲ့ အာဟာရတွေ ပြန်လည်ရရှိတာမို့ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေကိုပြန်လည်ထိန်းသိမ်းထားနိုင်ပါတယ်။

The Miracle of Fastingစာအုပ်ရေးသူ Paul and Patricia Bragg က အစားမစားဘဲနေခြင်းဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုရှင်းထုတ်သန့်စင်ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

အောက်ဖော်ပြပါ စာရင်းကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ သောက်သုံးနိုင်တဲ့အသီးဖျော်ရည်တွေဖြစ်ပါတယ်။

    သခွားသီးဖျော်ရည်
    တရုတ်နံနံဖျော်ရည်
    မုန်လာဥနီဖျော်ရည်
    ဂေါ်ဖီရွက် ဖျော်ရည်
    ကြက်ပာင်းခါးသီးဖျော်ရည်
    Wheatgrassဖျော်ရည်
    ရှားစောင်းလက်ပပ်ဖျော်ရည်
    ဖရဲသီးဖျော်ရည်
    ဆီးဖြူသီးဖျော်ရည်
    တလည်းသီးဖျော်ရည်
    သံပုရာရည်
    ဘယ်ရီသီးဖျော်ရည်

ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်းဟာကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကိုဆိုးကျိုးတွေ အများကြီးသယ်ဆောင်လာတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ရမယ် (သို့) ဘယ်လိုအသီးဖျော်ရည်ကသင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်တယ် ဆိုတာကိုသေချာရွေးချယ်သင့်ပါတယ်။ တကယ်လို့ မသေချာဘူးဆိုရင်တော့ ဆရာဝန်ဆီကအကြံဉာဏ်ကိုတောင်းခံသင့်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top