iMyanmarHouse.com - Best Property Website for Myanmar
×

 အားေဆးေတြေသာက္ေနျပီး ဝမ္းခ်ဳပ္လာတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တုိင္ပင္သင့္ပါတယ္။

အစားမွားတာအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝမ္းခ်ဳပ္တတ္ပါတယ္။ ဝမ္းခ်ဳပ္လြန္းတဲ့ အခါမ်ိဳးမွာ ေနလို႔ထုိင္လို႔မေကာင္းရုံတင္မကဘဲ ေဆးခန္းျပဖို႔ေတာင္ လိုအပ္လာတတ္ပါတယ္။ ဝမ္းခဏခဏ ခ်ဳပ္တတ္သူေတြအတြက္ ေရွာင္ရမယ့္ အခ်က္ (၅) ခ်က္ရွိပါတယ္။

၁  - အစားအေသာက္

အတြင္းပိုင္းမွာ ေခ်ာေခ်ာေမာေမာျဖစ္ခ်င္တယ္ဆိုရင္ေတာ့ မွန္ကန္တဲ့ အစားအေသာက္ေတြ စားဖို႔ လိုပါတယ္။ အဆီမ်ားတဲ့ အစားအစာေတြက အဆင္မေျပပါဘူး။ အစာေျခဖ်က္မႈကို ေႏွးေကြးေစျပီး ဝမ္းခ်ဳပ္ျခင္းကို အကူအညီ ေပးပါတယ္။အသင့္စား အာလူးေၾကာ္ထုပ္လို မုန္႔ေတြကိုလည္း မစားသင့္ပါဘူး။ ဒီလိုအစားအစာေတြမွာ ေရရွည္ခံေအာင္အတြက္ ကာဗြန္ဟုိက္ဒရိတ္သံုးထားပါတယ္။ သဘာဝအစာေျခဖ်က္မႈစနစ္ကို အေႏွာင့္အယွက္ေပးပါတယ္။

၂ - ကဖိန္းနဲ႔ အယ္ကိုေဟာ

ေကာ္ဖီေသာက္တာနဲ႔ အရက္ေသာက္တာဟာ ေရဓာတ္ခန္းေျခာက္ေစပါတယ္။ ေရဓာတ္မလံုေလာက္ျခင္းဟာလည္း ဝမ္းခ်ဳပ္မႈျဖစ္ပြားေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ ပါပါတယ္။ ဒါ့အျပင္ ေရလံုေလာက္စြာ မေသာက္ျခင္းဟာ ဝမ္းခ်ဳပ္မႈကို ပိုမိုဆုိးဝါးေစပါတယ္။

၃ - လႈပ္ရွားမႈမရွိျခင္း

ခႏၶာကိုယ္လႈပ္ရွားမႈ နည္းပါးတာျဖစ္ပါတယ္။ ခႏၶာကိုယ္လႈပ္ရွားမႈနည္းတဲ့အခါ ေသြးလည္ပတ္မႈ အားေကာင္းျခင္းမရွိဘဲ  အူေတြဆီ ေသြးစီးဆင္းမႈ နည္းပါးတာျဖစ္ပါတယ္။ ေသြးလည္ပတ္မႈေကာင္းေစဖို႔ ခႏၶာကိုယ္ေလ့က်င့္ခန္းမ်ိဳးလည္း လုပ္ေပးသင့္ပါတယ္။

၄ - သံဓာတ္နဲ႔ ကယ္ဆီယမ္အားျဖည့္ေဆး

သံဓာတ္နဲ႔ ကယ္ဆီယမ္အားျဖည့္ေဆးေတြကလည္း ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစပါတယ္။ အဆုိပါအားေဆးေတြကို ဆရာဝန္က ညႊန္းဆုိမွသာ ေသာက္သံုးသင့္ပါတယ္။ တကယ္လို႔ ဒီလိုအားေဆးေတြေသာက္ေနျပီး ဝမ္းခ်ဳပ္လာတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တုိင္ပင္သင့္ပါတယ္။

၅ - ႏုိ႔ထြက္ပစၥည္း

ႏို႔ထြက္ပစၥည္းေတြဟာလည္း ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ အူထဲမွာ အင္ဇိုင္းခ်ိဳ႕တဲ့လာတဲ့အခါ ႏို႔ထြက္ပစၥည္းေတြကို ေခ်ဖ်က္ႏုိင္ျခင္းမရွိတာျဖစ္ပါတယ္။ lactose ျမင့္မားတဲ့ႏုိ႔ထြက္ပစၥည္းေတြကို ေရွာင္သင့္ျပီး ႏြားႏို႔၊ ေရခဲမုန္႔၊ ခရင္မ္နဲ႔ ခ်ိစ္ေတြလည္း ပါဝင္ပါတယ္။

Photos & Source: Women's Health

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 အားဆေးတွေသောက်နေပြီး ဝမ်းချုပ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အစားမှားတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းချုပ်လွန်းတဲ့ အခါမျိုးမှာ နေလို့ထိုင်လို့မကောင်းရုံတင်မကဘဲ ဆေးခန်းပြဖို့တောင် လိုအပ်လာတတ်ပါတယ်။ ဝမ်းခဏခဏ ချုပ်တတ်သူတွေအတွက် ရှောင်ရမယ့် အချက် (၅) ချက်ရှိပါတယ်။

၁  - အစားအသောက်

အတွင်းပိုင်းမှာ ချောချောမောမောဖြစ်ချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ အစားအသောက်တွေ စားဖို့ လိုပါတယ်။ အဆီများတဲ့ အစားအစာတွေက အဆင်မပြေပါဘူး။ အစာခြေဖျက်မှုကို နှေးကွေးစေပြီး ဝမ်းချုပ်ခြင်းကို အကူအညီ ပေးပါတယ်။အသင့်စား အာလူးကြော်ထုပ်လို မုန့်တွေကိုလည်း မစားသင့်ပါဘူး။ ဒီလိုအစားအစာတွေမှာ ရေရှည်ခံအောင်အတွက် ကာဗွန်ဟိုက်ဒရိတ်သုံးထားပါတယ်။ သဘာဝအစာခြေဖျက်မှုစနစ်ကို အနှောင့်အယှက်ပေးပါတယ်။

၂ - ကဖိန်းနဲ့ အယ်ကိုဟော

ကော်ဖီသောက်တာနဲ့ အရက်သောက်တာဟာ ရေဓာတ်ခန်းခြောက်စေပါတယ်။ ရေဓာတ်မလုံလောက်ခြင်းဟာလည်း ဝမ်းချုပ်မှုဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါပါတယ်။ ဒါ့အပြင် ရေလုံလောက်စွာ မသောက်ခြင်းဟာ ဝမ်းချုပ်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၃ - လှုပ်ရှားမှုမရှိခြင်း

ခန္ဓာကိုယ်လှုပ်ရှားမှု နည်းပါးတာဖြစ်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းတဲ့အခါ သွေးလည်ပတ်မှု အားကောင်းခြင်းမရှိဘဲ  အူတွေဆီ သွေးစီးဆင်းမှု နည်းပါးတာဖြစ်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေဖို့ ခန္ဓာကိုယ်လေ့ကျင့်ခန်းမျိုးလည်း လုပ်ပေးသင့်ပါတယ်။

၄ - သံဓာတ်နဲ့ ကယ်ဆီယမ်အားဖြည့်ဆေး

သံဓာတ်နဲ့ ကယ်ဆီယမ်အားဖြည့်ဆေးတွေကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ အဆိုပါအားဆေးတွေကို ဆရာဝန်က ညွှန်းဆိုမှသာ သောက်သုံးသင့်ပါတယ်။ တကယ်လို့ ဒီလိုအားဆေးတွေသောက်နေပြီး ဝမ်းချုပ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၅ - နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းတွေဟာလည်း ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အူထဲမှာ အင်ဇိုင်းချို့တဲ့လာတဲ့အခါ နို့ထွက်ပစ္စည်းတွေကို ချေဖျက်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။ lactose မြင့်မားတဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်သင့်ပြီး နွားနို့၊ ရေခဲမုန့်၊ ခရင်မ်နဲ့ ချိစ်တွေလည်း ပါဝင်ပါတယ်။

Photos & Source: Women's Health

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top