ၿမိဳ႕ျပလူေနမႈစနစ္က ႐ႈပ္ေထြးပါတယ္။ ဖဲခ်ပ္အိမ္ေတြလို ေထာင္ထားတဲ့ တိုက္ခန္းက်ဥ္းက်ဥ္းေလးေတြထဲမွာ ညအိပ္လိုက္၊ ေနာက္တစ္ေန႔မွာ ဝင္ေငြ႐ွာဖို႔အတြက္ လိုင္းကားတိုးစီးၿပီး အလုပ္ကိုသြားလိုက္၊ အလုပ္ထဲမွာ အထက္လူႀကီးကေထာင္း၊ လုပ္ေဖာ္ကိုင္ဖက္က ပညာျပ၊ customer က တိုင္နဲ႔ စိတ္ပ်က္ညည္းေငြ႕ဖြယ္ တစ္ေန႔တာကို ျဖတ္သန္းၿပီးတဲ့အခါ တိုက္ခန္းက်ဥ္းေလးထဲကို ျပန္ေရာက္လာ၊ ေနာက္တစ္ေန႔ အလုပ္ျပန္သြားနဲ႔ သံသရာလည္ေနတာပါ။
ၿမိဳ႕ျပလူေနမႈစနစ္ရဲ႕ စိတ္ဖိစီးမႈကလည္း အလြန္တရာမွ ျမင့္မားပါတယ္။ ဒီေတာ့ လူတိုင္းလူတိုင္းမွာ စိတ္ဖိစီးမႈေတြနဲ႔ ေဝးရာ၊ စိတ္႐ႈပ္ေထြးစရာ ကိစၥေတြနဲ႔ ေဝးရာေနရာေလးတစ္ခုေတာ့ လိုအပ္ပါတယ္။ ဒီလိုေနရာေလးရဖို႔အတြက္ မိမိရဲ႕လက္႐ွိ အခန္းေလးကိုပဲ မြန္းမံျပင္ဆင္မႈေတြ ျပဳလုပ္မယ္ဆိုရင္ေကာ....
၁။ ရနံ႔ကုထံုး (Aromatherapy)
Essential oil ေလးေတြ ထည့္သံုးရတဲ့ Oil diffuser (ရနံ႔ထုတ္စက္) ပဲျဖစ္ျဖစ္၊ ေမႊးရနံ႔ပါတဲ့ ဖေယာင္းတိုင္ပဲျဖစ္ျဖစ္ မိမိအခန္းေလးထဲမွာ ထားထားမယ္ဆိုရင္ ဝင္လိုက္တာနဲ႔ ရနံ႔ေလးက ေမႊးပ်ံ႕ၿပီး စိတ္ကို ၾကည္လင္လန္းဆန္း ေစမွာပါ။ အလုပ္ထဲက ဒရာမာေတြ၊ စိတ္ဖိစီးမႈေတြကို ေမ့ေပ်ာက္ၿပီး စိတ္ကိုသက္ေတာင့္သက္သာ ႐ွိေစမွာအမွန္ပါပဲ။
ဒီေနရာမွာ မိမိအႏွစ္သက္ဆံုး ရနံ႔ပါဝင္တဲ့ အဆီကို ေ႐ြးခ်ယ္ဝယ္ယူတတ္ဖို႔က အဓိကက်ပါတယ္။ မိမိအတြက္ စိတ္ကို အေမာေျပေစမယ့္ ရနံ႔ေလး အခန္းထဲမွာ သင္းပ်ံ႕ေနေတာ့ စိတ္ကိုခ်မ္းသာေစတာေပါ့။
၂။ စိတ္ကိုၾကည္လင္ေစမယ့္ သီခ်င္းေလးေတြဖြင့္ပါ
အသံေကာင္းေကာင္းထြက္တဲ့ Woofer (ေဆာင္းေဘာက္) တစ္လံုးအတြက္ ေငြကုန္ေၾကးက်ခံလိုက္တာက ေနာက္ဆက္တြဲ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးကို ရ႐ွိေစမွာပါ။ သာယာၿငိမ့္ေညာင္းတဲ့ စႏၵရားသံတိုးတိုးေလး၊ ဆြဲဆြဲငင္ငင္နဲ႔ တေယာထိုးသံ ခ်ိဳအီအီေလးေတြ ပ်ံ႕လႊင့္ေနတဲ့ အိပ္ခန္းေလးက တစ္ေန႔စာအေမာေတြကို ေျပေပ်ာက္ေစႏိုင္မွာပါ။ ဘာဖြင့္ရမွန္းမသိရင္ Youtube မွာ relaxing music လို႔ပဲ ႐ိုက္ၾကည့္ၿပီး ေပၚလာတဲ့ playlist ကိုသာ ဖြင့္ၾကည့္လိုက္ပါ။
၃။ အျပာေရာင္ေဆးသုတ္ပါ
လူတိုင္းလူတိုင္းက မိမိရဲ႕အိပ္ခန္းေလးကို မိမိႏွစ္သက္ရာအေရာင္နဲ႔ ေဆးသုတ္ျခင္း (သို႔) နံရံကပ္စကၠဴကပ္ျခင္းေတြကို ျပဳလုပ္တတ္ၾကပါတယ္။ အဲဒီမွာ အေရာင္ေ႐ြးခ်ယ္မႈက အေရးပါပါတယ္။ မိမိေ႐ြးခ်ယ္လိုက္တဲ့ အေရာင္က စိတ္ကိုမႈန္မႈိင္းေစတဲ့ အေရာင္ျဖစ္ေနရင္ အခ်ိန္တိုင္းလိုလို စိတ္ညစ္ညဴးေနရမွာပါ။ အေကာင္းဆံုးေ႐ြးေရာင္မႈကေတာ့ အျပာေရာင္ပါပဲ။ အျပာေရာင္ဟာ
စိတ္ကိုၿငိမ္သက္ေစတဲ့ အစြမ္း႐ွိပါတယ္။ ေနာက္ၿပီး အျပာေရာင္ဟာ စိတ္ကူးသစ္ေတြေပၚေပါက္လာေစဖို႔အတြက္ လႈံ႔ေဆာ္ေပးႏိုင္စြမ္းလည္း ႐ွိပါတယ္။ ဒါေၾကာင့္ အိမ္ခန္းေဆးေရာင္ ေ႐ြးခ်ယ္မႈကို ေကာင္းမြန္စြာေ႐ြးခ်ယ္တတ္ပါေစ။
၄။ စိတ္ၿငိ္မ္ဧရိယာေလးတစ္ခု သတ္မွတ္ထားပါ
မိမိစိတ္ကို တည္ၿငိမ္ေစမယ့္ ေနရာေထာင့္ေလးတစ္ခုကေတာ့ လူတိုင္းမွာ လိုအပ္တာပါပဲ။ စာေအးေဆးဖတ္လို႔ရမယ့္ ပက္လက္ကုလားထိုင္ေလး တစ္လံုး ျဖစ္ခ်င္ျဖစ္မယ္။ ရုပ္႐ွင္ထိုင္ၾကည့္ေနက် ဆိုဖာေလးတစ္လံုး ျဖစ္ခ်င္ျဖစ္မယ္။ ေနာက္ဆံုး မိမိရဲ႕အိပ္ယာေလး ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီေနရာေလးကို တတ္ႏိုင္သမွ် သန္႔ွ႐ွင္းသပ္ရပ္ေအာင္ ထားျခင္းက စိတ္ကိုၾကည္လင္ လန္းဆန္းေစၿပီး စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးေစႏိုင္ပါတယ္။
၅။ ေခါင္းအံုးကို လာဗင္ဒါဆီ ျဖန္းေပးပါ
လာဗင္ဒါပန္းဆီဟာ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးပါ႐ွိတဲ့အတြက္ နာမည္ႀကီးပါတယ္။ အဲဒီထဲမွာ ညဘက္မွာ ေကာင္းေကာင္းအိပ္ေပ်ာ္ေစျခင္းလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ ညမအိပ္ခင္မွာ အိပ္ယာခင္းနဲ႔ ေခါင္းအံုးစြပ္ကို လာဗင္ဒါဆီ ပက္ျဖန္းေပးၿပီးမွ အိပ္ၾကည့္ပါ။ စိတ္ကိုၾကည္လင္လန္းဆန္းၿပီး စိတ္ေသာကေတြ ကင္းေဝးသြားပါလိမ့္မယ္။
Source: theculturetrip
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြို့ပြလူနေမှုစနစ်က ရှုပ်ထွေးပါတယ်။ ဖဲချပ်အိမ်တွေလို ထောင်ထားတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ ညအိပ်လိုက်၊ နောက်တစ်နေ့မှာ ဝင်ငွေရှာဖို့အတွက် လိုင်းကားတိုးစီးပြီး အလုပ်ကိုသွားလိုက်၊ အလုပ်ထဲမှာ အထက်လူကြီးကထောင်း၊ လုပ်ဖော်ကိုင်ဖက်က ပညာပြ၊ customer က တိုင်နဲ့ စိတ်ပျက်ညည်းငွေ့ဖွယ် တစ်နေ့တာကို ဖြတ်သန်းပြီးတဲ့အခါ တိုက်ခန်းကျဉ်းလေးထဲကို ပြန်ရောက်လာ၊ နောက်တစ်နေ့ အလုပ်ပြန်သွားနဲ့ သံသရာလည်နေတာပါ။
မြို့ပြလူနေမှုစနစ်ရဲ့ စိတ်ဖိစီးမှုကလည်း အလွန်တရာမှ မြင့်မားပါတယ်။ ဒီတော့ လူတိုင်းလူတိုင်းမှာ စိတ်ဖိစီးမှုတွေနဲ့ ဝေးရာ၊ စိတ်ရှုပ်ထွေးစရာ ကိစ္စတွေနဲ့ ဝေးရာနေရာလေးတစ်ခုတော့ လိုအပ်ပါတယ်။ ဒီလိုနေရာလေးရဖို့အတွက် မိမိရဲ့လက်ရှိ အခန်းလေးကိုပဲ မွန်းမံပြင်ဆင်မှုတွေ ပြုလုပ်မယ်ဆိုရင်ကော....
၁။ ရနံ့ကုထုံး (Aromatherapy)
Essential oil လေးတွေ ထည့်သုံးရတဲ့ Oil diffuser (ရနံ့ထုတ်စက်) ပဲဖြစ်ဖြစ်၊ မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်ပဲဖြစ်ဖြစ် မိမိအခန်းလေးထဲမှာ ထားထားမယ်ဆိုရင် ဝင်လိုက်တာနဲ့ ရနံ့လေးက မွှေးပျံ့ပြီး စိတ်ကို ကြည်လင်လန်းဆန်း စေမှာပါ။ အလုပ်ထဲက ဒရာမာတွေ၊ စိတ်ဖိစီးမှုတွေကို မေ့ပျောက်ပြီး စိတ်ကိုသက်တောင့်သက်သာ ရှိစေမှာအမှန်ပါပဲ။
ဒီနေရာမှာ မိမိအနှစ်သက်ဆုံး ရနံ့ပါဝင်တဲ့ အဆီကို ရွေးချယ်ဝယ်ယူတတ်ဖို့က အဓိကကျပါတယ်။ မိမိအတွက် စိတ်ကို အမောပြေစေမယ့် ရနံ့လေး အခန်းထဲမှာ သင်းပျံ့နေတော့ စိတ်ကိုချမ်းသာစေတာပေါ့။
၂။ စိတ်ကိုကြည်လင်စေမယ့် သီချင်းလေးတွေဖွင့်ပါ
အသံကောင်းကောင်းထွက်တဲ့ Woofer (ဆောင်းဘောက်) တစ်လုံးအတွက် ငွေကုန်ကြေးကျခံလိုက်တာက နောက်ဆက်တွဲ အကျိုးကျေးဇူးတွေ အများကြီးကို ရရှိစေမှာပါ။ သာယာငြိမ့်ညောင်းတဲ့ စန္ဒရားသံတိုးတိုးလေး၊ ဆွဲဆွဲငင်ငင်နဲ့ တယောထိုးသံ ချိုအီအီလေးတွေ ပျံ့လွှင့်နေတဲ့ အိပ်ခန်းလေးက တစ်နေ့စာအမောတွေကို ပြေပျောက်စေနိုင်မှာပါ။ ဘာဖွင့်ရမှန်းမသိရင် Youtube မှာ relaxing music လို့ပဲ ရိုက်ကြည့်ပြီး ပေါ်လာတဲ့ playlist ကိုသာ ဖွင့်ကြည့်လိုက်ပါ။
၃။ အပြာရောင်ဆေးသုတ်ပါ
လူတိုင်းလူတိုင်းက မိမိရဲ့အိပ်ခန်းလေးကို မိမိနှစ်သက်ရာအရောင်နဲ့ ဆေးသုတ်ခြင်း (သို့) နံရံကပ်စက္ကူကပ်ခြင်းတွေကို ပြုလုပ်တတ်ကြပါတယ်။ အဲဒီမှာ အရောင်ရွေးချယ်မှုက အရေးပါပါတယ်။ မိမိရွေးချယ်လိုက်တဲ့ အရောင်က စိတ်ကိုမှုန်မှိုင်းစေတဲ့ အရောင်ဖြစ်နေရင် အချိန်တိုင်းလိုလို စိတ်ညစ်ညူးနေရမှာပါ။ အကောင်းဆုံးရွေးရောင်မှုကတော့ အပြာရောင်ပါပဲ။ အပြာရောင်ဟာ
စိတ်ကိုငြိမ်သက်စေတဲ့ အစွမ်းရှိပါတယ်။ နောက်ပြီး အပြာရောင်ဟာ စိတ်ကူးသစ်တွေပေါ်ပေါက်လာစေဖို့အတွက် လှုံ့ဆော်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် အိမ်ခန်းဆေးရောင် ရွေးချယ်မှုကို ကောင်းမွန်စွာရွေးချယ်တတ်ပါစေ။
၄။ စိတ်ငြိမ်ဧရိယာလေးတစ်ခု သတ်မှတ်ထားပါ
မိမိစိတ်ကို တည်ငြိမ်စေမယ့် နေရာထောင့်လေးတစ်ခုကတော့ လူတိုင်းမှာ လိုအပ်တာပါပဲ။ စာအေးဆေးဖတ်လို့ရမယ့် ပက်လက်ကုလားထိုင်လေး တစ်လုံး ဖြစ်ချင်ဖြစ်မယ်။ ရုပ်ရှင်ထိုင်ကြည့်နေကျ ဆိုဖာလေးတစ်လုံး ဖြစ်ချင်ဖြစ်မယ်။ နောက်ဆုံး မိမိရဲ့အိပ်ယာလေး ဖြစ်ချင်ဖြစ်မယ်။ အဲဒီနေရာလေးကို တတ်နိုင်သမျှ သန့်ှရှင်းသပ်ရပ်အောင် ထားခြင်းက စိတ်ကိုကြည်လင် လန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။
၅။ ခေါင်းအုံးကို လာဗင်ဒါဆီ ဖြန်းပေးပါ
လာဗင်ဒါပန်းဆီဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိတဲ့အတွက် နာမည်ကြီးပါတယ်။ အဲဒီထဲမှာ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေခြင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင်မှာ အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကို လာဗင်ဒါဆီ ပက်ဖြန်းပေးပြီးမှ အိပ်ကြည့်ပါ။ စိတ်ကိုကြည်လင်လန်းဆန်းပြီး စိတ်သောကတွေ ကင်းဝေးသွားပါလိမ့်မယ်။
Source: theculturetrip
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...