iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝကို ပံုမွန္လည္ပတ္ေနက်အတိုင္း ဆက္သြား ေနမယ္ဆိုရင္ေတာ့ တခါတေလမွာ ပ်င္းစရာေကာင္းလွပါတယ္။ လက္ရွိ အေနအထား သည္ ဘဝအေျခခံအုတ္ျမစ္ေကာင္းဖို႔ နဲ႔ ဘဝမွာေကာင္းမြန္တဲ့အေနအထားေတြကို ေတြ႔ၾကံဳရႏိုင္ဖို႔အတြက္ အေရးပါလွပါတယ္။ ထိုနည္းတူ အနာဂတ္အတြက္ တက္တက္ၾကြၾကြေတြးေခၚ၊ လုပ္ေဆာင္ ျခင္းကလည္း အနာဂတ္ေကာင္းမြန္ေရးအတြက္ အေရးပါလွပါတယ္။ ပစၥပၸဳန္ နွင့္ အနာဂတ္ အေရးႏွစ္ခုကို မွ်တမႈရွိေစဖို႔ အေရးၾကီးပါတယ္။ ဘဝကိုျငီးေငြ႔မႈကင္းျပီး အျမဲတမ္း သစ္လြင္တဲ့ အေနအထားမ်ိဳးနဲ႔ ျဖတ္သန္းလုိတယ္ဆိုရင္ေတာ့ ေအာက္ပါ နည္းလမ္း ၇ သြယ္ကို တစ္ခ်က္ဖတ္ၾကည့္ပါ။

၁။ ခဏေလာက္ အခ်ိန္ေပးစဥ္းစားလုိက္ပါ

မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ခ်မွတ္ႏိုင္ဖို႔ ခဏေလာက္ျဖည္းျဖည္းခ်င္းစဥ္းစားျပီး မိမိႏွလံုးသားရဲ႕ ဆႏၵကိုနားေထာင္ၾကည့္လိုက္ပါ။ အလုပ္ေတြကို တစ္ခုျပီးတစ္ခု ျမန္ျမန္ဆန္ဆန္ ေလာေလာနဲ႔လုပ္ေနမယ့္အစား ျဖည္းျဖည္းခ်င္းနဲ႔ ဘာလုပ္ရမလဲဆိုတဲ့အစီအစဥ္ကိုေတြးေပးပါ။ အခုလက္ရွိမွာ တကယ္ဘာလုပ္ခ်င္တာလဲ ဆိုတာကိုကိုယ့္ကိုယ္ကိုေမးၾကည့္ပါ။ ဆံုးျဖတ္ခ်က္ကိုေအာင္ျမင္ျပီးေျမာက္ေအာင္ ဘယ္လိုလုပ္ေဆာင္မလဲဆိုတဲ့အေကာင္းဆံုးနည္း လမ္းကိုလည္းစဥ္းစားပါ။ ခဏေလာက္ အခ်ိန္ယူ ျပီး အေလးအနက္စဥ္းစားတာက သင့္ကိုမွန္ကန္ တဲ့နည္းလမ္းတစ္ရပ္ကိုရွာေဖြႏိုင္ေအာင္ အကူအညီေပးပါလိမ့္မယ္။

၂။ စိတ္ဓာတ္ကို ေျပာင္းလဲပါ

ဘဝဆိုတာက မွန္တစ္ခ်ပ္လုိပါပဲ။ သင္ရဲ႕အေတြး အတိုင္းဘဝကေရာင္ျပန္ဟပ္ေနတာျဖစ္ပါတယ္။ သင့္ရဲ႕ အက်င့္အတိုင္း ဘဝကိုဆက္သြားေနမယ္ ဆိုရင္ေတာ့ သင့္ရဲ႕မသိစိတ္က ျဖစ္ခ်င္ေနတဲ့ ဆႏၵေတြကို ေမ့ေလ်ာ့ေနႏိုင္ပါတယ္။ ယေန႔ပဲ အခ်ိန္နည္းနည္းေလာက္ေပးျပီး ကိုယ့္အေတြး ေတြကို ကိုယ္တိုင္ပံုေဖာ္ၾကည့္ပါ။ တစ္ေန႔တာ အဆံုးမွာ အေျခအေနအရပ္ရပ္ကိုျပန္သံုးသပ္ ၾကည့္ပါ။ တကယ္လို႔မ်ားသင့္မွာအပ်က္သေဘာ ေဆာင္တဲ့အေတြးရွိေနမယ္ဆိုရင္ အဆိုပါ အေတြးကိုအျပဳသေဘာေဆာင္တဲ့အေတြးေတြနဲ႔ အစားထိုးလိုက္ပါ။

၃။ လက္ေတြ႔ အေနအထားအသစ္တစ္ရပ္ကို ရွာေဖြပါ

ထိပ္တန္းအားကစားသမားေတြဟာ ႏွစ္ေပါင္း အေတာ္ၾကာ သူတို႔ရဲ႕စြမ္းေဆာင္ရည္ ေတြ ကိုျမင့္တက္ေစဖို႔အတြက္ စိတ္ကူးပံုေဖာ္တဲ့ နည္းလမ္းကိုအသံုးျပဳခဲ့ၾကပါတယ္။ သင့္အေနနဲ႔ ဒီနည္းလမ္းကိုအသံုးျပဳျပီး သင့္ရဲ႕ေအာင္ျမင္မႈ ကို စိတ္ထဲမွာပံုေဖာ္ၾကည့္ျခင္းျဖင့္ ဘဝတိုးတက္မႈရရွိ ေအာင္လုပ္ေဆာင္ၾကည့္လို႔ရပါတယ္။ တကယ္လို႔လက္ရွိအေျခအေနမွာ သင့္အေနနဲ႔ စိတ္ဆင္းရဲစရာၾကံဳေနမယ္ဆိုရင္ စိတ္ကူးနဲ႔ ပံုေဖာ္ၾကည့္လိုက္ပါ။ သင့္ရဲ႕အေနအထားအသစ္ တစ္ရပ္ကိုစိတ္ကူးယဥ္ၾကည့္လိုက္ပါ။ စိတ္ကူးပံုေဖာ္မႈကို အသံုးျပဳျပီး သင့္ရဲ႕ျဖစ္ႏိုင္ေျခ အလားအလာကို တိုးျမွင့္ၾကည့္လိုက္ပါ။ ျပီးတ့အခါ လက္ေတြ႔အေကာင္အထည္ေဖာ္လိုက္ပါ။

ရုပ္ပိုင္းဆိုင္ရာ စြမ္းအင္က စိတ္အေျပာင္းအလဲ ကိုျဖစ္ေစပါတယ္။ ရုပ္ပိုင္းဆိုင္ရာ စြမ္းအင္ တိုးတက္ေအာင္ေဆာင္ရြက္မႈ ဦးေႏွာက္ထဲက စိတ္ခံစားမႈကိုေကာင္းမြန္ေစတဲ့ ဓာတုပစၥည္း ေတြကို တိုးပြားေအာင္လုပ္ေဆာင္ေပးပါတယ္။ အဖက္ဖက္ ကစြမ္းအင္ေတြျပည့္ဝေအာင္ ေဆာင္ရြက္ျခင္းျဖင့္ ပန္းတိုင္ကိုေရာက္ရွိေအာင္ စြမ္းအားေတြရရွိမွာျဖစ္ပါတယ္။အစားအစာေရြးခ်ယ္ စားသံုးမႈကလည္း အာရံု ၾကည္လင္ျပတ္သားမႈနဲ႔ ဦးေႏွာက္ေျခာက္မႈၾကားကကြာျခားမႈကိုျဖစ္ေပၚေစပါတယ္။

၅။ မလိုအပ္တာတဲ့ ဘဝအစိတ္အပိုင္းေတြကိုရွင္းထုတ္ပါ

ဘဝမွာ အျဖစ္အပ်က္အသစ္ေတြအတြက္ ေနရာေပးႏိုင္ဖို႔ မလိုအပ္တဲ့ အတိတ္ေတြကိုရွင္းထုတ္လိုက္ပါ။ ရုပ္ပိုင္းဆိုင္ ရာအရာဝတၳဳေတြကို လႊင့္ပစ္သလိုမ်ိဳး အခ်ိဳ႕သူေတြကို လည္းကိုယ့္ရဲ႔ေန႔စဥ္ဘဝထဲကေန ထြက္ခြာခြင့္ျပဳဖို႔လိုအပ္ ပါတယ္။။ ကိုယ္ကဘဝကို ထုဆစ္ရတဲ့သူျဖစ္တာေၾကာင့္ ကိုယ္႔ကိုထိခိုက္နာက်င္ေစမယ့္ ကိုယ္ဝန္းက်င္က အရာေတြကို ဖယ္ထုတ္ျဖိဳခ်ပစ္ဖို႔လည္းလိုအပ္ပါတယ္။ ဘဝမွာၾကံဳေတြ႔လာရမယ့္အသစ္အသစ္ေသာ အျဖစ္အပ်က္ေတြကိုေနရာေပးႏိုင္ဖို႔အေဟာင္းေတြကို ရွင္း ထုတ္ပါ။

၆။ ပတ္ဝန္းက်င္ကို အေျပာင္းအလဲလုပ္ပါ

လက္ရွိဝန္းက်င္ကေနခပ္ေဝးေဝးကိုထြက္သြားၾကည့္ လိုက္တာက သင့္အေနနဲ႔အရာရာကိုျမင္သာေအာင္ အေထာက္အကူျပဳပါလိမ့္မယ္။ အလုပ္သြားတဲ့အခါမ်ိဳးမွာ တစ္နာရီေလာက္ အခ်ိန္ေပးျပီး အနီးတဝိုက္ကို ေလွ်ာက္ပတ္ၾကည့္ပါ။ အလုပ္သြားရင္းနဲ႔ တစ္ခါမွမေရာက္ဘူးတဲ့ပန္းျခံကို ပတ္ၾကည့္တာမ်ိဳးလုပ္ေပးပါ။ဒီလိုလုပ္ေဆာင္ေပးတာက သင့္ကိုဖန္တီးႏိုင္စြမ္းနဲ႔ ထိုးထြင္းဥာဏ္ အသစ္ေတြကိုရရွိ ေစတာကိုေတြ႔ရမွာျဖစ္ပါတယ္။

၇။ မေတြ႔ဖူးတဲ့ အေတြ႔အၾကံဳသစ္ေတြကို ရွာေဖြခံစားၾကည့္ပါ

တစ္ခါမွမလုပ္ဖူးတဲ့အလုပ္ေတြကိုလုပ္ၾကည့္ပါ။ သင္လုပ္ေနက်အလုပ္ေတြ လက္မွတ္ထိုးလိုက္၊ အကသင္တန္းေတြသြားလိုက္ လုပ္ေနမယ့္အစား မလုပ္ဖူးတာေတြကို လုပ္ေဆာင္ၾကည့္လိုက္ပါ။ အစားအေသာက္ေတြကို ႏွစ္သက္တဲ့သူျဖစ္မယ္ ဆိုရင္ေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ ခ်က္ျပဳတ္နည္းသင္တန္းကိုတက္ပါ။ လံုးဝသစ္လြင္ ေတာက္ပေနတဲ့အေတြ႔အၾကံဳသစ္ေတြကသင့္ကို မတူကြဲျပားတဲ့ အလားအလာေတြကိုေပးစြမ္းမွာျဖစ္သလို သူငယ္ခ်င္းအသစ္ေတြလည္းရမယ့္အျပင္ ဦးေႏွာက္ကို လည္းအေတြးအျမင္အသစ္ေတြျဖစ္ေပၚေစမွာျဖစ္ပါတယ္။

ဘဝမွာျဖစ္လာတဲ့အရာရာတိုင္းကေရြးခ်ယ္မႈေၾကာင့္ ျဖစ္လာတယ္ ဆိုတာကိုမေမ့ပါနဲ႔။ အခ်ိန္တိုင္းဟာ ဘဝကိုကုိယ္လိုသလိုဖန္တီး ႏိုင္မယ့္အခြင့္အလမ္းပဲျဖစ္ပါ တယ္။အေတြးအျမင္ေတြကိုေျပာင္းလဲတာပဲျဖစ္ျဖစ္ဝန္းက်င္ကို ေျပာင္းလဲတာပဲျဖစ္ျဖစ္ လုပ္ေဆာင္ႏိုင္တဲ့စြမ္းအင္က ကိုယ့္လက္ထဲ မွာပဲ ရွိပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘဝကို ပုံမှန်လည်ပတ်နေကျအတိုင်း ဆက်သွား နေမယ်ဆိုရင်တော့ တခါတလေမှာ ပျင်းစရာကောင်းလှပါတယ်။ လက်ရှိ အနေအထား သည် ဘဝအခြေခံအုတ်မြစ်ကောင်းဖို့ နဲ့ ဘဝမှာကောင်းမွန်တဲ့အနေအထားတွေကို တွေ့ကြုံရနိုင်ဖို့အတွက် အရေးပါလှပါတယ်။ ထိုနည်းတူ အနာဂတ်အတွက် တက်တက်ကြွကြွတွေးခေါ်၊ လုပ်ဆောင် ခြင်းကလည်း အနာဂတ်ကောင်းမွန်ရေးအတွက် အရေးပါလှပါတယ်။ ပစ္စပ္ပုန် နှင့် အနာဂတ် အရေးနှစ်ခုကို မျှတမှုရှိစေဖို့ အရေးကြီးပါတယ်။ ဘဝကိုငြီးငွေ့မှုကင်းပြီး အမြဲတမ်း သစ်လွင်တဲ့ အနေအထားမျိုးနဲ့ ဖြတ်သန်းလိုတယ်ဆိုရင်တော့ အောက်ပါ နည်းလမ်း ၇ သွယ်ကို တစ်ချက်ဖတ်ကြည့်ပါ။

၁။ ခဏလောက် အချိန်ပေးစဉ်းစားလိုက်ပါ

မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခဏလောက်ဖြည်းဖြည်းချင်းစဉ်းစားပြီး မိမိနှလုံးသားရဲ့ ဆန္ဒကိုနားထောင်ကြည့်လိုက်ပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန် လောလောနဲ့လုပ်နေမယ့်အစား ဖြည်းဖြည်းချင်းနဲ့ ဘာလုပ်ရမလဲဆိုတဲ့အစီအစဉ်ကိုတွေးပေးပါ။ အခုလက်ရှိမှာ တကယ်ဘာလုပ်ချင်တာလဲ ဆိုတာကိုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ဆုံးဖြတ်ချက်ကိုအောင်မြင်ပြီးမြောက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အကောင်းဆုံးနည်း လမ်းကိုလည်းစဉ်းစားပါ။ ခဏလောက် အချိန်ယူ ပြီး အလေးအနက်စဉ်းစားတာက သင့်ကိုမှန်ကန် တဲ့နည်းလမ်းတစ်ရပ်ကိုရှာဖွေနိုင်အောင် အကူအညီပေးပါလိမ့်မယ်။

၂။ စိတ်ဓာတ်ကို ပြောင်းလဲပါ

ဘဝဆိုတာက မှန်တစ်ချပ်လိုပါပဲ။ သင်ရဲ့အတွေး အတိုင်းဘဝကရောင်ပြန်ဟပ်နေတာဖြစ်ပါတယ်။ သင့်ရဲ့ အကျင့်အတိုင်း ဘဝကိုဆက်သွားနေမယ် ဆိုရင်တော့ သင့်ရဲ့မသိစိတ်က ဖြစ်ချင်နေတဲ့ ဆန္ဒတွေကို မေ့လျော့နေနိုင်ပါတယ်။ ယနေ့ပဲ အချိန်နည်းနည်းလောက်ပေးပြီး ကိုယ့်အတွေး တွေကို ကိုယ်တိုင်ပုံဖော်ကြည့်ပါ။ တစ်နေ့တာ အဆုံးမှာ အခြေအနေအရပ်ရပ်ကိုပြန်သုံးသပ် ကြည့်ပါ။ တကယ်လို့များသင့်မှာအပျက်သဘော ဆောင်တဲ့အတွေးရှိနေမယ်ဆိုရင် အဆိုပါ အတွေးကိုအပြုသဘောဆောင်တဲ့အတွေးတွေနဲ့ အစားထိုးလိုက်ပါ။

၃။ လက်တွေ့ အနေအထားအသစ်တစ်ရပ်ကို ရှာဖွေပါ

ထိပ်တန်းအားကစားသမားတွေဟာ နှစ်ပေါင်း အတော်ကြာ သူတို့ရဲ့စွမ်းဆောင်ရည် တွေ ကိုမြင့်တက်စေဖို့အတွက် စိတ်ကူးပုံဖော်တဲ့ နည်းလမ်းကိုအသုံးပြုခဲ့ကြပါတယ်။ သင့်အနေနဲ့ ဒီနည်းလမ်းကိုအသုံးပြုပြီး သင့်ရဲ့အောင်မြင်မှု ကို စိတ်ထဲမှာပုံဖော်ကြည့်ခြင်းဖြင့် ဘဝတိုးတက်မှုရရှိ အောင်လုပ်ဆောင်ကြည့်လို့ရပါတယ်။ တကယ်လို့လက်ရှိအခြေအနေမှာ သင့်အနေနဲ့ စိတ်ဆင်းရဲစရာကြုံနေမယ်ဆိုရင် စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်ပါ။ သင့်ရဲ့အနေအထားအသစ် တစ်ရပ်ကိုစိတ်ကူးယဉ်ကြည့်လိုက်ပါ။ စိတ်ကူးပုံဖော်မှုကို အသုံးပြုပြီး သင့်ရဲ့ဖြစ်နိုင်ခြေ အလားအလာကို တိုးမြှင့်ကြည့်လိုက်ပါ။ ပြီးတ့အခါ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။

ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်က စိတ်အပြောင်းအလဲ ကိုဖြစ်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် တိုးတက်အောင်ဆောင်ရွက်မှု ဦးနှောက်ထဲက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ ဓာတုပစ္စည်း တွေကို တိုးပွားအောင်လုပ်ဆောင်ပေးပါတယ်။ အဖက်ဖက် ကစွမ်းအင်တွေပြည့်ဝအောင် ဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်ကိုရောက်ရှိအောင် စွမ်းအားတွေရရှိမှာဖြစ်ပါတယ်။အစားအစာရွေးချယ် စားသုံးမှုကလည်း အာရုံ ကြည်လင်ပြတ်သားမှုနဲ့ ဦးနှောက်ခြောက်မှုကြားကကွာခြားမှုကိုဖြစ်ပေါ်စေပါတယ်။

၅။ မလိုအပ်တာတဲ့ ဘဝအစိတ်အပိုင်းတွေကိုရှင်းထုတ်ပါ

ဘဝမှာ အဖြစ်အပျက်အသစ်တွေအတွက် နေရာပေးနိုင်ဖို့ မလိုအပ်တဲ့ အတိတ်တွေကိုရှင်းထုတ်လိုက်ပါ။ ရုပ်ပိုင်းဆိုင် ရာအရာဝတ္ထုတွေကို လွှင့်ပစ်သလိုမျိုး အချို့သူတွေကို လည်းကိုယ့်ရဲ့နေ့စဉ်ဘဝထဲကနေ ထွက်ခွာခွင့်ပြုဖို့လိုအပ် ပါတယ်။။ ကိုယ်ကဘဝကို ထုဆစ်ရတဲ့သူဖြစ်တာကြောင့် ကိုယ့်ကိုထိခိုက်နာကျင်စေမယ့် ကိုယ်ဝန်းကျင်က အရာတွေကို ဖယ်ထုတ်ဖြိုချပစ်ဖို့လည်းလိုအပ်ပါတယ်။ ဘဝမှာကြုံတွေ့လာရမယ့်အသစ်အသစ်သော အဖြစ်အပျက်တွေကိုနေရာပေးနိုင်ဖို့အဟောင်းတွေကို ရှင်း ထုတ်ပါ။

၆။ ပတ်ဝန်းကျင်ကို အပြောင်းအလဲလုပ်ပါ

လက်ရှိဝန်းကျင်ကနေခပ်ဝေးဝေးကိုထွက်သွားကြည့် လိုက်တာက သင့်အနေနဲ့အရာရာကိုမြင်သာအောင် အထောက်အကူပြုပါလိမ့်မယ်။ အလုပ်သွားတဲ့အခါမျိုးမှာ တစ်နာရီလောက် အချိန်ပေးပြီး အနီးတဝိုက်ကို လျှောက်ပတ်ကြည့်ပါ။ အလုပ်သွားရင်းနဲ့ တစ်ခါမှမရောက်ဘူးတဲ့ပန်းခြံကို ပတ်ကြည့်တာမျိုးလုပ်ပေးပါ။ဒီလိုလုပ်ဆောင်ပေးတာက သင့်ကိုဖန်တီးနိုင်စွမ်းနဲ့ ထိုးထွင်းဉာဏ် အသစ်တွေကိုရရှိ စေတာကိုတွေ့ရမှာဖြစ်ပါတယ်။

၇။ မတွေ့ဖူးတဲ့ အတွေ့အကြုံသစ်တွေကို ရှာဖွေခံစားကြည့်ပါ

တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တွေကိုလုပ်ကြည့်ပါ။ သင်လုပ်နေကျအလုပ်တွေ လက်မှတ်ထိုးလိုက်၊ အကသင်တန်းတွေသွားလိုက် လုပ်နေမယ့်အစား မလုပ်ဖူးတာတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။ အစားအသောက်တွေကို နှစ်သက်တဲ့သူဖြစ်မယ် ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ချက်ပြုတ်နည်းသင်တန်းကိုတက်ပါ။ လုံးဝသစ်လွင် တောက်ပနေတဲ့အတွေ့အကြုံသစ်တွေကသင့်ကို မတူကွဲပြားတဲ့ အလားအလာတွေကိုပေးစွမ်းမှာဖြစ်သလို သူငယ်ချင်းအသစ်တွေလည်းရမယ့်အပြင် ဦးနှောက်ကို လည်းအတွေးအမြင်အသစ်တွေဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ဘဝမှာဖြစ်လာတဲ့အရာရာတိုင်းကရွေးချယ်မှုကြောင့် ဖြစ်လာတယ် ဆိုတာကိုမမေ့ပါနဲ့။ အချိန်တိုင်းဟာ ဘဝကိုကိုယ်လိုသလိုဖန်တီး နိုင်မယ့်အခွင့်အလမ်းပဲဖြစ်ပါ တယ်။အတွေးအမြင်တွေကိုပြောင်းလဲတာပဲဖြစ်ဖြစ်ဝန်းကျင်ကို ပြောင်းလဲတာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တဲ့စွမ်းအင်က ကိုယ့်လက်ထဲ မှာပဲ ရှိပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top