iMyanmarHouse.com - Best Property Website for Myanmar
×
(၃) နှိပ်နယ်ပေးပါ။ နှိပ်နယ်ပေးခြင်းက သွေးလည်ပါတ်မှူကောင်းစေတဲ့  အတွက် အပါတ်တိုင်း သံလွင်ဆီ ၊ မက်မွန်ဆီ ၊ ကြက်ဆူဆီနှင့် အုန်းဆီတို့ကို လိမ်း၍ နှိပ်နယ်ပေးနိုင်ပါတယ်။
မြန်မာလူမျိုးမိန်းကလေးတွေတွက် ဆံပင်ဆိုတာကျက်သရေနဲ့ပြည့်စုံပြီး တင့်တည်လှပစေပါတယ်။ ခေတ်နဲ့ညီတဲ့ဆံပင်စတိုင်တွေ ဘယ်လောက်များများ ၊ ဆံပင်ရှည်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အလှကို ယှဉ်နိူင်မှာ မဟုတ်ပါဘူး။ဆံပင်ရှည်ဖို့က စောင့်ရတာ ကြာပြီး လွယ်ကူတဲ့အလုပ်မဟုတ်ပေမဲ့အောက်ပါနည်းလမ်းတွေက သင့်ကိုဆွဲခေါ်သွားပါလိမ့်မယ်။
(၁) ဦးခေါင်းကိုသန့်သန့်ရှင်းရှင်းထားပါ။တစ်ပါတ် နှစ်ကြိမ်ခေါင်းလျှော်ပါ။သဘာဝနည်းလမ်း (သို့) ပစ္စည်းများကို သုံး၍ ခေါင်းလျှော်ပေးခြင်းက ပိုထိရောက်မှု ရှိပါလိမ့်မယ်။
(၂) ခေါင်းဖြီးပါ။ ခေါင်းဖြီးခြင်းက ဆံသားနှစ်ခွနှင့် ကျွတ်ထားတဲ့ဆံပင်တွေကို ဖယ်ထုတ်ပေးခြင်းဖြင့် နောက်ဆံပင်တွေကို မြန်မြန်ပေါက် ၊ မြန်မြန်ရှည်စေပါတယ်။
(၃) နှိပ်နယ်ပေးပါ။ နှိပ်နယ်ပေးခြင်းက သွေးလည်ပါတ်မှူကောင်းစေတဲ့ အတွက် အပါတ်တိုင်း သံလွင်ဆီ ၊ မက်မွန်ဆီ ၊ ကြက်ဆူဆီနှင့် အုန်းဆီတို့ကို လိမ်း၍ နှိပ်နယ်ပေးနိူင်ပါတယ်။
(၄) ဆံပင်အားဖြည့်စာတွေစားပါ။ ပရိုတင်းများစွာပါတဲ့ ကြက်ဥ+ဒိဉ်ချဉ် ၊ ဗီတာမင်မြှင့်တက်စေတဲ့အရာတွေကို နှစ်ပါတ် တစ်ကြိမ် သင့်ဆံသားတွေ စုတ်ယူပါစေ။
(၅) ညှင်သာစွာကိုင်တွယ်ပါ ။ ဘီးကျဲကြီးနဲ့ ဖြီးတာ ၊ ရေစိုတုန်း ၊ ရေမခြောက်ခင် ခေါင်းဖြီးတာတွေက ဆံသားပျက်စီးစေတဲ့ အတွက် ထိုအချိန်များတွင် ဆံပင်ကို ညင်သာစွာ ကိုင်တွယ်ပါ။
(၆) ခေါင်းလိမ်းဆီတွေသုံးဖို့ လိုအပ်ပါတယ် ။ လာဗန်ဒါဆီ ၊ စမုန်ဆီ ၊ ရိုစ့်မေရီဆီ ၊ လက်ဖက်ဆီတွေက ဆံသားများကို အားဖြည့်ပေးတဲ့အတွက် လျင်မြန်စွာ ဆံပင်ရှည်စေပါတယ်။
(၇) သဘာဝမဟုတ်တာတွေရှောင်ပါ ။ ပုံသွင်းဂျယ် ၊Dryer မှုတ်ခြင်း ၊ ဆံပင်ဖြောင့်ခြင်း ၊ ကောက်ခြင်း ၊ ဆေးဆိုးခြင်း တွေကို လုံးဝရှောင်ပါ။
(၈) စားသောက်တာ မှန်ပါစေ ။ အရေးကြီးတဲ့အရာပါ။ ပရိုတင်း ၊ ဗီတာမင်ကို အဓိက စားသုံးပေးပြီး ကြက်ဥ ၊ ဆယ်မွန် ၊ အသား ၊ ဒိဉ်ချဉ် တို့ကို နေ့စဉ်မှီဝဲပေးပါ။ bueberry ၊ စွံပလွန်သီး ၊ သစ်ကြားသီး ၊ မက်မွန်သီးတို့ကိုလည်း စားသုံးပေးပါ။
(၉) သင့်ဆံပင်ကို သင်ချစ်မြတ်နိုးပါ ။ သင့်ဆံပင်ကို သင်ချစ်မြတ်နိုးမှ ဆံပင်တွက်လိုအပ်တာတွေလုပ်တဲ့အခါ စိတ်ရှည်မှာ ဖြစ်ပါတယ်။
(၁၀) ရေများများသောက်ပါ ။ များတာထက်ကို ပိုအောင်သောက်သင့်ပါတယ်။ ရေကဆံသားမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အတွက် ဆံသားကိုကျန်းမာစေယုံသာမက ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေပါတယ်။
ဆံပင်ရှည်ဖို့ကြိုးစားတာကအနုပညာတစ်ခု လုပ်သလိုပါပဲ။ သင်ကိုယ်တိုင်စိတ်ရှည်မှ ၊ ပုံမှန်ပြုစုပေးမှ ၊ချစ်မြတ်နိးပေးမှ ဆံပင် ကောင်းမွန်စွာရှည်မှာဖြစ်ပြီး လိုချင်တဲ့အနေအထားကို ဖန်တီးပေးနိူင်မှာပါ။
Credit : Mingalarbarmorning
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top