iMyanmarHouse.com - Best Property Website for Myanmar
×

စြမ္းရည္အထူးျမင့္မားၿပီး အဆီေပ်ာ္၀င္ႏိုင္သည့္ Antioxidant တစ္ခုျဖစ္ေသာ ဗီတာမင္အီးသည္ သင့္က်န္းမာေရးကိုသာမက အလွအပကိုပါ ျပန္လည္ႏုပ်ိဳလာေစႏုိင္ပါတယ္။ ကိုယ္ခံအားျမွင့္တင္ျခင္း၊ ေသြးလည္ပတ္မႈအားေကာင္းေစျခင္း၊ ႏွလံုးက်န္းမာေရးေကာင္းေစျခင္း၊ ကင္ဆာေရာဂါမ်ားကိုကာကြယ္ေပးျခင္း စသည့္ေကာင္းက်ိဳးအစံုအလင္ကိုလည္း ေပးစြမ္းႏိုင္ပါေသးတယ္။ သည့္အတြက္ ထိုကဲ့သို႕ ေကာင္းက်ိဳးအစံုအလင္စုေပါင္းေနၿပီး အလြယ္တကူရွာေဖြေတြ႕ရွိႏိုင္တဲ့ ဗီတာမင္အီးက မည္သည့္အက်ိဳးေက်းဇူးမ်ားကို ေပးစြမ္းႏိုင္ေသးသလဲ သိရွိႏိုင္ေစရန္ ေရးသားေဖာ္ျပလုိက္ရပါတယ္။

၁။ ဆံပင္ရွည္ျမန္ေစျခင္း

ဆံပင္ကိုအရင္းမွအဖ်ားအထိ က်န္းမာေတာက္ေျပာင္ေစၿပီး အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းမွလည္း ကာကြယ္ေပးပါတယ္။ ဗီတာမင္အီးအေတာင့္ႏွစ္ခုကို သံလြင္ဆီ သို႕မဟုတ္ အုန္းဆီေႏြးေႏြးေလးတုိ႕ျဖင့္ ေရာစပ္ကာ လက္ေခ်ာင္းေလးမ်ားျဖင့္  ဦးေရျပားအတြင္း ႏွိပ္နယ္လိမ္းျခယ္ေပးပါ။ မိနစ္သံုးဆယ္ခန္႕ႀကာၿပီးေနာက္ ပံုမွန္အတုိင္းေခါင္းေလွ်ာ္ေပးလို႕ရပါၿပီ။

၂။ အမာရြတ္မ်ားကိုေပ်ာက္ကင္းေစျခင္း

ပ်က္စီးေနသည့္အသားအေရကို ျပန္လည္သက္သာေစၿပီး အမာရြတ္မ်ားစြဲထင္ေနျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္အီးအေတာင့္ကို အမာရြတ္ျဖစ္ေပၚေနသည့္အသားအေရေပၚတြင္ ၅-၁၀ မိနစ္ခန္႕ ညွင္သာစြာႏွိပ္နယ္ေပးၿပီး နာရီ၀က္အႀကာမွာ ေရေႏြးေႏြးျဖင့္သန္႕စင္ေပးႏိုင္ပါတယ္။

၃။ အေရးအေႀကာင္းမ်ားကိုတုိက္ထုတ္ေပးျခင္း

အစက္အေျပာက္မ်ား၊ အိုမင္းရင့္ေရာ္သည့္လကၡဏာမ်ားႏွင့္ အေရးအေႀကာင္းမ်ားကို တိုက္ထုတ္ရန္ကူညီေပးၿပီး အသားအေရကိုတင္းတင္းရင္းရင္းရွိေစပါတယ္။ ေန႕စဥ္မွန္မွန္ အိပ္ရာသို႕မ၀င္ခင္ ဗီတာမင္အီးအဆီကို လိမ္းေပးၿပီး မနက္ေရာက္သည့္အခါ ေရေႏြးေႏြးျဖင့္ေဆးေႀကာႏိုင္ပါတယ္။

၄။ ႀကမ္းတမ္းေျခာက္ေသြ႕သည့္လက္မ်ားကိုႏူးညံ့လာေစျခင္း

လက္အား အိုမင္းရင့္ေရာ္သည့္အသြင္ကို ျဖစ္ေပၚေစႏိုင္ေသာ တြန္႕ရံႈ႕ျခင္းမ်ားကို သက္သာေစျပီး ေျခာက္ေသြ႕ႀကမ္းတမ္းသည့္ အသားအေရကို ျပန္လည္စိုေျပႏူးညံ့လာေစမွာပါ။ လိုးရွင္းအတြင္းသို႕ ဗီတာမင္အီးအဆီအနည္းငယ္ေရာစပ္ကာ လက္ေပၚသို႕လိမ္းျခယ္ေပးႏိုင္မွာျဖစ္ပါတယ္။

၅။ အေႀကာျပတ္ရာမ်ားကိုဖယ္ရွားေပးျခင္း

သံပရိုရည္ပမာဏႏွင့္ ညီမွ်ေသာ ဗီတာမင္အီးအဆီ ေလး၊ ငါးေတာင့္ကို ေရာစပ္ၿပီး ထုိအေႀကာျပတ္ရာမ်ားအေပၚတြင္ ၅ မိနစ္မွ ၁၀ မိနစ္ခန္႕အထိ ႏွိပ္နယ္ေပးပါ။ နာရီ၀က္ခန္႕ႀကာၿပီးေနာက္ ေရျဖင့္ေဆးခ်ႏုိင္ပါတယ္။ လအနည္းငယ္အထိ အရာမ်ားေပ်ာက္သြားသည့္တိုင္ ေန႕စဥ္ျပဳလုပ္ေပးပါ။

၆။ ကြဲအက္ေသာႏႈတ္ခမ္းမ်ားကို သက္သာေစျခင္း

ဗီတာမင္အီးအဆီကို အက္ကြဲေနေသာႏႈတ္ခမ္းသားမ်ားအေပၚ မွန္မွန္လိမ္းေပးျခင္းသည္ အစိုဓာတ္ကိုထိန္းသိမ္းေပးရံုသာမက မည္းနက္ေနေသာႏႈတ္ခမ္းသားမ်ားကိုပါ သဘာ၀အတိုင္း၀င္းလက္လာေစႏိုင္ပါတယ္။

၇။ လက္သည္းမ်ားကို အားျဖည့္ေပးျခင္း

အက္ကြဲ၊ က်ိဳးပဲ့သည့္လက္သည္းမ်ားႏွင့္ ေျခာက္ေသြ႕ေနေသာလက္သည္းပန္းကံုးမ်ားကိုပါ ျပန္လည္ေကာင္းမြန္လာေစနိုင္သည့္ နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။ ဗီတာမင္အီးအဆီ ၂ ေတာင့္ေဖာက္ထည့္ထားေသာ ေရေႏြးေႏြးထည့္ထားသည့္ပန္းကန္လံုးထဲသို႕ လက္ေခ်ာင္းမ်ားကို ၁၀ မိနစ္ခန္႕စိမ္ေပးပါ။ တပတ္လွ်င္ ၃ ႀကိမ္မွ ၄ ႀကိမ္အထိျပဳလုပ္ေပးႏုိင္ပါတယ္။

၈။ ဆံပင္ႏွစ္ခြျဖစ္ျခင္းကို ျပန္လည္ေကာင္းမြန္ေစျခင္း

ဗီတာမင္အီး၊ သံလြင္ဆီႏွင့္ အုန္းဆီတုိ႕ကို အညီအမွ်ေပါင္းစပ္ကာ ႏွစ္ခြျဖစ္ေနသည့္အဖ်ားမ်ားတြင္ လိမ္းျခယ္ေပးပါ။ နာရီအနည္းငယ္ထားရွိၿပီးေနာက္ ေခါင္းေလွ်ာ္ရည္ျဖင့္ ေဆးေႀကာသန္႕စင္ေပးႏိုင္ပါတယ္။ တပတ္လွ်င္ ၃ ႀကိမ္ျပဳလုပ္ေပးျခင္းျဖင့္ ဆံေကသာအေျပာင္းအလဲကို ေတြ႕ျမင္လာႏိုင္မွာျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စွမ်းရည်အထူးမြင့်မားပြီး အဆီပျော်ဝင်နိုင်သည့် Antioxidant တစ်ခုဖြစ်သော ဗီတာမင်အီးသည် သင့်ကျန်းမာရေးကိုသာမက အလှအပကိုပါ ပြန်လည်နုပျိုလာစေနိုင်ပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကောင်းစေခြင်း၊ ကင်ဆာရောဂါများကိုကာကွယ်ပေးခြင်း စသည့်ကောင်းကျိုးအစုံအလင်ကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ သည့်အတွက် ထိုကဲ့သို့ ကောင်းကျိုးအစုံအလင်စုပေါင်းနေပြီး အလွယ်တကူရှာဖွေတွေ့ရှိနိုင်တဲ့ ဗီတာမင်အီးက မည်သည့်အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သေးသလဲ သိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါတယ်။

၁။ ဆံပင်ရှည်မြန်စေခြင်း

ဆံပင်ကိုအရင်းမှအဖျားအထိ ကျန်းမာတောက်ပြောင်စေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးအတောင့်နှစ်ခုကို သံလွင်ဆီ သို့မဟုတ် အုန်းဆီနွေးနွေးလေးတို့ဖြင့် ရောစပ်ကာ လက်ချောင်းလေးများဖြင့်  ဦးရေပြားအတွင်း နှိပ်နယ်လိမ်းခြယ်ပေးပါ။ မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ပုံမှန်အတိုင်းခေါင်းလျှော်ပေးလို့ရပါပြီ။

၂။ အမာရွတ်များကိုပျောက်ကင်းစေခြင်း

ပျက်စီးနေသည့်အသားအရေကို ပြန်လည်သက်သာစေပြီး အမာရွတ်များစွဲထင်နေခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အီးအတောင့်ကို အမာရွတ်ဖြစ်ပေါ်နေသည့်အသားအရေပေါ်တွင် ၅-၁၀ မိနစ်ခန့် ညှင်သာစွာနှိပ်နယ်ပေးပြီး နာရီဝက်အကြာမှာ ရေနွေးနွေးဖြင့်သန့်စင်ပေးနိုင်ပါတယ်။

၃။ အရေးအကြောင်းများကိုတိုက်ထုတ်ပေးခြင်း

အစက်အပြောက်များ၊ အိုမင်းရင့်ရော်သည့်လက္ခဏာများနှင့် အရေးအကြောင်းများကို တိုက်ထုတ်ရန်ကူညီပေးပြီး အသားအရေကိုတင်းတင်းရင်းရင်းရှိစေပါတယ်။ နေ့စဉ်မှန်မှန် အိပ်ရာသို့မဝင်ခင် ဗီတာမင်အီးအဆီကို လိမ်းပေးပြီး မနက်ရောက်သည့်အခါ ရေနွေးနွေးဖြင့်ဆေးကြောနိုင်ပါတယ်။

၄။ ကြမ်းတမ်းခြောက်သွေ့သည့်လက်များကိုနူးညံ့လာစေခြင်း

လက်အား အိုမင်းရင့်ရော်သည့်အသွင်ကို ဖြစ်ပေါ်စေနိုင်သော တွန့်ရှုံ့ခြင်းများကို သက်သာစေပြီး ခြောက်သွေ့ကြမ်းတမ်းသည့် အသားအရေကို ပြန်လည်စိုပြေနူးညံ့လာစေမှာပါ။ လိုးရှင်းအတွင်းသို့ ဗီတာမင်အီးအဆီအနည်းငယ်ရောစပ်ကာ လက်ပေါ်သို့လိမ်းခြယ်ပေးနိုင်မှာဖြစ်ပါတယ်။

၅။ အကြောပြတ်ရာများကိုဖယ်ရှားပေးခြင်း

သံပရိုရည်ပမာဏနှင့် ညီမျှသော ဗီတာမင်အီးအဆီ လေး၊ ငါးတောင့်ကို ရောစပ်ပြီး ထိုအကြောပြတ်ရာများအပေါ်တွင် ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာပြီးနောက် ရေဖြင့်ဆေးချနိုင်ပါတယ်။ လအနည်းငယ်အထိ အရာများပျောက်သွားသည့်တိုင် နေ့စဉ်ပြုလုပ်ပေးပါ။

၆။ ကွဲအက်သောနှုတ်ခမ်းများကို သက်သာစေခြင်း

ဗီတာမင်အီးအဆီကို အက်ကွဲနေသောနှုတ်ခမ်းသားများအပေါ် မှန်မှန်လိမ်းပေးခြင်းသည် အစိုဓာတ်ကိုထိန်းသိမ်းပေးရုံသာမက မည်းနက်နေသောနှုတ်ခမ်းသားများကိုပါ သဘာဝအတိုင်းဝင်းလက်လာစေနိုင်ပါတယ်။

၇။ လက်သည်းများကို အားဖြည့်ပေးခြင်း

အက်ကွဲ၊ ကျိုးပဲ့သည့်လက်သည်းများနှင့် ခြောက်သွေ့နေသောလက်သည်းပန်းကုံးများကိုပါ ပြန်လည်ကောင်းမွန်လာစေနိုင်သည့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဗီတာမင်အီးအဆီ ၂ တောင့်ဖောက်ထည့်ထားသော ရေနွေးနွေးထည့်ထားသည့်ပန်းကန်လုံးထဲသို့ လက်ချောင်းများကို ၁၀ မိနစ်ခန့်စိမ်ပေးပါ။ တပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်။

၈။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ပြန်လည်ကောင်းမွန်စေခြင်း

ဗီတာမင်အီး၊ သံလွင်ဆီနှင့် အုန်းဆီတို့ကို အညီအမျှပေါင်းစပ်ကာ နှစ်ခွဖြစ်နေသည့်အဖျားများတွင် လိမ်းခြယ်ပေးပါ။ နာရီအနည်းငယ်ထားရှိပြီးနောက် ခေါင်းလျှော်ရည်ဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ တပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် ဆံကေသာအပြောင်းအလဲကို တွေ့မြင်လာနိုင်မှာဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top