iMyanmarHouse.com - Best Property Website for Myanmar
×

ပဲခူးတိုင္းေဒသႀကီး ဘုရားႀကီးၿမိဳ႕တြင္ ေနမေကာင္းသည့္ ေယာကၡမကို ဇနီးျဖစ္သူႏွင့္အတူ ေဆးခန္းသြားျပရန္ ဆိုင္ကယ္ျဖင့္ တင္ေဆာင္သြားရာမွ ယာဥ္တိုက္မႈျဖစ္ၿပီး ဇနီးျဖစ္သူမွာ ေနရာတြင္ပင္ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ဘုရားႀကီးၿမိဳ႕နယ္ ရန္ကုန္-မႏၱေလး လမ္းေဟာင္းမိုင္တုိင္အမွတ္ ၅၇/၂ အနီး ေရႊတန္ေက်းရြာသြားလမ္းတြင္ ဇန္နဝါရီ ၂၂ ရက္ နံနက္ ၁၁ နာရီခန္႔က အသက္ ၂၂ ႏွစ္အရြယ္ အရြယ္ ကိုမင္းမင္းသက္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္သည္ ေရွ႕ကားကိုေက်ာ္တက္စဥ္ ဆိုင္ကယ္ခ်ိန္းႀကိဳးက်ၿပီး တိမ္းေမွာက္သြားခဲ့ေၾကာင္း၊ ဆိုင္ကယ္ေပၚမွ ျပဳတ္က်က်န္ခဲ့ေသာ ဇနီးျဖစ္သူ မခင္မ်ိဳးသူကို ၎တို႔၏ ဆိုင္ကယ္ေနာက္မွ လားရာတူ ေမာင္းႏွင္လာသည့္ ဆီသယ္ယာဥ္က ႀကိတ္မိခဲ့သျဖင့္ အသက္ ၂၂ ႏွစ္အရြယ္ မခင္မ်ိဳးသူမွာ ပြဲခ်င္းၿပီးေသဆံုးသြားေၾကာင္း သိရသည္။

“ဆိုင္ကယ္ေမာင္းသူေရာ တိုက္မိသူကိုေရာအမႈဖြင့္ထားပါတယ္။ ဆိုင္ကယ္ေမာင္းတဲ့ မင္းမင္းသက္နဲ႔ ေသဆံုးသူ ခင္မ်ိဳးသူ တို႔က လင္မယားပါ။ မေအျဖစ္သူ ေဒၚသိန္းၾကည္ကို ေဆးခန္းသြားျပဖို႔သြားရင္း အခုလိုျဖစ္သြားတာပါ။ မင္းမင္းသက္နဲ႔ သူ႔ေယာကၡမေဒၚသိန္းၾကည္တို႔ကေတာ့ မေသဘူး ၊ ပြန္းပဲ့ဒဏ္ရာေတြေတာ့ရသြားပါတယ္” ဟု ဘုရားႀကီးၿမိဳ႕ အရန္မီးသတ္စခန္းမီသတ္တပ္ခြဲမွဴး ဦးလွစိုးဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆီသယ္ယာဥ္ေမာင္း အသက္ ၄၀ ႏွစ္အရြယ္ ဦးဝင္းမင္းသန္႔ႏွင့္ ဆိုင္ကယ္ေမာင္းႏွင္သူ အသက္ ၂၂ ႏွစ္အရြယ္ ကိုမင္းမင္းသက္တို႔ကို ဘုရားႀကီးနယ္ေျမရဲစခန္းမွ ယာဥ္(ပ)၇/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ ျဖင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Credit : Akonthi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့တွင် နေမကောင်းသည့် ယောက္ခမကို ဇနီးဖြစ်သူနှင့်အတူ ဆေးခန်းသွားပြရန် ဆိုင်ကယ်ဖြင့် တင်ဆောင်သွားရာမှ ယာဉ်တိုက်မှုဖြစ်ပြီး ဇနီးဖြစ်သူမှာ နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဘုရားကြီးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၅၇/၂ အနီး ရွှေတန်ကျေးရွာသွားလမ်းတွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁ နာရီခန့်က အသက် ၂၂ နှစ်အရွယ် အရွယ် ကိုမင်းမင်းသက် မောင်းနှင်လာသည့် ဆိုင်ကယ်သည် ရှေ့ကားကိုကျော်တက်စဉ် ဆိုင်ကယ်ချိန်းကြိုးကျပြီး တိမ်းမှောက်သွားခဲ့ကြောင်း၊ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ခဲ့သော ဇနီးဖြစ်သူ မခင်မျိုးသူကို ၎င်းတို့၏ ဆိုင်ကယ်နောက်မှ လားရာတူ မောင်းနှင်လာသည့် ဆီသယ်ယာဉ်က ကြိတ်မိခဲ့သဖြင့် အသက် ၂၂ နှစ်အရွယ် မခင်မျိုးသူမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းသူရော တိုက်မိသူကိုရောအမှုဖွင့်ထားပါတယ်။ ဆိုင်ကယ်မောင်းတဲ့ မင်းမင်းသက်နဲ့ သေဆုံးသူ ခင်မျိုးသူ တို့က လင်မယားပါ။ မအေဖြစ်သူ ဒေါ်သိန်းကြည်ကို ဆေးခန်းသွားပြဖို့သွားရင်း အခုလိုဖြစ်သွားတာပါ။ မင်းမင်းသက်နဲ့ သူ့ယောက္ခမဒေါ်သိန်းကြည်တို့ကတော့ မသေဘူး ၊ ပွန်းပဲ့ဒဏ်ရာတွေတော့ရသွားပါတယ်” ဟု ဘုရားကြီးမြို့ အရန်မီးသတ်စခန်းမီသတ်တပ်ခွဲမှူး ဦးလှစိုးဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆီသယ်ယာဉ်မောင်း အသက် ၄၀ နှစ်အရွယ် ဦးဝင်းမင်းသန့်နှင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၂၂ နှစ်အရွယ် ကိုမင်းမင်းသက်တို့ကို ဘုရားကြီးနယ်မြေရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit : Akonthi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top