iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး တစ္ေယာက္က သင့္ကို တကယ္ ခ်စ္မိသြားၿပီ ဆိုရင္ သစၥာ ဆိုတာ သင္မေတာင္းလည္း သူ႔ဖက္ကေန ေပးၿပီးသား။ သစၥာရွိၿပီး ဘယ္ေတာ့မွ ေဖာက္ျပန္မွာ မဟုတ္တဲ့ ခ်စ္သူကို သင္ ပိုင္ဆိုင္ ထားတာ ေၾကာင့္ သင္အရမ္​း ကံေကာင္းပါတယ္။

တကယ္လို႔ သင့္ ခ်စ္သူ ဟာ အခုေဖာ္ျပေပးတဲ့ အခ်က္ ေတာ္ေတာ္​ မ်ားမ်ားနဲ႔ ကိုက္ညီ ေနရင္ ေတာ့ သင့္အေပၚ အရမ္​း သစၥာ႐ွိတဲ့ မိန္​းခ​​ေလးကို သင္​ရ႐ွိထားၿပီး ျဖစ္​ပါတယ္​။

(၁) ရည္းစား ရွိတာကို ေယာက်္ားေလး ေတြ ေရွ႕မွာ ဖံုးကြယ္ မထားဘူး

သူမ်ားေတြ၊ အထူးသျဖင့္ ေယာက်္ားေလး ေတြက သူ႔ကို ရည္းစား ရွိလားလို႔ ေမးတဲ့ အခါမ်ိဳးမွာ ရွိတယ္ လို႔ ျပတ္ျပတ္ သားသား ေျပာျပ ရဲတဲ့ အျပင္ ဘယ္သူ ဘယ္ဝါလို႔ ေျပာဖို႔ေတာင္ ဝန္မေလးတဲ့ သူပါ။ ဒီလို ေျပာလိုက္ျခင္း ျဖင့္ သူ႔ရဲ႕ ဂုဏ္သိကၡာ ကို ထိပါးေစတဲ့ အျပင္ သူ႔ကို တျခား ေကာင္ေလး ေတြ မၾကိဳက္ေတာ့ မွာမွန္​း သူေကာင္းေကာင္း သိပါတယ္။ ဒါေၾကာင့္ သင့္ ခ်စ္သူ က သင္နဲ႔ သူရဲ႕ ပတ္သက္မႈကို အျခား ေယာက်္ားေလး ေတြ ေရွ႕မွာ ဘယ္ေတာ့မွ မဖံုးကြယ္ဘူး ဆိုရင္ သင့္အေပၚ အရမ္း သစၥာရွိလို႔ ဆိုတာကို သေဘာေပါက္ လိုက္ပါ။

(၂) သင့္ကို လွ်ိဳ႕ဝွက္ ထားတာ မရွိဘူး

သင့္ ခ်စ္သူ ဟာ သင့္ကို ဘာမွ လွ်ိဳ႕ဝွက္ ထားမွာ မဟုတ္ပါဘူး။ သူ႔ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြ၊ အတြင္းေရး ကိစၥေတြ ကအစ သင့္ကို တိုင္ပင္တယ္၊ ရင္ဖြင့္တယ္၊ သူနဲ႔ ပတ္သက္ၿပီး သင္ မသိတာ မရွိသေလာက္ ကုိ လွ်ိဳ႕ဝွက္ခ်က္ ကင္းသူ တစ္ေယာက္ ျဖစ္ပါတယ္။ သူ ႔ဖုန္းကို အခ်ိန္မေရြး ယူၾကည့္လည္း ျပႆနာ ျဖစ္စရာ တစ္ကြက္မွ ရွိမေန တတ္တဲ့ သူမ်ိဳးပါ။ ဒါဟာ သူေတာ္ေတာ္ သစၥာ ရွိတယ္ ဆိုတာ ျမင္ႏိုင္တဲ့ အခ်က္ပါ။


(၃) သင့္ကို စိတ္ထဲ အၿမဲထားတယ္

သစၥာ ရွိတဲ့ မိန္းကေလးေတြ ဆိုတာ ခ်စ္သူ အနားမွာ အၿမဲ ရွိခ်င္မွ ရွိႏိုင္မယ္။ ဒါေပမယ့္ သူ႔ရဲ႕ စိတ္ထဲမွာ ခ်စ္သူ ကို အၿမဲ ထားတတ္ၾက ပါတယ္။ ခ်စ္သူ ေရွ႕မွာပဲ ျဖစ္ျဖစ္၊ ခ်စ္သူ ကြယ္ရာမွာပဲ ျဖစ္ျဖစ္ ခ်စ္သူ စိတ္ညစ္မယ့္ အရာ ေတြကို မလုပ္ၾကပါဘူး။ သူတို႔ရဲ႕စိတ္ထဲမွာ ခ်စ္သူ ကို အျပည့္အဝ ေနရာ ေပးထား တာေၾကာင့္ တျခားသူေတြ အတြက္ ေနရာ မရွိေတာ့ ပါဘူး။

(၄) သင့္ကို ဂ႐ုစိုက္တယ္

သစၥာ ရွိတဲ့ မိန္းကေလး ေတြဟာ ခ်စ္သူ ကို အရမ္​း ဂ႐ုစိုက္တတ္ ၾကပါတယ္။ ခ်စ္သူ အတြက္ စားစရာ ေလးေတြ လုပ္ေပး တာမ်ိဳး၊ တိုလီမုတ္စ ေလးေတြ ဝယ္ေပးတာ မ်ိဳးေတြ ခဏခဏ လုပ္တတ္ၾက ပါတယ္။ ခ်စ္သူ ေနမေကာင္းတဲ့ အခါေတြ မွာလည္း အရမ္​းကုိ ၾကင္နာ ဂ႐ုစိုက္တတ္ ၾကပါတယ္။ ခ်စ္သူကို စိတ္ပူၿပီး အၿမဲ တတြတ္တြတ္နဲ႔ စကားေတြ မွာေနတတ္တဲ့ သူေတြလည္း ျဖစ္ပါတယ္။

Credit : Loveshortnotes
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေး တစ်ယောက်က သင့်ကို တကယ် ချစ်မိသွားပြီ ဆိုရင် သစ္စာ ဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေ ပေးပြီးသား။ သစ္စာရှိပြီး ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်တဲ့ ချစ်သူကို သင် ပိုင်ဆိုင် ထားတာ ကြောင့် သင်အရမ်း ကံကောင်းပါတယ်။

တကယ်လို့ သင့် ချစ်သူ ဟာ အခုဖော်ပြပေးတဲ့ အချက် တော်တော် များများနဲ့ ကိုက်ညီ နေရင် တော့ သင့်အပေါ် အရမ်း သစ္စာရှိတဲ့ မိန်းခလေးကို သင်ရရှိထားပြီး ဖြစ်ပါတယ်။

(၁) ရည်းစား ရှိတာကို ယောကျ်ားလေး တွေ ရှေ့မှာ ဖုံးကွယ် မထားဘူး

သူများတွေ၊ အထူးသဖြင့် ယောကျ်ားလေး တွေက သူ့ကို ရည်းစား ရှိလားလို့ မေးတဲ့ အခါမျိုးမှာ ရှိတယ် လို့ ပြတ်ပြတ် သားသား ပြောပြ ရဲတဲ့ အပြင် ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့ သူပါ။ ဒီလို ပြောလိုက်ခြင်း ဖြင့် သူ့ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးစေတဲ့ အပြင် သူ့ကို တခြား ကောင်လေး တွေ မကြိုက်တော့ မှာမှန်း သူကောင်းကောင်း သိပါတယ်။ ဒါကြောင့် သင့် ချစ်သူ က သင်နဲ့ သူရဲ့ ပတ်သက်မှုကို အခြား ယောကျ်ားလေး တွေ ရှေ့မှာ ဘယ်တော့မှ မဖုံးကွယ်ဘူး ဆိုရင် သင့်အပေါ် အရမ်း သစ္စာရှိလို့ ဆိုတာကို သဘောပေါက် လိုက်ပါ။

(၂) သင့်ကို လျှို့ဝှက် ထားတာ မရှိဘူး

သင့် ချစ်သူ ဟာ သင့်ကို ဘာမှ လျှို့ဝှက် ထားမှာ မဟုတ်ပါဘူး။ သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အတွင်းရေး ကိစ္စတွေ ကအစ သင့်ကို တိုင်ပင်တယ်၊ ရင်ဖွင့်တယ်၊ သူနဲ့ ပတ်သက်ပြီး သင် မသိတာ မရှိသလောက် ကို လျှို့ဝှက်ချက် ကင်းသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ဖုန်းကို အချိန်မရွေး ယူကြည့်လည်း ပြဿနာ ဖြစ်စရာ တစ်ကွက်မှ ရှိမနေ တတ်တဲ့ သူမျိုးပါ။ ဒါဟာ သူတော်တော် သစ္စာ ရှိတယ် ဆိုတာ မြင်နိုင်တဲ့ အချက်ပါ။


(၃) သင့်ကို စိတ်ထဲ အမြဲထားတယ်

သစ္စာ ရှိတဲ့ မိန်းကလေးတွေ ဆိုတာ ချစ်သူ အနားမှာ အမြဲ ရှိချင်မှ ရှိနိုင်မယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲမှာ ချစ်သူ ကို အမြဲ ထားတတ်ကြ ပါတယ်။ ချစ်သူ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ချစ်သူ ကွယ်ရာမှာပဲ ဖြစ်ဖြစ် ချစ်သူ စိတ်ညစ်မယ့် အရာ တွေကို မလုပ်ကြပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ ချစ်သူ ကို အပြည့်အဝ နေရာ ပေးထား တာကြောင့် တခြားသူတွေ အတွက် နေရာ မရှိတော့ ပါဘူး။

(၄) သင့်ကို ဂရုစိုက်တယ်

သစ္စာ ရှိတဲ့ မိန်းကလေး တွေဟာ ချစ်သူ ကို အရမ်း ဂရုစိုက်တတ် ကြပါတယ်။ ချစ်သူ အတွက် စားစရာ လေးတွေ လုပ်ပေး တာမျိုး၊ တိုလီမုတ်စ လေးတွေ ဝယ်ပေးတာ မျိုးတွေ ခဏခဏ လုပ်တတ်ကြ ပါတယ်။ ချစ်သူ နေမကောင်းတဲ့ အခါတွေ မှာလည်း အရမ်းကို ကြင်နာ ဂရုစိုက်တတ် ကြပါတယ်။ ချစ်သူကို စိတ်ပူပြီး အမြဲ တတွတ်တွတ်နဲ့ စကားတွေ မှာနေတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။

Credit : Loveshortnotes

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top