iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္မွာေနရင္း အလုပ္လုပ္သူေတြ  ဘယ္လိုက်န္းမာေအာင္ေနထိုင္မလဲ

အိမ္ကေနပဲ အလုပ္လုပ္သူေတြ၊ freelancer အလုပ္လုပ္သူေတြဟာ က်န္းမာေရးအတြက္ ေတြးရျပီဆိုရင္ မ်ားျပားလွတဲ့စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ မီးဖိုေခ်ာင္ထဲက စားခ်င့္စရာသေရစာမုန္႔ေတြေပါေနတာရယ္၊ လူမႈေရးမွာတက္တက္ၾကြၾကြမရွိေတာ့တာရယ္၊ အိပ္ရာထဲမွာ ကြန္ပ်ဴတာတစ္လံုးနဲ႔ အလုပ္လုပ္တာလိုမ်ိဳး လုပ္ငန္းခြင္စြမ္းရည္ျမွင့္တင္ေရးရႈေထာင့္အရ မသင့္ေလ်ာ္တဲ့အေနအထားနဲ႔ အလုပ္လုပ္တာေတြဟာ က်န္းမာေရးအတြက္လည္း ထိခိုက္မႈရွိေစနုိ္င္ပါတယ္။

အိမ္ကေနပဲ အလုပ္လုပ္မယ္ဆိုတဲ့သူေတြဟာ အရင္ဆံုး –

(၁) အလုပ္လုပ္မယ့္သီးသန္႔ေနရာတစ္ခုခုဖန္တီးပါ

အိမ္ထဲမွာ အလုပ္လုပ္ဖို႔သီးသန္႔ေနရာလြတ္တစ္ခုကိုဖန္တီးပါ။အိပ္ရာဆိုတာ အိပ္ဖို႔အတြက္ပဲျဖစ္သင့္ပါတယ္။ အလုပ္ေတြကို အိပ္ရာထဲ သယ္လာတာဟာ ကိုယ့္ရဲ႕အနားယူမႈကို အေႏွာင့္အယွက္ျဖစ္ေစနိုင္ပါတယ္။ အခန္းက်ဥ္းေလးတစ္ခုထဲမွာေနထိုင္သူျဖစ္ရင္ေတာင္ စားပြဲ တစ္လံုး၊ခံုတစ္လံုးခ်ျပီး ေနရာသတ္မွတ္္ကာ အလုပ္နဲ႔ကိုယ္ေရးကိုယ္တာခြဲျခားထားလို႔ရပါတယ္။

(၂) တစ္နာရီၾကာတိုင္း တစ္ခါထ၊ ဟိုဟိုဒီဒီလႈပ္ရွားေပးပါ

ေနရာေလးက်ေနျပီ။ထိုင္လို႔ေကာင္းေနျပီဆိုရင္ ထိုင္ခံုမွာ ေက်ာက္ခ်ျပီးထိုင္ေနဖို႔လြယ္ပါတယ္။တစ္နာရီၾကာတိုင္းသတိေပးျပီး အေၾကာထဆန္႔နုိင္ဖို႔ ႏိႈးစက္ေပးထားပါ သို႔မဟုတ္ အပလီေကးရွင္းသံုးပါ။အျပင္ခဏထြက္တာ၊ အိမ္နားတဝိုက္ လမ္းပတ္ေလွ်ာက္တာ၊ ေနေရာင္ခည္ခံျပီး ေလေကာင္းေလသန္႔ရွဴတာေတြလုပ္ေပးပါ။

(၃) အခ်ိန္ဇယားဆြဲျပီး လုပ္ပါ

အိမ္မွာပဲဆိုေတာ့ မနက္ကို ေနာက္က်မွအိပ္ရာထျပီး ကို႔လို႔ကန္႔လန္႔အခ်ိန္မွာ အလုပ္စလုပ္တာမ်ိဳး ျဖစ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ကိုယ္တကယ္ ရံုးသြားတက္ရသလိုမ်ိဳး အခ်ိန္သတ္သတ္မွတ္မွတ္ထားျပီး အလုပ္စမယ္ဆိုရင္ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအတြက္ေရာ၊ သင့္ရဲ႕ အလုပ္လုပ္နုိင္စြမ္းကိုပါ ေကာင္းက်ိဳးျဖစ္ေစနိုင္ပါတယ္။

(၄) စိတ္ၾကည္ႏူးစရာပတ္ဝန္းက်င္တစ္ခုဖန္တီးပါ

အိမ္မွာေနတယ္ဆိုမွေတာ့ သင့္အနီးဝန္းက်င္ကို လြတ္လြတ္လပ္လပ္ ၾကိဳက္သလိုျပင္ဆင္ထားရွိလို႔ရတာေပါ့။ဒီေတာ့ ကိုယ္အလုပ္လုပ္မယ့္ေနရာကို စိတ္ခ်မ္းေျမ႔စရာျဖစ္ေအာင္ဖန္တီးျပီး စိတ္ဖိစီးမႈေတြကို ထိန္းခ်ဳပ္နိုင္ပါတယ္။ အလွပန္းအိုးေသးေသးေလးေတြ၊ စာေရးကိရိယာထည့္တဲ့ ပစၥည္းအဆန္းေလးေတြလိုမ်ိဳး အဆင္အယင္ေတြကို ထားရွိလို႔ရပါတယ္။  အလွအပမျပင္ဆင္နုိင္ရင္ေတာင္ အနည္းဆံုးေတာ့သပ္သပ္ရပ္ရပ္ထားရွိေပးပါ။ ရႈခင္းလွလွျမင္ရလို႔ စိတ္တည္ျငိမ္တယ္ဆိုရင္ေတာ့ ျပတင္းေပါက္နားမွာအလုပ္စားပြဲထားပါ။

(၅) ဖုန္းတကိုင္ကိုင္ အျမဲမလုပ္ပါနဲ႔

အိမ္ကေန အလုပ္လုပ္ရင္ အြန္လိုင္းကေနပဲ လုပ္ငန္းေဆြးေႏြးရတာမ်ားပါတယ္။ဖုန္းကေန conference call  ေခၚတာပဲျဖစ္ျဖစ္၊ ကြန္ပ်ဴတာကေန ဗီဒီယိုခ်တ္ေခၚတာပဲျဖစ္ျဖစ္ ပံုစံအေနအထားက်နေနဖို႔ ဂရုစိုက္ရတာေၾကာင့္ နာက်င္မႈက ရွိကိုရွိမွာပါ။အလုပ္တာဝန္အမ်ားၾကီး တာဝန္ယူထားရသူေတြအေနနဲ႔ေတာ့ လက္ကကြန္ပ်ဴတာမွာ စာရိုက္ရျပီး ဖုန္းကိုနားရြက္နဲ႔ပခံုးၾကား ညွပ္ကာ ဖုန္းေျပာၾကရပါတယ္။

ဒါေပမယ့္ ဒီလိုကိုယ္ေနဟန္ထားေတြ ထပ္ကာတလဲလဲ လုပ္မိတဲ့အခါ ခါးအထက္ပိုင္း၊ လည္ပင္းနဲ႔ပခံုးၾကြက္သားေတြမွာ ဒဏ္ျဖစ္ျပီး ထိခိုက္နာက်င္ေစနိုင္ပါတယ္။ ၾကြက္သားေတာင့္တင္းမႈနဲ႔အေၾကာဆြဲျခင္းတို႔အျပင္ ေက်ာရိုးေစာင္းျခင္းအထိေတာင္ ျဖစ္ေစနိုင္တဲ့ ေရာင္ရမ္းျခင္းေတြ ျဖစ္လာတတ္ပါတယ္။ ျဖစ္နုိင္ရင္ အလုပ္လုပ္ရင္း ဖုန္းစကားေျပာဖို႔လိုတဲ့အခါ နားၾကပ္ သို႔မဟုတ္ headset ကိုအသံုးျပဳဖို႔ ပညာရွင္ေတြက အၾကံျပဳပါတယ္။

(၆) အလုပ္ကို ဘယ္အခ်ိန္ရပ္မလဲ သတိထားသင့္

လပ္ေတာ့ကြန္ပ်ဴတာ သို႔မဟုတ္ ဒစ္ဂ်စ္တယ္ပစၥည္းတစ္ခုခုကို လက္လွမ္းမီတဲ့ေနရာမွာပဲထားရွိတာက အိမ္မွာ အလုပ္လုပ္ရတာပိုလြယ္ကူေစေပမယ့္ ရံုးသြားတက္ေနရတာထက္ အလုပ္ခ်ိန္ပိုၾကာသြားေစနိုင္ေလာက္ေအာင္ အခ်္ိန္ကုန္မွန္းမသိျဖစ္ေစပါတယ္။ မနက္ ၈ နာရီ- ၉နာရီမွာ အိပ္ရာထ၊ေျပးလႊားလုပ္ကိုင္ရင္း ညေန ၅ နာရီ-၆နာရီေရာက္သြားတာမ်ိဳးက တစ္ေန႔ကို ၈ နာရီေလာက္ ကြန္ပ်ဴတာထိုင္ၾကည့္ေနခဲ့ရတာပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳးက ခႏၶာကိုယ္ရဲ႕အေနအထားနဲ႔ က်န္းမာေရးမွာ မေကာင္းတဲ့သက္ေရာက္မႈရွိေစနိုင္တဲ့အျပင္ တျခားအရာေတြထက္ ခါးေအာက္ပိုင္းနဲ႔ ေခါင္းကိုက္ျခင္းေတြ ျဖစ္လာေစနိုင္ပါတယ္။   ေနာက္တစ္ေန႔မကူးခင္ အလုပ္ျပီးစီးဖို႔ ညေနပိုင္းမွာအျပီးသတ္မယ့္အခ်ိန္ သတ္မွတ္တာလည္းလုပ္ရပါမယ္။ ဒီလိုမသတ္မွတ္ရင္ အလုပ္ခ်ိန္လည္းၾကာမွန္းမသိပိုၾကာ၊ အလုပ္လည္းမျပီး၊ စိတ္လည္းဖိစီးရမယ့္ အေျခအေန ျဖစ္လာနိုင္ပါတယ္။

(၇) ေလ့က်င့္ခန္းအတြက္ အခ်ိန္ဇယားေရးဆြဲပါ

အလုပ္သြားရရင္ gym သြားဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔ စိတ္တက္ၾကြေနမွာျဖစ္ေပမယ့္ အိမ္ကေနပဲအလုပ္လုပ္တဲ့အခါ မသြားျဖစ္တာမ်ားလာပါမယ္။ ဒါ့ေၾကာင့္ အိမ္မွာေနလည္း ေလ့က်င့္ခန္းလုပ္ဖို႔ ပံုမွန္အခ်ိန္သတ္မွတ္ပါ။ အိမ္ကအလုပ္ခန္းမွာလည္း က်န္းမာေရးဟန္ခ်က္ထိန္း ကုလားထိုင္၊wobble cushions ေတြ လိုမ်ိဳး ေတြထည့္သံုးထားရင္ အလုပ္လုပ္ေနရင္း ကယ္လိုရီေလာင္ကြ်မ္းေစမယ့္ လႈပ္ရွားမႈေတြ လုပ္ျဖစ္ေနမွာပါ။

(၈) အအိပ္မွန္ေအာင္ဂရုစိုက္ပါ

အိမ္ကေနအလုပ္လုပ္တာဟာ ေန႔စဥ္ရံုးကိုအသြားအျပန္လုပ္ရတဲ့ တစ္နာရီေလာက္အခ်ိန္ကို သက္သာေစတာေၾကာင့္ မနက္အေစာၾကီးမထဘဲ ပံုမွန္အခ်ိန္မွအလုပ္စလုပ္တာေကာင္းပါတယ္။  ညဘက္မွာဒစ္ဂ်စ္တယ္ပစၥည္းေတြဆီကအလင္းနဲ႔ထိေတြ႔မႈနဲ႔ အအိပ္ေနာက္က်မႈ ေပါင္းလိုက္ရင္ အိပ္စက္ျခင္းအတြက္ ျပႆနာရွိလာေစပါတယ္။ ဖုန္း သို႔မဟုတ္ လပ္ေတာ့ဆီက အျပာေရာင္အလင္းနဲ႔ထိေတြ႔မႈ ေၾကာင့္ျဖစ္လာတဲ့ melatonin suppression နဲ႔အိပ္ရာဝင္ခ်ိန္လုပ္ေနက်အက်င့္ေတြ(စာဖတ္ျခင္း၊သြားတိုက္ျခင္းစသည္) ေၾကာင့္ ဦးေႏွာက္ကို အိပ္စက္ျခင္းဘက္ဦးလွည့္မရေအာင္ ျဖစ္ေစနိုင္ပါတယ္။ အိပ္ေရးပ်က္ျခင္းက ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔ အလုပ္လုပ္နုိင္ဖို႔စြမ္းေဆာင္ ရည္က်ဆင္းေစျခင္းတို႔ ျဖစ္လာေစနုိင္ပါတယ္။

(၉) ေရခဲေသတၱာ ကို ရွင္းပါ

ေရခဲေသတၱာထဲမွာ သို႔မဟုတ္ မီးဖိုေခ်ာင္က ေၾကာင္အိမ္ထဲမွာ ကယ္လိုရီမ်ား၊ အဆီမ်ား၊ အခ်ိဳမ်ားတဲ့အစားအစာေတြ ထည့္မထား၇င္ သင္လည္းစားမိစရာအေၾကာင္းမရွိပါဘူး။ လုပ္ရမွာကရွင္းပါတယ္။ ေရခဲေသတၱာထဲမွာ အဲဒါေတြအစား လတ္ဆတ္တဲ့သစ္သီးေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြ၊ ပရိုတင္းစာေတြနဲ႔ က်န္းမာေရးနဲ႔ညီတဲ့သေရစာမုန္႔ေတြထားလိုက္ရင္ ျပီးတာပါပဲ။

(၁၀) မီးဖိုေခ်ာင္ကို ခဏခဏမဝင္ပါနဲ႔

အိမ္အလုပ္ခန္းထဲကို ယူမယ့္ အစားအေသာက္ေတြကို လိုအပ္သေလာက္ကိုပဲ ေသခ်ာစီစဥ္ တြက္ခ်က္ထားပါ။ တတ္နုိင္သေလာက္ မိးဖိုေခ်ာင္ခဏခဏဝင္ျခင္းကိုေရွာင္ပါ။ အလုပ္လုပ္ေနတဲ့ေနရာကို မုန္႔ေတြ၊ထမင္းဟင္းေတြ တခါတည္းတြက္ယူျပီး စားပါ။ဒါမွ တစ္ေန႔လံုး မီးဖိုခန္းကို အၾကိမ္ၾကိမ္ဝင္ထြက္စားေသာက္မိေနတာမ်ိဳး မျဖစ္ေစေတာ့ေအာင္ပါ။

(၁၁) မၾကာခဏေရေသာက္ပါ

တစ္ေန႔တာလံုး ေရ သို႔မဟုတ္ ေရေႏြးၾကမ္း ေသာက္ေသာက္ေပးတာက ခႏၶာကိုယ္မွာေရဓာတ္ျပည့္ဝေစတဲ့အျပင္ ဗိုက္ျပည့္သလိုခံစားရေစတာေၾကာင့္ တျခားမလိုအပ္တဲ့ ကယ္လိုရီေတြကို မစားမိေတာ့ပါဘူး။

အိမ္မွာအလုပ္လုပ္ျပီး က်န္းမာေရးနဲ႔ညီေအာင္စားေသာက္ရတာက ျငီးေငြ႕စရာအလုပ္လို႔ ျမင္နုိင္ေပမယ့္ ကိုယ့္ကိုယ္ကုိုယ္ နည္းနည္းေလာက္ ပိုခ်ဳပ္တည္းျပီး ဂရုစိုက္မယ္ဆိုရင္ အလုပ္စြမ္းေဆာင္ရည္အတြက္ တင္မကဘဲ မိသားစုနဲ႔ေနထုိင္ရတဲ့ေပ်ာ္ရႊင္မႈ၊ က်န္းမာမႈအတြက္ေပ်ာ္ရႊင္မႈတို႔နဲ႔ ျပည့္စံုေစမွာျဖစ္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်မှာနေရင်း အလုပ်လုပ်သူတွေ  ဘယ်လိုကျန်းမာအောင်နေထိုင်မလဲ

အိမ်ကနေပဲ အလုပ်လုပ်သူတွေ၊ freelancer အလုပ်လုပ်သူတွေဟာ ကျန်းမာရေးအတွက် တွေးရပြီဆိုရင် များပြားလှတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မီးဖိုချောင်ထဲက စားချင့်စရာသရေစာမုန့်တွေပေါနေတာရယ်၊ လူမှုရေးမှာတက်တက်ကြွကြွမရှိတော့တာရယ်၊ အိပ်ရာထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်တာလိုမျိုး လုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရေးရှုထောင့်အရ မသင့်လျော်တဲ့အနေအထားနဲ့ အလုပ်လုပ်တာတွေဟာ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။

အိမ်ကနေပဲ အလုပ်လုပ်မယ်ဆိုတဲ့သူတွေဟာ အရင်ဆုံး –

(၁) အလုပ်လုပ်မယ့်သီးသန့်နေရာတစ်ခုခုဖန်တီးပါ

အိမ်ထဲမှာ အလုပ်လုပ်ဖို့သီးသန့်နေရာလွတ်တစ်ခုကိုဖန်တီးပါ။အိပ်ရာဆိုတာ အိပ်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။ အလုပ်တွေကို အိပ်ရာထဲ သယ်လာတာဟာ ကိုယ့်ရဲ့အနားယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အခန်းကျဉ်းလေးတစ်ခုထဲမှာနေထိုင်သူဖြစ်ရင်တောင် စားပွဲ တစ်လုံး၊ခုံတစ်လုံးချပြီး နေရာသတ်မှတ်ကာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားလို့ရပါတယ်။

(၂) တစ်နာရီကြာတိုင်း တစ်ခါထ၊ ဟိုဟိုဒီဒီလှုပ်ရှားပေးပါ

နေရာလေးကျနေပြီ။ထိုင်လို့ကောင်းနေပြီဆိုရင် ထိုင်ခုံမှာ ကျောက်ချပြီးထိုင်နေဖို့လွယ်ပါတယ်။တစ်နာရီကြာတိုင်းသတိပေးပြီး အကြောထဆန့်နိုင်ဖို့ နှိုးစက်ပေးထားပါ သို့မဟုတ် အပလီကေးရှင်းသုံးပါ။အပြင်ခဏထွက်တာ၊ အိမ်နားတဝိုက် လမ်းပတ်လျှောက်တာ၊ နေရောင်ခည်ခံပြီး လေကောင်းလေသန့်ရှူတာတွေလုပ်ပေးပါ။

(၃) အချိန်ဇယားဆွဲပြီး လုပ်ပါ

အိမ်မှာပဲဆိုတော့ မနက်ကို နောက်ကျမှအိပ်ရာထပြီး ကို့လို့ကန့်လန့်အချိန်မှာ အလုပ်စလုပ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်တကယ် ရုံးသွားတက်ရသလိုမျိုး အချိန်သတ်သတ်မှတ်မှတ်ထားပြီး အလုပ်စမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော၊ သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုပါ ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။

(၄) စိတ်ကြည်နူးစရာပတ်ဝန်းကျင်တစ်ခုဖန်တီးပါ

အိမ်မှာနေတယ်ဆိုမှတော့ သင့်အနီးဝန်းကျင်ကို လွတ်လွတ်လပ်လပ် ကြိုက်သလိုပြင်ဆင်ထားရှိလို့ရတာပေါ့။ဒီတော့ ကိုယ်အလုပ်လုပ်မယ့်နေရာကို စိတ်ချမ်းမြေ့စရာဖြစ်အောင်ဖန်တီးပြီး စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်ပါတယ်။ အလှပန်းအိုးသေးသေးလေးတွေ၊ စာရေးကိရိယာထည့်တဲ့ ပစ္စည်းအဆန်းလေးတွေလိုမျိုး အဆင်အယင်တွေကို ထားရှိလို့ရပါတယ်။  အလှအပမပြင်ဆင်နိုင်ရင်တောင် အနည်းဆုံးတော့သပ်သပ်ရပ်ရပ်ထားရှိပေးပါ။ ရှုခင်းလှလှမြင်ရလို့ စိတ်တည်ငြိမ်တယ်ဆိုရင်တော့ ပြတင်းပေါက်နားမှာအလုပ်စားပွဲထားပါ။

(၅) ဖုန်းတကိုင်ကိုင် အမြဲမလုပ်ပါနဲ့

အိမ်ကနေ အလုပ်လုပ်ရင် အွန်လိုင်းကနေပဲ လုပ်ငန်းဆွေးနွေးရတာများပါတယ်။ဖုန်းကနေ conference call  ခေါ်တာပဲဖြစ်ဖြစ်၊ ကွန်ပျူတာကနေ ဗီဒီယိုချတ်ခေါ်တာပဲဖြစ်ဖြစ် ပုံစံအနေအထားကျနနေဖို့ ဂရုစိုက်ရတာကြောင့် နာကျင်မှုက ရှိကိုရှိမှာပါ။အလုပ်တာဝန်အများကြီး တာဝန်ယူထားရသူတွေအနေနဲ့တော့ လက်ကကွန်ပျူတာမှာ စာရိုက်ရပြီး ဖုန်းကိုနားရွက်နဲ့ပခုံးကြား ညှပ်ကာ ဖုန်းပြောကြရပါတယ်။

ဒါပေမယ့် ဒီလိုကိုယ်နေဟန်ထားတွေ ထပ်ကာတလဲလဲ လုပ်မိတဲ့အခါ ခါးအထက်ပိုင်း၊ လည်ပင်းနဲ့ပခုံးကြွက်သားတွေမှာ ဒဏ်ဖြစ်ပြီး ထိခိုက်နာကျင်စေနိုင်ပါတယ်။ ကြွက်သားတောင့်တင်းမှုနဲ့အကြောဆွဲခြင်းတို့အပြင် ကျောရိုးစောင်းခြင်းအထိတောင် ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဖြစ်နိုင်ရင် အလုပ်လုပ်ရင်း ဖုန်းစကားပြောဖို့လိုတဲ့အခါ နားကြပ် သို့မဟုတ် headset ကိုအသုံးပြုဖို့ ပညာရှင်တွေက အကြံပြုပါတယ်။

(၆) အလုပ်ကို ဘယ်အချိန်ရပ်မလဲ သတိထားသင့်

လပ်တော့ကွန်ပျူတာ သို့မဟုတ် ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုခုကို လက်လှမ်းမီတဲ့နေရာမှာပဲထားရှိတာက အိမ်မှာ အလုပ်လုပ်ရတာပိုလွယ်ကူစေပေမယ့် ရုံးသွားတက်နေရတာထက် အလုပ်ချိန်ပိုကြာသွားစေနိုင်လောက်အောင် အချိန်ကုန်မှန်းမသိဖြစ်စေပါတယ်။ မနက် ၈ နာရီ- ၉နာရီမှာ အိပ်ရာထ၊ပြေးလွှားလုပ်ကိုင်ရင်း ညနေ ၅ နာရီ-၆နာရီရောက်သွားတာမျိုးက တစ်နေ့ကို ၈ နာရီလောက် ကွန်ပျူတာထိုင်ကြည့်နေခဲ့ရတာပဲဖြစ်ပါတယ်။

ဒီလိုမျိုးက ခန္ဓာကိုယ်ရဲ့အနေအထားနဲ့ ကျန်းမာရေးမှာ မကောင်းတဲ့သက်ရောက်မှုရှိစေနိုင်တဲ့အပြင် တခြားအရာတွေထက် ခါးအောက်ပိုင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။   နောက်တစ်နေ့မကူးခင် အလုပ်ပြီးစီးဖို့ ညနေပိုင်းမှာအပြီးသတ်မယ့်အချိန် သတ်မှတ်တာလည်းလုပ်ရပါမယ်။ ဒီလိုမသတ်မှတ်ရင် အလုပ်ချိန်လည်းကြာမှန်းမသိပိုကြာ၊ အလုပ်လည်းမပြီး၊ စိတ်လည်းဖိစီးရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

(၇) လေ့ကျင့်ခန်းအတွက် အချိန်ဇယားရေးဆွဲပါ

အလုပ်သွားရရင် gym သွားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်တက်ကြွနေမှာဖြစ်ပေမယ့် အိမ်ကနေပဲအလုပ်လုပ်တဲ့အခါ မသွားဖြစ်တာများလာပါမယ်။ ဒါ့ကြောင့် အိမ်မှာနေလည်း လေ့ကျင့်ခန်းလုပ်ဖို့ ပုံမှန်အချိန်သတ်မှတ်ပါ။ အိမ်ကအလုပ်ခန်းမှာလည်း ကျန်းမာရေးဟန်ချက်ထိန်း ကုလားထိုင်၊wobble cushions တွေ လိုမျိုး တွေထည့်သုံးထားရင် အလုပ်လုပ်နေရင်း ကယ်လိုရီလောင်ကျွမ်းစေမယ့် လှုပ်ရှားမှုတွေ လုပ်ဖြစ်နေမှာပါ။

(၈) အအိပ်မှန်အောင်ဂရုစိုက်ပါ

အိမ်ကနေအလုပ်လုပ်တာဟာ နေ့စဉ်ရုံးကိုအသွားအပြန်လုပ်ရတဲ့ တစ်နာရီလောက်အချိန်ကို သက်သာစေတာကြောင့် မနက်အစောကြီးမထဘဲ ပုံမှန်အချိန်မှအလုပ်စလုပ်တာကောင်းပါတယ်။  ညဘက်မှာဒစ်ဂျစ်တယ်ပစ္စည်းတွေဆီကအလင်းနဲ့ထိတွေ့မှုနဲ့ အအိပ်နောက်ကျမှု ပေါင်းလိုက်ရင် အိပ်စက်ခြင်းအတွက် ပြဿနာရှိလာစေပါတယ်။ ဖုန်း သို့မဟုတ် လပ်တော့ဆီက အပြာရောင်အလင်းနဲ့ထိတွေ့မှု ကြောင့်ဖြစ်လာတဲ့ melatonin suppression နဲ့အိပ်ရာဝင်ချိန်လုပ်နေကျအကျင့်တွေ(စာဖတ်ခြင်း၊သွားတိုက်ခြင်းစသည်) ကြောင့် ဦးနှောက်ကို အိပ်စက်ခြင်းဘက်ဦးလှည့်မရအောင် ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အလုပ်လုပ်နိုင်ဖို့စွမ်းဆောင် ရည်ကျဆင်းစေခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

(၉) ရေခဲသေတ္တာ ကို ရှင်းပါ

ရေခဲသေတ္တာထဲမှာ သို့မဟုတ် မီးဖိုချောင်က ကြောင်အိမ်ထဲမှာ ကယ်လိုရီများ၊ အဆီများ၊ အချိုများတဲ့အစားအစာတွေ ထည့်မထား၇င် သင်လည်းစားမိစရာအကြောင်းမရှိပါဘူး။ လုပ်ရမှာကရှင်းပါတယ်။ ရေခဲသေတ္တာထဲမှာ အဲဒါတွေအစား လတ်ဆတ်တဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်းစာတွေနဲ့ ကျန်းမာရေးနဲ့ညီတဲ့သရေစာမုန့်တွေထားလိုက်ရင် ပြီးတာပါပဲ။

(၁၀) မီးဖိုချောင်ကို ခဏခဏမဝင်ပါနဲ့

အိမ်အလုပ်ခန်းထဲကို ယူမယ့် အစားအသောက်တွေကို လိုအပ်သလောက်ကိုပဲ သေချာစီစဉ် တွက်ချက်ထားပါ။ တတ်နိုင်သလောက် မိးဖိုချောင်ခဏခဏဝင်ခြင်းကိုရှောင်ပါ။ အလုပ်လုပ်နေတဲ့နေရာကို မုန့်တွေ၊ထမင်းဟင်းတွေ တခါတည်းတွက်ယူပြီး စားပါ။ဒါမှ တစ်နေ့လုံး မီးဖိုခန်းကို အကြိမ်ကြိမ်ဝင်ထွက်စားသောက်မိနေတာမျိုး မဖြစ်စေတော့အောင်ပါ။

(၁၁) မကြာခဏရေသောက်ပါ

တစ်နေ့တာလုံး ရေ သို့မဟုတ် ရေနွေးကြမ်း သောက်သောက်ပေးတာက ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေတဲ့အပြင် ဗိုက်ပြည့်သလိုခံစားရစေတာကြောင့် တခြားမလိုအပ်တဲ့ ကယ်လိုရီတွေကို မစားမိတော့ပါဘူး။

အိမ်မှာအလုပ်လုပ်ပြီး ကျန်းမာရေးနဲ့ညီအောင်စားသောက်ရတာက ငြီးငွေ့စရာအလုပ်လို့ မြင်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ပိုချုပ်တည်းပြီး ဂရုစိုက်မယ်ဆိုရင် အလုပ်စွမ်းဆောင်ရည်အတွက် တင်မကဘဲ မိသားစုနဲ့နေထိုင်ရတဲ့ပျော်ရွှင်မှု၊ ကျန်းမာမှုအတွက်ပျော်ရွှင်မှုတို့နဲ့ ပြည့်စုံစေမှာဖြစ်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top