iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Marry
ချစ်သူ ဖြစ်ကာစကတော့ ၅ မိနစ် တစ်ကြိမ်လောက်ကို ဖုန်း ခေါ်တတ်ကြပေမယ့် အချိန်လေး နည်းနည်းကြာလာရင်တော့ ဖုန်းခေါ်တဲ့ အကြိမ်ရေ လျော့သွားတတ်ပါတယ်။
မနက် အိပ်ယာက နိုးတဲ့အချိန်မှာ ချစ်တဲ့သူဆီကို ဖုန်းခေါ်ပါ
Marry ရဲ့ ချစ်သူလေးတို့ရေ ချစ်သူတွေကြားက ချစ်ခြင်းတွေကို ဖော်ပြတဲ့ အပြုအမူလေး တစ်ခု ဖြစ်တဲ့ ဖုန်းခေါ်တယ် ဆိုတာလေးအကြောင်းကို ပြောပြချင်ပါတယ်။ ချစ်သူလေးကို တစ်နေ့ ဖုန်း ဘယ်နှကြိမ်ခေါ်ပါသလဲ။ ချစ်သူ ဖြစ်ကာစကတော့ ၅ မိနစ် တစ်ကြိမ်လောက်ကို ဖုန်းနဲ့ လက် မပြတ်နိုင်အောင် ခေါ်တတ်ကြပေမယ့် အချိန်လေး နည်းနည်းကြာလာရင်တော့ ဖုန်းခေါ်တဲ့ အကြိမ်ရေ လျော့သွားတတ်ပါတယ်။ ချစ်သူတွေကြား တစ်နေ့ ဘယ်နှကြိမ်ကိုမှ ဘယ်အချိန်တွေမှာ ဘယ်လောက်ကြာကြာ ဖုန်းပြောရမလဲ ဆိုတာကို Marry က ပြောပြပေးချင်ပါတယ်။ ချစ်သူတွေကြားက ချစ်ခြင်းတွေ တိုးပွါးဖို့ ပြုလုပ်ပေးရမယ့် အရာတွေကို မမေ့နဲ့နော်။
ဖုန်း ဘယ်နှကြိမ် ခေါ်ရမလဲ
၂ ကြိမ် ခေါ်ပါ။ ဖုန်းကို ခဏတိုင်း ခေါ်နေတာကတော့ ချစ်စမှာပဲ ကောင်းပေမယ့် အချိန်လေး နည်းနည်းကြာလာရင်တော့ အချိန်ပေးရတာများလာရင် တစ်ယောက်အတွက် ကျန်တစ်ယောက်က အနှောင့်အယှက်လိုလို ဖြစ်လာတတ်ပါတယ်။ မမတို့ အတွက်ကတော့ အဓိက ပါပဲ။ ဖုန်းကို ခဏတိုင်း ခေါ်မယ် ကိုကို ဘာလုပ်နေလဲ။ ဘယ်မှာလဲ။ ဘာညာ ခဏတိုင်း မေးတာကတော့ တစ်ဖက်သူကို အချိန်ပြည့် အနှောင့်အယှက်ပေးရာ ကျပါတယ်။
ဘယ်အချိန်တွေမှာ ခေါ်ရမလဲ
မနက်ပိုင်း အိပ်ယာနိုးတဲ့အချိန်နဲ့ ည အိပ်ခါနီး အချိန်တွေမှာ ခေါ်ပါ။ မနက် အိပ်ယာက နိုးတဲ့အချိန်မှာ ချစ်တဲ့သူဆီကို ဖုန်းခေါ်ပါ။ နေ့ရက်လေးတွေမှာ ခလချစ်သူလေးနဲ့ ကြည်ကြည်နူးနူးလေး ဖုန်းပြောရင်း စတင်လိုက်ပါနော်။ မနက်ခင်း ဖုန်းခေါ်ပြီးရင် နောက်တစ်ခါ ခေါ်ရမယ့် အချိန်ကတော့ ညပိုင်းပါ။ တစ်နေကုန် ကိုယ့်လုပ်စရာ ရှိတာ လုပ်ပြီး လုပ်စရာတွေပြီးလို့ တစ်နေ့တာလုံးကို အဆုံးသတ်မယ့် ညအချိန်လေးမှာ ဖုန်းတစ်ခါ ထပ်ခေါ်လိုက်ပါနော်။ ပျော်ရွှင်ခြင်းကို မျှဝေတတ်ဖို့လည်း လိုပါမယ်။
အလုပ်များမှန်းသိတဲ့အချိန် စာပဲ ပို့ပါ
ဘယ်လောက် ကြာကြာ ဖုန်းပြောရမလဲ
မနက်ပိုင်း ဖုန်းဆက်တဲ့ အချိန်မှာတော့ မနက်ဆိုတဲ့အတိုင်း တစ်နေ့လုံးစာ လုပ်စရာတွေက တန်းစီနေမှာ ဖြစ်တဲ့အတွက် ခဏလောက်လေးပဲ Good Morning ဆိုပြီး နှုတ်ဆက်တာနဲ့ တစ်နေ့တာ အစီအစဉ် အကြမ်းဖျင်းလေးတွေကို ပြောပြတာလောက် အလွန်ဆုံး  ၃ – ၅ မိနစ်လောက်ပဲ ပြောပေးပါနော်။ မနက်ခင်းလေးမှာတော့ ဖုန်းကို တမေ့ တမော ပြောနေဖို့ အချိန်မရှိလိုပါ။ ညပိုင်း ဖုန်းပြောတာကတော့ ချစ်သူတို့ သဘာဝ တီတီတာတာလေးတွေကို အချိန်ပေးနိုင်သလောက် ဖုန်းကို ခပ်ကြာကြာလေး ပြောပေးပါနော်။ ဒီနည်းလေး အတိုင်းသာ ချစ်သူတွေကြား ဖုန်းပြောပေးမယ် ဆိုရင်တော့ ချစ်ခြင်းတွေ ပြည့်နေတဲ့နေ့ရက်လေးတွေ ပြည့်ပြီး ကြည်နူးစရာကောင်းတဲ့ ချစ်သူ့ဘဝကို ပိုင်ဆိုင်ခွင့်ရမှာပါ။
Credit : Marry
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top