iMyanmarHouse.com - Best Property Website for Myanmar
×

"သင့္က်န္းမာေရးအတြက္ မစားသုံးသင့္ေသာ အစားအစာ ၇ မ်ိဳး"

တိုးတက္မႈႏႈန္း ျမန္ဆန္လြန္းလွတဲ့ ေခတ္ကာလႀကီးမွာ လူေတြဟာ စီးပြားေရး၊ လူမႈေရးက႑ေတြမွာ အခ်ိန္မ်ားစြာကို အသုံးျပဳ ေနၾကရပါတယ္။ တခါတရံ ႐ုံးေနာက္က်လို႔ ထမင္းဟင္းခ်က္ျပဳတ္ဖို႔ အခ်ိန္မေပးႏိုင္လို႔ စတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အလ်င္အျမန္ရႏိုင္မယ့္ ေခါက္ဆြဲထုတ္ေတြနဲ႔ ေျဖရွင္းလိုက္ရတဲ့ အျဖစ္မ်ိဳးေတြ ရိွခဲ့ၾကမွာပါ။

အိမ္ရွင္မေတြအေနနဲ႔လည္း အျမန္ခ်က္ျပဳတ္လို႔ ဟင္းျဖစ္မယ့္ အရာမ်ိဳးေတြကို ေရြးၿပီး ဝယ္ဖူးၾကမွာပါ။ ေၾကာ္ျငာအားေကာင္းေကာင္းနဲ႔ ေစ်းကြက္ထဲကို ထိုးေဖာက္လာၾကတဲ့ အခ်ိဳရည္ဗူးေတြ၊ အျမန္သုံး စားစရာကုန္မ်ိဳးစုံ၊ တံဆိပ္မ်ိဳးစုံတို႔ကလည္း စူပါမားကက္ႀကီးေတြမွာ အလြယ္တကူ ဝယ္လို႔ရေနေတာ့ ပိုၿပီး အဆင္ေျပလို႔ ေနပါေတာ့တယ္။

ဒါေပမယ့္လည္း တခ်ိဳ႕ေသာ အစားအစာေတြ၊ အခ်ိဳရည္ေတြဟာ မိမိရဲ႕ က်န္းမာေရးကို ဆိုးဝါးစြာ ထိခိုက္ေစႏိုင္တယ္ဆိုတဲ့ အခ်က္ကိုေတာ့ သတိျပဳမိသူ နည္းပါးလွပါတယ္။

သင့္က်န္းမာေရးအတြက္ မစားသင့္ေသာ အစာ ၇ မ်ိဳးကို ကမာၻ႔က်န္းမာေရး မဂၢဇင္းတစ္ေစာင္ျဖစ္တဲ့ SHAPE က အခုလို ေကာက္ႏုတ္ ေဖာ္ျပထားပါတယ္။

(၁) Rice Cakes (ဆန္ သို႔မဟုတ္ ေကာက္ညွင္းခြက္ေၾကာ္မ်ား)

ဒီအစားအစာကို ထုတ္လုပ္ေရာင္းခ်သူမ်ားက အဆီခ် အစားအစာ (Diet Foods) လို အညႊန္းမွာ ေဖာ္ျပ ေရာင္းခ်ၾကေပမယ့္ တကယ္ေတာ့ ကာဗိုဟိုက္ဒရိတ္ဓာတ္ကို ပိုမိုတိုးပြားေစတယ္လို႔ သုံးသပ္ထားပါတယ္။ ဒီအစာကို စားသုံးျခင္းျဖင့္ သင့္ရဲ႕ေသြးမွာ အခ်ိဳဓာတ္ျဖစ္ေပၚမႈကို တြန္းအားေပးတဲ့အတြက္ က်န္းမာေရးနဲ႔ မသင့္ေတာ္သလို အဆီေလွ်ာ့ခ်မႈကို မပံ့ပိုးေပးႏိုင္ပါဘူးလို႔ ေဖာ္ျပပါရိွပါတယ္။

(၂) Fat – Free Salad Dressing (အသင့္စားအသုပ္ အတြက္ အခ်ဥ္ရည္မ်ား)

ဒီအမ်ိဳးအစားကေတာ့ က်ေနာ္တို႔ ျမန္မာေတြ စားေလ့မရိွပါဘူးဆိုေပမယ့္ ၾကက္ေၾကာ္ဆိုင္ေတြ ေခတ္စားလာတာနဲ႔အမွ် ခပ္ဆင္ဆင္ အခ်ဥ္ရည္ေဆာ့စ္ ပုံစံမ်ိဳးေတြ ေတြ႔လာရပါတယ္။ ျပည့္ဝဆီေတြ လြတ္ကင္းတယ္လို႔ ဆိုထားေပမယ့့္ ဒီအခ်ဥ္ရည္ေတြထဲမွာ ဗီနီဂါနဲ႔ အပင္မွ ရရိွေသာ အဆီေတြကို အေျခခံၿပီး ေျပာင္းမႈန္႔ (ေကာ္မႈန္႔) မ်ားနဲ႔ ျပဳလုပ္ထားတာေၾကာင့္ မစားသုံးသင့္ဘဲ သင္ကိုယ္တိုင္ ျပဳလုပ္တဲ့ လတ္ဆတ္ေသာ အသုပ္မ်ားကိုသာ စားသုံးဖို႔ တိုက္တြန္း ႏိႈးေဆာ္ထားပါတယ္။

(၃) Seitan (အသားတုမ်ား)

ကမာၻေပၚမွာရိွတဲ့ Vegetarian ေခၚ သားသတ္လြတ္ စားသုံးတဲ့ အစားသမားမ်ားအတြက္ အသားအစားထိုး ထုတ္လုပ္ထားတဲ့ ထုတ္ကုန္ေတြ ျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ အသားစားရင္ ခႏၶာကိုယ္ အေလးခ်ိန္ တိုးမွာစိုးရြံ႔ၿပီး ဒီအစားအစာမ်ိဳးေတြကို ေရြးခ်ယ္ၾကတယ္လို႔ ဆိုပါတယ္။ ဒီအစားအစာေတြမွာပဲ၊ ဂ်ဳံ စသည္တို႔ကို အသုံးျပဳထားတာ မပာုတ္ဘဲ Wheat gluten ကိုသာ အသုံးျပဳထားတာေၾကာင့္ ပ႐ိုတင္း ျဖစ္ေပၚမႈကို ႀကီးမားစြာ အပာန္႔အတား ျဖစ္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။

(၄) Shark (ငါးမန္းသား)

ငါးမန္းသား စားသုံးျခင္းပာာ ငါးႀကီးဆီလို႔ေခၚတဲ့ Omega-3 ဓာတ္ကို အက်ိဳးျပဳေပမယ့္ Mercury လို႔ေခၚတဲ့ ျပဒါးဓာတ္ ပါဝင္မႈႏႈန္း ၃ ဆ ပိုမို ျမင့္မားေနတာေၾကာင့္ သင့္အတြက္ စြန္႔စားရမႈ တခုပါပဲ။ အေကာင္းတဝက္ အဆိုးတ၀က္ကို ခံစားရရိွေစႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။ အေကာင္းဆုံးကေတာ့ တူနာငါးမ်ိဳးနဲ႔ ေဆာ္လမြန္တို႔မွာ ပါ၀င္တဲ့ အိုမီဂါ- ၃ ကသာ စိတ္အခ်ရဆုံး ျဖစ္ေစသလို က်န္းမာေရးအတြက္ ဆျခား ငါးအမ်ိဳးအစားေပါင္း မ်ားစြာကို ေရြးခ်ယ္ စားသုံးသင့္ပါတယ္လို႔ ထုတ္ႏုတ္ ေဖာ္ျပထားပါတယ္။

(၅) Refined Gains (ျပန္လည္ ျပဳျပင္ထားေသာ ေကာက္ပဲသီးႏွံထြက္ကုန္မ်ား)

စိတ္မေကာင္းစရာကေတာ့ စူပါမတ္ကက္ႀကီးေတြမွာ ေရာင္းခ်ေသာ အလြယ္တကူ ဝယ္လို႔ရေနတဲ့ Pasta ေတြ၊ Macaroni ေတြလိုမ်ိဳး ready to use စတဲ့ အစာေတြမွာ ကာဗိုဟိုက္ဒရိတ္ ဓာတ္ေတြ ျမင့္မားစြာ ပါ၀င္ေနတာကို ေတြ႔ရၿပီး ျပန္လည္ျပဳျပင္ျခင္း ခံရတဲ့အတြက္ေၾကာင့္ ႏွံစား သီးႏွံေတြမွာပါတဲ့ ဗီတာမင္၊ အမွ်င္ဓာတ္နဲ႔ တျခား ဓာတ္ေတြကို ဆုံး႐ႉံးသြားေစပါတယ္။ အေကာင္းဆုံးကေတာ့ ေရြးခ်ယ္တတ္ဖို႔နဲ႔ ဘာမွ မေရာေသးတဲ့ Oak တို႔လို ႏွံစားသီးႏွံကို အေျခခံထားတဲ့ ကုန္ၾကမ္းေတြကို စားသုံးေပးဖို႔ လိုအပ္တယ္လို႔ ဆိုထားပါတယ္။

(၆) Sugar Sweetened Beverages Soft Drinks

အလြယ္တကူ ေသာက္လို႔ရတဲ့ အခ်ိဳရည္ေတြမွာ သၾကား၊ အေရာင္အနံ႔ စတာေတြကို အဆေပါင္းမ်ားစြာ ေပါင္းစပ္ ဖြဲ႔စည္းထားတာေၾကာင့္ သင့္ခႏၶာကိုယ္ တည္ေဆာက္မႈကို ပာန္ခ်က္မညီေစသလို ကိုယ္အေလးခ်ိန္ကိုလည္း ခ်က္ခ်င္း တိုးပြားေစျခင္း၊ ေရာဂါျဖစ္ပြားမႈႏႈန္းကို ေစာလ်င္စြာ ျဖစ္ေပၚေစရန္ တြန္းအားေပးႏိူင္ျခင္း စတဲ့ အခ်က္ေတြေၾကာင့္ ဒီလို အခ်ိဳရည္ေတြကို ေရွာင္ၾကဥ္ၾကဖို႔ တိုက္တြန္းထားပါတယ္။ လတ္ဆတ္ေသာ အသီး ေဖ်ာ္ရည္မ်ား (သို႔မဟုတ္) သန္႔စင္ေသာ ေရတခြက္နဲ႔သာ အစားထိုး အသုံးျပဳသင့္ေၾကာင္း အႀကံျပဳထားပါတယ္။

(၇) Grits

Grits ဆိုတာကေတာ့ ဂ်ဳံေစ့ကို အခြံခြ်တ္ၿပီး ျဖစ္ေသာ္လည္း ဂ်ဳံၾကမ္းအသြင္ မေဆာင္ဘဲ ျမင္းစာကဲ့သို႔ ဖြဲဖတ္ေတြကို က်ိဳထားတဲ့ ယာဂုပုံစံမ်ိဳး ျဖစ္ၿပီး ျမန္မာျပည္မွာ အသုံးျပဳေလ့ မရိွၾကပါဘူး။ နွံစားေျပာင္း ျဖစ္စဥ္ေတြထဲက ထြက္ရိွတဲ့ အစားအစာ တမ်ိဳးလို႔ ယူဆႏိူင္ပါတယ္။ ဒီအစာမ်ိဳးမွာလည္း ကာဗိုဟိုက္ဒရိတ္ဓာတ္ ျမင့္မားစြာ ပါ၀င္ေနလို႔ ေသြးလွည့္ပတ္မႈကို ေႏွးေကြးေစၿပီး အဆီခဲမႈကို ျဖစ္ေစတဲ့အတြက္ေၾကာင့္ မစားသုံးသင့္တဲ့အေၾကာင္း ေဆြးေႏြး တင္ျပထားပါတယ္။

လတ္ဆတ္သန္႔ရွင္းေသာ အသား၊ အသီး၊ အရြက္မ်ားကို ေရြးခ်ယ္ စားသုံးၿပီး မိမိက်န္းမာေရး အတြက္ သတိျပဳ ဆင္ျခင္ႏိုင္ၾကပါေစ။

Credit : ဧရာ၀တီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"သင့်ကျန်းမာရေးအတွက် မစားသုံးသင့်သော အစားအစာ ၇ မျိုး"

တိုးတက်မှုနှုန်း မြန်ဆန်လွန်းလှတဲ့ ခေတ်ကာလကြီးမှာ လူတွေဟာ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ အချိန်များစွာကို အသုံးပြု နေကြရပါတယ်။ တခါတရံ ရုံးနောက်ကျလို့ ထမင်းဟင်းချက်ပြုတ်ဖို့ အချိန်မပေးနိုင်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အလျင်အမြန်ရနိုင်မယ့် ခေါက်ဆွဲထုတ်တွေနဲ့ ဖြေရှင်းလိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ကြမှာပါ။

အိမ်ရှင်မတွေအနေနဲ့လည်း အမြန်ချက်ပြုတ်လို့ ဟင်းဖြစ်မယ့် အရာမျိုးတွေကို ရွေးပြီး ဝယ်ဖူးကြမှာပါ။ ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ထဲကို ထိုးဖောက်လာကြတဲ့ အချိုရည်ဗူးတွေ၊ အမြန်သုံး စားစရာကုန်မျိုးစုံ၊ တံဆိပ်မျိုးစုံတို့ကလည်း စူပါမားကက်ကြီးတွေမှာ အလွယ်တကူ ဝယ်လို့ရနေတော့ ပိုပြီး အဆင်ပြေလို့ နေပါတော့တယ်။

ဒါပေမယ့်လည်း တချို့သော အစားအစာတွေ၊ အချိုရည်တွေဟာ မိမိရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ သတိပြုမိသူ နည်းပါးလှပါတယ်။

သင့်ကျန်းမာရေးအတွက် မစားသင့်သော အစာ ၇ မျိုးကို ကမ္ဘာ့ကျန်းမာရေး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ SHAPE က အခုလို ကောက်နုတ် ဖော်ပြထားပါတယ်။

(၁) Rice Cakes (ဆန် သို့မဟုတ် ကောက်ညှင်းခွက်ကြော်များ)

ဒီအစားအစာကို ထုတ်လုပ်ရောင်းချသူများက အဆီချ အစားအစာ (Diet Foods) လို အညွှန်းမှာ ဖော်ပြ ရောင်းချကြပေမယ့် တကယ်တော့ ကာဗိုဟိုက်ဒရိတ်ဓာတ်ကို ပိုမိုတိုးပွားစေတယ်လို့ သုံးသပ်ထားပါတယ်။ ဒီအစာကို စားသုံးခြင်းဖြင့် သင့်ရဲ့သွေးမှာ အချိုဓာတ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် ကျန်းမာရေးနဲ့ မသင့်တော်သလို အဆီလျှော့ချမှုကို မပံ့ပိုးပေးနိုင်ပါဘူးလို့ ဖော်ပြပါရှိပါတယ်။

(၂) Fat – Free Salad Dressing (အသင့်စားအသုပ် အတွက် အချဉ်ရည်များ)

ဒီအမျိုးအစားကတော့ ကျနော်တို့ မြန်မာတွေ စားလေ့မရှိပါဘူးဆိုပေမယ့် ကြက်ကြော်ဆိုင်တွေ ခေတ်စားလာတာနဲ့အမျှ ခပ်ဆင်ဆင် အချဉ်ရည်ဆော့စ် ပုံစံမျိုးတွေ တွေ့လာရပါတယ်။ ပြည့်ဝဆီတွေ လွတ်ကင်းတယ်လို့ ဆိုထားပေမယ့့် ဒီအချဉ်ရည်တွေထဲမှာ ဗီနီဂါနဲ့ အပင်မှ ရရှိသော အဆီတွေကို အခြေခံပြီး ပြောင်းမှုန့် (ကော်မှုန့်) များနဲ့ ပြုလုပ်ထားတာကြောင့် မစားသုံးသင့်ဘဲ သင်ကိုယ်တိုင် ပြုလုပ်တဲ့ လတ်ဆတ်သော အသုပ်များကိုသာ စားသုံးဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

(၃) Seitan (အသားတုများ)

ကမ္ဘာပေါ်မှာရှိတဲ့ Vegetarian ခေါ် သားသတ်လွတ် စားသုံးတဲ့ အစားသမားများအတွက် အသားအစားထိုး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ တချို့ကတော့ အသားစားရင် ခန္ဓာကိုယ် အလေးချိန် တိုးမှာစိုးရွံ့ပြီး ဒီအစားအစာမျိုးတွေကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ ဒီအစားအစာတွေမှာပဲ၊ ဂျုံ စသည်တို့ကို အသုံးပြုထားတာ မပာုတ်ဘဲ Wheat gluten ကိုသာ အသုံးပြုထားတာကြောင့် ပရိုတင်း ဖြစ်ပေါ်မှုကို ကြီးမားစွာ အပာန့်အတား ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

(၄) Shark (ငါးမန်းသား)

ငါးမန်းသား စားသုံးခြင်းပာာ ငါးကြီးဆီလို့ခေါ်တဲ့ Omega-3 ဓာတ်ကို အကျိုးပြုပေမယ့် Mercury လို့ခေါ်တဲ့ ပြဒါးဓာတ် ပါဝင်မှုနှုန်း ၃ ဆ ပိုမို မြင့်မားနေတာကြောင့် သင့်အတွက် စွန့်စားရမှု တခုပါပဲ။ အကောင်းတဝက် အဆိုးတဝက်ကို ခံစားရရှိစေနိုင်ပါတယ်လို့ ဆိုထားပါတယ်။ အကောင်းဆုံးကတော့ တူနာငါးမျိုးနဲ့ ဆော်လမွန်တို့မှာ ပါဝင်တဲ့ အိုမီဂါ- ၃ ကသာ စိတ်အချရဆုံး ဖြစ်စေသလို ကျန်းမာရေးအတွက် ဆခြား ငါးအမျိုးအစားပေါင်း များစွာကို ရွေးချယ် စားသုံးသင့်ပါတယ်လို့ ထုတ်နုတ် ဖော်ပြထားပါတယ်။

(၅) Refined Gains (ပြန်လည် ပြုပြင်ထားသော ကောက်ပဲသီးနှံထွက်ကုန်များ)

စိတ်မကောင်းစရာကတော့ စူပါမတ်ကက်ကြီးတွေမှာ ရောင်းချသော အလွယ်တကူ ဝယ်လို့ရနေတဲ့ Pasta တွေ၊ Macaroni တွေလိုမျိုး ready to use စတဲ့ အစာတွေမှာ ကာဗိုဟိုက်ဒရိတ် ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာကို တွေ့ရပြီး ပြန်လည်ပြုပြင်ခြင်း ခံရတဲ့အတွက်ကြောင့် နှံစား သီးနှံတွေမှာပါတဲ့ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေကို ဆုံးရှူံးသွားစေပါတယ်။ အကောင်းဆုံးကတော့ ရွေးချယ်တတ်ဖို့နဲ့ ဘာမှ မရောသေးတဲ့ Oak တို့လို နှံစားသီးနှံကို အခြေခံထားတဲ့ ကုန်ကြမ်းတွေကို စားသုံးပေးဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

(၆) Sugar Sweetened Beverages Soft Drinks

အလွယ်တကူ သောက်လို့ရတဲ့ အချိုရည်တွေမှာ သကြား၊ အရောင်အနံ့ စတာတွေကို အဆပေါင်းများစွာ ပေါင်းစပ် ဖွဲ့စည်းထားတာကြောင့် သင့်ခန္ဓာကိုယ် တည်ဆောက်မှုကို ပာန်ချက်မညီစေသလို ကိုယ်အလေးချိန်ကိုလည်း ချက်ချင်း တိုးပွားစေခြင်း၊ ရောဂါဖြစ်ပွားမှုနှုန်းကို စောလျင်စွာ ဖြစ်ပေါ်စေရန် တွန်းအားပေးနိူင်ခြင်း စတဲ့ အချက်တွေကြောင့် ဒီလို အချိုရည်တွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ လတ်ဆတ်သော အသီး ဖျော်ရည်များ (သို့မဟုတ်) သန့်စင်သော ရေတခွက်နဲ့သာ အစားထိုး အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။

(၇) Grits

Grits ဆိုတာကတော့ ဂျုံစေ့ကို အခွံချွတ်ပြီး ဖြစ်သော်လည်း ဂျုံကြမ်းအသွင် မဆောင်ဘဲ မြင်းစာကဲ့သို့ ဖွဲဖတ်တွေကို ကျိုထားတဲ့ ယာဂုပုံစံမျိုး ဖြစ်ပြီး မြန်မာပြည်မှာ အသုံးပြုလေ့ မရှိကြပါဘူး။ နှံစားပြောင်း ဖြစ်စဉ်တွေထဲက ထွက်ရှိတဲ့ အစားအစာ တမျိုးလို့ ယူဆနိူင်ပါတယ်။ ဒီအစာမျိုးမှာလည်း ကာဗိုဟိုက်ဒရိတ်ဓာတ် မြင့်မားစွာ ပါဝင်နေလို့ သွေးလှည့်ပတ်မှုကို နှေးကွေးစေပြီး အဆီခဲမှုကို ဖြစ်စေတဲ့အတွက်ကြောင့် မစားသုံးသင့်တဲ့အကြောင်း ဆွေးနွေး တင်ပြထားပါတယ်။

လတ်ဆတ်သန့်ရှင်းသော အသား၊ အသီး၊ အရွက်များကို ရွေးချယ် စားသုံးပြီး မိမိကျန်းမာရေး အတွက် သတိပြု ဆင်ခြင်နိုင်ကြပါစေ။

Credit : ဧရာဝတီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top