iMyanmarHouse.com - Best Property Website for Myanmar
×

မနက္အိပ္ရာထတဲ့ အခ်ိန္မွာ ခါးနာၿပီး ေန႔လယ္ပိုင္းမွာ ေကာင္းေနတာက အိပ္တာ ပံုမမွန္တာေၾကာင့္ ျဖစ္ႏိုင္သလို ကိုယ္အိပ္တဲ့ ေမြ႕ရာ၊ ခုတင္နဲ႔  အိပ္ရာေတြက ကိုယ္နဲ႔ အဆင္မေျပတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အိပ္တာေၾကာင့္ ခါးေတာင့္တာနဲ႔ ခါးနာတာေတြ ျဖစ္တတ္တဲ့ သူေတြကို ဆရာတို႔က ဘယ္လို အႀကံေပးလဲဆိုေတာ့

ပက္လက္ မအိပ္ပါႏွင့္၊ ေဘးေစာင္းအိပ္ပါ 

ပက္လက္အိပ္ရင္ ခါးနာတတ္ပါတယ္။ ေဘးေစာင္းအိပ္ပါ။ ညာဘက္ပဲ ေစာင္းေစာင္း၊ ဘယ္ဘက္ပဲေစာင္းေစာင္း ေဘးေစာင္းအိပ္ၿပီး ဒူးကို ေကြးကာ ဒူးႏွစ္ဖက္ၾကား ဖက္လံုးခံၿပီး အိပ္ရင္ခါးေတာင့္တာ၊ ခါးနာတာေတြ ကင္းေစၿပီး ခါးက်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အေနအထား ျဖစ္ပါတယ္။

ေမြ႕ရာတစ္ခုကို ၾကာရွည္ မသံုးပါႏွင့္

ေမြ႕ရာက သံုးတာ အခ်ိန္ၾကာရင္ ေမြ႕ရာအေနအထား မမွန္ေတာ့ဘဲ ခ်ဳိင့္ေတြ၊ ခြက္ေတြ ျဖစ္ၿပီး ေတာင့္တင္းမႈလည္း က်သြားတတ္ပါတယ္။ အဲဒီေမြ႕ရာေတြနဲ႔ အိပ္ရင္ ခါးနာတတ္ပါတယ္။ တစ္ခါတေလ အိပ္ရာႏိုးရင္ ခါးနာတယ္ဆိုတဲ့ လူနာေတြကို ေမြ႕ရာကို အသစ္လဲဖို႔ ဆရာတို႔ အႀကံျပဳေလ့ရွိပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ ေတာင့္တင္းမႈရွိတဲ့ ေမြ႕ရာေတြကို ေျပာင္းသံုးခိုင္းပါတယ္။

အိက်ေသာ ေမြ႕ရာႏွင့္ မအိပ္သင့္ပါ 

အိပ္လိုက္ရင္ အိက်တဲ့ ေမြ႕ရာေတြ၊ ဟိုးအရင္တုန္းက သံုးတဲ့ စပရင္ခုတင္ေမြ႕ရာေတြက ခါးက်န္းမာေရးအတြက္ မေကာင္းပါဘူး။ ဒီလိုအိပ္ရာမ်ဳိးကို မသံုးေစခ်င္ပါဘူး။ ၿပီးေတာ့ အုန္းဆံ မာမာေတြ ထည့္ထားတဲ့ အဖုအထစ္ပါတဲ့ အိပ္ရာေတြကလည္း ခါးက်န္းမာေရးအတြက္ မသင့္ေတာ္ပါဘူး။ ဒါမ်ဳိးေတြကိုလည္း မသံုးဖို႔ အႀကံျပဳလိုပါတယ္။

မႈိ႔ေမြ႕ရာကို သံုးပါ

ခါးနာတာ သက္သာေစဖို႔ အေကာင္းဆံုးေမြ႕ရာကေတာ့ မႈိ႔ေမြ႕ရာ ခပ္တင္းတင္းထူထူေလးပဲ ျဖစ္ပါတယ္။ မႈိ႔ေမြ႕ရာကလည္း ၾကာလာရင္ ခ်ဳိင့္ေတြ၊ ထစ္ေတြ၊ အလံုးႀကီးေတြ ျဖစ္သြားတတ္ပါတယ္။ အဲဒီလိုျဖစ္သြားရင္ မသံုးသင့္ေတာ့ပါဘူး။ ေမြ႕ရာအသစ္ကို ေျပာင္းသင့္ေနပါၿပီ။ အခုေခတ္ေပၚ Medium Firm Mattress ေမြ႕ရာဆိုရင္ ေကာင္းပါတယ္။ သံုးသင့္တယ္လို႔လည္း ဆရာတို႔ ယူဆပါတယ္။

သစ္သားျပားေပၚ မအိပ္ရပါ

ခါးနာရင္ အမာႀကီးေပၚ အိပ္ရတယ္လို႔ တခ်ဳိ႕က ထင္ၿပီး  ၾကမ္းျပင္မာမာႀကီးေပၚမွာ သံုးထပ္သား၊ ငါးထပ္သား သစ္သားျပားေတြ ခံၿပီး အိပ္ၾကတယ္။ ဒါကမေကာင္းပါဘူး။ မလုပ္ပါနဲ႔လို႔လည္း အႀကံေပးခ်င္ပါတယ္။

အိပ္ရာႏိုးမွ ခါးနာတယ္ဆိုရင္ အထက္ပါ အေၾကာင္းေတြကို လိုက္နာလိုက္ရင္ သက္သာသြားႏိုင္ပါတယ္။ ဒီလို မဟုတ္ဘဲ ည ည အိပ္တိုင္း၊ အိပ္တိုင္း အိပ္ေနရင္း နာတယ္ဆိုရင္ေတာ့ သတိထားဖို႔ လိုေနပါၿပီ။ ခါးအ႐ိုးမွာ ျဖစ္တဲ့ တီဘီ၊ ခါးမွာျဖစ္တဲ့ ကင္ဆာေတြကလည္း ည ည ခါးနာတာ ျဖစ္တတ္တာေၾကာင့္ ဒီလို အေၾကာင္းေတြေၾကာင့္ ခါးနာတာဟုတ္၊ မဟုတ္ စစ္ေဆးမႈ ခံယူဖို႔ လိုပါတယ္။ ဒါေတြက ဆိုးရြားတဲ့ ေရာဂါေတြျဖစ္တာေၾကာင့္ ဒီလိုေရာဂါေတြကို ေစာေစာစစ္ေဆးမႈ ခံယူၾကဖို႔ လိုအပ္ပါတယ္။

Credit : Good Health
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်နဲ့  အိပ်ရာတွေက ကိုယ်နဲ့ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့

ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ

ပက်လက်အိပ်ရင် ခါးနာတတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲစောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင်ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။

မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်

မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွားတတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာတတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံးခိုင်းပါတယ်။

အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ

အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။

မှို့မွေ့ရာကို သုံးပါ

ခါးနာတာ သက်သာစေဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့်တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။

သစ်သားပြားပေါ် မအိပ်ရပါ

ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့က ထင်ပြီး  ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီး အိပ်ကြတယ်။ ဒါကမကောင်းပါဘူး။ မလုပ်ပါနဲ့လို့လည်း အကြံပေးချင်ပါတယ်။

အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုက်ရင် သက်သာသွားနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ည ည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင်း နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာ ဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေကလည်း ည ည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစောစစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။

Credit : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top