iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းလူတိုင္းသည္ ေန႕စဥ္ႏွင့္အမွ် အလုပ္ႏွင့္လက္ျပတ္ရသည္ကိုမရွိေလာက္ေအာင္ အင္မတန္အလုပ္ရႈပ္ေနႀကပါတယ္။ အခ်ိန္မေပးႏိုင္ေသာေႀကာင့္လည္းေစ်းကြက္တြင္ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကိုမည္သို႕မွ်ေတြးေတာမေနဘဲေငြကုန္ေႀကးက်ခံ ၀ယ္ယူအသံုးျပဳေနႀကျခင္းလည္းျဖစ္ပါတယ္။ တကယ္တမ္းမွာမိမိတို႕အသံုးျပဳေနသည့္ ထိုအလွကုန္ပစၥည္းမ်ားတြင္ မိမိတို႕အသားအေရ၊ ဆံေကသာ ႏွင့္ က်န္းမာေရးကိုေဘးထြက္ဆိုးက်ိဳးမ်ားရွိလာႏိုင္သည့္ ဓာတုအမ်ိဳးအစားေပါင္းေျမာက္ျမားစြာပါ၀င္ေနပါတယ္။

ထုိ႕ေႀကာင့္ ေငြအကုန္အက်လည္းသက္သာကာအိမ္ရွိပစၥည္းမ်ားကိုအသံုးျပဳကာလြယ္တကူျပဳလုပ္ႏိုင္သည့္ နည္းလမ္းေလးအခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အဆီျပန္ေသာဆံပင္အတြက္ သဘာ၀ Dry ေခါင္းေလွ်ာ္ရည္

တရက္ျခားတခါ ေခါင္းေလွ်ာ္ရျခင္းသို႕မဟုတ္ အဆီျပန္တတ္ေသာဦးေရျပားရွိျခင္း စသည့္အေျခအေနမ်ား မိမိတြင္ျဖစ္ေပၚေနပါကေခါင္းေလွ်ာ္ရည္ကိုမႀကာခသံုးစြဲမည့္အစားယခုေဖာ္ျပမည့္နည္းလမ္းေလးကိုအသံုးျပဳေပးႏိုင္ပါတယ္။

သဘာ၀ေျပာင္းမႈန္႕ ၂ ဇြန္းႏွင့္တစ္၀က္ကို လာဗင္ဒါ သို႕မဟုတ္ ႏွင္းဆီရည္ကဲ့သို႕ေသာအဆီ ၃-၄ စက္ျဖင့္ ေပါင္းစပ္ကာဦးေရျပားအေပၚသို႕ ညင္သာစြာလိမ္းေပးပါ။ ၅ မိနစ္ခန္႕ေစာင့္ဆိုင္းၿပီးေနာက္ ဘရက္ရွ္ျဖင့္ ဖယ္ရွားေပးပါ။ ေျပာင္းဖူးမႈန္႕သည္ ဦးေရျပားရွိအဆီႏွင့္အညစ္အေႀကးအားလံုးကိုစုပ္သြားၿပီးဆံေကသာကိုသန္႕ရွင္းလတ္ဆတ္ေနေစမွာျဖစ္ပါတယ္။

၂။ သဘာ၀ဆား၀က္ၿခံခၽြတ္ေဆး

မုန္႕ဖုတ္ေပါင္ဒါသည္ ပ်က္စီးေနေသာအသားအေရကိုသက္သာေစကာ ဆား၀က္ၿခံႏွင့္ အတြင္းပိုင္းတြင္နစ္ၿမဳပ္ေနသည့္အညစ္အေႀကးမ်ားကိုပါ ဖယ္ရွားပစ္ႏိုင္ပါတယ္။

မုန္႕ဖုတ္ေပါင္ဒါတစ္ဇြန္းႏွင့္ ေရသန္႕တို႕ကိုပ်စ္သည္ဆိုရံုေလာက္မွ် ေရာစပ္ကာ ႏွာေခါင္းေပၚသုိ႕လိမ္းေပးၿပီး လံုး၀ေျခာက္သြားသည္အထိ ထားေပးပါ။ ၁၀-၁၅ မိနစ္ခန္႕ထားၿပီးေနာက္ ေဆးေႀကာသန္႕စင္ပစ္ႏိုင္ပါတယ္။

၃။ သဘာ၀သြားျဖဴေဆး

မုန္႕ဖုတ္ဆိုဒါလက္ဖက္ရည္ဇြန္းတစ္ဇြန္းကို သံပရာရည္လက္ဖက္ရည္ဇြန္းတစ္၀က္ခန္႕ျဖင့္ ေပါင္းစပ္ၿပီးသြားေပၚတြင္လိမ္းေပးပါ။ ၁-၂ မိနစ္ခန္႕ထားၿပီးေနာက္ေရျဖင့္ေဆးပစ္ပါ။ ေန႕စဥ္ျပဳလုပ္ေပးပါကပိုမိုသန္႕ရွင္းျဖဴစင္သည့္သြားေလးမ်ားကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

၄။ သဘာ၀အသားအေရတိုနာ

ရွားေစာင္းလက္ပတ္အႏွစ္သည္ အသားအေရကိုေရဓာတ္ျဖည့္စြမ္းျခင္း၊ သန္႕စင္ေပးျခင္း၊ စြမ္းအင္ျဖည့္တင္းေပးသည့္ အေကာင္းဆံုးေသာ သဘာ၀ပစၥည္းတစ္ခုပဲျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္ကိုမ်က္ႏွာႏွင့္လည္ပင္းေပၚသုတ္လိမ္းၿပီး ၁၅ မိနစ္ခန္႕ေလာက္ ေျခာက္သြားသည္အထိထားေပးပါ။ ထုိ႕ေနာက္ ေရေႏြးေႏြးျဖင့္မ်က္ႏွာသစ္၍ ေျခာက္သြားေအာင္ အသာအယာပုတ္ေပးပါ။

၅။ သဘာ၀မိတ္ကပ္ဖ်က္ေဆး

အုန္းဆီတစ္မ်ိဳးရွိရံုျဖင့္ မိတ္ကပ္ဖ်က္ရန္အတြက္ ပူစရာလိုေတာ့မည္မဟုတ္ေပ။ ထို႕အျပင္ အစိုဓာတ္ကိုပါေပးစြမ္းႏုိင္ၿပီး ေစ်းႀကီးေပး၀ယ္ရသည့္ မိတ္ကပ္ဖ်က္ေဆးမ်ားကဲ့သို႕ အသားအေရကိုေျခာက္ေသြ႕ေနေစမည္မဟုတ္ေပ။ မ်က္ႏွာေပၚတြင္ညင္သာစြာႏွိပ္နယ္ေပးၿပီးေရမေဆးခ်ခင္ ၁၀ မိနစ္ခန္႕ထားေပးပါ။

၆။ မ်က္ေတာင္ႏွင့္ မ်က္ခံုးေမြးသဘာ၀အတိုင္းရွည္ေစမည့္နည္းလမ္း

ေဘးထြက္ဆိုးက်ိဳးလည္းမရွိေစဘဲ သဘာ၀အတိုင္းမ်က္ေတာင္၊ မ်က္ခံုးေမြးတို႕ကိုရွည္ေစႏိုင္မည့္ နည္းလမ္းရွိေနသေရြ႕ အတုပစၥည္းမ်ားကိုအသံုးျပဳေနစရာလိုေတာ့မည္မဟုတ္ေပ။ ႀကက္ဆူဆီကိုမ်က္ေတာင္၊ မ်က္ခံုးေမြးတို႕အေပၚတြင္ မွန္မွန္လိမ္းျခယ္ေပးပါကထူထဲရွည္လ်ားသည့္အသြင္ကိုရက္ပိုင္းအနည္းငယ္အတြင္းရရွိႏိုင္မွာျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အလုပ်နှင့်လက်ပြတ်ရသည်ကိုမရှိလောက်အောင် အင်မတန်အလုပ်ရှုပ်နေကြပါတယ်။ အချိန်မပေးနိုင်သောကြောင့်လည်းဈေးကွက်တွင်ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုမည်သို့မျှတွေးတောမနေဘဲငွေကုန်ကြေးကျခံ ဝယ်ယူအသုံးပြုနေကြခြင်းလည်းဖြစ်ပါတယ်။ တကယ်တမ်းမှာမိမိတို့အသုံးပြုနေသည့် ထိုအလှကုန်ပစ္စည်းများတွင် မိမိတို့အသားအရေ၊ ဆံကေသာ နှင့် ကျန်းမာရေးကိုဘေးထွက်ဆိုးကျိုးများရှိလာနိုင်သည့် ဓာတုအမျိုးအစားပေါင်းမြောက်မြားစွာပါဝင်နေပါတယ်။

ထို့ကြောင့် ငွေအကုန်အကျလည်းသက်သာကာအိမ်ရှိပစ္စည်းများကိုအသုံးပြုကာလွယ်တကူပြုလုပ်နိုင်သည့် နည်းလမ်းလေးအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ အဆီပြန်သောဆံပင်အတွက် သဘာ၀ Dry ခေါင်းလျှော်ရည်

တရက်ခြားတခါ ခေါင်းလျှော်ရခြင်းသို့မဟုတ် အဆီပြန်တတ်သောဦးရေပြားရှိခြင်း စသည့်အခြေအနေများ မိမိတွင်ဖြစ်ပေါ်နေပါကခေါင်းလျှော်ရည်ကိုမကြာခသုံးစွဲမည့်အစားယခုဖော်ပြမည့်နည်းလမ်းလေးကိုအသုံးပြုပေးနိုင်ပါတယ်။

သဘာဝပြောင်းမှုန့် ၂ ဇွန်းနှင့်တစ်ဝက်ကို လာဗင်ဒါ သို့မဟုတ် နှင်းဆီရည်ကဲ့သို့သောအဆီ ၃-၄ စက်ဖြင့် ပေါင်းစပ်ကာဦးရေပြားအပေါ်သို့ ညင်သာစွာလိမ်းပေးပါ။ ၅ မိနစ်ခန့်စောင့်ဆိုင်းပြီးနောက် ဘရက်ရှ်ဖြင့် ဖယ်ရှားပေးပါ။ ပြောင်းဖူးမှုန့်သည် ဦးရေပြားရှိအဆီနှင့်အညစ်အကြေးအားလုံးကိုစုပ်သွားပြီးဆံကေသာကိုသန့်ရှင်းလတ်ဆတ်နေစေမှာဖြစ်ပါတယ်။

၂။ သဘာဝဆားဝက်ခြံချွတ်ဆေး

မုန့်ဖုတ်ပေါင်ဒါသည် ပျက်စီးနေသောအသားအရေကိုသက်သာစေကာ ဆားဝက်ခြံနှင့် အတွင်းပိုင်းတွင်နစ်မြုပ်နေသည့်အညစ်အကြေးများကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်။

မုန့်ဖုတ်ပေါင်ဒါတစ်ဇွန်းနှင့် ရေသန့်တို့ကိုပျစ်သည်ဆိုရုံလောက်မျှ ရောစပ်ကာ နှာခေါင်းပေါ်သို့လိမ်းပေးပြီး လုံးဝခြောက်သွားသည်အထိ ထားပေးပါ။ ၁၀-၁၅ မိနစ်ခန့်ထားပြီးနောက် ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။

၃။ သဘာဝသွားဖြူဆေး

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ဖြင့် ပေါင်းစပ်ပြီးသွားပေါ်တွင်လိမ်းပေးပါ။ ၁-၂ မိနစ်ခန့်ထားပြီးနောက်ရေဖြင့်ဆေးပစ်ပါ။ နေ့စဉ်ပြုလုပ်ပေးပါကပိုမိုသန့်ရှင်းဖြူစင်သည့်သွားလေးများကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၄။ သဘာဝအသားအရေတိုနာ

ရှားစောင်းလက်ပတ်အနှစ်သည် အသားအရေကိုရေဓာတ်ဖြည့်စွမ်းခြင်း၊ သန့်စင်ပေးခြင်း၊ စွမ်းအင်ဖြည့်တင်းပေးသည့် အကောင်းဆုံးသော သဘာဝပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကိုမျက်နှာနှင့်လည်ပင်းပေါ်သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်လောက် ခြောက်သွားသည်အထိထားပေးပါ။ ထို့နောက် ရေနွေးနွေးဖြင့်မျက်နှာသစ်၍ ခြောက်သွားအောင် အသာအယာပုတ်ပေးပါ။

၅။ သဘာဝမိတ်ကပ်ဖျက်ဆေး

အုန်းဆီတစ်မျိုးရှိရုံဖြင့် မိတ်ကပ်ဖျက်ရန်အတွက် ပူစရာလိုတော့မည်မဟုတ်ပေ။ ထို့အပြင် အစိုဓာတ်ကိုပါပေးစွမ်းနိုင်ပြီး ဈေးကြီးပေးဝယ်ရသည့် မိတ်ကပ်ဖျက်ဆေးများကဲ့သို့ အသားအရေကိုခြောက်သွေ့နေစေမည်မဟုတ်ပေ။ မျက်နှာပေါ်တွင်ညင်သာစွာနှိပ်နယ်ပေးပြီးရေမဆေးချခင် ၁၀ မိနစ်ခန့်ထားပေးပါ။

၆။ မျက်တောင်နှင့် မျက်ခုံးမွေးသဘာဝအတိုင်းရှည်စေမည့်နည်းလမ်း

ဘေးထွက်ဆိုးကျိုးလည်းမရှိစေဘဲ သဘာဝအတိုင်းမျက်တောင်၊ မျက်ခုံးမွေးတို့ကိုရှည်စေနိုင်မည့် နည်းလမ်းရှိနေသရွေ့ အတုပစ္စည်းများကိုအသုံးပြုနေစရာလိုတော့မည်မဟုတ်ပေ။ ကြက်ဆူဆီကိုမျက်တောင်၊ မျက်ခုံးမွေးတို့အပေါ်တွင် မှန်မှန်လိမ်းခြယ်ပေးပါကထူထဲရှည်လျားသည့်အသွင်ကိုရက်ပိုင်းအနည်းငယ်အတွင်းရရှိနိုင်မှာဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top