iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်း
ပြုလုပ်နည်း
Credit : Mystyle
မင်္ဂလာပါနော်။ ဒူးဆစ်၊ တဒေါင်ဆစ်တွေ ညိုမည်းနေလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒူးထောင်ပြီးခဏခဏထိုင်၊ လက်ကို ခဏခဏထောက်တာကြောင့် အခုလိုမျိုး ဒူးတဒေါင်ဆစ် မည်းတာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုမျိုး ကြမ်းပြင်ကိုဖြစ်ဖြစ် စားပွဲပေါ်ကိုဖြစ်ဖြစ်ခဏခဏ ထောက်ခြင်းကို ရှောင်ပေးပါ။ ပြီးတော့ အခုလို နည်းလမ်းကို လိုက်လုပ်ပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပယိုသီး တစ်ခြမ်းကို အရည်ညှစ်ပါ
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို ခွက်တစ်ခုံးထဲ အတူတူ ရောထည့်လိုက်ပါ။ ပြီးသွားရင် မည်းညှစ်နေတဲ့ ဒူးဆစ်၊ တဒေါင်ဆစ်နားမှာလိမ်းပေးပြီး ညလုံးပေါက်ထားထားပါ။ မနက်ကျရင် ရေဆေးချလိုက်ပါ။
ပြီးရင် Moisturizer (သို့) အုန်းဆီလိမ်းပေးပြီး ခဏလောက်နှိပ်နယ်ပေးပါ။ ၁၀ ရက်ဆက်တိုက်လုပ်ပေးပါ။ သက်သာလာတာတွေ့ရမှာဖြစ်ပါတယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top