ကိုယ္ေျပာတာတစ္ခုခုမွားသြားလို႔ အေျခအေန ပိုဆိုးသြားမွာလည္း ပူရနဲ႔ ေတာ္ေတာ္စဥ္းစားရက်ပ္တဲ႔ အေျခအေနပါ။
တကယ္လို႔ ကိုယ္႔မွာ စိတ္ဓာတ္က်ေနတဲ႔ ရည္းစားေကာင္မေလး ရွိေနမယ္ဆိုရင္ ကိုယ္႔မွာ ေနမထိ၊ ထိုင္မသာျဖစ္ရပါတယ္။ အဲဒီအခ်ိန္မွာ ဘာစကားေျပာၿပီး ႏွစ္သိမ္႔ေပးရမွန္္းလည္းမသိ၊ တကယ္လို႔ ကိုယ္ေျပာတာတစ္ခုခုမွားသြားလို႔ အေျခအေန ပိုဆိုးသြားမွာလည္း ပူရနဲ႔ ေတာ္ေတာ္စဥ္းစားရက်ပ္တဲ႔ အေျခအေနပါ။
ဒီလိုအေျခအေနကို ရင္ဆိုင္ၾကံဳေတြ႕ဖူးတဲ႔ ေယာက်္ားသားမ်ားအတြက္ စိတ္ဓာတ္က်ေနတဲ႔ ရည္းစားေကာင္မေလးကို ႏွစ္သိမ္႔ေပးဖို႔ နည္းလမ္း (၅) သြယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ခ်စ္သူေကာင္းတစ္ေယာက္ ျဖစ္ပါေစ
တကယ္လို႔ ကိုယ္က စိတ္ေရာဂါကုဆရာဝန္တို႔၊ စိတၱေဗဒပညာရွင္တို႔ မဟုတ္ဘူးဆိုရင္ သူ႔ကို အၾကံဉာဏ္ေတြ၊ အမိန္္႔ေတြ သြားေပးမေနပါနဲ႔။ သူငိုလို႔ရေအာင္ ရင္ခြင္တစ္စံုနဲ႔ ပုုခံုးတစ္စံုကိုသာ အရံသင္႔ျပင္ထားလိုက္ပါ။ ဒါက သူ႔အတြက္ ေႏြးေထြးမႈတစ္ခု ျဖစ္သလို အေထာက္အကူတစ္ခုလည္း ျဖစ္မွာပါ။
၂။ လက္ခ်ာ သြားမရိုက္ပါနဲ႔
သူ စိတ္ဓာတ္က်ေနခ်ိန္္မွာ "ဝမ္းမနည္းပါနဲ႔" လို႔ သြားမေျပာပါနဲ႔။ ဘာလို႔လဲဆိုေတာ႔ အဲဒီအခ်ိန္မွာ ဝမ္းမနည္းဖို႔ဆိုတာ မျဖစ္ႏိုင္လို႔ပါပဲ။ စိတ္ဓာတ္က်ေနခ်ိန္မွာ သူဝမ္းနည္းေနမွာျဖစ္ၿပီး အဲဒါနဲ႔ ပတ္သက္ၿပီး သူဘာမွလည္း မလုပ္ႏိုင္လို႔ပါပဲ။ အဲဒီအခ်ိန္မွာ ေမွ်ာ္လင္႔ခ်က္အမွားေတြလည္း သြားမေပးပါနဲ႔။ သူ႔ရဲ႕ ဝမ္းနည္းဖြယ္အခ်ိန္ေတြကို ေက်ာ္လႊားႏိုင္ဖို႔ သတၱိကိုသာ ေပးလိုက္ပါ။ သူတို႔နဲ႔ စကားေျပာမယ္ဆိုရင္လည္း လက္ခ်ာေတြရိုက္ေနမယ္႔အစား သူတို႔ေျပာမယ္႔စကားေတြကိုသာ ထိုင္နားေထာင္ေပးလိုက္ပါ။
၃။ အေကာင္းျမင္စကားေတြ ေျပာပါ
စကားေျပာရင္း အရွိန္ရလာၿပီဆိုရင္ စကားဝိုုင္းကို အေကာင္းျမင္စကားေတြဆီ ဦးတည္ေပးလိုက္ပါ။ သူခံစားေနရတဲ႔ စိတ္ခံစားခ်က္ေတြကို နားလည္ေၾကာင္း ေဖာ္ျပၿပီး အဲဒီစိတ္ခံစားခ်က္ေတြကို အေကာင္းျမင္စိတ္နဲ႔ ရုန္းထြက္ႏိုင္ေၾကာင္း လမ္းညႊန္ေပးပါ။ အေကာင္းျမင္စိတ္နဲ႔ ေပ်ာ္ရႊင္တတ္လာေအာင္လည္း ကူညီေပးလိုက္ပါ။ ခ်က္ခ်င္းပါမလာရင္ေတာင္ ျဖည္းျဖည္းခ်င္း စိတ္သက္သာရာ ရလာပါလိမ္႔မယ္။
၄။ ကြ်မ္းက်င္သူရဲ႕အကူအညီကို အတူတကြသြားယူပါ
ကိုယ္တိုင္ စိတ္ပိုင္းဆိုင္ရာ ကြ်မ္းက်င္သူတစ္ေယာက္ မဟုတ္တဲ႔အတြက္ စိတ္ပိုင္းဆိုင္ရာ ကြ်မ္းက်င္သူ (စိတ္ေရာဂါကု ဆရာဝန္) ဆီကို သြားေရာက္တိုင္ပင္ ေဆြးေႏြးဖို႔ေခၚသြားပါ။ အဲဒီအခ်ိန္မွာ ကြ်မ္းက်င္သူကသာ သူ႔ကို အေကာင္းဆံုး အကူအညီ ေပးႏိုင္ပါလိမ္႔မယ္။ ဒါေပမယ္႔ ကိုယ္တိုင္ကေတာ႔ သူ႔ရဲ႕ဒဏ္ရာေတြကို မွ်ေဝၿပီး သူ႔ရဲ႕ယံုုၾကည္မႈကို ရယူရပါမယ္။
၅။ ခရီးတူတူထြက္ပါ
စိတ္ဓာတ္က်ေနတဲ႔၊ ဝမ္းနည္းေနတဲ႔သူကို စိတ္ဓာတ္ျပန္တက္ၾကြလာေအာင္ လုပ္ဖို႔အေကာင္းဆံုးနည္းလမ္းကေတာ႔ ခရီးတူတူ ထြက္တာပါပဲ။ အဲဒီလို ခရီးတူတူထြက္ရင္း သူ႔ကို ကိုယ္ဘယ္ေလာက္ ခ်စ္ေၾကာင္း၊ ဂရုစိုက္ေၾကာင္း ျပသႏိုင္သလို ပတ္ဝန္းက်င္ အေျပာင္းအလဲက သူ႔ကို စိတ္ဓာတ္ျပန္လည္ တက္ၾကြလာေစဖို႔ အကူအညီေပးႏိုင္ပါလိမ္႔မယ္။
Source: youngisthan
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်ပြောတာတစ်ခုခုမှားသွားလို့ အခြေအနေ ပိုဆိုးသွားမှာလည်း ပူရနဲ့ တော်တော်စဉ်းစားရကျပ်တဲ့ အခြေအနေပါ။
တကယ်လို့ ကိုယ့်မှာ စိတ်ဓာတ်ကျနေတဲ့ ရည်းစားကောင်မလေး ရှိနေမယ်ဆိုရင် ကိုယ့်မှာ နေမထိ၊ ထိုင်မသာဖြစ်ရပါတယ်။ အဲဒီအချိန်မှာ ဘာစကားပြောပြီး နှစ်သိမ့်ပေးရမှန်းလည်းမသိ၊ တကယ်လို့ ကိုယ်ပြောတာတစ်ခုခုမှားသွားလို့ အခြေအနေ ပိုဆိုးသွားမှာလည်း ပူရနဲ့ တော်တော်စဉ်းစားရကျပ်တဲ့ အခြေအနေပါ။
ဒီလိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့ဖူးတဲ့ ယောကျ်ားသားများအတွက် စိတ်ဓာတ်ကျနေတဲ့ ရည်းစားကောင်မလေးကို နှစ်သိမ့်ပေးဖို့ နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ချစ်သူကောင်းတစ်ယောက် ဖြစ်ပါစေ
တကယ်လို့ ကိုယ်က စိတ်ရောဂါကုဆရာဝန်တို့၊ စိတ္တဗေဒပညာရှင်တို့ မဟုတ်ဘူးဆိုရင် သူ့ကို အကြံဉာဏ်တွေ၊ အမိန့််တွေ သွားပေးမနေပါနဲ့။ သူငိုလို့ရအောင် ရင်ခွင်တစ်စုံနဲ့ ပုုခုံးတစ်စုံကိုသာ အရံသင့်ပြင်ထားလိုက်ပါ။ ဒါက သူ့အတွက် နွေးထွေးမှုတစ်ခု ဖြစ်သလို အထောက်အကူတစ်ခုလည်း ဖြစ်မှာပါ။
၂။ လက်ချာ သွားမရိုက်ပါနဲ့
သူ စိတ်ဓာတ်ကျနေချိန်မှာ "ဝမ်းမနည်းပါနဲ့" လို့ သွားမပြောပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ဝမ်းမနည်းဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ။ စိတ်ဓာတ်ကျနေချိန်မှာ သူဝမ်းနည်းနေမှာဖြစ်ပြီး အဲဒါနဲ့ ပတ်သက်ပြီး သူဘာမှလည်း မလုပ်နိုင်လို့ပါပဲ။ အဲဒီအချိန်မှာ မျှော်လင့်ချက်အမှားတွေလည်း သွားမပေးပါနဲ့။ သူ့ရဲ့ ဝမ်းနည်းဖွယ်အချိန်တွေကို ကျော်လွှားနိုင်ဖို့ သတ္တိကိုသာ ပေးလိုက်ပါ။ သူတို့နဲ့ စကားပြောမယ်ဆိုရင်လည်း လက်ချာတွေရိုက်နေမယ့်အစား သူတို့ပြောမယ့်စကားတွေကိုသာ ထိုင်နားထောင်ပေးလိုက်ပါ။
၃။ အကောင်းမြင်စကားတွေ ပြောပါ
စကားပြောရင်း အရှိန်ရလာပြီဆိုရင် စကားဝိုုင်းကို အကောင်းမြင်စကားတွေဆီ ဦးတည်ပေးလိုက်ပါ။ သူခံစားနေရတဲ့ စိတ်ခံစားချက်တွေကို နားလည်ကြောင်း ဖော်ပြပြီး အဲဒီစိတ်ခံစားချက်တွေကို အကောင်းမြင်စိတ်နဲ့ ရုန်းထွက်နိုင်ကြောင်း လမ်းညွှန်ပေးပါ။ အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်တတ်လာအောင်လည်း ကူညီပေးလိုက်ပါ။ ချက်ချင်းပါမလာရင်တောင် ဖြည်းဖြည်းချင်း စိတ်သက်သာရာ ရလာပါလိမ့်မယ်။
၄။ ကျွမ်းကျင်သူရဲ့အကူအညီကို အတူတကွသွားယူပါ
ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက် မဟုတ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ (စိတ်ရောဂါကု ဆရာဝန်) ဆီကို သွားရောက်တိုင်ပင် ဆွေးနွေးဖို့ခေါ်သွားပါ။ အဲဒီအချိန်မှာ ကျွမ်းကျင်သူကသာ သူ့ကို အကောင်းဆုံး အကူအညီ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်ကတော့ သူ့ရဲ့ဒဏ်ရာတွေကို မျှဝေပြီး သူ့ရဲ့ယုံုကြည်မှုကို ရယူရပါမယ်။
၅။ ခရီးတူတူထွက်ပါ
စိတ်ဓာတ်ကျနေတဲ့၊ ဝမ်းနည်းနေတဲ့သူကို စိတ်ဓာတ်ပြန်တက်ကြွလာအောင် လုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ခရီးတူတူ ထွက်တာပါပဲ။ အဲဒီလို ခရီးတူတူထွက်ရင်း သူ့ကို ကိုယ်ဘယ်လောက် ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ပြသနိုင်သလို ပတ်ဝန်းကျင် အပြောင်းအလဲက သူ့ကို စိတ်ဓာတ်ပြန်လည် တက်ကြွလာစေဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။
Source: youngisthan
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» စိတ္ဓာတ္က်ေနတဲ႔ ေကာင္မေလးကို ဘယ္လိုႏွစ္သိမ္႔အားေပးမလဲ
စိတ္ဓာတ္က်ေနတဲ႔ ေကာင္မေလးကို ဘယ္လိုႏွစ္သိမ္႔အားေပးမလဲ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။