iMyanmarHouse.com - Best Property Website for Myanmar
×

"မိန္းကေလးေတြရဲ႕ အျပင္အဆင္နဲ႔ ေယာက်္ားေလးေတြရဲ႕ အျမင္"

"မိန္းကေလးတစ္ေယာက္ကို ျမင္တဲ့အခါ ပထမဆုံးအေနနဲ႔ ဘာကို အရင္ သတိထားမိလဲ? မ်က္လုံးလား၊ ႏႈတ္ခမ္းလား?" အမ်ိဳးသား အေယာက္တစ္ရာကို ေမးၾကည့္တဲ့အခါ ၈၁% က မ်က္လုံးလို႔ ေျဖျပီး၊ ၁၉% က ႏႈတ္ခမ္းလို႔ ေျဖပါတယ္။ တျခားဘာေတြရွိေသးလဲ ဆက္ၾကည့္ရေအာင္ေနာ္။

မ်က္လုံး

အမ်ိဳးသားေတြက မ်က္လုံးကို အမည္းဆိုးတာ ပိုႏွစ္သက္ သေဘာက်ေပမယ့္ မိန္းကေလးေတြကေတာ့ အေရာင္ေတြနဲ႔ ကစားရတာကို ပိုႏွစ္သက္ၾကပါတယ္။ ဒါနဲ႔ လိုင္နာအေပၚမွာ အေရာင္ရင့္တဲ့ ရွဲဒိုးကို ထပ္တာက မ်က္လုံးကို ပိုၾကီးတဲ့ပံုစံျဖစ္ေစလို႔ အမ်ိဳးသားေတြ ပိုသေဘာက်ရျခင္းျဖစ္တယ္လို႔ Why We love ေရးသားသူ မႏုသေဗဒပညာရွင္ Helen Fisher က ဆိုပါတယ္။

မ်က္ေတာင္

မ်က္ေတာင္တုနဲ႔ပတ္သက္လို႔ တပ္ဖို႔ မကြၽမ္းက်င္ရင္ ႏွစ္ခါျပန္ စဥ္းစားေစခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ိဳးသားေတြက အတုၾကီးမွန္းသိရင္ ဘာကိုမွ မၾကိဳက္လို႔ပါပဲ။ သူတို႔လိုခ်င္တာက ျမင္ခ်င္တာက သင့္ရဲ႕ တကယ့္ အလွတရားပါ။ ဒါေပမယ့္ မိန္းကေလးေတြ အတြက္ေတာ့ မ်က္ေတာင္တုတပ္တာဟာ လူေတြအလယ္မွာ မ်က္စိက်ေစဖို႔ ျဖစ္တယ္လို႔ စိတ္ပညာရွင္ Belisa Vranish က ဆိုပါတယ္။

မိတ္ကပ္

"မိတ္ကပ္ ထူလအမ္းၾကီးလိမ္းတာ ကြၽန္ေတာ့အတြက္ေတာ့ စိတ္အပ်က္ဆုံးပါပဲ။ "26 ႏွစ္ ရွိတဲ့ Ian ဆိုသူက ေျပာပါတယ္။ "ဒါေပမယ့္ ဘာမွမလိမ္းတာထက္စာရင္ lipgloss ေလးနဲ႔ မ်က္ေတာင္နက္ေလးက ပိုလွတယ္ျမင္ပါတယ္။" လို႔ ဆိုပါတယ္။ မိတ္ကပ္ နည္းနည္းပါးပါး လိမ္းတာဟာ မိန္းကေလးဆန္မႈကို ေဖာ္ျပပါတယ္။ နယူးေယာက္ မိတ္ကပ္ပညာရွင္ Amanda Redgrave က အျမင္ပိုလွေစဖို႔ မရွိမျဖစ္ ျပင္သင့္တဲ့ ေလးခ်က္က မ်က္လုံးညိဳေနတာ ကြယ္ဖို႔ cream concealer၊ mascara၊ lipgloss နဲ႔ ပါးနီတို႔ ျဖစ္ပါတယ္တဲ့။

ပါးနီ

ပန္းေသြးေရာင္ ပါးျပင္ဟာ ပုရိသေတြကို ဆြဲေဆာင္ႏိုင္တဲ့ အခ်က္ထဲက တစ္ခုျဖစ္ပါတယ္။ ေက်ာက္ေခတ္တုန္းက ပါးအို႔နီနီရွိတဲ့ ေကာင္မေလးေတြဟာ က်န္းမာတယ္ဆိုတာကို သြယ္ဝိုက္ေဖာ္ျပပါတယ္။  ေသြးအားနည္းတာ မရွိဘူး၊ ကိုယ္ဝန ္ေကာင္းေကာင္းေဆာင္ႏိုင္တယ္ ဆိုတာ ေဖာ္ျပပါတယ္။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္တာ၊ ဒါမွမဟုတ္ ပါးနီထည့္တာနဲ႔ ပါးအို႔နီနီအသြင္အျပင္ကို ရေစမွာပါ။

ႏႈတ္ခမ္းနီ

မိန္းကေလးေတြအတြက္ေတာ့ ႏႈတ္ခမ္းနီဆိုတာဟာ ဖိနပ္လို အျမဲတမ္း ဒါပဲဝတ္ရင္ ျငီးေငြ႔လာသလိုပါပဲ အေရာင္ဆန္းဆန္း အသစ္ထြက္တာနဲ႔ ဝယ္တတ္ၾကပါတယ္။ အမ်ိဳးသားေတြအတြက္ကေတာ့ ဆန္းဆန္းၾကီးေတြထက္ နဂိုသဘာဝ အေရာင္ ႏႈတ္ခမ္းကို ပိုလို႔ ႏွစ္သက္ၾကပါတယ္။ ေယာက်္ားေလးေတြရဲ႕ စိတ္ထဲမွာ ႏႈတ္ခမ္းနီ ခဏခဏ အေရာင္ေျပာင္းသလို၊ ငါတို႔ကိုေရာ  ၾကာရင္ ေခါက္သြားမလားဆိုတဲ့ အသိ ဝင္တတ္ပါတယ္တဲ့။

ကြဲလြဲခ်က္

လက္တေလာ ေလ့လာေတြ႔ရွိခ်က္အရ အလွအပ အျမင္နဲ႔ပတ္သက္လို႔ မိန္းကေလးေတြဟာ ဦးေနာက္ႏွစ္ျခမ္းလုံးကို အသုံးျပဳၾကေပမယ့္ အမ်ိဳးသားေတြအတြက္ေတာ့ ညာဘက္ျခမ္း တစ္ခုတည္းကိုသာ အသုံးျပဳၾကပါတယ္။ အဲဒါေၾကာင့္ မိန္းကေလးေတြဟာ အေသးစိတ္  ျခယ္မႈန္းၾကတာျဖစ္ျပီး၊ (ဥပမာ- mascara ထည့္ရင္ မ်က္ခြံမွာ အစက္ေသးေသးေလး အေပ မခံတာမ်ိဳး)၊ အမ်ိဳးသားေတြကေတာ့ ၿခံဳငံုၾကည့္ျပီး "ဒီေကာင္မေလး မိုက္လွခ်ည္လား" ဆိုတာနဲ႔ ၿပီးသြားပါတယ္။

Credit : သက္ထားစံ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"မိန်းကလေးတွေရဲ့ အပြင်အဆင်နဲ့ ယောကျ်ားလေးတွေရဲ့ အမြင်"

"မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ ပထမဆုံးအနေနဲ့ ဘာကို အရင် သတိထားမိလဲ? မျက်လုံးလား၊ နှုတ်ခမ်းလား?" အမျိုးသား အယောက်တစ်ရာကို မေးကြည့်တဲ့အခါ ၈၁% က မျက်လုံးလို့ ဖြေပြီး၊ ၁၉% က နှုတ်ခမ်းလို့ ဖြေပါတယ်။ တခြားဘာတွေရှိသေးလဲ ဆက်ကြည့်ရအောင်နော်။

မျက်လုံး

အမျိုးသားတွေက မျက်လုံးကို အမည်းဆိုးတာ ပိုနှစ်သက် သဘောကျပေမယ့် မိန်းကလေးတွေကတော့ အရောင်တွေနဲ့ ကစားရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါနဲ့ လိုင်နာအပေါ်မှာ အရောင်ရင့်တဲ့ ရှဲဒိုးကို ထပ်တာက မျက်လုံးကို ပိုကြီးတဲ့ပုံစံဖြစ်စေလို့ အမျိုးသားတွေ ပိုသဘောကျရခြင်းဖြစ်တယ်လို့ Why We love ရေးသားသူ မနုသဗေဒပညာရှင် Helen Fisher က ဆိုပါတယ်။

မျက်တောင်

မျက်တောင်တုနဲ့ပတ်သက်လို့ တပ်ဖို့ မကျွမ်းကျင်ရင် နှစ်ခါပြန် စဉ်းစားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားတွေက အတုကြီးမှန်းသိရင် ဘာကိုမှ မကြိုက်လို့ပါပဲ။ သူတို့လိုချင်တာက မြင်ချင်တာက သင့်ရဲ့ တကယ့် အလှတရားပါ။ ဒါပေမယ့် မိန်းကလေးတွေ အတွက်တော့ မျက်တောင်တုတပ်တာဟာ လူတွေအလယ်မှာ မျက်စိကျစေဖို့ ဖြစ်တယ်လို့ စိတ်ပညာရှင် Belisa Vranish က ဆိုပါတယ်။

မိတ်ကပ်

"မိတ်ကပ် ထူလအမ်းကြီးလိမ်းတာ ကျွန်တော့အတွက်တော့ စိတ်အပျက်ဆုံးပါပဲ။ "26 နှစ် ရှိတဲ့ Ian ဆိုသူက ပြောပါတယ်။ "ဒါပေမယ့် ဘာမှမလိမ်းတာထက်စာရင် lipgloss လေးနဲ့ မျက်တောင်နက်လေးက ပိုလှတယ်မြင်ပါတယ်။" လို့ ဆိုပါတယ်။ မိတ်ကပ် နည်းနည်းပါးပါး လိမ်းတာဟာ မိန်းကလေးဆန်မှုကို ဖော်ပြပါတယ်။ နယူးယောက် မိတ်ကပ်ပညာရှင် Amanda Redgrave က အမြင်ပိုလှစေဖို့ မရှိမဖြစ် ပြင်သင့်တဲ့ လေးချက်က မျက်လုံးညိုနေတာ ကွယ်ဖို့ cream concealer၊ mascara၊ lipgloss နဲ့ ပါးနီတို့ ဖြစ်ပါတယ်တဲ့။

ပါးနီ

ပန်းသွေးရောင် ပါးပြင်ဟာ ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ အချက်ထဲက တစ်ခုဖြစ်ပါတယ်။ ကျောက်ခေတ်တုန်းက ပါးအို့နီနီရှိတဲ့ ကောင်မလေးတွေဟာ ကျန်းမာတယ်ဆိုတာကို သွယ်ဝိုက်ဖော်ပြပါတယ်။  သွေးအားနည်းတာ မရှိဘူး၊ ကိုယ်ဝန ်ကောင်းကောင်းဆောင်နိုင်တယ် ဆိုတာ ဖော်ပြပါတယ်။ လေ့ကျင့်ခန်း များများလုပ်တာ၊ ဒါမှမဟုတ် ပါးနီထည့်တာနဲ့ ပါးအို့နီနီအသွင်အပြင်ကို ရစေမှာပါ။

နှုတ်ခမ်းနီ

မိန်းကလေးတွေအတွက်တော့ နှုတ်ခမ်းနီဆိုတာဟာ ဖိနပ်လို အမြဲတမ်း ဒါပဲဝတ်ရင် ငြီးငွေ့လာသလိုပါပဲ အရောင်ဆန်းဆန်း အသစ်ထွက်တာနဲ့ ဝယ်တတ်ကြပါတယ်။ အမျိုးသားတွေအတွက်ကတော့ ဆန်းဆန်းကြီးတွေထက် နဂိုသဘာဝ အရောင် နှုတ်ခမ်းကို ပိုလို့ နှစ်သက်ကြပါတယ်။ ယောကျ်ားလေးတွေရဲ့ စိတ်ထဲမှာ နှုတ်ခမ်းနီ ခဏခဏ အရောင်ပြောင်းသလို၊ ငါတို့ကိုရော  ကြာရင် ခေါက်သွားမလားဆိုတဲ့ အသိ ဝင်တတ်ပါတယ်တဲ့။

ကွဲလွဲချက်

လက်တလော လေ့လာတွေ့ရှိချက်အရ အလှအပ အမြင်နဲ့ပတ်သက်လို့ မိန်းကလေးတွေဟာ ဦးနောက်နှစ်ခြမ်းလုံးကို အသုံးပြုကြပေမယ့် အမျိုးသားတွေအတွက်တော့ ညာဘက်ခြမ်း တစ်ခုတည်းကိုသာ အသုံးပြုကြပါတယ်။ အဲဒါကြောင့် မိန်းကလေးတွေဟာ အသေးစိတ်  ခြယ်မှုန်းကြတာဖြစ်ပြီး၊ (ဥပမာ- mascara ထည့်ရင် မျက်ခွံမှာ အစက်သေးသေးလေး အပေ မခံတာမျိုး)၊ အမျိုးသားတွေကတော့ ခြုံငုံကြည့်ပြီး "ဒီကောင်မလေး မိုက်လှချည်လား" ဆိုတာနဲ့ ပြီးသွားပါတယ်။

Credit : သက်ထားစံ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top