iMyanmarHouse.com - Best Property Website for Myanmar
×

 ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာေလးနဲ႔ ေမႊးေနတဲ့ ပင္မွည့္သီးေလးကို ေရခဲစိမ္ၿပီး ဇြန္းေလးနဲ႔ ေကာ္စားလိုက္ၾကရေအာင္။

ေႏြရာသီေရာက္ရင္ ပင္မွည့္သီးကို ေရခဲပံုးထဲစိမ္၊ ေအးၿပီဆိုေတာ့မွ အသီးကိုခြဲၿပီး အထဲကေအးျမၿပီး ခ်ိဳခ်ဥ္အရသာ႐ွိတဲ့ ပင္မွည့္သီးႏွစ္ေလးေတြကို ဇြန္းေလးနဲ႔ေကာ္စားတာတို႔၊ ေဖ်ာ္ရည္ေဖ်ာ္ေသာက္တာတို႔ လုပ္ဖူးပါသလား။ တကယ္ေတာ့ ပင္မွည့္သီးဟာ သဘာဝက ေပးတဲ့လက္ေဆာင္တစ္မ်ိဳးပါပဲ။ အပူပိုင္းေဒသေတြနဲ႔ ေတာင္အေမရိကတိုက္မွာ ေပါက္ေရာက္ၿပီး အသီးပံုသ႑ာန္အမ်ိဳးမ်ိဳး၊ အေရာင္အဆင္း အမ်ိဳးမ်ိဳး ကြဲျပားပါတယ္။

ပင္မွည့္သီးဟာ အဆီနဲ႔ ကိုလက္စ္ထေရာပါဝင္မႈ အလြန္နည္းပါးၿပီး ဗိုက္တာမင္ေအ၊ ဗိုက္တာမင္စီ၊ သံဓာတ္၊ အမွ်င္ဓာတ္၊ ပိုတက္စီယမ္၊ ကာဘိုဟိုက္ဒရိတ္နဲ႔ ပ႐ိုတိန္းဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ အထူးသျဖင့္ ပင္မွည့္သီးဟာ ေန႔စဥ္လိုအပ္တဲ့ အမွ်င္ဓာတ္ကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။ ကမၻာေပၚမွာ ေပါက္ေရာက္ရာေနရာေဒသအလိုက္ ပင္မွည့္သီးအမ်ိဳးမ်ိဳး႐ွိပါတယ္။ အဲဒါေတြကေတာ့....

၁။ ခရမ္းေရာင္ပင္မွည့္သီး

ခရမ္းေရာင္ပင္မွည့္သီးကေတာ့ စက္ဝုိင္းပံု (သို႔) ဘဲဥပံုစံ႐ွိၿပီး ကမၻာေပၚမွာ အေတြ႕ရအမ်ားဆံုး အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ပ်မ္းမွ်အားျဖင့္ အလ်ား (၄) စင္တီမီတာကေန (၉) စင္တီမီတာၾကားမွာ ႐ွိၿပီး လံုးပတ္ကေတာ့ (၄) စင္တီမီတာ ကေန (၇) စင္တီမီတာၾကားမွာ ႐ွိပါတယ္။ သူတို႔မွာခြဲရလြယ္တဲ့ သစ္သီးခြံ႐ွိၿပီး အသီးအေလးခ်ိန္ရဲ႕ (၃၅) ရာခိုင္ႏႈန္းကေန (၅၀) ရာခိုင္ႏႈန္းအထိ ပါဝင္တဲ့ အဝါရင့္ေရာင္ အသီးအႏွစ္လည္း ပါ႐ွိပါတယ္။

ခရမ္းေရာင္ပင္မွည့္သီးကိုေတာ့ ဘရာဇီးႏိုင္ငံေတာင္ပိုင္း၊ အာဂ်င္တီးနားႏိုင္ငံ ေျမာက္ပိုင္းနဲ႔ ပါရာေဂြးႏိုင္ငံေတြမွာ အေတြ႕ရမ်ားၿပီး အဆိုပါႏိုင္ငံေတြကို ခရမ္းေရာင္ပင္မွည့္သီး မူလေပါက္ေရာက္ရာ ေဒသေတြလို႔ ဆိုၾကပါတယ္။

၂။ အဝါေရာင္ပင္မွည့္သီး

အဝါေရာင္ပင္မွည့္သီးကေတာ့ ခရမ္းေရာင္ပင္မွည့္သီးထက္စာရင္ ခႏၶာကိုယ္အတြက္ ခြန္အားနဲ႔စြမ္းအင္ ပိုမိုျပည့္ဝေစပါတယ္။ အဝါေရာင္ပင္မွည့္သီးေတြကေတာ့ စက္လံုးပံု႐ွိသလို ႐ွည္လေမ်ာႀကီးလည္း ျဖစ္ႏိုင္ပါတယ္။ အသီးအခြံကေတာ့ ေခ်ာေမြ႕တဲ့ အဝါေရာင္မ်က္ႏွာျပင္ ျဖစ္ပါတယ္။ ေခ်ာေမြ႕တယ္ဆိုေပမဲ့လည္း အသီးအခြံဟာ မာေက်ာပါတယ္။

အဝါေရာင္ပင္မွည့္သီးေတြဟာ အလ်ား (၆) စင္တီမီတာကေန (၁၂) စင္တီမီတာခန္႔ထိ ႐ွိႏိုင္သလို လံုးပတ္ကေတာ့ (၄) စင္တီမီတာကေန (၇) စင္တီမီတာခန္႔ထိ ႐ွိပါတယ္။ အဝါေရာင္ပင္မွည့္သီးေတြကေတာ့ ခရမ္းေရာင္ေလာက္ အနံ႔မေမႊးသလို အက္ဆစ္ဓာတ္လည္း ပိုမိုပါဝင္ပါတယ္။ (တစ္နည္းအားျဖင့္ ပို႐ွည္ပါတယ္။)

၃။ ခ်ိဳၿမိန္တဲ့ပင္မွည့္သီး

Sweet granadilla လို႔လည္း လူသိမ်ားတဲ့ ခ်ိဳၿမိန္တဲ့ပင္မွည့္သီးဟာ မကၠစီကို၊ ဘိုလီးဗီးယားနဲ႔ ဗင္နီဇြဲလားႏိုင္ငံတို႔မွာ က်ယ္ျပန္႔စြာေတြ႕ရပါတယ္။ ဒီအသီးေတြဟာ စက္ဝိုင္းပံု (သို႔) ဘဲဥပံု႐ွိၿပီး အလ်ား (၅) စင္တီမီတာကေန (၉) စင္တီမီတာ ခန္႔႐ွိသလို လံုးပတ္ (၄) စင္တီမီတာကေန (၇) စင္တီမီတာခန္႔အထိ ႐ွိပါတယ္။ အသီးအခြံကေတာ့ ပါးလႊာၿပီး ခြဲရလြယ္ပါတယ္။

အေရာင္ကေတာ့ အညိဳေရာင္ေဖ်ာ့ေဖ်ာ့တို႔၊ လိေမၼာ္ေရာင္တို႔ ႐ွိတတ္ၿပီး တစ္ခါတေလမွာေတာ့ ခရမ္းေရာင္လည္း ႐ွိတတ္ပါတယ္။ သူ႔ရဲ႕အသီးအႏွစ္ကေတာ့ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ျဖစ္ၿပီး ရနံ႔က ေမႊးႀကိဳင္ေနပါတယ္။ အရသာကေတာ့ ခ်ိဳျမပါတယ္။

၄။ ပင္မွည့္သီးအႀကီး

ဒီပင္မွည့္သီးမ်ိဳးကေတာ့ အေနာက္အင္ဒီးစ္ေဒသမွာ ေပါက္ေရာက္ၿပီး စိမ္းဝါေရာင္သြင္ျပင္႐ွိပါတယ္။ တစ္ခါတေလမွာ အသီးအေရာင္က ပန္းေရာင္သမ္းပါတယ္။ ဘဲဥပံု (သို႔) ႐ွည္ေမ်ာေမ်ာပံုစံ႐ွိၿပီး အလ်ား (၂၀) စင္တီမီတာကေန (၃၀) စင္တီမီတာခန္႔အထိ ႐ွိပါတယ္။ ပင္မွည့္သီးအႀကီးရဲ႕ လံုးပတ္ကေတာ့ (၁၈) စင္တီမီတာခန္႔႐ွိပါတယ္။ ဒီအသီးရဲ႕အႏွစ္ကေတာ့ အျဖဴေရာင္ေဖ်ာ့ေဖ်ာ့ (သို႔) လိေမၼာ္ရည္ ႐ွိတတ္ပါတယ္။ အရသာကေတာ့ ခ်ိဳခ်ဥ္ေလးပါ။

၅။ ငွက္ေပ်ာပင္မွည့္သီး

ငွက္ေပ်ာပင္မွည့္သီးရဲ႕ ပံုပန္းသ႑ာန္ကေတာ့ ႐ွည္ေမ်ာေမ်ာျဖစ္ၿပီး အလ်ား (၆) စင္တီမီတာကေန (၂၀) စင္တီမီတာခန္႔ ႐ွိပါတယ္။ သူ႔ရဲ႕လံုးပတ္ကေတာ့ (၅) စင္တီမီတာခန္႔ပဲ ႐ွိပါတယ္။ ေခ်ာေမြ႕ေပမယ့္ ပါးလႊာတဲ့ အဝါေရာင္ (သို႔) အစိမ္းေရာင္ သစ္သီးခြံ႐ွိၿပီး အသီးအႏွစ္ကေတာ့ ဆယ္လ္မြန္ငါးလို႔ ပန္းေရာင္ကေန လိေမၼာ္ေရာင္ရင့္ရင့္ထိ အစားစား႐ွိပါတယ္။ အသီးအႏွစ္က အသီးအေလးခ်ိန္ရဲ႕ (၆၀) ရာခိုင္ႏႈန္းကို အပိုင္သိမ္းထားပါတယ္။ အက္ဆစ္ဓာတ္ပါဝင္မႈနည္းပါးၿပီး ရနံ႔က အထူးေမႊးႀကိဳင္ပါတယ္။

Source: stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ချိုချိုချဉ်ချဉ်အရသာလေးနဲ့ မွှေးနေတဲ့ ပင်မှည့်သီးလေးကို ရေခဲစိမ်ပြီး ဇွန်းလေးနဲ့ ကော်စားလိုက်ကြရအောင်။

နွေရာသီရောက်ရင် ပင်မှည့်သီးကို ရေခဲပုံးထဲစိမ်၊ အေးပြီဆိုတော့မှ အသီးကိုခွဲပြီး အထဲကအေးမြပြီး ချိုချဉ်အရသာရှိတဲ့ ပင်မှည့်သီးနှစ်လေးတွေကို ဇွန်းလေးနဲ့ကော်စားတာတို့၊ ဖျော်ရည်ဖျော်သောက်တာတို့ လုပ်ဖူးပါသလား။ တကယ်တော့ ပင်မှည့်သီးဟာ သဘာဝက ပေးတဲ့လက်ဆောင်တစ်မျိုးပါပဲ။ အပူပိုင်းဒေသတွေနဲ့ တောင်အမေရိကတိုက်မှာ ပေါက်ရောက်ပြီး အသီးပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အဆင်း အမျိုးမျိုး ကွဲပြားပါတယ်။

ပင်မှည့်သီးဟာ အဆီနဲ့ ကိုလက်စ်ထရောပါဝင်မှု အလွန်နည်းပါးပြီး ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီ၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် ပင်မှည့်သီးဟာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါက်ရောက်ရာနေရာဒေသအလိုက် ပင်မှည့်သီးအမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့....

၁။ ခရမ်းရောင်ပင်မှည့်သီး

ခရမ်းရောင်ပင်မှည့်သီးကတော့ စက်ဝိုင်းပုံ (သို့) ဘဲဥပုံစံရှိပြီး ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံး အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အလျား (၄) စင်တီမီတာကနေ (၉) စင်တီမီတာကြားမှာ ရှိပြီး လုံးပတ်ကတော့ (၄) စင်တီမီတာ ကနေ (၇) စင်တီမီတာကြားမှာ ရှိပါတယ်။ သူတို့မှာခွဲရလွယ်တဲ့ သစ်သီးခွံရှိပြီး အသီးအလေးချိန်ရဲ့ (၃၅) ရာခိုင်နှုန်းကနေ (၅၀) ရာခိုင်နှုန်းအထိ ပါဝင်တဲ့ အဝါရင့်ရောင် အသီးအနှစ်လည်း ပါရှိပါတယ်။

ခရမ်းရောင်ပင်မှည့်သီးကိုတော့ ဘရာဇီးနိုင်ငံတောင်ပိုင်း၊ အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းနဲ့ ပါရာဂွေးနိုင်ငံတွေမှာ အတွေ့ရများပြီး အဆိုပါနိုင်ငံတွေကို ခရမ်းရောင်ပင်မှည့်သီး မူလပေါက်ရောက်ရာ ဒေသတွေလို့ ဆိုကြပါတယ်။

၂။ အဝါရောင်ပင်မှည့်သီး

အဝါရောင်ပင်မှည့်သီးကတော့ ခရမ်းရောင်ပင်မှည့်သီးထက်စာရင် ခန္ဓာကိုယ်အတွက် ခွန်အားနဲ့စွမ်းအင် ပိုမိုပြည့်ဝစေပါတယ်။ အဝါရောင်ပင်မှည့်သီးတွေကတော့ စက်လုံးပုံရှိသလို ရှည်လမျောကြီးလည်း ဖြစ်နိုင်ပါတယ်။ အသီးအခွံကတော့ ချောမွေ့တဲ့ အဝါရောင်မျက်နှာပြင် ဖြစ်ပါတယ်။ ချောမွေ့တယ်ဆိုပေမဲ့လည်း အသီးအခွံဟာ မာကျောပါတယ်။

အဝါရောင်ပင်မှည့်သီးတွေဟာ အလျား (၆) စင်တီမီတာကနေ (၁၂) စင်တီမီတာခန့်ထိ ရှိနိုင်သလို လုံးပတ်ကတော့ (၄) စင်တီမီတာကနေ (၇) စင်တီမီတာခန့်ထိ ရှိပါတယ်။ အဝါရောင်ပင်မှည့်သီးတွေကတော့ ခရမ်းရောင်လောက် အနံ့မမွှေးသလို အက်ဆစ်ဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ (တစ်နည်းအားဖြင့် ပိုရှည်ပါတယ်။)

၃။ ချိုမြိန်တဲ့ပင်မှည့်သီး

Sweet granadilla လို့လည်း လူသိများတဲ့ ချိုမြိန်တဲ့ပင်မှည့်သီးဟာ မက္ကစီကို၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ကျယ်ပြန့်စွာတွေ့ရပါတယ်။ ဒီအသီးတွေဟာ စက်ဝိုင်းပုံ (သို့) ဘဲဥပုံရှိပြီး အလျား (၅) စင်တီမီတာကနေ (၉) စင်တီမီတာ ခန့်ရှိသလို လုံးပတ် (၄) စင်တီမီတာကနေ (၇) စင်တီမီတာခန့်အထိ ရှိပါတယ်။ အသီးအခွံကတော့ ပါးလွှာပြီး ခွဲရလွယ်ပါတယ်။

အရောင်ကတော့ အညိုရောင်ဖျော့ဖျော့တို့၊ လိမ္မော်ရောင်တို့ ရှိတတ်ပြီး တစ်ခါတလေမှာတော့ ခရမ်းရောင်လည်း ရှိတတ်ပါတယ်။ သူ့ရဲ့အသီးအနှစ်ကတော့ မီးခိုးရောင်ဖျော့ဖျော့ဖြစ်ပြီး ရနံ့က မွှေးကြိုင်နေပါတယ်။ အရသာကတော့ ချိုမြပါတယ်။

၄။ ပင်မှည့်သီးအကြီး

ဒီပင်မှည့်သီးမျိုးကတော့ အနောက်အင်ဒီးစ်ဒေသမှာ ပေါက်ရောက်ပြီး စိမ်းဝါရောင်သွင်ပြင်ရှိပါတယ်။ တစ်ခါတလေမှာ အသီးအရောင်က ပန်းရောင်သမ်းပါတယ်။ ဘဲဥပုံ (သို့) ရှည်မျောမျောပုံစံရှိပြီး အလျား (၂၀) စင်တီမီတာကနေ (၃၀) စင်တီမီတာခန့်အထိ ရှိပါတယ်။ ပင်မှည့်သီးအကြီးရဲ့ လုံးပတ်ကတော့ (၁၈) စင်တီမီတာခန့်ရှိပါတယ်။ ဒီအသီးရဲ့အနှစ်ကတော့ အဖြူရောင်ဖျော့ဖျော့ (သို့) လိမ္မော်ရည် ရှိတတ်ပါတယ်။ အရသာကတော့ ချိုချဉ်လေးပါ။

၅။ ငှက်ပျောပင်မှည့်သီး

ငှက်ပျောပင်မှည့်သီးရဲ့ ပုံပန်းသဏ္ဍာန်ကတော့ ရှည်မျောမျောဖြစ်ပြီး အလျား (၆) စင်တီမီတာကနေ (၂၀) စင်တီမီတာခန့် ရှိပါတယ်။ သူ့ရဲ့လုံးပတ်ကတော့ (၅) စင်တီမီတာခန့်ပဲ ရှိပါတယ်။ ချောမွေ့ပေမယ့် ပါးလွှာတဲ့ အဝါရောင် (သို့) အစိမ်းရောင် သစ်သီးခွံရှိပြီး အသီးအနှစ်ကတော့ ဆယ်လ်မွန်ငါးလို့ ပန်းရောင်ကနေ လိမ္မော်ရောင်ရင့်ရင့်ထိ အစားစားရှိပါတယ်။ အသီးအနှစ်က အသီးအလေးချိန်ရဲ့ (၆၀) ရာခိုင်နှုန်းကို အပိုင်သိမ်းထားပါတယ်။ အက်ဆစ်ဓာတ်ပါဝင်မှုနည်းပါးပြီး ရနံ့က အထူးမွှေးကြိုင်ပါတယ်။

Source: stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top