iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေရျပားဟာ ကိုုယ္ခႏၶာေပၚမွာ အႀကီးမားဆံုး အစိတ္အပိုင္း ျဖစ္ပါတယ္။ သူဟာ ဖ်ားနာမႈေတြ၊ ေရာဂါပိုးဝင္မႈေတြကို ပထမဆံုးကာကြယ္ေပးတဲ့ အရာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အေရျပားကို က်န္းမာေအာင္ ထိန္းသိမ္းေပးဖို႔ လိုအပ္ပါတယ္။ သင့္မ်က္ႏွာအတြက္ ပံုမွန္ျပဳလုပ္ေနက် အရာေတြ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ ကိုယ္ခႏၶာအေရျပားအတြက္ေရာ။ ကိုယ္ခႏၶာအေရျပားကိုလည္း ထိ္န္းသိမ္းေပးဖို႔ လိုအပ္ပါတယ္။

လည္ပင္းနဲ႔ ရင္ဘတ္

မ်က္ႏွာမွာသံုးတဲ့ ထုတ္ကုန္ေတြကို လည္ပင္းနဲ႔ ရင္ဘတ္ေတြမွာလည္း အသံုးျပဳႏိုင္ပါတယ္။ အေရျပားကို ဂရုစိုက္ျခင္းဟာ ေမးေစ့မွာတြင္ အဆံုးမသတ္သြားသင့္ပါဘူး။ လည္ပင္းနဲ႔ ရင္ဘတ္အေရျပားကို သန္႔စင္ျခင္းနဲ႔ ေရဓါတ္ျဖည့္တင္းေပးတဲ့ အက်င့္မရွိခဲ့ရင္ေတာ့ အခုစတင္ ျပဳလုပ္သင့္ပါတယ္။ လည္ပင္းအေရျပားဟာ

မ်က္ႏွာအေရျပားထက္ ပိုမိုပါးလႊာတာေၾကာင့္ အသက္ႀကီးရင့္လာမႈကို ပိုမိုသိသာေစပါတယ္။ အေရးအေၾကာင္းေတြနဲ႔ အေရျပားတြဲက်လာမႈကို ကာကြယ္ဖို႔ အိုမင္းရင့္ေရာ္ျခင္းကိုကာကြယ္ေပးတဲ့ခရင္မ္ ေတြကိုလည္း လိမ္းသင့္ပါတယ္။

လက္

လက္ဟာ အသက္ႀကီးရင့္လာမႈကို ေဖၚျပတဲ့ အသိသာဆံုး အရာတစ္ခု ျဖစ္ပါတယ္။ သင့္လက္မွာ အမဲစက္ေတြ ရွိေနတယ္ဆိုရင္ alpha hydroxy acid အစရွိတာေတြကို လိမ္းႏိုင္ပါတယ္။ လက္ကို ေနပူခံလိမ္းေဆး လိမ္းေပးဖုိ႔ မေမ့သင့္ပါဘူး။ SPH 30 နဲ႔ အထက္ လက္ခရင္မ္လိမ္းေဆး ေတြကို ရွာေဖြ ဝယ္ယူႏိုင္ပါတယ္။

တံေတာင္ဆစ္

တံေတာင္ဆစ္ဟာ ေျခာက္ေသြ႔လြယ္ပါတယ္။ ဒါေၾကာင့္ တံေတာင္ဆစ္ကိုလည္း ေရဓါတ္ထိန္းသိမ္းေပးသင့္ပါတယ္။ တံေတာင္ဆစ္ကို ေရခ်ိဳးတဲ့အခါ သပြတ္သီးပင္ကို အသံုးျပဳၿပီး ေခ်းခြ်တ္သင့္ပါတယ္။ ၿပီးရင္ေတာ့ ေျခာက္ေသြ႔ေအာင္ သုတ္ေပးသင့္ၿပီး ေရဓါတ္ထိန္းေပးတဲ့ အဆီတစ္မ်ိဳးနဲ႔ ႏွိပ္နယ္ေပးသင့္ပါတယ္။ ၿပီးရင္ေတာ့ ေရဓါတ္ပါဝင္မႈမ်ားတဲ့ ကိုယ္ခႏၶာ လိမ္းေဆးကို လိမ္းေပးသင့္ပါတယ္။

လက္ေမာင္းေနာက္ဘက္

လူအေတာ္မ်ားမ်ားဟာ လက္ေမာင္းအေနာက္ဘက္မွာ အဖုေလးေတြ ရွိတတ္ပါတယ္။ သူတို႔ကုိ keratosis pilaris လို႔ ေခၚၿပီး လတ္တစ္အက္ဆစ္ ပါဝင္တဲ့ ခႏၶာကိုယ္လိုးရွင္း လိမ္းေပးျခင္းအားျဖင့္ သက္သာလာႏိုင္ပါတယ္။ ေဆးလိမ္းျခင္းကို ရပ္လိုက္ရင္ အဖုျပန္ထလာႏိုင္တာေၾကာင့္ ေန႔စဥ္ အသံုးျပဳသင့္ပါတယ္။

ေျခေထာက္

အေမြးရိတ္ျခင္းဟာလည္း ေခ်းခြ်တ္ျခင္းတစ္မ်ိဳး ျဖစ္တာေၾကာင့္ ပံုမွန္အေမြးရိတ္မယ္ဆိုရင္ ေခ်းခြ်တ္ေပးဖုိ႔ မလိုအပ္ပါဘူး။ ဒါေပမယ့္ အေမြးရိတ္ျခင္း အခ်ိဳ႕ဟာ ေျခာက္ေသြ႔ေစပါတယ္။ သင့္ေျခေထာက္အတြက္ ေရခ်ိဳးစဥ္ အျခားကိုယ္ခႏၶာ အစိတ္အပိုင္းေတြက က်လာတဲ့ ေရေႏြးနဲ႔ ဆပ္ျပာနဲ႔တင္ အဆင္ေျပပါတယ္။ ၿပီးရင္ေတာ့

ေျခေထာက္ေတြကို တံေတာင္ဆစ္ကို လိမ္းသလို လိမ္းေပးသင့္ပါတယ္။ ေျခာက္ေသြ႔ေအာင္သုတ္ျခင္း၊ ေရဓါတ္ျဖည့္ျခင္းေတြလုပ္ေပးရပါမယ္။ ဒူးေခါင္းအေရျပားက ၾကမ္းတမ္းေနရင္ ေနာက္တစ္ခါ ထပ္လုပ္သင့္ပါတယ္။

ေျခဖဝါး

ေျခဖဝါးေတြဟာ ကိုယ္ခႏၶာတစ္ခုလံုးမွာ လစ္လ်ဴရႈ အခံရဆံုး အစိတ္အပိုင္းေတြပဲျဖစ္ပါတယ္။ Alpha hydroxy acid, lactic acid, urea အစရွိတဲ့ ေခ်းခြ်တ္ေဆးေတြပါဝင္တဲ့ လိုးရွင္းေတြ လိမ္းေပးျခင္းျဖင့္ အက်ိဳးရွိႏိုင္ပါတယ္။ ေရဓါတ္ပါဝင္မႈမ်ားတဲ့ moisturiser ကို ေျခဖဝါးေပၚလိမ္းၿပီး ပိုမိုေခ်ာေမြ႔ကာ ေပ်ာ့ေျပာင္းတဲ့ ေျခေထာက္ေတြ ပိုင္ဆုိင္ဖို႔ ခ်ည္နဲ႔ လုပ္ထားတဲ့ ေျခအိတ္ဝတ္ထားႏိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်အရေပြားဟာ ကိုုယ်ခန္ဓာပေါ်မှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သူဟာ ဖျားနာမှုတွေ၊ ရောဂါပိုးဝင်မှုတွေကို ပထမဆုံးကာကွယ်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာအောင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ သင့်မျက်နှာအတွက် ပုံမှန်ပြုလုပ်နေကျ အရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာအရေပြားအတွက်ရော။ ကိုယ်ခန္ဓာအရေပြားကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

လည်ပင်းနဲ့ ရင်ဘတ်

မျက်နှာမှာသုံးတဲ့ ထုတ်ကုန်တွေကို လည်ပင်းနဲ့ ရင်ဘတ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို ဂရုစိုက်ခြင်းဟာ မေးစေ့မှာတွင် အဆုံးမသတ်သွားသင့်ပါဘူး။ လည်ပင်းနဲ့ ရင်ဘတ်အရေပြားကို သန့်စင်ခြင်းနဲ့ ရေဓါတ်ဖြည့်တင်းပေးတဲ့ အကျင့်မရှိခဲ့ရင်တော့ အခုစတင် ပြုလုပ်သင့်ပါတယ်။ လည်ပင်းအရေပြားဟာ

မျက်နှာအရေပြားထက် ပိုမိုပါးလွှာတာကြောင့် အသက်ကြီးရင့်လာမှုကို ပိုမိုသိသာစေပါတယ်။ အရေးအကြောင်းတွေနဲ့ အရေပြားတွဲကျလာမှုကို ကာကွယ်ဖို့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ခရင်မ် တွေကိုလည်း လိမ်းသင့်ပါတယ်။

လက်

လက်ဟာ အသက်ကြီးရင့်လာမှုကို ဖေါ်ပြတဲ့ အသိသာဆုံး အရာတစ်ခု ဖြစ်ပါတယ်။ သင့်လက်မှာ အမဲစက်တွေ ရှိနေတယ်ဆိုရင် alpha hydroxy acid အစရှိတာတွေကို လိမ်းနိုင်ပါတယ်။ လက်ကို နေပူခံလိမ်းဆေး လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ SPH 30 နဲ့ အထက် လက်ခရင်မ်လိမ်းဆေး တွေကို ရှာဖွေ ဝယ်ယူနိုင်ပါတယ်။

တံတောင်ဆစ်

တံတောင်ဆစ်ဟာ ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်ကိုလည်း ရေဓါတ်ထိန်းသိမ်းပေးသင့်ပါတယ်။ တံတောင်ဆစ်ကို ရေချိုးတဲ့အခါ သပွတ်သီးပင်ကို အသုံးပြုပြီး ချေးချွတ်သင့်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့အောင် သုတ်ပေးသင့်ပြီး ရေဓါတ်ထိန်းပေးတဲ့ အဆီတစ်မျိုးနဲ့ နှိပ်နယ်ပေးသင့်ပါတယ်။ ပြီးရင်တော့ ရေဓါတ်ပါဝင်မှုများတဲ့ ကိုယ်ခန္ဓာ လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။

လက်မောင်းနောက်ဘက်

လူအတော်များများဟာ လက်မောင်းအနောက်ဘက်မှာ အဖုလေးတွေ ရှိတတ်ပါတယ်။ သူတို့ကို keratosis pilaris လို့ ခေါ်ပြီး လတ်တစ်အက်ဆစ် ပါဝင်တဲ့ ခန္ဓာကိုယ်လိုးရှင်း လိမ်းပေးခြင်းအားဖြင့် သက်သာလာနိုင်ပါတယ်။ ဆေးလိမ်းခြင်းကို ရပ်လိုက်ရင် အဖုပြန်ထလာနိုင်တာကြောင့် နေ့စဉ် အသုံးပြုသင့်ပါတယ်။

ခြေထောက်

အမွေးရိတ်ခြင်းဟာလည်း ချေးချွတ်ခြင်းတစ်မျိုး ဖြစ်တာကြောင့် ပုံမှန်အမွေးရိတ်မယ်ဆိုရင် ချေးချွတ်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အမွေးရိတ်ခြင်း အချို့ဟာ ခြောက်သွေ့စေပါတယ်။ သင့်ခြေထောက်အတွက် ရေချိုးစဉ် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက ကျလာတဲ့ ရေနွေးနဲ့ ဆပ်ပြာနဲ့တင် အဆင်ပြေပါတယ်။ ပြီးရင်တော့

ခြေထောက်တွေကို တံတောင်ဆစ်ကို လိမ်းသလို လိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့အောင်သုတ်ခြင်း၊ ရေဓါတ်ဖြည့်ခြင်းတွေလုပ်ပေးရပါမယ်။ ဒူးခေါင်းအရေပြားက ကြမ်းတမ်းနေရင် နောက်တစ်ခါ ထပ်လုပ်သင့်ပါတယ်။

ခြေဖဝါး

ခြေဖဝါးတွေဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ လစ်လျူရှု အခံရဆုံး အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ Alpha hydroxy acid, lactic acid, urea အစရှိတဲ့ ချေးချွတ်ဆေးတွေပါဝင်တဲ့ လိုးရှင်းတွေ လိမ်းပေးခြင်းဖြင့် အကျိုးရှိနိုင်ပါတယ်။ ရေဓါတ်ပါဝင်မှုများတဲ့ moisturiser ကို ခြေဖဝါးပေါ်လိမ်းပြီး ပိုမိုချောမွေ့ကာ ပျော့ပြောင်းတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ဖို့ ချည်နဲ့ လုပ်ထားတဲ့ ခြေအိတ်ဝတ်ထားနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top