iMyanmarHouse.com - Best Property Website for Myanmar
×

မေရာက္ဖူးသည့္ ေနရာမ်ဳိးမွာ အိပ္လွ်င္ မ်က္စိတစ္လံုး ဖြင့္အိပ္ပါဟု ေရွးစကားပံုက ဆိုထားသည္။ ထိုစကားပံုသည္ လက္ေတြ႔အျဖစ္အပ်က္ႏွင့္လည္း ကိုက္ညီေန၏။ ေလ့လာေတြ႔ရွိခ်က္အရလည္း ေနရာသစ္မွာ အိပ္စက္ရသည့္အခါ လူ႔ဦးေႏွာက္၏ တစ္၀က္သည္ အၿမဲႏိုးေနကာ အဆင္သင့္ ျဖစ္ေနတတ္သည္ဟု ဆိုထားသည္။

က်န္းမာသန္စြမ္းေသာ လူငယ္ (၃၅) ေယာက္ကို ေနရာသစ္တြင္ ႏွစ္ည အိပ္ခိုင္းကာ ဦးေႏွာက္ အလုပ္လုပ္ပံုကို ေစာင့္ၾကည့္ ေလ့လာသည္။ ထိုအခါ ပထမညတြင္ အိပ္စက္ခ်ိန္၌ ဦးေႏွာက္ ဗယ္ဘက္ျခမ္းသည္ ညာဘက္ျခမ္းထက္ ပိုတက္ႂကြ လႈပ္ရွားကာ အသင့္အေနအထား ျဖစ္ေနသည္ကို ေတြ႔ရသည္။ အထူးသျဖင့္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနခ်ိန္တြင္ ထိုအျခမ္းသည္ ႀကံဳလာႏုိင္သည့္ အႏၲရာယ္အတြက္ အသင့္ ျပင္ဆင္ထားေၾကာင္း ေတြ႔ရသည္။

ကိုယ္မေရာက္ဖူး၊ မအိပ္ဖူးတဲ့ ေနရာသစ္မွာ အိပ္ရရင္ လူ႔ဦးေႏွာက္တစ္ျခမ္းက တစ္ညလံုး ႏိုးၾကားေနတတ္တယ္။ အေရးရယ္ အေၾကာင္းရယ္ အႏၲရာယ္တစ္ခုခု ႀကံဳလာတာနဲ႔ လူက ခ်က္ခ်င္းႏိုးေအာင္လို႔ အသင့္ျပင္ထားတဲ့ သေဘာပဲလို႔ ေလ့လာမႈ စစ္တမ္းအဖြဲ႔ ေခါင္းေဆာင္ ဘေရာင္း တကၠသိုလ္မွ ယူကာဆာ ဆာကီက ေျပာသည္။

သို႔ေသာ္ တစ္ေနရာတြင္ ႏွစ္ရက္ သံုးရက္ခန္႔ အိပ္ၿပီးလွ်င္ေတာ့ လူသည္ ပံုမွန္ ျဖစ္သြားကာ ဦးေႏွာက္ ႏွစ္ျခမ္းလံုးသည္လည္း အိပ္ခ်ိန္မွာ ပံုမွန္အတုိင္း ျဖစ္သြားေၾကာင္း သုေတသီတို႔က ဆိုသည္။ ေလ့လာေတြ႔ရွိခ်က္မ်ားကို Current Biology ဂ်ာနယ္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

ဒုတိယညတြင္မူ ေနရာသစ္တြင္  ယဥ္ပါးသြားၿပီ ျဖစ္ေသာေၾကာင့္ ဦးေႏွာက္ ဘယ္ႏွင့္ညာ ႏွစ္ျခမ္းလံုးသည္ ထူးျခားစြာ တက္ႂကြေနျခင္းမ်ဳိး မရွိေတာ့ေၾကာင္းလည္း ေတြ႔ရသည္။ ယခု ေလ့လာမႈသည္ က်န္းမာေသာ လူငယ္မ်ားျဖင့္သာ ေလ့လာထားျခင္း ျဖစ္ေသာေၾကာင့္ အိပ္မရေ၀ဒနာ ခံစားေနရသူမ်ား၊ သက္ႀကီးရြယ္အိုမ်ားႏွင့္ အိပ္စက္ျခင္းဆိုင္ရာ မူမမွန္ ေ၀ဒနာ ခံစားရသူမ်ား အႀကံဳးမ၀င္ေၾကာင္းလည္း သိရသည္။   

Credit : Messenger
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

မရောက်ဖူးသည့် နေရာမျိုးမှာ အိပ်လျှင် မျက်စိတစ်လုံး ဖွင့်အိပ်ပါဟု ရှေးစကားပုံက ဆိုထားသည်။ ထိုစကားပုံသည် လက်တွေ့အဖြစ်အပျက်နှင့်လည်း ကိုက်ညီနေ၏။ လေ့လာတွေ့ရှိချက်အရလည်း နေရာသစ်မှာ အိပ်စက်ရသည့်အခါ လူ့ဦးနှောက်၏ တစ်ဝက်သည် အမြဲနိုးနေကာ အဆင်သင့် ဖြစ်နေတတ်သည်ဟု ဆိုထားသည်။

ကျန်းမာသန်စွမ်းသော လူငယ် (၃၅) ယောက်ကို နေရာသစ်တွင် နှစ်ည အိပ်ခိုင်းကာ ဦးနှောက် အလုပ်လုပ်ပုံကို စောင့်ကြည့် လေ့လာသည်။ ထိုအခါ ပထမညတွင် အိပ်စက်ချိန်၌ ဦးနှောက် ဗယ်ဘက်ခြမ်းသည် ညာဘက်ခြမ်းထက် ပိုတက်ကြွ လှုပ်ရှားကာ အသင့်အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်တွင် ထိုအခြမ်းသည် ကြုံလာနိုင်သည့် အန္တရာယ်အတွက် အသင့် ပြင်ဆင်ထားကြောင်း တွေ့ရသည်။

ကိုယ်မရောက်ဖူး၊ မအိပ်ဖူးတဲ့ နေရာသစ်မှာ အိပ်ရရင် လူ့ဦးနှောက်တစ်ခြမ်းက တစ်ညလုံး နိုးကြားနေတတ်တယ်။ အရေးရယ် အကြောင်းရယ် အန္တရာယ်တစ်ခုခု ကြုံလာတာနဲ့ လူက ချက်ချင်းနိုးအောင်လို့ အသင့်ပြင်ထားတဲ့ သဘောပဲလို့ လေ့လာမှု စစ်တမ်းအဖွဲ့ ခေါင်းဆောင် ဘရောင်း တက္ကသိုလ်မှ ယူကာဆာ ဆာကီက ပြောသည်။

သို့သော် တစ်နေရာတွင် နှစ်ရက် သုံးရက်ခန့် အိပ်ပြီးလျှင်တော့ လူသည် ပုံမှန် ဖြစ်သွားကာ ဦးနှောက် နှစ်ခြမ်းလုံးသည်လည်း အိပ်ချိန်မှာ ပုံမှန်အတိုင်း ဖြစ်သွားကြောင်း သုတေသီတို့က ဆိုသည်။ လေ့လာတွေ့ရှိချက်များကို Current Biology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ဒုတိယညတွင်မူ နေရာသစ်တွင်  ယဉ်ပါးသွားပြီ ဖြစ်သောကြောင့် ဦးနှောက် ဘယ်နှင့်ညာ နှစ်ခြမ်းလုံးသည် ထူးခြားစွာ တက်ကြွနေခြင်းမျိုး မရှိတော့ကြောင်းလည်း တွေ့ရသည်။ ယခု လေ့လာမှုသည် ကျန်းမာသော လူငယ်များဖြင့်သာ လေ့လာထားခြင်း ဖြစ်သောကြောင့် အိပ်မရဝေဒနာ ခံစားနေရသူများ၊ သက်ကြီးရွယ်အိုများနှင့် အိပ်စက်ခြင်းဆိုင်ရာ မူမမှန် ဝေဒနာ ခံစားရသူများ အကြုံးမဝင်ကြောင်းလည်း သိရသည်။  

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top