iMyanmarHouse.com - Best Property Website for Myanmar
×

အတြင္းခံအေၾကာင္းက လူေတြအေဆြးေႏြးၾကဆုံး ေခါင္းစဥ္ေတြထဲက တခုပါ။ က်န္းမာေရး၊ တကိုယ္ရည္သန္႕ရွင္းေရးနဲ႕ ပတ္သက္ျပီး အတြင္းခံအေၾကာင္း သိသင့္တဲ့ အေျခခံ အခ်က္ေလးေတြ ရွိပါတယ္။ ေအာက္မွာ ေဖာ္ျပမယ့္ အခ်က္ေတြကေတာ့ သင့္ကို အံ့အားသင့္ေကာင္း သင့္သြားေစမယ့္ အတြင္းခံ အေၾကာင္းသိေကာင္းစရာ အခ်က္ ခုႏွစ္ခ်က္ပဲ ျဖစ္ပါတယ္။

•ခြၽတ္မလား ဝတ္မလား။
ဒါဟာ အေရးပါတဲ့ ကိစၥမဟုတ္သလို သင့္တကိုယ္ရည္ ဆုံးျဖတ္ရမယ့္ ကိစၥလည္းျဖစ္ပါတယ္။ဒါေပမယ့္ သင့္အေနနဲ႕ အတြင္းခံဝတ္သင့္တဲ့ အေၾကာင္းျပခ်က္ေကာင္းေတြကလည္း ရွိလို႕ေနျပန္ပါတယ္။စြတ္စိုပူေႏြးတဲ့ ပတ္ဝန္းက်င္ေရခံေျမခံဟာ ဘက္တီးရီးယားပိုးေတြနဲ႕ yeast မိႈေတြအတြက္ အင္မတန္အၾကိဳက္ေတြ႕ေစမယ့္ အေနအထား ျဖစ္ပါတယ္။ဒါေၾကာင့္ သင္အားကစားလုပ္တဲ့အခါ ေခြၽးေတြကို စုပ္ယူျပီး စိုထိုင္းမႈ မရွိေစဖို႕အတြက္ အားကစားေဘာင္းဘီေအာက္မွာ အတြင္းခံတထပ္ကို ထပ္ျပီး ဝတ္သင့္ပါတယ္။

•တင္ပါးမဖုံးတဲ့ အတြင္းခံ (thongs) ေတြဟာ သင့္ရဲ့ မိတ္ေဆြေကာင္း မဟုတ္ပါ။
အမ်ိဳးသမီး အမ်ားစုဟာ အတြင္းခံအရာေတြ ေပၚေနမွာစိုးတဲ့အတြက္ တင္ပါးမဖုံးတဲ့ အတြင္းခံ (thongs) ေတြကို ဝတ္ေလ့ရွိၾကပါတယ္။ဒါေပမယ့္ ဒီအတြင္းခံ အမ်ိဳးအစားေတြဟာ အရမ္းက်ပ္ျပီး သင္ကိုယ္ကာယေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ သူတို႕ဟာ သင့္အသားနဲ႕ ေရွ႕တိုးေနာက္ဆုတ္ ပြတ္တိုက္ေနပါတယ္။ဒီလို ပြတ္တိုက္မႈေတြကေရာ ပူေလွာင္မႈေတြကပါ သင့္ကို ဆီးလမ္းေၾကာင္းပိုးဝင္တာနဲ႕ ေယာနိထဲ ဘက္တီးရီးယားပိုးဝင္တဲ့ ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။တကယ္တမ္းက်ေတာ့ ဒီအတြင္းခံအမ်ိဳးအစားဟာ ခႏၶာကိုယ္ အေနာက္ပိုင္းတင္ပါးပိုင္းနဲ႕ ေယာနိ/ဆီးလမ္းေၾကာင္းတို႕ အၾကား ဘက္တီးရီးယားေတြ ေပ်ာ္ေပ်ာ္ပါးပါးၾကီးသြားလို႕ရေအာင္ ေရႊလမ္းေငြလမ္းေဖာက္ေပးထားသလို ျဖစ္ေစပါတယ္။ဒါေၾကာင့္ ဒီအတြင္းခံ အမ်ိဳးအစားကို ရဲရဲၾကီး ႏိုးလို႕ ေျပာလိုက္ပါ။

•ဇာကြက္ေလးေတြကိုလည္း ေရွာင္ပါ။
ပိုးထည္လို အသားမ်ိဳးဟာ ပိတ္လြန္းသလို ဇာကြက္ေလးေတြကလည္း သင့္ကို တခ်ိန္လုံး ပြတ္တိုက္ေနမွာျဖစ္တဲ့အတြက္ ေရာင္ရမ္းလာႏိုင္ပါတယ္။ေလ့က်င့္ခန္းလုပ္ဖို႕အတြက္ အေကာင္းဆုံး အတြင္းခံဟာ ပိတ္မေနသင့္ပါဖူး(ဥပမာ ခ်ည္သားေလးေပါ့)။ဒါေပမယ့္ ေခတ္ေပၚဒီဇိုင္းေတြက အဓိကအားျဖင့္ သင့္ကိုေျခာက္ေသြ႕သန္႕ရွင္းေနဖို႕ကို အဓိကထားပါတယ္။တာေဝးေျပးတာလိုမ်ိဳးအတြက္ဆိုရင္ မပြန္းတဲ့ (ခ်ဳပ္႐ိုးခပ္ျပားျပားေတြပါတဲ့) အတြင္းခံမ်ိဳးကို ေရြးခ်ယ္ပါ။ေလ့က်င့္ခန္းလုပ္ဖို႕အတြက္ အထူးထုတ္ထားတဲ့ အသားေတြဟာ ႐ိုး႐ိုးခ်ည္သားထက္ ပိုျပီးေကာင္းပါတယ္။အားကစားလုပ္ရင္ ဝတ္ရတဲ့ ကိုယ္က်ပ္ဝတ္စုံဟာ ဆြဲဆန္႕လို႕ရႏိုင္ျပီး စက္ဘီးစီးတာလို၊ေျပးတာလို အားကစား႐ံုအျပင္မွာ လုပ္ရတဲ့ အားကစားနည္းေတြအတြက္ အထူးအက်ိဳးရွိပါတယ္။သူတို႕ဟာ တျခားခ်ည္သားေတြထက္ ေခြၽးကိုလည္း ပိုျပီးျမန္ျမန္ စုပ္ယူႏိုင္တဲ့အတြက္ သင့္ကို ေျခာက္ေသြ႕ေနေစပါတယ္။

ဒီေခတ္ မိန္းမပ်ိဳေလးေတြ အမ်ားအျပားဟာ သူတို႕ရဲ့ ေအာက္ပိုင္းမွာ ရွင္းလင္းေနေတာ့မွ ပိုျပီးသန္႕ရွင္းတယ္လို႕ ယူဆတတ္ၾကပါတယ္။သန္႕ရွင္းတာမွန္ေပမယ့္ ရိတ္တာ၊ဖေရာင္းနဲ႕ ခြါတာေတြဟာလည္း ေဘးထြက္ဆိုးက်ိဳးေတြ ကိုယ္စီ ရွိၾကပါတယ္။ဆီးခံုေမႊးေတြဟာ အလြန္ႏုနယ္တဲ့ ေနရာကို ကာကြယ္ဖို႕အတြက္ သဘာဝအေလ်ာက္ ရွိေနတာပါ။သူတို႕ကို ဖယ္ရွားရွင္းလင္းလိုက္မယ္ဆိုရင္ သင္ဟာ ကိုယ့္တပ္ကို ျပန္နင္းသလို ျဖစ္သြားတာေၾကာင့္ လိင္မွတဆင့္ကူးစက္တဲ့ ေရာဂါေတြ၊အပူေလာင္တာေတြ၊အမာရြတ္ျဖစ္တာေတြ စတဲ့ အေျခအေနေတြနဲ႕ ေတြ႕ၾကံုဖို႕ အခြင့္အလမ္းပိုမ်ားသြားေစပါတယ္။

•ျမန္ျမန္ဆန္ဆန္လဲလွယ္ႏိုင္တာမ်ိဳးကို ေရြးပါ။
တကယ္လို႕ သင္ဟာ မာရသြန္ေျပးတာလိုမ်ိဳး အားကစားနည္းေတြအတြက္ ျပင္ဆင္ေနတာဆိုရင္ သင့္အေနနဲ႕ အတြင္းခံနဲ႕ပတ္သက္ျပီး ေသခ်ာစဥ္းစားေရြးခ်ယ္သင့္ပါတယ္။ဘာလို႕လဲဆိုေတာ့ အၾကာၾကီး ဝတ္ထားရမွာမို႕ပါ။ႏွစ္မိုင္ေလာက္အေရာက္မွာ နည္းနည္းေလာက္ ပြန္းရာေလးစ ျဖစ္လာရာက မိုင္၂၀ေလာက္ေရာက္တဲ့အခါမွာ အရည္ၾကည္ဖု အၾကီးၾကီး ျဖစ္ေနေလာက္ပါျပီ။ေရကူးတာလိုမ်ိဳး ေရနဲ႕ ပတ္သက္တဲ့ အားကစားနည္းေတြနဲ႕ ပတ္သက္ျပီးေျပာရရင္ အပူနဲ႕ စြတ္စိုမႈတို႕ဟာ သင့္ရဲ့ အိပ္မက္ဆိုးေတြပဲ ျဖစ္ပါတယ္။

ဒီ အပူနဲ႕ စြတ္စိုမႈတို႕ဟာ ဘက္တီးရီးယားေတြ ေပါက္ပြါးတာကို အားေပးလို႕ ဆီးလမ္းေၾကာင္းပိုးဝင္တာမ်ိဳး ျဖစ္ႏိုင္သလို yeast ပိုးကူးတာ ဒါမွမဟုတ္ bacterial vaginosis ဆိုတဲ့ ဘက္တီးရီးယားကူးစက္ေရာဂါျဖစ္တာေတြကိုလည္း ဖိတ္ေခၚႏိုင္ပါတယ္။သင့္အေနနဲ႕ အဝတ္စိုၾကီးဝတ္ျပီး အၾကာၾကီး ေနရမယ့္ အေနအထားမ်ိဳးမွာ ျပႆနာ ပိုတက္ပါလိမ့္မယ္။

ေရကူးျပီးရင္ စက္ဘီးေျပာင္းစီးရမယ့္ အေနအထားမ်ိဳး၊အားကစားမ်ိဳး ေဆာ့တဲ့အခါ ေအာက္ပိုင္းကို အျမန္လဲလွယ္လို႕ရမယ့္ အတြင္းခံမ်ိဳးကို ဦးစားေပး ေရြးခ်ယ္ေပးရပါမယ္။ ဒါဆိုရင္ ေရကူးျပီး စက္ဘီးမစီးခင္ ေအာက္ပိုင္းကို ေဘာင္းဘီ အေျခာက္နဲ႕ လဲလိုက္လို႕ရပါျပီ။လူအျမင္မွာ မသင့္ေတာ္စရာ အေနအထားမ်ိဳး ရွိေကာင္းရွိႏိုင္မွာ ျဖစ္ေပမယ့္ သင့္ကို yeast ပိုးကူးတာကေန ကာကြယ္ေပးပါလိမ့္မယ္။

ရာသီခ်ိန္ခါေရာက္လာရင္ ဓမၼတာလာေနတဲ့အခ်ိန္က်ရင္လည္း အတြင္းခံနဲ႕ ပတ္သက္ျပီး သိပ္အာ႐ံုေနာက္မေနပါနဲ႕။ဖြားဖြားတို႕ဝတ္တဲ့ အတြင္းခံၾကီးၾကီးေတြကိုသာ ဝတ္လိုက္ပါ။သင့္မွာ ေရြးခ်ယ္စရာေတြ တပံုတပင္ ရွိေနပါတယ္။တင္းနစ္႐ိုက္တဲ့ စကတ္ျဖဴျဖဴေလးေတြေတာ့ မဝတ္နဲ႕ေပါ့ေလ။Tampon သုံးတာနဲ႕ menstrual cup ခြက္ေလးေတြကို သုံးတာဟာ သင့္ကို ေနရတာ သက္ေတာင့္သက္သာ ရွိေစပါလိမ့္မယ္။ ဒါေပမယ့္ သင့္အတြက္ ေနလို႕ အဆင္ေျပဆုံးအရာက သင့္အတြက္ အေကာင္းဆုံး အရာပဲ ဆိုတာ သိထားရပါမယ္။

အနံ႕အသက္အတြက္လား။ ဒါေတြကို ေခါက္ထားလိုက္ပါ။ ေအာက္ပိုင္းမွာ အနံ့အသက္ေမႊးေနဖို႕လိုတယ္ဆိုတာ ယံုတမ္းစကားၾကီးပါ။ အမ်ိဳးသမီးေတြရဲ့ ေပါင္ျခံမွာ apocrine gland လို႕ေခၚတဲ့ ေခြၽး/အရည္ထုတ္ေပးတဲ့ ဂလင္းတမ်ိဳးရွိတဲ့အတြက္ အနံ႕အသက္ကေတာ့ အနည္းနဲ႕ အမ်ား ရွိမွာ သဘာဝပါပဲ။ ပံုမွန္တကိုယ္ရည္သန္႕ရွင္းေရးကို ဂ႐ုစိုက္ေနသမွ် ကာလပတ္လုံး အားလုံးေအးေဆးပါ။

ဆီးမထိန္းႏိုင္တာ ဆီးမထိန္းႏိုင္ဘဲ ထြက္က်တာဟာ ကေလးေမြးထားတဲ့ အမ်ိဳးသမီး အမ်ားအျပားမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေျခအေနတခုပဲ ျဖစ္ပါတယ္ (ကေလးမေမြးဖူးတဲ့ တခ်ိဳ႕ အမ်ိဳးသမီးေတြမွာေတာင္ ျဖစ္တတ္ပါေသးတယ္)။ ဒီေတာ့ လူၾကီးသုံး ဆီးခံေလးေတြကို သုံးႏိုင္ပါတယ္။ အားျပင္းျပင္းထန္ထန္သုံးလို႕ ဆီးထြက္က်တဲ့ အေသးအဖြဲ အေျခအေနမ်ိဳးမွာ Kegels ေလ့က်င့္ခန္းကို လုပ္ေပးတာက အေကာင္းဆုံးကာကြယ္မႈ နည္းစနစ္ျဖစ္ေပမယ့္ အေျခအေနပိုဆိုးလာျပီဆိုရင္ (ဆီးခံတထည္နဲ႕ မရတာ၊တေန့ကို ခဏခဏ ထြက္က်တာ) ကြၽမ္းက်င္တဲ့ ဆရာဝန္(ဆီးလမ္းေၾကာင္းဆိုင္ရာ)နဲ႕ ျပသျပီး ေဆြးေႏြးတိုင္ပင္ပါ။ေဟာ္မုန္းကို အသုံးျပဳျပီး ကုသတာမ်ိဳး ဒါမွမဟုတ္ ခြဲစိတ္ျပီး ကုသတာမ်ိဳးလုပ္ဖို႕ ဆရာဝန္က အၾကံေပးေကာင္းေပးပါလိမ့္မယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အတွင်းခံအကြောင်းက လူတွေအဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အတွင်းခံအကြောင်း သိသင့်တဲ့ အခြေခံ အချက်လေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက်တွေကတော့ သင့်ကို အံ့အားသင့်ကောင်း သင့်သွားစေမယ့် အတွင်းခံ အကြောင်းသိကောင်းစရာ အချက် ခုနှစ်ချက်ပဲ ဖြစ်ပါတယ်။

•ချွတ်မလား ဝတ်မလား။
ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။စွတ်စိုပူနွေးတဲ့ ပတ်ဝန်းကျင်ရေခံမြေခံဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား ဖြစ်ပါတယ်။ဒါကြောင့် သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက် အားကစားဘောင်းဘီအောက်မှာ အတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။

•တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။
အမျိုးသမီး အများစုဟာ အတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ဒါပေမယ့် ဒီအတွင်းခံ အမျိုးအစားတွေဟာ အရမ်းကျပ်ပြီး သင်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်နေချိန်မှာ သူတို့ဟာ သင့်အသားနဲ့ ရှေ့တိုးနောက်ဆုတ် ပွတ်တိုက်နေပါတယ်။ဒီလို ပွတ်တိုက်မှုတွေကရော ပူလှောင်မှုတွေကပါ သင့်ကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ယောနိထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။တကယ်တမ်းကျတော့ ဒီအတွင်းခံအမျိုးအစားဟာ ခန္ဓာကိုယ် အနောက်ပိုင်းတင်ပါးပိုင်းနဲ့ ယောနိ/ဆီးလမ်းကြောင်းတို့ အကြား ဘက်တီးရီးယားတွေ ပျော်ပျော်ပါးပါးကြီးသွားလို့ရအောင် ရွှေလမ်းငွေလမ်းဖောက်ပေးထားသလို ဖြစ်စေပါတယ်။ဒါကြောင့် ဒီအတွင်းခံ အမျိုးအစားကို ရဲရဲကြီး နိုးလို့ ပြောလိုက်ပါ။

•ဇာကွက်လေးတွေကိုလည်း ရှောင်ပါ။
ပိုးထည်လို အသားမျိုးဟာ ပိတ်လွန်းသလို ဇာကွက်လေးတွေကလည်း သင့်ကို တချိန်လုံး ပွတ်တိုက်နေမှာဖြစ်တဲ့အတွက် ရောင်ရမ်းလာနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့အတွက် အကောင်းဆုံး အတွင်းခံဟာ ပိတ်မနေသင့်ပါဖူး(ဥပမာ ချည်သားလေးပေါ့)။ဒါပေမယ့် ခေတ်ပေါ်ဒီဇိုင်းတွေက အဓိကအားဖြင့် သင့်ကိုခြောက်သွေ့သန့်ရှင်းနေဖို့ကို အဓိကထားပါတယ်။တာဝေးပြေးတာလိုမျိုးအတွက်ဆိုရင် မပွန်းတဲ့ (ချုပ်ရိုးခပ်ပြားပြားတွေပါတဲ့) အတွင်းခံမျိုးကို ရွေးချယ်ပါ။လေ့ကျင့်ခန်းလုပ်ဖို့အတွက် အထူးထုတ်ထားတဲ့ အသားတွေဟာ ရိုးရိုးချည်သားထက် ပိုပြီးကောင်းပါတယ်။အားကစားလုပ်ရင် ဝတ်ရတဲ့ ကိုယ်ကျပ်ဝတ်စုံဟာ ဆွဲဆန့်လို့ရနိုင်ပြီး စက်ဘီးစီးတာလို၊ပြေးတာလို အားကစားရုံအပြင်မှာ လုပ်ရတဲ့ အားကစားနည်းတွေအတွက် အထူးအကျိုးရှိပါတယ်။သူတို့ဟာ တခြားချည်သားတွေထက် ချွေးကိုလည်း ပိုပြီးမြန်မြန် စုပ်ယူနိုင်တဲ့အတွက် သင့်ကို ခြောက်သွေ့နေစေပါတယ်။

ဒီခေတ် မိန်းမပျိုလေးတွေ အများအပြားဟာ သူတို့ရဲ့ အောက်ပိုင်းမှာ ရှင်းလင်းနေတော့မှ ပိုပြီးသန့်ရှင်းတယ်လို့ ယူဆတတ်ကြပါတယ်။သန့်ရှင်းတာမှန်ပေမယ့် ရိတ်တာ၊ဖရောင်းနဲ့ ခွါတာတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။ဆီးခုံမွှေးတွေဟာ အလွန်နုနယ်တဲ့ နေရာကို ကာကွယ်ဖို့အတွက် သဘာဝအလျောက် ရှိနေတာပါ။သူတို့ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် သင်ဟာ ကိုယ့်တပ်ကို ပြန်နင်းသလို ဖြစ်သွားတာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊အပူလောင်တာတွေ၊အမာရွတ်ဖြစ်တာတွေ စတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံဖို့ အခွင့်အလမ်းပိုများသွားစေပါတယ်။

•မြန်မြန်ဆန်ဆန်လဲလှယ်နိုင်တာမျိုးကို ရွေးပါ။
တကယ်လို့ သင်ဟာ မာရသွန်ပြေးတာလိုမျိုး အားကစားနည်းတွေအတွက် ပြင်ဆင်နေတာဆိုရင် သင့်အနေနဲ့ အတွင်းခံနဲ့ပတ်သက်ပြီး သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ဘာလို့လဲဆိုတော့ အကြာကြီး ဝတ်ထားရမှာမို့ပါ။နှစ်မိုင်လောက်အရောက်မှာ နည်းနည်းလောက် ပွန်းရာလေးစ ဖြစ်လာရာက မိုင်၂၀လောက်ရောက်တဲ့အခါမှာ အရည်ကြည်ဖု အကြီးကြီး ဖြစ်နေလောက်ပါပြီ။ရေကူးတာလိုမျိုး ရေနဲ့ ပတ်သက်တဲ့ အားကစားနည်းတွေနဲ့ ပတ်သက်ပြီးပြောရရင် အပူနဲ့ စွတ်စိုမှုတို့ဟာ သင့်ရဲ့ အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။

ဒီ အပူနဲ့ စွတ်စိုမှုတို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွါးတာကို အားပေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်သလို yeast ပိုးကူးတာ ဒါမှမဟုတ် bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။သင့်အနေနဲ့ အဝတ်စိုကြီးဝတ်ပြီး အကြာကြီး နေရမယ့် အနေအထားမျိုးမှာ ပြဿနာ ပိုတက်ပါလိမ့်မယ်။

ရေကူးပြီးရင် စက်ဘီးပြောင်းစီးရမယ့် အနေအထားမျိုး၊အားကစားမျိုး ဆော့တဲ့အခါ အောက်ပိုင်းကို အမြန်လဲလှယ်လို့ရမယ့် အတွင်းခံမျိုးကို ဦးစားပေး ရွေးချယ်ပေးရပါမယ်။ ဒါဆိုရင် ရေကူးပြီး စက်ဘီးမစီးခင် အောက်ပိုင်းကို ဘောင်းဘီ အခြောက်နဲ့ လဲလိုက်လို့ရပါပြီ။လူအမြင်မှာ မသင့်တော်စရာ အနေအထားမျိုး ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် သင့်ကို yeast ပိုးကူးတာကနေ ကာကွယ်ပေးပါလိမ့်မယ်။

ရာသီချိန်ခါရောက်လာရင် ဓမ္မတာလာနေတဲ့အချိန်ကျရင်လည်း အတွင်းခံနဲ့ ပတ်သက်ပြီး သိပ်အာရုံနောက်မနေပါနဲ့။ဖွားဖွားတို့ဝတ်တဲ့ အတွင်းခံကြီးကြီးတွေကိုသာ ဝတ်လိုက်ပါ။သင့်မှာ ရွေးချယ်စရာတွေ တပုံတပင် ရှိနေပါတယ်။တင်းနစ်ရိုက်တဲ့ စကတ်ဖြူဖြူလေးတွေတော့ မဝတ်နဲ့ပေါ့လေ။Tampon သုံးတာနဲ့ menstrual cup ခွက်လေးတွေကို သုံးတာဟာ သင့်ကို နေရတာ သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် နေလို့ အဆင်ပြေဆုံးအရာက သင့်အတွက် အကောင်းဆုံး အရာပဲ ဆိုတာ သိထားရပါမယ်။

အနံ့အသက်အတွက်လား။ ဒါတွေကို ခေါက်ထားလိုက်ပါ။ အောက်ပိုင်းမှာ အနံ့အသက်မွှေးနေဖို့လိုတယ်ဆိုတာ ယုံတမ်းစကားကြီးပါ။ အမျိုးသမီးတွေရဲ့ ပေါင်ခြံမှာ apocrine gland လို့ခေါ်တဲ့ ချွေး/အရည်ထုတ်ပေးတဲ့ ဂလင်းတမျိုးရှိတဲ့အတွက် အနံ့အသက်ကတော့ အနည်းနဲ့ အများ ရှိမှာ သဘာဝပါပဲ။ ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်နေသမျှ ကာလပတ်လုံး အားလုံးအေးဆေးပါ။

ဆီးမထိန်းနိုင်တာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ ကလေးမွေးထားတဲ့ အမျိုးသမီး အများအပြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ် (ကလေးမမွေးဖူးတဲ့ တချို့ အမျိုးသမီးတွေမှာတောင် ဖြစ်တတ်ပါသေးတယ်)။ ဒီတော့ လူကြီးသုံး ဆီးခံလေးတွေကို သုံးနိုင်ပါတယ်။ အားပြင်းပြင်းထန်ထန်သုံးလို့ ဆီးထွက်ကျတဲ့ အသေးအဖွဲ အခြေအနေမျိုးမှာ Kegels လေ့ကျင့်ခန်းကို လုပ်ပေးတာက အကောင်းဆုံးကာကွယ်မှု နည်းစနစ်ဖြစ်ပေမယ့် အခြေအနေပိုဆိုးလာပြီဆိုရင် (ဆီးခံတထည်နဲ့ မရတာ၊တနေ့ကို ခဏခဏ ထွက်ကျတာ) ကျွမ်းကျင်တဲ့ ဆရာဝန်(ဆီးလမ်းကြောင်းဆိုင်ရာ)နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်ပါ။ဟော်မုန်းကို အသုံးပြုပြီး ကုသတာမျိုး ဒါမှမဟုတ် ခွဲစိတ်ပြီး ကုသတာမျိုးလုပ်ဖို့ ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top