iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းေလးေတြၾကည့္ၿပီး ကၽြန္မတို႔ေတြ အမ်ားအားျဖင့္ေျပာတတ္ၾကတာက ႏႈတ္ခမ္းပါးရင္ ႏႈတ္သြက္တယ္၊ ႏႈတ္ခမ္းထူရင္ စကားနည္းတယ္ဆိုၿပီး ျဖစ္ပါတယ္။ ေသခ်ာၾကည့္လိုက္မွ လူအမ်ိဳးမ်ိဳး ႏႈတ္ခမ္းပံုစံ အမ်ိဳးမ်ိဳးပါပဲေနာ္။

ကိုယ့္ရဲ႕ ႏႈတ္ခမ္းပံုစံကို ၾကည့္ၿပီး ကိုယ့္အေၾကာင္းကိုအနည္းငယ္ေလာက္ ဖတ္ၾကည့္လိုက္ရေအာင္။

၁။ ႏႈတ္ခမ္းထူထူ

ႏႈတ္ခမ္းသာထူထူ ပိုင္ရွင္ေတြကေတာ့ ႏူးညံ့တဲ့ ႏွလံုးသားပိုင္ရွင္ေတြျဖစ္ပါတယ္။ တျခားသူကို အၿမဲတမ္း ကူညီတတ္တယ္။ တိရစၦာန္ေလးေတြိုခ်စ္တတ္တယ္။ ဒါေပမယ့္ စိတ္ဓာတ္ခိုင္မာတယ္။ တျခားသူကိုလည္း ကူညီႏိုင္စြမ္းရွိတယ္။ တျခားသူရဲ႕ အခက္အခဲကိုလည္း အၿမဲတမ္း စဥ္းစားေပးတတ္တယ္။ သင္ဟာ မိဘေကာင္းတစ္ေယာက္ျဖစ္မယ့္သူပါ။

၂။ အေပၚႏႈတ္ခမ္းပိုႀကီးတဲ့ သူေတြ

သူတို႔က ရိုးရွင္းၿပီး က်က္သေရရွိတယ္။ ဒါေပမယ့္ အရမ္းခံစားတတ္တယ္။ ထက္ျမက္တယ္။ ဒါေပမယ့္ သူတို႔ကို စိတ္နာေအာင္ေတာ့ သြားမလုပ္မိေစနဲ႔။

၃။ ေအာက္ႏႈတ္ခမ္းက အေပၚထက္ ပိုႀကီးတဲ့သူေတြ

သူတို႕ေတြက ခ်စ္တတ္တယ္။ ေပ်ာ္တတ္တယ္။ စြန္႕စားလိုစိတ္ရွိတယ္။ ရံုးမွာ ေအးေဆးထိုင္ေနရတဲ ့အလုပ္ေတြကို ပ်င္းရိတတ္တယ္။ ေနရာသစ္ေတြကိုခရီးသြားဖို႔ စိတ္ဝင္စားတယ္။ သူငယ္ခ်င္းအသစ္ေတြကို စိတ္ဝင္စားတယ္။ သမာရိုးက်ေနစဥ္ဘဝကို ညည္းေငြ႕တတ္တယ္။ ဒါေပမယ့္ သူတို႕ေတြဟာ ေခါင္းေဆာင္ေကာင္းေတြျဖစ္ၿပီး တျခားသူကိုလည္း ဦးေဆာင္ႏိုင္တယ္။

၄။ အေပၚေအာက္ ႏႈတ္ခမ္းတူတဲ့သူေတြ (သို႕) သာမန္ႏႈတ္ခမ္း

အေပၚေအာက္ ႏႈတ္ခမ္း အထူအပါးတူတဲ့သူေတြကေတာ့ Common Sense ဆိုတဲ့ ဆဌမအာရံုရွိတယ္။ သူတို႔ရဲ႕ စိတ္က မွ်တတယ္။ အခက္အခဲ ျပႆနာေတြကိုလည္း ေျဖရွင္းႏိုင္သူေတြျဖစ္တယ္။ တျခားသူေျပာတာကိုလည္း နားေထာင္ေပးတတ္သူျဖစ္တယ္။ ဟာသဥာဏ္လည္းရွိသူေတြျဖစ္ၿပီး ရယ္ေမာရတာကို ႀကိဳက္ႏွစ္သက္သူျဖစ္ပါတယ္။

၅။ ႏႈတ္ခမ္းပါးပါး

ႏႈတ္ခမ္းပါးပါးပိုင္ရွင္ေတြက သီးသန္႕ေနရတာ ႀကိဳက္သူေတြပါ။ ဒါေပမယ့္ တျခားသူေတြကို ေလးစားမႈရွိတယ္။ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ကိုလည္း သူတို႔ တန္ဖိုးထားတယ္။ မိမိကိုယ္ကို ယံုၾကည္မႈရွိတယ္။ သူတို႔ရဲ႕ ျပႆနာေတြကိုလည္း သူတို႔ကိုယ္ပိုင္နည္းလမ္းနဲ႔ ေျဖရွင္းႏိုင္တယ္။ ႏႈတ္ခမ္းပါးတဲ့သူေတြဟာ အေဖာ္မလိုပါဘူး။ သူတို႔ဘာသာ သူတို႕ တကိုယ္တည္းလည္း ေပ်ာ္ေနတတ္သူေတြပါ။

၆။ အေပၚႏႈတ္ခမ္းပံု V ပံုစံရွိသူေတြ

သူတို႕ေတြက တီထြင္ႀကံဆမႈေကာင္းတယ္။ အႏုပညာရွင္ေကာင္းေတြျဖစ္တယ္။ မွတ္ဥာဏ္ေကာင္းၿပီး လူတစ္ေယာက္၇ဲ႕ မ်က္ႏွာ နဲ႔ နာမည္ကို အခ်ိန္အၾကာႀကီး မွတ္မိေနတတ္တယ္။ ဆိုရွယ္က်တယ္။ လုပ္ငန္းခြင္မွာ ေအာင္ျမင္တယ္။

၇။ အေပၚႏႈတ္ခမ္းပံု ဝိုင္းဝိုင္း

သူတို႕ေတြက Sensitive ျဖစ္တဲ့ လူမ်ိဳးေတြပါ။ ဒါေပမယ့္ ၾကင္နာတတ္တယ္။ သူတို႔ရဲ႕ ဆံုးျဖတ္ခ်က္နဲပ တျခားသူရဲ႕ ျပႆနာကို ေျဖရွင္းေပးဖို႕ ႀကိဳးစားတတ္သူျဖစ္တယ္။ ကမၻာပတ္ရတာ သေဘာက်တယ္။

၈။ အေပၚႏႈတ္ခမ္းပံုမရွိတဲ့သူေတြ

သူတို႕က သူတို႕ရဲ႕ အလုပ္ကို ၿပီးေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သိတယ္။ Deadline ေတြေပးရင္လည္း ေအးေဆး ၿပီးေအာင္၊မီွေအာင္လုပ္ႏိုင္တယ္။ မျဖစ္ႏိုင္တာကိုေတာင္ ျဖစ္ႏိုင္တယ္ဆိုၿပီး အားတင္တတ္သူေတြျဖစ္တယ္။ အားကိုးရသူျဖစ္တယ္။ မိသားစု၊ မိတ္ေဆြ၊ သူငယ္ခ်င္းေတြက သူတို႕ေတြကို အားကိုလးို႔ရတယ္။ အလုပ္ကို အခ်ိန္မွန္ၿပီးတယ္။ ၿပီးေတာ့ အရည္အေသြးလည္းေကာင္တးယ္။

၉။ ႏႈတ္ခမ္းဖူးဖူး

သူတို႕ေတြက သူတို႔ရဲ႕ ေပ်ာ္ရႊင္မႈ စိတ္ေက်နပ္မႈကို ဦးစားေပးသူေတြျဖစ္တယ္။ ဒါေပမယ့္ ႏႈတ္ခမ္းဖူသူေတြ အားလံုးေတာ့မဟုတ္ပါဘူး။ ကိုယ္ခ်င္းစာစိတ္ရွိတယ္။ ကတိတည္တယ္။ တျခားသူကိုလည္း ကူညီတတ္သူေတြပါ။

၁၀။ အေပၚႏႈတ္ခမ္းပါးသူေတြ

အေပၚႏႈတ္ခမ္းပါးသူေတြက စစ္မွန္တဲ့ေခါင္းေဆာင္ေတြပါ။ စည္းရံုးအားေကာင္းတယ္။ တျခားသူရဲ႕ ျပႆနာေတြကိုေရာ သူတို႔ရဲ႕ ျပႆနာေတြကိုပါ ေျဖရွင္းႏိုင္တာောကာင့္ ေအာင္ျမင္တယ္။ အခ်စ္ေရးမွာေတာ့ သိပ္ကံမေကာင္းတတ္ဘူး။

ကိုယ့္ရဲ႕ ႏႈတ္ခမ္းပံုေကာ ဘယ္အထဲမွာ ပါဝင္မလဲ။ တိုက္ဆိုင္မႈေတြရွိရင္လည္းတစ္ခုခု ေျပာခဲ့ပါဦး။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှုတ်ခမ်းလေးတွေကြည့်ပြီး ကျွန်မတို့တွေ အများအားဖြင့်ပြောတတ်ကြတာက နှုတ်ခမ်းပါးရင် နှုတ်သွက်တယ်၊ နှုတ်ခမ်းထူရင် စကားနည်းတယ်ဆိုပြီး ဖြစ်ပါတယ်။ သေချာကြည့်လိုက်မှ လူအမျိုးမျိုး နှုတ်ခမ်းပုံစံ အမျိုးမျိုးပါပဲနော်။

ကိုယ့်ရဲ့ နှုတ်ခမ်းပုံစံကို ကြည့်ပြီး ကိုယ့်အကြောင်းကိုအနည်းငယ်လောက် ဖတ်ကြည့်လိုက်ရအောင်။

၁။ နှုတ်ခမ်းထူထူ

နှုတ်ခမ်းသာထူထူ ပိုင်ရှင်တွေကတော့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်ပါတယ်။ တခြားသူကို အမြဲတမ်း ကူညီတတ်တယ်။ တိရစ္ဆာန်လေးတွေိုချစ်တတ်တယ်။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတယ်။ တခြားသူကိုလည်း ကူညီနိုင်စွမ်းရှိတယ်။ တခြားသူရဲ့ အခက်အခဲကိုလည်း အမြဲတမ်း စဉ်းစားပေးတတ်တယ်။ သင်ဟာ မိဘကောင်းတစ်ယောက်ဖြစ်မယ့်သူပါ။

၂။ အပေါ်နှုတ်ခမ်းပိုကြီးတဲ့ သူတွေ

သူတို့က ရိုးရှင်းပြီး ကျက်သရေရှိတယ်။ ဒါပေမယ့် အရမ်းခံစားတတ်တယ်။ ထက်မြက်တယ်။ ဒါပေမယ့် သူတို့ကို စိတ်နာအောင်တော့ သွားမလုပ်မိစေနဲ့။

၃။ အောက်နှုတ်ခမ်းက အပေါ်ထက် ပိုကြီးတဲ့သူတွေ

သူတို့တွေက ချစ်တတ်တယ်။ ပျော်တတ်တယ်။ စွန့်စားလိုစိတ်ရှိတယ်။ ရုံးမှာ အေးဆေးထိုင်နေရတဲ့အလုပ်တွေကို ပျင်းရိတတ်တယ်။ နေရာသစ်တွေကိုခရီးသွားဖို့ စိတ်ဝင်စားတယ်။ သူငယ်ချင်းအသစ်တွေကို စိတ်ဝင်စားတယ်။ သမာရိုးကျနေစဉ်ဘဝကို ညည်းငွေ့တတ်တယ်။ ဒါပေမယ့် သူတို့တွေဟာ ခေါင်းဆောင်ကောင်းတွေဖြစ်ပြီး တခြားသူကိုလည်း ဦးဆောင်နိုင်တယ်။

၄။ အပေါ်အောက် နှုတ်ခမ်းတူတဲ့သူတွေ (သို့) သာမန်နှုတ်ခမ်း

အပေါ်အောက် နှုတ်ခမ်း အထူအပါးတူတဲ့သူတွေကတော့ Common Sense ဆိုတဲ့ ဆဌမအာရုံရှိတယ်။ သူတို့ရဲ့ စိတ်က မျှတတယ်။ အခက်အခဲ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်သူတွေဖြစ်တယ်။ တခြားသူပြောတာကိုလည်း နားထောင်ပေးတတ်သူဖြစ်တယ်။ ဟာသဉာဏ်လည်းရှိသူတွေဖြစ်ပြီး ရယ်မောရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။

၅။ နှုတ်ခမ်းပါးပါး

နှုတ်ခမ်းပါးပါးပိုင်ရှင်တွေက သီးသန့်နေရတာ ကြိုက်သူတွေပါ။ ဒါပေမယ့် တခြားသူတွေကို လေးစားမှုရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ကိုလည်း သူတို့ တန်ဖိုးထားတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိတယ်။ သူတို့ရဲ့ ပြဿနာတွေကိုလည်း သူတို့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်။ နှုတ်ခမ်းပါးတဲ့သူတွေဟာ အဖော်မလိုပါဘူး။ သူတို့ဘာသာ သူတို့ တကိုယ်တည်းလည်း ပျော်နေတတ်သူတွေပါ။

၆။ အပေါ်နှုတ်ခမ်းပုံ V ပုံစံရှိသူတွေ

သူတို့တွေက တီထွင်ကြံဆမှုကောင်းတယ်။ အနုပညာရှင်ကောင်းတွေဖြစ်တယ်။ မှတ်ဉာဏ်ကောင်းပြီး လူတစ်ယောက်ရဲ့ မျက်နှာ နဲ့ နာမည်ကို အချိန်အကြာကြီး မှတ်မိနေတတ်တယ်။ ဆိုရှယ်ကျတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်တယ်။

၇။ အပေါ်နှုတ်ခမ်းပုံ ဝိုင်းဝိုင်း

သူတို့တွေက Sensitive ဖြစ်တဲ့ လူမျိုးတွေပါ။ ဒါပေမယ့် ကြင်နာတတ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲပ တခြားသူရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားတတ်သူဖြစ်တယ်။ ကမ္ဘာပတ်ရတာ သဘောကျတယ်။

၈။ အပေါ်နှုတ်ခမ်းပုံမရှိတဲ့သူတွေ

သူတို့က သူတို့ရဲ့ အလုပ်ကို ပြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ Deadline တွေပေးရင်လည်း အေးဆေး ပြီးအောင်၊မှီအောင်လုပ်နိုင်တယ်။ မဖြစ်နိုင်တာကိုတောင် ဖြစ်နိုင်တယ်ဆိုပြီး အားတင်တတ်သူတွေဖြစ်တယ်။ အားကိုးရသူဖြစ်တယ်။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေက သူတို့တွေကို အားကိုလးို့ရတယ်။ အလုပ်ကို အချိန်မှန်ပြီးတယ်။ ပြီးတော့ အရည်အသွေးလည်းကောင်တးယ်။

၉။ နှုတ်ခမ်းဖူးဖူး

သူတို့တွေက သူတို့ရဲ့ ပျော်ရွှင်မှု စိတ်ကျေနပ်မှုကို ဦးစားပေးသူတွေဖြစ်တယ်။ ဒါပေမယ့် နှုတ်ခမ်းဖူသူတွေ အားလုံးတော့မဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်ရှိတယ်။ ကတိတည်တယ်။ တခြားသူကိုလည်း ကူညီတတ်သူတွေပါ။

၁၀။ အပေါ်နှုတ်ခမ်းပါးသူတွေ

အပေါ်နှုတ်ခမ်းပါးသူတွေက စစ်မှန်တဲ့ခေါင်းဆောင်တွေပါ။ စည်းရုံးအားကောင်းတယ်။ တခြားသူရဲ့ ပြဿနာတွေကိုရော သူတို့ရဲ့ ပြဿနာတွေကိုပါ ဖြေရှင်းနိုင်တာောကာင့် အောင်မြင်တယ်။ အချစ်ရေးမှာတော့ သိပ်ကံမကောင်းတတ်ဘူး။

ကိုယ့်ရဲ့ နှုတ်ခမ်းပုံကော ဘယ်အထဲမှာ ပါဝင်မလဲ။ တိုက်ဆိုင်မှုတွေရှိရင်လည်းတစ်ခုခု ပြောခဲ့ပါဦး။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top