iMyanmarHouse.com - Best Property Website for Myanmar
×

အစပိုင္းမွာ မသိသာေပမဲ့ ေနာက္ပိုင္းမွာေတာ့ ဒီအရာေတြ မရတာေၾကာင့္ ျပႆနာ ျဖစ္လာႏုိင္ပါတယ္။ႏွစ္ဦးသားခ်စ္မိျပီဆိုရင္ အမ်ိဳးသား ေတြ လက္တြဲေဖာ္ ဆီက ေမွ်ာ္လင့္တဲ့အရာမ်ိဳးေတြ ရွိပါတယ္။ စစတြဲခ်င္းမွာ ဒီအရာေတြမရလို႔ ဘာမွ မျဖစ္ေပမဲ့ အခ်ိန္ၾကာလာရင္ေတာ့ ျပႆနာ ရွိလာႏုိင္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္မေဝးႏုိင္တဲ့အခါ ႏွစ္ဦးသား ျပႆနာ က တအံု႔ေႏြးေႏြး ျဖစ္ေနတတ္ပါတယ္။ ဒီ့အတြက္ ေယဘုယ်အားျဖင့္ ေယာက်ာ္း တစ္ေယာက္ ေမွ်ာ္လင့္တတ္တာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁ – ေလးစားမႈ
ေလးစားမႈ နဲ႔ လူ အထင္ၾကီးခံခ်င္တာမ်ိဳးမဟုတ္ပါဘူး။ အမ်ိဳးသား ေတြဟာ သူတို ႔လက္တြဲေဖာ္ က ေလးစားတဲ့အျပဳအမူမ်ိဳးျပတဲ့အခါ အဆုိပါ ေလးစားမႈ ကို ေလးနက္တဲ့အခ်စ္အျဖစ္ မွတ္ယူေလ့ရွိၾကတာ ျဖစ္ပါတယ္။ ဒီလိုေလးစားမႈ မျပႏုိင္ရင္ေတာင္ သူတို႔အေလးအနက္ထားတဲ့အရာေတြ၊ သူတို႔ေန႔စဥ္ပတ္သက္ေနတဲ့ အရာေတြကို အထင္ေသးတဲ့ အျပဳအမူ မ်ိဳး မျပပါနဲ႔။ ဒီ အျပဳအမူ ေတြဟာ စခ်စ္တဲ့အခ်ိန္ေတြမွာ မသိသာေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒုကၡ ေပးလာပါလိမ့္မယ္။

၂ – ခ်ီးက်ဴးမႈ
ပါးစပ္ ကေန ေတာ္တယ္၊ တတ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မဟုတ္ပါဘူး။ သူတို႔လုပ္ရပ္ေၾကာင့္ သင္ေပ်ာ္ရႊင္ရတယ္၊ သင္ႏွစ္သက္ သေဘာက် ရတယ္ဆိုတာမ်ိဳး သူ႔ဘက္က သိရုံပါပဲ။ ရုပ္ပိုင္းဆုိင္ရာေတြထက္ ညဏပိုင္းဆုိင္ရာကိစၥေတြမွာ ပိုမို အေလးေပး ဂရုျပဳသင့္ပါတယ္။

၃ – စိတ္ပိုင္းဆုိင္ရာ ရင္းႏွီးမႈ
ႏွစ္ေတြၾကာလာတာနဲ႔ စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈ ကို လိုခ်င္ပါတယ္။ စိတ္ပိုင္းဆုိင္ရာ ရင္းႏွီးမႈ ဆိုတာ ထုတ္ေဖာ္ေျပာျပဖို႔ ခက္ေပမဲ့ တစ္ဦးကို တစ္ဦး နားလည္တာမ်ိဳး ျဖစ္ပါတယ္။ ဘယ္သူမွ နားမလည္ႏုိင္တဲ့ ပံုစံမ်ိဳးနဲ႔ တစ္ဦးကိုတစ္ဦး နားလည္ ေနတာမ်ိဳး ျဖစ္ပါတယ္။

၄ – ကိုယ္ပိုင္ အခ်ိန္
တစ္ဦးနဲ႔ တစ္ဦး ဘယ္ေလာက္ပဲ ခ်စ္ပါေစ ကိုယ္ပိုင္ အခ်ိန္ ကိုေတာ့ ေတာင့္တၾကပါတယ္။ သူငယ္ခ်င္း ေတြနဲ႔ အခ်ိန္ျဖဳန္းခ်င္တာ၊ တစ္ေယာက္တည္းေနခ်င္တာ၊ ကိုယ္ႏွစ္သက္တဲ့ ဝါသနာတစ္ခုလုပ္ေနခ်င္တာ စတဲ့ပုဂၢလိက အခ်ိန္ေလးေတြ ရွိပါတယ္။ ဒါမ်ိဳးေတြ ေပ်ာက္ဆံုးတာမ်ိဳးေၾကာင့္ ႏွစ္ဦးသားဆက္ဆံေရးကို စိတ္ညစ္လာႏုိင္ပါတယ္။

၅ – ရုပ္ပိုင္းဆုိင္ရာ
လက္ေတြ႕က်က် ေျပာရရင္ေတာ့ ရုပ္ပိုင္းဆုိင္ရာ ထိေတြ႕မႈ ကိုလည္း အမ်ိဳးသား ေတြ လိုခ်င္ပါတယ္။

၆ – လံုျခံဳမႈ
အခ်ိန္ၾကာလာတဲ့အခါ ဘယ္သူ႔ကိုမွ မတုိင္ပင္တာေတြ တုိင္ပင္ပါမယ္၊ ဘယ္သူ႔ကိုမွ မေျပာတာေတြ ေျပာျပပါမယ္။ ဒီလိုျဖစ္လာတာဟာ သူတို႔တြဲေနတဲ့ မိန္းကေလး က သူတို႔အတြက္ အလံုျခံဳဆံုးပုဂၢိဳလ္လို႔ ခံစားရတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလုိ လံုျခံဳမႈ မ်ိဳး မရတဲ့အခါ အဆိုပါဆက္ဆံေရးဟာ အခ်ိန္ၾကာတဲ့အခါ နီးလ်က္နဲ႔ ေဝးသလို ျဖစ္လာပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသား တွေ လက်တွဲဖော် ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။ စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသား ပြဿနာ က တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် ယေဘုယျအားဖြင့် ယောကျာ်း တစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ – လေးစားမှု
လေးစားမှု နဲ့ လူ အထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။ အမျိုးသား တွေဟာ သူတို့လက်တွဲဖော် က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါ အဆိုပါ လေးစားမှု ကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီလိုလေးစားမှု မပြနိုင်ရင်တောင် သူတို့အလေးအနက်ထားတဲ့အရာတွေ၊ သူတို့နေ့စဉ်ပတ်သက်နေတဲ့ အရာတွေကို အထင်သေးတဲ့ အပြုအမူ မျိုး မပြပါနဲ့။ ဒီ အပြုအမူ တွေဟာ စချစ်တဲ့အချိန်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခ ပေးလာပါလိမ့်မယ်။

၂ – ချီးကျူးမှု
ပါးစပ် ကနေ တော်တယ်၊ တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူး။ သူတို့လုပ်ရပ်ကြောင့် သင်ပျော်ရွှင်ရတယ်၊ သင်နှစ်သက် သဘောကျ ရတယ်ဆိုတာမျိုး သူ့ဘက်က သိရုံပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေထက် ညဏပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမို အလေးပေး ဂရုပြုသင့်ပါတယ်။

၃ – စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု
နှစ်တွေကြာလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကို လိုချင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ဆိုတာ ထုတ်ဖော်ပြောပြဖို့ ခက်ပေမဲ့ တစ်ဦးကို တစ်ဦး နားလည်တာမျိုး ဖြစ်ပါတယ်။ ဘယ်သူမှ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ တစ်ဦးကိုတစ်ဦး နားလည် နေတာမျိုး ဖြစ်ပါတယ်။

၄ – ကိုယ်ပိုင် အချိန်
တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ ကိုယ်ပိုင် အချိန် ကိုတော့ တောင့်တကြပါတယ်။ သူငယ်ချင်း တွေနဲ့ အချိန်ဖြုန်းချင်တာ၊ တစ်ယောက်တည်းနေချင်တာ၊ ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုလုပ်နေချင်တာ စတဲ့ပုဂ္ဂလိက အချိန်လေးတွေ ရှိပါတယ်။ ဒါမျိုးတွေ ပျောက်ဆုံးတာမျိုးကြောင့် နှစ်ဦးသားဆက်ဆံရေးကို စိတ်ညစ်လာနိုင်ပါတယ်။

၅ – ရုပ်ပိုင်းဆိုင်ရာ
လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ကိုလည်း အမျိုးသား တွေ လိုချင်ပါတယ်။

၆ – လုံခြုံမှု
အချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှ မတိုင်ပင်တာတွေ တိုင်ပင်ပါမယ်၊ ဘယ်သူ့ကိုမှ မပြောတာတွေ ပြောပြပါမယ်။ ဒီလိုဖြစ်လာတာဟာ သူတို့တွဲနေတဲ့ မိန်းကလေး က သူတို့အတွက် အလုံခြုံဆုံးပုဂ္ဂိုလ်လို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။ ဒီလို လုံခြုံမှု မျိုး မရတဲ့အခါ အဆိုပါဆက်ဆံရေးဟာ အချိန်ကြာတဲ့အခါ နီးလျက်နဲ့ ဝေးသလို ဖြစ်လာပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top