iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္ျဖဴမ်ားသည္ ထူးျခားေသခ်ာသည့္အနံ႕ႏွင့္ အရသာကိုေပးစြမ္းႏိုင္ၿပီး အဆိုးဆံုးမွာ စားသံုးလုိက္ၿပီးသည့္ေနာက္ ၂၄ နာရီမွ ၄၈ နာရီအထိ အဆုတ္ထဲတြင္ ႀကက္သြန္ျဖဴ၏အနံ႕က တ၀ဲ၀ဲလည္ေနျခင္းပဲျဖစ္ပါတယ္။ ထုိ႕အျပင္ စားသံုးဖို႕ရန္ဦးစြာျပင္ဆင္ရသည့္အတြက္ေႀကာင့္ လက္တြင္လညး္ အနံ႕စြဲက်န္ရန္ႏိုင္ပါတယ္။ သို႕ေသာ္လည္း ႀကက္သြန္ျဖဴတြင္ အာဟာရဓာတ္မ်ားႏွင့္ က်န္းမာေရးဆိုင္ရာေကာင္းက်ိဳးမ်ား ေပါင္းစပ္ပါ၀င္ေသာေႀကာင့္ မစားသံုးဘဲလည္း မေနႏိုင္ႀကပါဘူး။ ထုိ႕ေႀကာင့္ စြဲက်န္ေနေသာႀကက္သြန္ျဖဴ၏အနံ႕ကို ေပ်ာက္ကင္းေအာင္လုပ္ေဆာင္ႏိုင္မည့္ လြယ္ကူသက္သာနည္းလမ္းေကာင္းေလးမ်ားရွိသျဖင့္ ျပန္လည္မွ်ေ၀ေပးလုိက္ရပါတယ္။

၁။ ပန္းသီး

ပန္းသီးတြင္ပါ၀င္သည့္ဓာတ္ျပဳတတ္ေသာအန္ဇိုင္းမ်ားသည္ ႀကက္သြန္ျဖဴအနံ႕ႏွင့္ အာခံတြင္းနံ႕ကို အာနိသင္ပ်က္ျပယ္သြားေစႏိုင္ပါတယ္။ သိပၸံပညာရွင္မ်ား၏ေျပာႀကားခ်က္မ်ားအရ ပန္းသီးစားသံုးျခင္းသည္ အာခံတြင္း၌ႀကက္သြန္ျဖဴအနံ႕စြဲက်န္ေနျခင္းကို သက္သာေစႏိုင္ပါတယ္။

၂။ နုိ႕

ႀကက္သြန္ျဖဴစားသံုးေနစဥ္အတြင္း နုိ႕ေသာက္သံုးေပးျခင္းသည္ အနံ႕စြဲက်န္မႈကို ထိထိေရာက္ေရာက္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

၃။ ပူစီနံ

ပူစီနံတြင္ပါ၀င္သည့္ ကလိုရိုဖီးလ္သည္ ႀကက္သြန္ျဖဴအနံ႕ကို ဖံုးလႊမ္းေစရံုသာမက ဘတ္တီးရီးယားမ်ားေႀကာင့္ ျဖစ္ေပၚလာသည့္ ခံတြင္းနံ႕ဆိုးရြားမႈကိုပါ သက္သာေစပါတယ္။ ပူစီနံအရြက္မ်ားကို လက္ျဖင့္ဖိေခ်ျခငး္ျဖင့္လညး္ လက္တြင္စြဲက်န္ေနေသာ ႀကက္သြန္ျဖဴအနံ႕ကို ဖယ္ရွားေပးႏိုင္ပါတယ္။

၄။ တရုတ္နံနံ

ပူစီနံနည္းတူ ႀကက္သြန္ျဖဴခံတြင္းနံ႕ကိုတိုက္ထုတ္ေပးၿပီး လက္တြင္က်န္ရွိေနသည့္အနံ႕ကို ဖယ္ရွားရန္ကူညီေပးႏုိင္သည့္ ဟင္းခတ္အေမႊးအႀကိဳင္တစ္ခုပဲျဖစ္ပါတယ္။

၅။ သံပုရိုသီး

အခ်ဥ္ဓာတ္အက္စစ္ရွိေသာေႀကာင့္ ႀကက္သြန္ျဖဴမွထုတ္လႊတ္လုိက္သည့္ အန္ဇိုင္းမ်ားကိုေပ်ာက္ကင္းေစကာ ႀကက္သြန္ျဖဴအနံ႕စြဲက်န္မေနေစေအာင္လည္း ကူညီေပးမွာျဖစ္ပါတယ္။

၆။ မုန္႕ဖုတ္ေပါင္ဒါ

အနံ႕ဆုိးမ်ားကို ဖယ္ရွားရန္အတြက္ စိတ္ခ်လက္ခ်အသံုးျပဳႏုိင္သည့္ မီးဖိုေခ်ာင္အမယ္တစ္မ်ိဳးျဖစ္ပါတယ္။ ပါးစပ္သာမက လက္ေပၚရွိႀကက္သြန္ျဖဴအနံ႕ကို ရွင္းလင္းေပးၿပီး ဘတ္တီးရီးယားေပါက္ဖြားမႈကို ဟန္႕တားေပးပါတယ္။ မုန္႕ဖုတ္ေပါင္ဒါႏွင့္ ပင္လယ္ဆားကို ေရေႏြးတစ္ခြက္ထဲထည့္ေမႊကာ တစ္ႀကိမ္ သို႕မဟုတ္ ႏွစ္ႀကိမ္ ပလုပ္က်င္းေပးႏုိင္ပါတယ္။

၇။ သြားတိုက္ေဆး


ႀကက္သြန္ျဖဴအနံ႕ကို ေပ်ာက္ကင္းေစမည့္ အိမ္တြင္းနည္းလမ္းတစ္မ်ိဳးျဖစ္ပါတယ္။ ႀကက္သြန္ျဖဴပါ၀င္ေသာ အစားအေသာက္မ်ားကို စားသံုးၿပီးေနာက္ သြားတိုက္ေပးျခင္းက အလ်င္အျမန္ေပ်ာက္ကင္းေစႏုိင္ပါတယ္။ လက္ေပၚတြင္ သြားတိုက္ေဆးအနည္းငယ္တင္ၿပီး ပြတ္သပ္ၿပီး ဆပ္ျပာျဖင့္ေဆးေႀကာသန္႕စင္ေပးႏုိင္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်သွန်ဖြူများသည် ထူးခြားသေချာသည့်အနံ့နှင့် အရသာကိုပေးစွမ်းနိုင်ပြီး အဆိုးဆုံးမှာ စားသုံးလိုက်ပြီးသည့်နောက် ၂၄ နာရီမှ ၄၈ နာရီအထိ အဆုတ်ထဲတွင် ကြက်သွန်ဖြူ၏အနံ့က တဝဲ၀ဲလည်နေခြင်းပဲဖြစ်ပါတယ်။ ထို့အပြင် စားသုံးဖို့ရန်ဦးစွာပြင်ဆင်ရသည့်အတွက်ကြောင့် လက်တွင်လည်း အနံ့စွဲကျန်ရန်နိုင်ပါတယ်။ သို့သော်လည်း ကြက်သွန်ဖြူတွင် အာဟာရဓာတ်များနှင့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ ပေါင်းစပ်ပါဝင်သောကြောင့် မစားသုံးဘဲလည်း မနေနိုင်ကြပါဘူး။ ထို့ကြောင့် စွဲကျန်နေသောကြက်သွန်ဖြူ၏အနံ့ကို ပျောက်ကင်းအောင်လုပ်ဆောင်နိုင်မည့် လွယ်ကူသက်သာနည်းလမ်းကောင်းလေးများရှိသဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ ပန်းသီး

ပန်းသီးတွင်ပါဝင်သည့်ဓာတ်ပြုတတ်သောအန်ဇိုင်းများသည် ကြက်သွန်ဖြူအနံ့နှင့် အာခံတွင်းနံ့ကို အာနိသင်ပျက်ပြယ်သွားစေနိုင်ပါတယ်။ သိပ္ပံပညာရှင်များ၏ပြောကြားချက်များအရ ပန်းသီးစားသုံးခြင်းသည် အာခံတွင်း၌ကြက်သွန်ဖြူအနံ့စွဲကျန်နေခြင်းကို သက်သာစေနိုင်ပါတယ်။

၂။ နို့

ကြက်သွန်ဖြူစားသုံးနေစဉ်အတွင်း နို့သောက်သုံးပေးခြင်းသည် အနံ့စွဲကျန်မှုကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။

၃။ ပူစီနံ

ပူစီနံတွင်ပါဝင်သည့် ကလိုရိုဖီးလ်သည် ကြက်သွန်ဖြူအနံ့ကို ဖုံးလွှမ်းစေရုံသာမက ဘတ်တီးရီးယားများကြောင့် ဖြစ်ပေါ်လာသည့် ခံတွင်းနံ့ဆိုးရွားမှုကိုပါ သက်သာစေပါတယ်။ ပူစီနံအရွက်များကို လက်ဖြင့်ဖိချေခြင်းဖြင့်လည်း လက်တွင်စွဲကျန်နေသော ကြက်သွန်ဖြူအနံ့ကို ဖယ်ရှားပေးနိုင်ပါတယ်။

၄။ တရုတ်နံနံ

ပူစီနံနည်းတူ ကြက်သွန်ဖြူခံတွင်းနံ့ကိုတိုက်ထုတ်ပေးပြီး လက်တွင်ကျန်ရှိနေသည့်အနံ့ကို ဖယ်ရှားရန်ကူညီပေးနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခုပဲဖြစ်ပါတယ်။

၅။ သံပုရိုသီး

အချဉ်ဓာတ်အက်စစ်ရှိသောကြောင့် ကြက်သွန်ဖြူမှထုတ်လွှတ်လိုက်သည့် အန်ဇိုင်းများကိုပျောက်ကင်းစေကာ ကြက်သွန်ဖြူအနံ့စွဲကျန်မနေစေအောင်လည်း ကူညီပေးမှာဖြစ်ပါတယ်။

၆။ မုန့်ဖုတ်ပေါင်ဒါ

အနံ့ဆိုးများကို ဖယ်ရှားရန်အတွက် စိတ်ချလက်ချအသုံးပြုနိုင်သည့် မီးဖိုချောင်အမယ်တစ်မျိုးဖြစ်ပါတယ်။ ပါးစပ်သာမက လက်ပေါ်ရှိကြက်သွန်ဖြူအနံ့ကို ရှင်းလင်းပေးပြီး ဘတ်တီးရီးယားပေါက်ဖွားမှုကို ဟန့်တားပေးပါတယ်။ မုန့်ဖုတ်ပေါင်ဒါနှင့် ပင်လယ်ဆားကို ရေနွေးတစ်ခွက်ထဲထည့်မွှေကာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပလုပ်ကျင်းပေးနိုင်ပါတယ်။

၇။ သွားတိုက်ဆေး


ကြက်သွန်ဖြူအနံ့ကို ပျောက်ကင်းစေမည့် အိမ်တွင်းနည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူပါဝင်သော အစားအသောက်များကို စားသုံးပြီးနောက် သွားတိုက်ပေးခြင်းက အလျင်အမြန်ပျောက်ကင်းစေနိုင်ပါတယ်။ လက်ပေါ်တွင် သွားတိုက်ဆေးအနည်းငယ်တင်ပြီး ပွတ်သပ်ပြီး ဆပ်ပြာဖြင့်ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top