iMyanmarHouse.com - Best Property Website for Myanmar
×
မေးခွန်း
Credit : ChelmoTeam
ငယ်တုန်းကတော့ လက်ထပ်ချင်တယ်ဆိုတာ အိမ်မက်တခုလိုပါ။
အသက်ရလာသည်နှင့်အမျှ ဘယ်အချိန်မှာ လက်ထပ်ရမလဲဆိုတာကို တွေးပူလာမိပြီပေါ့။လက်ထပ်တယ်ဆိုတာ ချက်ချင်းဆိုသလို ဖြစ်လာတဲ့အရာတော့မဟုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေကို ကျော်လွှားပြီးတော့မှာ ဖြစ်လာတာပါ။
ကဲကိုယ်တွေမှာတော့ လက်ထပ်ဖို့ရန်အတွက် ဘာတွေကို ကျော်ဖြတ်ဖို့ရန် လိုသလဲဆိုတာကို အောက်ကမေးခွန်းလေးတွေကို ဖြေကြည့်လိုက်ရင် အဖြေပေါ်လာမှာပါ။
မေးခွန်း
လေးစားရတဲ့ အထက်အရာရှိတစ်ယောက်ကနေ ပြသာနာကို ဖြေရှင်းဖို့ရန် လိုအပ်တဲ့အဖြေမဟုတ်ပဲ မှားနေတဲ့အဖြေတွေကို ပြောနေတာကို ဘယ်လိုမြင်သလဲ။
A. ဟုတ်ကဲ့ လို့ သူပြောတာကို လက်ခံလိုက်မယ်။
B. ဆရာပြောတာတွေ မှားနေတယ်ဆိုတဲ့အကြောင်းကို ပြောပြမယ်။
C. အလိုက်သင့်လေးနေပြီး ပြုံးပြလိုက်မယ်။
D. မသိချင်ယောင်ဆောင်ပြီး၊ အနောက်ကျမှ အတင်းပြောမယ်။
အဖြေကို ဘာရွေးလိုက်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
ဒီနေရာမှာ ကိုယ်က ဘယ်လိုအခက်အခဲတွေနဲ့ကြုံလွယ်သလဲဆိုတာကို သိနိုင်သလို၊ လက်ထပ်ဖို့ဘယ်လောက်လိုသေးသလဲဆိုတာကို သိလာမှာပါ။
A. ဟုတ်ကဲ့ လို့ သူပြောတာကို လက်ခံလိုက်မယ်ဆိုရင် ..... သူနဲ့ချစ်သူတွေဖြစ်ပင်မယ့်လည်း လက်ထပ်တဲ့အထိတော့ မရောက်နိုင်ပါ။
အထက်အရာရှိပြောတာကို အေးအေးဆေးဆေးနားထောင်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိသူပါ။ ဒါကြောင့် ချစ်သူရှိပင်မယ့်လည်း သူနဲ့လက်ထပ်မယ်လို့ မဆုံးဖြတ်နိုင်ဖူးဖြစ်နေတော့ နောက်ဆုံးအချိန်မှာတော့ သူနဲ့လက်တွဲဖြုတ်လိုက်လိမ့်မယ်။သူနဲ့ဆိုရင် လက်ထပ်မယ်လို့ ဆုံးဖြတ်ထားတဲ့သူနဲ့ ရေစက်ဆုံဖို့ရန်သာ အရေးကြီးပါလိမ့်မယ်။
B. ဆရာပြောတာတွေ မှားနေတယ်ဆိုတဲ့အကြောင်းကို ပြောပြမယ် .... မိဘတွေက လက်ထပ်မယ်ဆိုတာကို သဘောမတူပါ။
အထက်လူကြီးကို ပြန်ပြောနိုင်သူဖြစ်တာကြောင့် ရိုးသားသူတစ်ယောက်ပါ။ ဒါကြောင့်လည်း လောကကြီးမှာ အနေမတတ်တော့ ဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ရမှာပါ။ မိဘတွေကလည်း အမြဲစိတ်ပူနေလိမ့်မယ်။ ကိုယ့်ရဲ့ချစ်သူကို မိဘတွေနဲ့ မိတ်ဆက်ပေးချိန်မှာ ချစ်တာတခုတည်းနဲ့တော့ အိမ်ထောင်ရေးက အဆင်ပြေမှာ မဟုတ်လို့ မိဘတွေက ဝေဖန်လိမ့်မယ်။ မိဘတွေ ရင်အေးအောင် ပြောနိုင်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။
C. အလိုက်သင့်လေးနေပြီး ပြုံးပြလိုက်မယ် .... လက်ထပ်ဖို့ရန် ပိုက်ဆံမလောက်ဖြစ်နေလိမ့်မယ်။
သူကတော့ အားကိုးရမယ့်သူတော့ မဟုတ်ပါ။ လက်ထပ်မယ်ဆိုတဲ့အချိန်ရောက်တော့ ပိုက်ဆံမလိုလောက်တော့ အခက်ကြုံရမှာပေါ့။ လူပျို၊အပျို ဘဝမှာ ကိုယ်ကြိုက်သလိုသုံးခဲ့တာကြောင့် ဘဏ်စာအုပ်ထဲမှာ ဘာမှမရှိ။ နေရာသစ်လေးလည်း မနေနိုင်သလို၊ ဘာမှကို မလုပ်နိုင်တဲ့အတွက် စိတ်ညစ်ရမှာပါ။ ပိုက်ဆံစုပါ။
D. မသိချင်ယောင်ဆောင်ပြီး၊ အနောက်ကျမှ အတင်းပြောမယ်။ .... ကိုယ့်ရည်မှန်းထားသူက မပေါ်လာဖြစ်နေလိမ့်မယ်။
လူကြီးနောက်မှာ အတင်းပြောနေသူကတော့ ကိုယ်လိုချင်တာတွေက မပြည့်စုံဖြစ်နေတယ်လို့တွေးနေပါတယ်။ လက်ထပ်ရမယ့်သူက လှရမယ်၊ချောရမယ်၊ ဝင်ငွေလည်းကောင်းရမယ်၊ ကြင်နာသူလည်း ဖြစ်ရမယ် စသည်ဖြင့် အမှတ်ပေးစည်မျဉ်းတွေကများတော့ သူနဲ့ကိုက်မယ့်သူကတော့ ပေါ်လာမှာ မဟုတ်ပါ။ လက်တွေ့ဘဝနဲ့ အဆင်ပြေအောင် တွေးကြည့်ပါ။
လက်ထပ်တယ်ဆိုတာက လွယ်လွယ်နဲ့တော့ မပြီးပြတ်နိုင်ပါ။ အခက်အခဲတွေကို ကျော်လွှားပြီးတော့မှ လက်တွဲရတာ ဓမ္မတာပါ။
Credit : ChelmoTeam
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top