iMyanmarHouse.com - Best Property Website for Myanmar
×

ဇန္နဝါရီ ၃၁ရက္ သ႐ုပ္ေဆာင္လြင္မိုးက ေကာင္ေလးတစ္ေယာက္နဲ႔ တြဲ႐ုိက္ခဲ့တဲ့ ငယ္ငယ္က ဓာတ္ပံုေဟာင္း ၂ ပံုကို သူ႕ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ တင္ခဲ့ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာက သူ႔ေဘးကေကာင္ေလးဟာ အခု အားလံုးသိေနၾကတဲ့သ႐ုပ္ေဆာင္မင္းသမီးတစ္ဦးရဲ႕ ခင္ပြန္းျဖစ္ေနတာပါပဲ။ လြင္မိုးက ဓာတ္ပံုေလးတင္ၿပီးေတာ့ ယခုလုိ စာသားေလးကိုလည္း ေရးသားထားပါေသးတယ္။

“၂၀၀၃ ခုႏွစ္ကပုဂံ bbb စားေသာက္ဆိုင္မွာ ဓာတ္ပံု တဲြ ရိုက္ခဲ့တဲ့ ခေလးအရြယ္လူငယ္တစ္ဦးဟာယေန႔ စီးပြားေရးလုပ္ငန္းရွင္ႀကီးျဖစ္လို႔စ္” ဆိုၿပီး ေျပာထားပါတယ္။

လြင္မိုးနဲ႕အတူ တြဲရိုက္ထားတဲ့ ေကာင္ေလးက ပရိသတ္ေတြအားေပးမႈ ရရွိထားတဲ့ မိုးယုစံရဲ႕ ခင္ပြန္း စြမ္းသူမိုးပဲ ျဖစ္ပါတယ္။ လြင္မိုးတင္ထားတဲ့ ဓာတ္ပံုေလးေတြကို အမွတ္တမဲ့ ၾကည့္ရင္ေတာ့ ဘယ္သူမွန္း မသိရေပမယ့္ ေသခ်ာၾကည့္ရင္ေတာ့ စြမ္းသူမိုးမွန္း သိသာပါတယ္။ စြမ္းသူမိုးရဲ႕ ပံုေလးကေတာ့ ငယ္ရုပ္မေပ်ာက္ဘူးလို႕ ေျပာရမွာပါပဲ။

စြမ္းသူမိုးဟာ မိုးယုစံတို႕ဟာ ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလမွာ အိမ္ေထာင္က်ခဲ့တာ ျဖစ္ပါတယ္။ စုလ်ားရစ္ပတ္ လက္ထပ္ ထိမ္းျမား မဂၤလာပြဲ ကိုလည္း ေအာက္တိုဘာ၂၉ရက္က Melia ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ၿပီး မဂၤလာညစာစားပြဲကိုေတာ့ ေအာက္တိုဘာ(၃၁)ရက္ေန႕က ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။ မိုး ယုစံတို႕ ဇနီးေမာင္ႏံွရဲ႕ မဂၤလာပြဲေတြက ေတာ့ ပရိသတ္ေတြအားက်ခဲ့ရတဲ့ ပြဲတစ္ပြဲလည္း ျဖစ္ပါတယ္။

Photo : လြင္မိုး FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဇန်နဝါရီ ၃၁ရက် သရုပ်ဆောင်လွင်မိုးက ကောင်လေးတစ်ယောက်နဲ့ တွဲရိုက်ခဲ့တဲ့ ငယ်ငယ်က ဓာတ်ပုံဟောင်း ၂ ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက သူ့ဘေးကကောင်လေးဟာ အခု အားလုံးသိနေကြတဲ့သရုပ်ဆောင်မင်းသမီးတစ်ဦးရဲ့ ခင်ပွန်းဖြစ်နေတာပါပဲ။ လွင်မိုးက ဓာတ်ပုံလေးတင်ပြီးတော့ ယခုလို စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

“၂၀၀၃ ခုနှစ်ကပုဂံ bbb စားသောက်ဆိုင်မှာ ဓာတ်ပုံ တွဲ ရိုက်ခဲ့တဲ့ ခလေးအရွယ်လူငယ်တစ်ဦးဟာယနေ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လို့စ်” ဆိုပြီး ပြောထားပါတယ်။

လွင်မိုးနဲ့အတူ တွဲရိုက်ထားတဲ့ ကောင်လေးက ပရိသတ်တွေအားပေးမှု ရရှိထားတဲ့ မိုးယုစံရဲ့ ခင်ပွန်း စွမ်းသူမိုးပဲ ဖြစ်ပါတယ်။ လွင်မိုးတင်ထားတဲ့ ဓာတ်ပုံလေးတွေကို အမှတ်တမဲ့ ကြည့်ရင်တော့ ဘယ်သူမှန်း မသိရပေမယ့် သေချာကြည့်ရင်တော့ စွမ်းသူမိုးမှန်း သိသာပါတယ်။ စွမ်းသူမိုးရဲ့ ပုံလေးကတော့ ငယ်ရုပ်မပျောက်ဘူးလို့ ပြောရမှာပါပဲ။

စွမ်းသူမိုးဟာ မိုးယုစံတို့ဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပါတယ်။ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : လွင်မိုး FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top