iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Eleven

ပရိသတ်တွေသိကြတဲ့အတိုင်း ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာသတင်းကတော့ လက်တလောအရမ်းကို ဂယက်ထနေတဲ့ သတင်းပုဒ်ပဲဖြစ်ပါတယ်။သူမှန်တယ်ငါမှန်တယ်ဆိုတဲ့ ငြင်းခုန်မှုတွေရဲ့နဲ့ အမျိုးသမီးထုကြီးနဲ့ ဗေဒင်ဆရာကြား အပြန်အလှန်တရားစွဲဆိုမှု တွေရှိနေပါတယ်။ အဲ့ဒီဂယက်နဲ့ပတ်သတ်ပြီး ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင်ဒိန်းဒေါင် ရဲ့ သမီးချောလေး ဒိန်းပိုပိုဒေါင်ကလည်း သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပတ်သက်ပြီး ဖွင့်ဟလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလ သူမ(၁၀)တန်းကျောင်းသူဘဝက အဆိုပါ ဗေဒင်ဆရာအောင်ချစ်ပို ဆီမှာ သူမရဲ့သူငယ်ချင်းဖြစ်သူနဲ့အတူ သွားရောက် ဗေဒင်မေးဖူးပါတယ်။အခုအွန်လိုင်းမှာ ပျံနှံနေတဲ့အတိုင်း အဖော်ပါ လာသူကို အပြင်ထွက်ခိုင်းပြီး သူမတစ်ယောက်တည်းကို ဗေဒင်ဟောပေးမယ်လို့ ဆိုပါတယ်။ စာမေးပွဲ အောင် ချင်ရင် လူချစ်လူခင်ပေါချင်ရင်ဆိုပြီး အဆောင်တစ်ခုအနေနဲ့ သူမရဲ့ရင်ဘတ်ကြား အဲ့ဒီရွှေရောင်ရုပ်ထု အဆောင်လေး ထည့်ရမယ်လို့ဆိုပါတယ်။ မထည့်လို့ မရဘူးလား ဆိုတော့ မရဘူးပြောပြီး ဆရာကိုယ်တိုင် ထည့်ပေးမှ စွမ်းမယ်လို့ ပြောခဲ့တယ်လို့ သူမကပြောပြပါတယ်။အဲ့ဒီနောက်မှာတော့ သူမကို အယုံသွင်းခဲ့ပြီး သူမရဲ့ရင်ဘတ်နေရာကို ဆီမန်း ထပ်လိမ်းရပေးခဲ့ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဗေဒင်ဆရာက သူမှန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တရားပြန်စွဲဆိုတာတွေ ရှိနေတော့ အမျိုးသမီးတွေ ဘက်ကမခံမရပ်နိုင်ဖြစ်ကာ အခုလိုဖွင့်ဟပြောပြလာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။သူမကို တရားစွဲဆိုရင် လည်း ဒီထက်ဆိုးတဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောပြပြီး ပြန်လည်တရားရင်ဆိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုတရားစွဲဆိုခံနေရတဲ့ အမျိုးသမီးတွေဘက်ကလည်း ရပ်တည်ပေးသွားမှာဖြစ်ပြီး သူမအနေနဲ့ လည်း အခုပြောပြခဲ့တဲ့တွေဟာ လုံးဝမှန်ကန်ကြောင်း မိန်းကလေးတစ်ယောက်ရဲ့သိက္ခာတွေ အဖေဖြစ်သူ ဦးဒိန်းဒေါင်ရဲ့ သိက္ခာတွေအကျခံပြီး လိမ်ညာပြောဆို မှာ မဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။

သတင်းအရင်းအမြစ် – ဒိန်းပိုပိုဒေါင်(REF – Eleven)

Credit : Eleven

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top