iMyanmarHouse.com - Best Property Website for Myanmar
×





ယခုလေ့ကျင့်ခန်းဟာ ပေါင်တံ၊ ဒူးခေါင်းတို့ရဲ့ အရှေ့ပိုင်းရှိ ကြွက်သားများကို ကျစ်လျစ်စေဖို့ကူညီပေးမှာဖြစ်ပါတယ်။










Credit : My Style

မိန်းကလေးအများစုဟာ အချိန်ကုန်လူပင်ပန်းဖြစ်စေတဲ့ လေ့ကျင့်ခန်းလုပ်ရတာကို မနှစ်သက်ကြပါဘူး။ ဒါပေမယ့်လည်း အစားလျှော့စားတာထက် လေ့ကျင့်ခန်းလုပ်တာက ပိုမိုထိရောက်တာကြောင့် ကြိုးစားလုပ်ဖို့ Admin ကတိုက်တွန်းချင်ပါတယ်နော်။

ဒါကြောင့် Admin နည်းတူ ခြေထောက်လေးတွေ သေးသွယ်ဖို့ဆန္ဒရှိတဲ့ မိန်းကလေးပရိတ်သတ်များအတွက် ဟောလီးဝုဒ်မှ အနုပညာရှင်များကို လေ့ကျင့်ပေးနေတဲ့ Tracy Anderson ရဲ့ နည်းလမ်းလေးတွေကို ပြန်လည်ဝေမျှလိုပါတယ်။

လေ့ကျင့်ခန်းတစ်ခုစီရဲ့ ကြာမြင့်ချိန်ဟာ သုံးမိနစ်သာဖြစ်ပြီး ညအိပ်ရာမဝင်ခင် လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်စက်နိုင်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း နံပါတ်တစ်

ယခုလေ့ကျင့်ခန်းဟာ ပေါင်တံ၊ ဒူးခေါင်းတိို့ရဲ့ အရှေ့ပိုင်းရှိ ကြွက်သားများကို ကျစ်လျစ်စေဖို့ကူညီပေးမှာဖြစ်ပါတယ်။

ပက်လက်လှန်၍ လက်နှစ်ဖက်ကိုဘေးသို့ဆန့်ထုတ်ကာ ခြေထောက်နှစ်ချောင်းကို ၉၀ ဒီဂရီမြှောက်ထားပါ။ ပြီးလျှင် တင်ပါးနှင့်ထိအောင် ခြေထောက်တစ်ချောင်းစီကို ကွေးပေးပြီး ပြန်ဆန့်သည့်အခါမှာလည်း ဖြောင့်တန်းနေအောင် ထားပေးပါ။

လေ့ကျင့်ခန်းလုပ်နေစဉ်အချိန်မှာ ဒူးခေါင်းနှစ်ဖက်စလုံး ပူးကပ်နေဖို့လိုအပ်ပါတယ်။ ခြေထောက်တစ်ဖက်ကို ဆယ်ကြိမ်လုပ်ဆောင်ပေးပါ။

လေ့ကျင့်ခန်းနံပါတ်နှစ်

ပေါင်တံ၊ ဒူးခေါင်တို့ရဲ့ အနောက်ပိုင်းရှိကြွက်သားများအတွက် လေ့ကျင့်ခန်းတစ်ခုပါ။ လေ့ကျင့်ခန်းနံပါတ်တစ်လိုကဲ့သို့ ပက်လက်လှန်၊ လက်ဘေးကား၊ ခြေထောက်မြှောက်ကာ ဒူးနှစ်ဖက်ကပ်ပေးပြီး ဆယ်ကြိမ်လုပ်ဆောင်ပေးပါ။

ဒုတိယအနေနဲ့ ခြေထောက်မြှောက်လျက်နှင့် ၇၅ ဒီဂရီရောက်အောင် ဆန့်ထုတ်ပေးပါ။ ပြီးလျှင် ဒူးခေါင်းကိုအတန်ငယ်ကွေးပေးပြီး ခြေထောက်နှစ်ဖက်လုံးကို အပေါ်အောက် လွှဲယမ်းပေးပါ။

အကြိမ်နှစ်ဆယ်ခန့်လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းနံပါတ်သုံး

ခြေထောက်၊ ကြွက်သား၊ တင်နှင့် ပေါင်တံအတွင်းပိုင်းကို အချိုးအစားပြေပြစ်စေနိုင်ဖို့ ကူညီပေးမှာပါ။ ထုံးစံအတိုင်း ပက်လက်လှန်၊ လက်နှစ်ဖက်ဘေးဆန့်ပြီး ခြေထောက်မြှောက်ထားပါ။ ပြီးလျှင် ညာဖက်ခြေထောက်ကို ဘယ်ဖက်ခြေထောက်အပေါ်အနေအထားနှင့် ကန့်လန့်ဖြတ်လိုက်ပါ။ ခြေထောက်ကြွက်သားများကို တင်းထားပြီး တဖက်နှင့်တဖက် ကပ်နေအောင်သတိထားပါ။

ခြေထောက်ယှက်လျက်နှင့်ပင် ဒူးခေါင်းများကို ကွေးလိုက် ဆန့်လိုက်လုပ်ပေးပါ။ ဘယ်ဖက်ပေါ်ညာခြေတင်ပြီး ဆယ်ကြိမ်ကြာအောင်လုပ်ဆောင်ပြီးလျှင် ညာခြေပေါ်ဘယ်ခြေပြန်တင်ကာ ပုံစံတူလုပ်ဆောင်ပေးပါ။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top