iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Duwun

 အမေရိကက ပြန်လာတာ တစ်လတောင်မပြည့်သေးတဲ့ ရဲမင်းပိုင်ဟာ ဇာတ်ကားတွေ စတင်ရိုက်ကူးနေပြီဖြစ်ပြီး မကြာမီမှာပဲ အေးမြတ်သူနဲ့အတူ ဇာတ်ကားတစ်ကား ထပ်ရိုက်တော့မှာ ဖြစ်ပါတယ်။

ဇာတ်ကားနာမည်က "စိန်ခေါ်နေတဲ့စိတ်" ဖြစ်ပြီး ဗီဒီယိုကားဖြစ်ကြောင်း ရဲမင်းပိုင်က သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ကြေညာခဲ့ပါတယ်။

"ညီမလေး အေးမြတ်သူနဲ့ လက်တွဲပြီး စိန်ခေါ်နေတဲ့စိတ် ဗီဒီယို ဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ခင်မင်သူတွေအတွက်" လို့ ရဲမင်းပိုင်က ရေးသားထားတာပါ။

ရဲမင်းပိုင်က ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာဂျိုးနဲ့ အတူ သူ့ရဲ့ ပရိသတ်တွေအတွက် "ရဲမင်းပိုင်ပြန်လာပြီ'' ဆိုတဲ့ ဇာတ်လမ်းတို ကိုလည်း ရိုက်ကူးနေပါတယ်။

'' အခုလောလောဆယ်တော့ ပရိသတ်တွေက အရမ်းတောင်းဆိုကြတဲ့အတွက် Short Film လေးပေါ့နော်။ ပရိသတ်ကို ပြန်လည်ဖြည့်ဆည်း ပေးချင်တဲ့ ဆန္ဒနဲ့ ရဲမင်းပိုင်ပြန်လာပြီဆိုတဲ့ ပုံစံလေးနဲ့ ရိုက်နေပါတယ်။ ကျွန်တော်တို့က အက်ရှင်ဒရာမာကို ဦးစားပေးတယ်၊ ပရိသတ်တွေ က လည်း အက်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေက လိုလားတောင့်တနေတဲ့အချိန်မှာ ဇာတ်ကားကောင်းတွေကိုပဲ ပရိသတ်အရှေ့ကို ချပြသွား မှာပါ'' လို့ ရဲမင်းပိုင်ရဲ့ မန်နေဂျာ ကိုစိုင်းလုံက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖြေကြားခဲ့ပါတယ်။

ရဲမင်းပိုင်ပြန်လာပြီဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ ရဲမင်းပိုင်နဲ့ အတူ စိုင်းလုံ၊ ထင်ကျော်၊ လူကြမ်းသရုပ်ဆောင် ဆွိ နဲ့အတူ သိုင်းသင်တန်းကျောင်း က သင်တန်းသားတွေလည်း ပါဝင်ထားကြတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာဂျိုးက ရိုက်ကူးပုံဖော်နေတာပါ။

ရဲမင်းပိုင်ဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ရဲမင်းပိုင်ဟာ မြန်မာပြည်နဲ့ ၁၄ နှစ်ကြာ ခွဲခွာနေခဲ့တာဖြစ်ပြီး ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖို့ ခင်မင်သူတွေ၊ ပရိသတ်တွေက  တောင်းဆိုတာကြောင့် ပြန်လာခဲ့တာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top