iMyanmarHouse.com - Best Property Website for Myanmar
×

စစ္မထုတ္ရေသးတဲ့ အမွန္စင္စစ္ ပန္းသီးရွာလကာရည္သည္ က်န္းမာေရးအတြက္ သက္ေစာင့္ေဆးတစ္ခုဟုပင္ေခၚႏုိင္ေလာက္သည့္ အစြမ္းထက္အမ်ိဳးအမယ္တစ္ခုျဖစ္ပါတယ္။ အမ်ိဳးမ်ိဳးေသာေရာဂါမ်ား၊ အေျခအေနမ်ားကို သဘာ၀အတုိင္း ထိန္းခ်ဳပ္၊စီမံ၊ကုသေပးရန္အတြက္လည္း အသံုးျပဳႏိုင္ပါတယ္။

ဖ်ားနာျခင္းတုိ႕ကို ကုသရန္သာမက စစ္မထုတ္ရေသးတဲ့ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရတစ္ခြက္နဲ႕ေရာၿပီး ေန႕စဥ္ေသာက္သံုးေပးျခင္းကလည္း ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစၿပီး တကိုယ္လံုးက်န္းမာေရးကို ျမွင့္တင္ေပးပါတယ္။ ဒါ့အျပင္ ေက်ာ့ရွင္းလွပတဲ့ဆံေကသာ၊အသားအေရ အထူးသျဖင့္ ၀က္ၿခံဖယ္ရွားရန္အတြက္ အသံုးျပဳေပးႏုိင္ပါတယ္။

ဒါေႀကာင့္ ဒီလိုေကာင္းက်ိဳးေတြ အလြန္မ်ားျပားတဲ့ ပန္းသီးရွာလကာရည္ကို ေစ်းကြက္ထဲမွာ အလြယ္တကူရွာေတြ႕ႏိုင္ေသာ္လည္း အိမ္လုပ္ကယံုႀကည္စိတ္ခ်ရဆံုးမို႕လို႕ နည္းလမ္းေလးကို ေဖာ္ျပေပးလုိက္ရပါတယ္။

ပါ၀င္ပစၥည္းမ်ား

ပန္းသီး – ၆ လံုး

သႀကား – ခြက္ ေလးပံုတစ္ပံု

ဇစ္ပိတ္အိတ္ – ၁ လံုး

စစ္ၿပီးသားေရ

အ၀တ္ပါးအရွည္တစ္ထည္

ျပင္ဆင္ပံုမ်ား

၁။ ပန္းသီးမ်ားကိုေရေဆးၿပီး အေနေတာ္အရြယ္စားလွီးေပးပါ။

၂။ အ၀က်ယ္ ကရားအႀကီးတစ္လံုးထဲတြင္ ပန္းသီးမ်ားကိုထည့္ၿပီး နစ္သည္အထိ သႀကားရည္ေလာင္းထည့္ေပးပါ။

၃။ ေရထည့္ထားတဲ့ ဇစ္ပိတ္အိတ္ကို ပန္းသီးမ်ားအေပၚတြင္တင္ေပးပါ။

၄။ ကရားကို အ၀တ္ႏွင့္ဖံုး၊ သေရပင္ႏွင့္စည္းေပးကာ ေအးျမေမွာင္မိုက္တဲ့ေနရာမွာထားၿပီး အခ်ဥ္ေဖာက္ပါ။

၅။ အခ်ဥ္ေဖာက္ေနခ်ိန္ကို ၁၄ ရက္တစ္ႀကိမ္၊ ၂၈ ရက္ႀကာတစ္ႀကိမ္ မွန္မွန္ႀကည့္ရႈစစ္ေဆးပါ။

၆။ ရက္ေပါင္း ၇၀ ႀကာျမင့္ၿပီးရင္ ကရားကိုသိမ္းထားရာမွထုတ္ၿပီး ပန္းသီးစိတ္မ်ား ေအာက္ေျခနစ္သြားၿပီဆိုရင္ အခ်ဥ္ေဖာက္တာျပည့္စံုသြားပါၿပီ။

အ၀တ္ကိုဖယ္လုိက္ၿပီး အျမဳပ္ထေနတယ္ဆိုရင္ ရွာလကာရည္စစ္ထုတ္ရမွာပါ။ ညွပ္ျဖင့္ဇစ္ပိတ္အိတ္ကိုဖယ္လိုက္ၿပီး ေနာက္ထပ္အ၀တ္အုပ္ထားတဲ့ ကရားေပၚသို႕ျဖည္းျဖည္းခ်င္းေလာင္းခ်ပါ။

ၿပီးရင္ အ၀တ္အသစ္ႏွင့္ဖံုးေပးၿပီး ပန္းသီးရွာလကာရည္ျပဳလုပ္ရန္ ေအးျမေမွာင္မုိက္တဲ့ေနရာမွာ သိမ္းဆည္းေပးပါ။

၇။ ေနာက္ထပ္ ရက္ ၆၀ ထပ္ထားေပးၿပီး ထပ္မံစစ္ထုတ္ၿပီး ပုလင္းထဲေျပာင္းထည့္ပါ။

ကဲ ပန္းသီးရွာလကာရည္လုပ္ရမယ့္ နည္းလမ္းေလးကိုသိသြားၿပီဆိုေတာ့ လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန္႕ကို ေရေႏြးတစ္ခြက္ထဲထည့္ၿပီး ေန႕စဥ္မနက္တိုင္းေသာက္သံုးၿပီး အစာေျခစနစ္ေကာင္းမြန္၍ ေကာင္းမြန္ေသာက်န္းမာေရးကို ရယူႏုိင္ပါၿပီ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စစ်မထုတ်ရသေးတဲ့ အမှန်စင်စစ် ပန်းသီးရှာလကာရည်သည် ကျန်းမာရေးအတွက် သက်စောင့်ဆေးတစ်ခုဟုပင်ခေါ်နိုင်လောက်သည့် အစွမ်းထက်အမျိုးအမယ်တစ်ခုဖြစ်ပါတယ်။ အမျိုးမျိုးသောရောဂါများ၊ အခြေအနေများကို သဘာဝအတိုင်း ထိန်းချုပ်၊စီမံ၊ကုသပေးရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဖျားနာခြင်းတို့ကို ကုသရန်သာမက စစ်မထုတ်ရသေးတဲ့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး နေ့စဉ်သောက်သုံးပေးခြင်းကလည်း ကိုယ်အလေးချိန်လျော့ကျစေပြီး တကိုယ်လုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ကျော့ရှင်းလှပတဲ့ဆံကေသာ၊အသားအရေ အထူးသဖြင့် ဝက်ခြံဖယ်ရှားရန်အတွက် အသုံးပြုပေးနိုင်ပါတယ်။

ဒါကြောင့် ဒီလိုကောင်းကျိုးတွေ အလွန်များပြားတဲ့ ပန်းသီးရှာလကာရည်ကို ဈေးကွက်ထဲမှာ အလွယ်တကူရှာတွေ့နိုင်သော်လည်း အိမ်လုပ်ကယုံကြည်စိတ်ချရဆုံးမို့လို့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီး – ၆ လုံး

သကြား – ခွက် လေးပုံတစ်ပုံ

ဇစ်ပိတ်အိတ် – ၁ လုံး

စစ်ပြီးသားရေ

အဝတ်ပါးအရှည်တစ်ထည်

ပြင်ဆင်ပုံများ

၁။ ပန်းသီးများကိုရေဆေးပြီး အနေတော်အရွယ်စားလှီးပေးပါ။

၂။ အဝကျယ် ကရားအကြီးတစ်လုံးထဲတွင် ပန်းသီးများကိုထည့်ပြီး နစ်သည်အထိ သကြားရည်လောင်းထည့်ပေးပါ။

၃။ ရေထည့်ထားတဲ့ ဇစ်ပိတ်အိတ်ကို ပန်းသီးများအပေါ်တွင်တင်ပေးပါ။

၄။ ကရားကို အဝတ်နှင့်ဖုံး၊ သရေပင်နှင့်စည်းပေးကာ အေးမြမှောင်မိုက်တဲ့နေရာမှာထားပြီး အချဉ်ဖောက်ပါ။

၅။ အချဉ်ဖောက်နေချိန်ကို ၁၄ ရက်တစ်ကြိမ်၊ ၂၈ ရက်ကြာတစ်ကြိမ် မှန်မှန်ကြည့်ရှုစစ်ဆေးပါ။

၆။ ရက်ပေါင်း ၇၀ ကြာမြင့်ပြီးရင် ကရားကိုသိမ်းထားရာမှထုတ်ပြီး ပန်းသီးစိတ်များ အောက်ခြေနစ်သွားပြီဆိုရင် အချဉ်ဖောက်တာပြည့်စုံသွားပါပြီ။

အဝတ်ကိုဖယ်လိုက်ပြီး အမြုပ်ထနေတယ်ဆိုရင် ရှာလကာရည်စစ်ထုတ်ရမှာပါ။ ညှပ်ဖြင့်ဇစ်ပိတ်အိတ်ကိုဖယ်လိုက်ပြီး နောက်ထပ်အဝတ်အုပ်ထားတဲ့ ကရားပေါ်သို့ဖြည်းဖြည်းချင်းလောင်းချပါ။

ပြီးရင် အဝတ်အသစ်နှင့်ဖုံးပေးပြီး ပန်းသီးရှာလကာရည်ပြုလုပ်ရန် အေးမြမှောင်မိုက်တဲ့နေရာမှာ သိမ်းဆည်းပေးပါ။

၇။ နောက်ထပ် ရက် ၆၀ ထပ်ထားပေးပြီး ထပ်မံစစ်ထုတ်ပြီး ပုလင်းထဲပြောင်းထည့်ပါ။

ကဲ ပန်းသီးရှာလကာရည်လုပ်ရမယ့် နည်းလမ်းလေးကိုသိသွားပြီဆိုတော့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ရေနွေးတစ်ခွက်ထဲထည့်ပြီး နေ့စဉ်မနက်တိုင်းသောက်သုံးပြီး အစာခြေစနစ်ကောင်းမွန်၍ ကောင်းမွန်သောကျန်းမာရေးကို ရယူနိုင်ပါပြီ။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top