iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥစားမယ္ဆိုရင္ ခ်က္နည္းပံုစံေတြ အမ်ားႀကီး ေရြးလို႔ရပါတယ္ေနာ္။ ျပဳတ္ျခင္း၊ ေၾကာ္ျခင္း၊ ျပဳတ္ၿပီး သုပ္ျခင္း၊ ဟင္းခ်က္ျခင္း၊ ကာက်က္ ပံုစံ စားျခင္းဆိုၿပီး အမ်ားႀကီးပါပဲေနာ္။ အားလံုးနီးပါးကေတာ့ ၾကက္ဥစားရင္ အားရွိတယ္ဆိုတာ သိထားၿပီး ျဖစ္မွာပါ။ ၾကက္ဥရဲ႕ ဘယ္လုိအာဟာရဓါတ္ေတြက အားျပည့္ေစတာလဲ၊ က်န္းမာေရး ေကာင္းမြန္ဖို႔ ဘာေတြ ေပးစြမ္းႏိုင္သလဲဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။

ၾကက္ဥမွာ အမိုင္ႏိုအက္ဆစ္ေတြ ပါဝင္ၿပီး ဒီအက္ဆစ္ဟာ ခႏၶာကိုယ္ရဲ႕ တစ္ရွဴးေတြ ဖြံ႔ၿဖိဳးတိုးတက္မႈ၊ ဇီဝျဖစ္ပ်က္မႈနဲ႔ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္ေကာင္းမြန္ဖို႔ စြမ္းေဆာင္ေပးပါတယ္။ ၾကက္ဥအႀကီးတစ္လံုးမွာ ပရိုတင္း(၆) ဂရမ္ ပါဝင္ၿပီး အေကာင္းဆံုးေသာ ပရုိတင္းဓါတ္လည္း ျဖစ္ပါတယ္။ အရိုးတစ္ရွဳးေတြထဲ ကယ္လ္စီယမ္ ဝင္ျခင္းကိုး တုိးတက္ေစၿပီး ေသြးေၾကာေတြထဲ ကယ္လ္စီယမ္ ေလွ်ာ့က်ေစတာ ကူညီတာေၾကာင့္ ႏွလံုးေသြးေၾကာေတြ က်န္းမာဖို႔အတြက္ အာဟာရ ဓါတ္တစ္မ်ိဳးပါပဲ။

ၾကက္ဥမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ သတၱဳဓါတ္ေတြျဖစ္တဲ့ ေဖာ့စေဖာ့ရပ္၊ ဇင့္ဓါတ္နဲ႔ သံဓါတ္ေတြ ပါဝင္ပါေသးတယ္။ သံဓါတ္ကေတာ့ ရာသီလာျခင္းေတြေၾကာင့္ ပင္ပန္းတာေတြ မျဖစ္ေစဖို႔ အေထာက္အကူျပဳၿပီး ဇင့္ဓါတ္ကေတာ့ အစားအစာကေန စြမ္းအင္အျဖစ္ကူးေျပာင္းျခင္းကို ျဖစ္ေစမႈနဲ႔ ကိုယ္ခံအား တက္ေအာင္ ျပဳလုပ္ေပးပါတယ္။ ေဖာ့စေဖာ့ရပ္ကေတာ့ အရိုးနဲ႔ သြားေတြ က်န္းမာဖို႔ အေကာင္းဆံုးပါပဲ။

ဟားဗက္တကၠသိုလ္ရဲ႕ သုေတသန ျပဳလုပ္ခ်က္ေတြအရေတာ့ ၾကက္ဥစားသံုးျခင္းဟာ အရြယ္ေရာက္တဲ့အခါ ရင္သားကင္ဆာ ျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုထားပါတယ္။ (၂၀၀၅) ခုႏွစ္မွာေတာ့ တစ္ပတ္ကို အနည္းဆံုး ၾကက္ဥ(၆၀၀) စားတဲ့ အမ်ိဳးသမီးေတြဟာ မစားတဲ့သူထက္ (၄၀%)  ရင္သားကင္ဆာျဖစ္ျခင္းကို မခံစားရဘူးလို႔ ဆိုထားပါတယ္။

ၾကက္ဥစားသံုးျခင္းရဲ႕ အက်ိဳးဆက္အေနနဲ႔ အျမင္အာရံုေတြ ပ်က္စီးတာကိုလည္း ေလ်ာ့ခ်ေပးပါေသးတယ္။  ၾကက္ဥမွာ  Lutein နဲ႔ Zeaxanthin ေတြလိုမ်ုိဳး ဓါတ္တိုးဆန္႔က်င္မႈေတြလည္း ပါဝင္တာမို႔ မ်က္စိအားေကာင္းေစဖုိ႔ အက်ိဳးျပဳပါတယ္။ ၾကက္ဥအႏွစ္မွာ Lutein နဲ႔ Zeaxanthin ပါဝင္တာ ပိုမ်ားပါတယ္ေနာ္။ ဗီတာမင္ ေအ လည္း ပါဝင္ေသးတာမို႔ အျမင္အာရံုေတြ အတြက္ေတာ့ စိတ္ခ်ရပါတယ္ေနာ္။

ဗီတာမင္ဓါတ္ေတြ လုိအပ္ေနတယ္ဆိုရင္ေတာ့ ၾကက္ဥ စားေပးဖုိ႔ မေမ့ပါနဲ႔ေနာ္။ ၾကက္ဥအႏွစ္မွာ ၾကက္ဥအကာထက္ ပိုၿပီးေတာ့ ဗီတာမင္ေတြ ပိုမ်ားပါတယ္။ ၾကက္ဥအႏွစ္မွာ ဗီတာမင္ B6၊ B12၊ A၊ D ၊E နဲ႔ K ေတြ စံုစံုလင္လင္ ပါဝင္ပါတယ္။ ၾကက္ဥမွာ ကလိုရင္းလည္း ပါဝင္တာမို႔ ဦးေႏွာက္အတြက္လည္း ေကာင္းမြန္ေစပါတယ္။

ၾကက္ဥႀကိဳက္တယ္ဆိုရင္ေတာ့ မ်ားမ်ားေလး စားေပးေနာ္။ ခႏၶာကိုယ္ ဝျဖိဳးေစၿပီး က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ အာဟာရဓါတ္ေတြ အျပည့္အစံု ပါဝင္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီး ရွေးလို့ရပါတယ်နော်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက် ပုံစံ စားခြင်းဆိုပြီး အများကြီးပါပဲနော်။ အားလုံးနီးပါးကတော့ ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ကြက်ဥရဲ့ ဘယ်လိုအာဟာရဓါတ်တွေက အားပြည့်စေတာလဲ၊ ကျန်းမာရေး ကောင်းမွန်ဖို့ ဘာတွေ ပေးစွမ်းနိုင်သလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ကြက်ဥမှာ အမိုင်နိုအက်ဆစ်တွေ ပါဝင်ပြီး ဒီအက်ဆစ်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ ဖွံ့ဖြိုးတိုးတက်မှု၊ ဇီဝဖြစ်ပျက်မှုနဲ့ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ စွမ်းဆောင်ပေးပါတယ်။ ကြက်ဥအကြီးတစ်လုံးမှာ ပရိုတင်း(၆) ဂရမ် ပါဝင်ပြီး အကောင်းဆုံးသော ပရိုတင်းဓါတ်လည်း ဖြစ်ပါတယ်။ အရိုးတစ်ရှုးတွေထဲ ကယ်လ်စီယမ် ဝင်ခြင်းကိုး တိုးတက်စေပြီး သွေးကြောတွေထဲ ကယ်လ်စီယမ် လျှော့ကျစေတာ ကူညီတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာဖို့အတွက် အာဟာရ ဓါတ်တစ်မျိုးပါပဲ။

ကြက်ဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ဖော့စဖော့ရပ်၊ ဇင့်ဓါတ်နဲ့ သံဓါတ်တွေ ပါဝင်ပါသေးတယ်။ သံဓါတ်ကတော့ ရာသီလာခြင်းတွေကြောင့် ပင်ပန်းတာတွေ မဖြစ်စေဖို့ အထောက်အကူပြုပြီး ဇင့်ဓါတ်ကတော့ အစားအစာကနေ စွမ်းအင်အဖြစ်ကူးပြောင်းခြင်းကို ဖြစ်စေမှုနဲ့ ကိုယ်ခံအား တက်အောင် ပြုလုပ်ပေးပါတယ်။ ဖော့စဖော့ရပ်ကတော့ အရိုးနဲ့ သွားတွေ ကျန်းမာဖို့ အကောင်းဆုံးပါပဲ။

ဟားဗက်တက္ကသိုလ်ရဲ့ သုတေသန ပြုလုပ်ချက်တွေအရတော့ ကြက်ဥစားသုံးခြင်းဟာ အရွယ်ရောက်တဲ့အခါ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ (၂၀၀၅) ခုနှစ်မှာတော့ တစ်ပတ်ကို အနည်းဆုံး ကြက်ဥ(၆၀၀) စားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူထက် (၄၀%)  ရင်သားကင်ဆာဖြစ်ခြင်းကို မခံစားရဘူးလို့ ဆိုထားပါတယ်။

ကြက်ဥစားသုံးခြင်းရဲ့ အကျိုးဆက်အနေနဲ့ အမြင်အာရုံတွေ ပျက်စီးတာကိုလည်း လျော့ချပေးပါသေးတယ်။  ကြက်ဥမှာ  Lutein နဲ့ Zeaxanthin တွေလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ပါဝင်တာမို့ မျက်စိအားကောင်းစေဖို့ အကျိုးပြုပါတယ်။ ကြက်ဥအနှစ်မှာ Lutein နဲ့ Zeaxanthin ပါဝင်တာ ပိုများပါတယ်နော်။ ဗီတာမင် အေ လည်း ပါဝင်သေးတာမို့ အမြင်အာရုံတွေ အတွက်တော့ စိတ်ချရပါတယ်နော်။

ဗီတာမင်ဓါတ်တွေ လိုအပ်နေတယ်ဆိုရင်တော့ ကြက်ဥ စားပေးဖို့ မမေ့ပါနဲ့နော်။ ကြက်ဥအနှစ်မှာ ကြက်ဥအကာထက် ပိုပြီးတော့ ဗီတာမင်တွေ ပိုများပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင် B6၊ B12၊ A၊ D ၊E နဲ့ K တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ကြက်ဥမှာ ကလိုရင်းလည်း ပါဝင်တာမို့ ဦးနှောက်အတွက်လည်း ကောင်းမွန်စေပါတယ်။

ကြက်ဥကြိုက်တယ်ဆိုရင်တော့ များများလေး စားပေးနော်။ ခန္ဓာကိုယ် ဝဖြိုးစေပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အာဟာရဓါတ်တွေ အပြည့်အစုံ ပါဝင်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top