iMyanmarHouse.com - Best Property Website for Myanmar
×






ပရိတ်သတ်ကြီးရေ အနုပညာလောကထဲက တစ်ယောက်အပေါ်တစ်ယောက် အရမ်းချစ်ကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းကိုတော့ ပရိတ်သတ်တွေချစ်ကြတယ်မလား။

သူတို့နှစ်ယောက်ရဲ့ ဘဝလေးကအရမ်းကြည်နူးစရာကောင်းလှပါတယ်။ တူညီတဲ့ဝါသနာအရင်းခံနဲ့ ချစ်ချင်းတွေသီကြူးထားတဲ့ သီချင်းတွေဆိုရင်း အနာဂတ်ဘဝခရီးလမ်းလေးကိုဖြတ်သန်းရတဲ့ သူတို့နှစ်ယောက်ဘဝလေးက တကယ့်ကိုအားကျစရာကောင်းလှပါတယ်။

ဝိုင်းစုကတော့မကြာသေးခင်ကမှ တကိုယ်တော်ဖျော်ဖျေပွဲတစ်ခုကျင်းပထားတာလဲဖြစ်ပါတယ်။သူမရဲ့ pop သီချင်းလေးတွေကရင်ထဲကိုတကယ်ထိုးဖောက်နိုင်တဲ့သံစဉ်လေးတွေဖြစ်ပြီး နဆင်ရတာတကယ်နားဝင်ချိုလှပါတယ်။ အောင်လအနေနဲ့လဲ မကြာခင်မှာ SIR အဖွဲ့နဲ့အတူ ဖျော်ဖြေပွဲလေးတစ်ခုကျင်းပမှာဖြစ်တယ်လို့လဲသိရှိရပါတယ်။

အချစ်တွေနဲ့ပြည့်နေပြီး ပြီးပြည့်စုံနေတဲ့ဘဝထဲမှာ သူတို့နှစ်ယောက်အတွက်လိုအပ်နေတာလေးက တစ်ခုပဲရှိပါတော့တယ်။ ထိုအရာလေးကတော့သားသမီးရတနာလေးပါပဲ။ထို့ကြောင့်အောင်လကတော့ ဝိုင်းစုဆီကနေ ရင်သွေးလေးအမြန်လိုချင်နေပြီလို့ ပြော ကြားခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်တွေ သူတို့နှစ်ယောက်ရင်သွေးလေးရရှိလာရင် ပျော်ရွှင်ကြမှာလား။

Credit : Myanmar Daily New

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top