iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Duwun

ကျားကျားလျားလျား မိန်းမသားများ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးထဲမှာ နာမည်ကျော်အနုပညာရှင်များစွာ ပါဝင်ထားကြတာဖြစ်ပြီး ပရိသတ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ဟာသ ပုံစံလေးတွေကို ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ကျားကျားလျားလျားမိန်းမသားများ ရုပ်ရှင်ဇာတ်ကားကြီး အတွက် ရိုက်ကွင်းအမှတ်တရ ပုံတွေနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ စကားသံလေးတွေကိုလည်း ပါဝင်ကြတဲ့ သရုပ်ဆောင်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အခုလိုရေးသားခဲ့ပါတယ်။

” ကျားကျားလျားလျား မိန်းမသားများ အောင်မြင်စွာရိုက်ကူးပြီးစီး ဒါရိုက်တာရာဇဝင်ကို နှင့် အဖွဲ့သားတွေအားလုံးကိုအကြီးကြီး ကျေးဇူးတင်ပါသည် Big thanks ” ဆိုပြီး Kညီက ရေးသားခဲ့ပါတယ်။

ကျားကျားလျားလျား မိန်းမသားများ ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ရိုက်ကူးတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း၊ ရဲလေး၊ ဥက္ကာမင်းမောင်၊ ဧဝရတ်မိုး၊ စိုးမြတ်သူဇာ၊ ပိုင်ဖြိုးသု၊ နန်းမြတ်ဖြိုးသင်း၊ ရွှေသမီး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top