iMyanmarHouse.com - Best Property Website for Myanmar
×

လွေတာသူ မရွယ္ခုိင္ရဲ႕သားသမီးေတြကို သ႐ုပ္ေဆာင္ ဒိန္းေဒါင္က ရွင္ျပဳနားသအလွဴလုပ္ေပးခဲ့ၿပီးေနာက္မွာေတာ့  ေရခဲေခ်ာင္းသည္ မရွယ္ခိုင္ဟာ ေၾကာ္ျငာေတာင္ လက္ခံ႐ိုက္ကူးေနရပါၿပီ။

မရွယ္ခုိင္က ဒီေန႔ (ေဖေဖာ္ဝါရီလ ၂၇ ရက္) မွာ ေရႊျပည္နန္းေၾကာ္ျငာ ႐ိုက္ကူးေနရတယ္လို႔ သိရပါတယ္။ သ႐ုပ္ေဆာင္ ဒိန္းေဒါင္ရဲ႕သမီး ဒိန္းပိုပိုေဒါင္က Live လႊင့္ၿပီး မရွယ္ခိုင္ရဲ႕ အင္တာဗ်ဴးေလးကို သူမရဲ႕ေဖ့စ္ဘြတ္အေကာင့္ကေန တင္ေပးခဲ့တာ ျဖစ္ပါတယ္။

အခုလို ေၾကာ္ျငာ႐ိုက္ရတဲ့အတြက္ ဘယ္လိုခံစားရလဲလို႔ ဒိန္းပိုပိုေဒါင္က မရွယ္ခုိင္ကို ေမးျမန္းခ်ိန္မွာေတာ့ မရွယ္ခုိင္က လွေတာစကားေလးနဲ႔ ျပန္ေျဖခဲ့ပါတယ္။

"အသည္းေတြထဲ ဘယ္လိုေနလဲမသိဘူး။ ေခၽြးေတြျပန္ၿပီးေတာ့ စိတ္ေတြ အိုက္ၿပီးေတာ့ ကိုယ္ရြာကိုယ္ျပန္ၿပီးေတာ့ နာမည္မႀကီးတဲ့ ကိုယ့္ေရခဲေခ်ာင္းကိုယ္ ေရာင္းရင္ေကာင္းသားလို႔။ ကတ္..ကတ္ဆို ေျပးလိုက္ရတာ။ ေမာၿပီ" လုိ႔ မရွယ္ခုိင္က ျပန္ေျဖခဲ့ပါတယ္။

အားလံုးကလည္း သေဘာတက်နဲ႔ ရယ္ေမာခဲ့ၾကပါတယ္။

သ႐ုပ္ေဆာင္ ဒိန္းေဒါင္ဟာ လွေတာရြာသူ ေရခဲေခ်ာင္းသည္ မရွယ္ခုိင္က သားေတြကို ရွင္ျပဳေပးခ်င္တယ္လုိ႔ ၾကားသိတဲ့အတြက္ ဒီလလယ္မွာပဲ သြားေရာက္အလွဴလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ မရွယ္ခုိင္ဟာ အြန္လုိင္းမွာ နာမည္ႀကီးသြားၿပီး သူမကို လာေရာက္ကူညီသူေတြ ေပါမ်ားခဲ့ကာ အခုေတာ့ ေၾကာ္ျငာပါ ႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။

Photos : ဒိန္းေဒါင္နဲ႔ ဒိန္းပိုပိုေဒါင္ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှတောသူ မရှယ်ခိုင်ရဲ့သားသမီးတွေကို သရုပ်ဆောင် ဒိန်းဒေါင်က ရှင်ပြုနားသအလှူလုပ်ပေးခဲ့ပြီးနောက်မှာတော့  ရေခဲချောင်းသည် မရှယ်ခိုင်ဟာ ကြော်ငြာတောင် လက်ခံရိုက်ကူးနေရပါပြီ။

မရှယ်ခိုင်က ဒီနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) မှာ ရွှေပြည်နန်းကြော်ငြာ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီး ဒိန်းပိုပိုဒေါင်က Live လွှင့်ပြီး မရှယ်ခိုင်ရဲ့ အင်တာဗျူးလေးကို သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကြော်ငြာရိုက်ရတဲ့အတွက် ဘယ်လိုခံစားရလဲလို့ ဒိန်းပိုပိုဒေါင်က မရှယ်ခိုင်ကို မေးမြန်းချိန်မှာတော့ မရှယ်ခိုင်က လှတောစကားလေးနဲ့ ပြန်ဖြေခဲ့ပါတယ်။

"အသည်းတွေထဲ ဘယ်လိုနေလဲမသိဘူး။ ချွေးတွေပြန်ပြီးတော့ စိတ်တွေ အိုက်ပြီးတော့ ကိုယ်ရွာကိုယ်ပြန်ပြီးတော့ နာမည်မကြီးတဲ့ ကိုယ့်ရေခဲချောင်းကိုယ် ရောင်းရင်ကောင်းသားလို့။ ကတ်..ကတ်ဆို ပြေးလိုက်ရတာ။ မောပြီ" လို့ မရှယ်ခိုင်က ပြန်ဖြေခဲ့ပါတယ်။

အားလုံးကလည်း သဘောတကျနဲ့ ရယ်မောခဲ့ကြပါတယ်။

သရုပ်ဆောင် ဒိန်းဒေါင်ဟာ လှတောရွာသူ ရေခဲချောင်းသည် မရှယ်ခိုင်က သားတွေကို ရှင်ပြုပေးချင်တယ်လို့ ကြားသိတဲ့အတွက် ဒီလလယ်မှာပဲ သွားရောက်အလှူလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မရှယ်ခိုင်ဟာ အွန်လိုင်းမှာ နာမည်ကြီးသွားပြီး သူမကို လာရောက်ကူညီသူတွေ ပေါများခဲ့ကာ အခုတော့ ကြော်ငြာပါ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

Photos : ဒိန်းဒေါင်နဲ့ ဒိန်းပိုပိုဒေါင် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top