iMyanmarHouse.com - Best Property Website for Myanmar
×

တစ္လကိုတစ္ၾကိမ္ အမ်ိဳးသမီးေတြတိုင္းမၾကံဳခ်င္ဘဲၾကံဳေနရတဲ့ ျပႆနာေလးတစ္ခုရွိေနမယ္ထင္ပါတယ္။ ေလဒီေတာ္ေတ္ာမ်ားမ်ားကေတာ႔ ဒါကို စိတ္ရႈပ္ၾကေလာက္မယ္ထင္ပါတယ္။ အလုပ္အကိုင္ပ်က္ျပီး အိပ္ယာထဲလွဲေနရတဲ့အထိ ဆိုးရြားတတ္တဲ႔ ျပႆနာကို သက္သာေအာင္ဘယ္လိုေနထိုင္မလဲဆိုတာကို ေျပာျပေပးမယ္ေနာ္။
ဘာေၾကာင့္ ရာသီလာစဥ္နာက်င္ကိုက္ခဲရတာလဲ

ရာသီလာတဲ့အခါ ဝမ္းဗိုက္ပိုင္း တဝိုက္၊ခါးနဲ႔တင္ပါးဆံုပိုင္း၊ေပါင္တို႔မွာ ကိုက္ခဲတာ၊ေတာင့္တင္းနာက်င္တာမ်ိဳးကို အမ်ိဳးသမီးတာ္ေတ္ာ မ်ားမ်ားခံစားၾကရပါတယ္။ ရာသီလာစဥ္မွာ သားအိမ္အတြင္းနံရံေတြျပန္လည္ျဖစ္ေပၚလာေအာင္ အေထာက္အပံ့ေပးတဲ့အေနနဲ႔ သားအိမ္ၾကြက္သားေတြက က်ံဳ႕ဆန္႔မႈကိုလုပ္ေဆာင္ေနတာေၾကာင့္ ရာသီလာစဥ္မွာ နာက်င္ကိုက္ခဲတာျဖစ္ပါတယ္။ အခ်ိဳ႕ေတြမွာဆိုရင္ ကိုယ္လက္မအီမသာျဖစ္တာ၊ ေအာ႔အန္တာ၊ ေခါင္းကိုက္တာ နဲ႔ ဝမ္းသြားတာမ်ိဳးေတြအထိခံစားၾကရတာမ်ိဳးေတာင္ရွိပါတယ္။ ဒီလိုမ်ိဳလစဥ္လတိုင္းၾကံဳေတြ႔ေနရတဲ့ ကိုက္ခဲနာက်င္မႈကိုေလ်ာ့ပါးသက္သာေအာင္ ေဆးပညာအကူအညီနဲ႔လုပ္ေဆာင္ႏိုင္သလို ေန႔စဥ္ဘဝေနထိုင္မႈပံုစံကိုေျပာင္းလဲေပးလို႔လည္းရပါတယ္။

ဒီအခ်က္ေတြေၾကာင့္လည္း ရာသီလာစဥ္မွာ နာက်င္ကိုက္ခဲႏိုင္ပါတယ္။

    ရာသီေသြးအမ်ားၾကီးဆင္းတာ
    အသက္ ၂၀ ေအာက္အရြယ္ျဖစ္ေနတာ
    ပထမဆံုးရာသီေသြးဆင္းတာ
    သားအိမ္အတြင္းပိုင္း ေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ prostaglandin ေဟာ္မုန္းပမာဏမ်ားေနတာ ေတြေၾကာင့္လည္း နာက်င္ကိုက္ခဲႏိုင္ ပါတယ္။

သားအိမ္ထဲမွာ ပံုမွန္မဟုတ္ဘဲ တစ္ရႈးၾကီးထြားေနတာ နဲ႔ သေႏၶတားေဆးေသာက္သံုးတာေၾကာင့္လည္း ရာသီလာစဥ္မွာနာက်င္ကိုက္ခဲတာျဖစ္ႏိုင္ပါတယ္။
ရာသီလာစဥ္နာက်င္ကိုက္ခဲတာကို သက္သာေအာင္ဘယ္လိုေနထိုင္စားေသာက္မလဲ
ဘယ္လိုစားေသာက္မလဲ

ေရမ်ားမ်ားေသာက္ေပးပါ – ရာသီလာစဥ္နာက်င္ကိုက္ခဲမႈကို ပိုဆိုးေစႏိုင္တဲ့ လကၡဏာတစ္ခုျဖစ္တဲ့ ေလပြတာကို သက္သာေစဖို႔ ေရမ်ားမ်ားေသာက္ေပးဖို႔လိုပါမယ္။ ရာသီလာေနစဥ္အတြင္းမွာ တစ္ေန႔ကို ေရ ၆ ခြက္ကေန ၈ ခြက္ေလာက္အထိေသာက္ေပးပါ။ ရာသီလာစဥ္မွာ ဝမ္းသြားတတ္တဲ့မိန္းကေလးဆိုရင္ေတာ့ ေရဓာတ္ကိုပိုျဖည့္ေပးဖို႔လိုပါမယ္။

ဒီအစားအစာေတြမစားပါနဲ႔ – ရာသီလာစဥ္မွာ ဗိုက္ပြေစႏိုင္တဲ့ အစားအစာေတြကိုေရွာင္ၾကဥ္ဖို႔လိုပါမယ္။ အဆီမ်ားတဲ့အစားအစာေတြ၊ အရက္ေသစာ၊ အခ်ိဳရည္ေတြ၊ကဖင္းဓာတ္နဲ႔ဆားပါဝင္မႈမ်ားတဲ့ အစားအစာေတြကို မစားသံုးသင့္ပါဘူး။ ဒ္အစားအစာေတြကို စားသံုးေပးတာက နာက်င္ကိုက္ခဲမႈကိုေလ်ာ႔ပါးသက္သာေစႏိုင္သလို ၾကြက္သားေတြတင္းေနတာကိုလည္း ေလ်ာ႔က်ေစႏိုင္ပါတယ္။

ဒါေတြစားေပးပါ – ရာသီလာစဥ္မွာ အမွ်င္ဓာတ္ပါတဲ့အစားအစာေတြစားသံုးေပးသင့္ပါတယ္။ သေဘၤာသီး၊ ဆန္လံုးညိဳ၊သစ္ၾကားသီး၊ အယ္လ္မြန္သီး၊ဖရံုေစ႔၊သံလြင္ဆီ၊ ပန္းေဂၚဖီစိမ္း၊ၾကက္သား၊ငါး၊အစိမ္းရင္႔ေရာင္အရြက္ေတြ၊ႏွမ္းၾကတ္ေစ႔တို႔ကိုစားသံုးေပးသင့္ပါတယ္။ ကယ္လ္ဆီယမ္ နဲ႔ phosphorus တို႔ကို စုပ္ယူႏိုင္ေအာင္ အေထာက္အကူျပဳေပးတဲ့ သတၱဳဓာတ္ျဖစ္တဲ့ Boron ရရွိႏိုင္တဲ့ ေထာပတ္သီး၊ေျမပဲေထာပတ္၊ကုလားပဲ၊ ငွက္ေပ်ာသီးတို႔ကိုလည္းစားသံုးေပးသင့္ပါတယ္။ Boron ဓာတ္က ရာသီလာစဥ္နာက်င္ကိုက္ဲမႈကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။

ခႏၶာကိုယ္ကိုေရဓာတ္ျပည္႔ဝေစမယ့္ ဆလတ္ရြက္၊သခြားသီး၊ဖရဲသီး၊စေတာ္ဘယ္ရီ၊ဘလူးဘယ္ရီလိုမ်ိဳး ဘယ္ရီသီးေတြကိုလည္းစားသံုးေပးလို႔ရပါတယ္။ ခႏၶာကိုယ္အတြက္ ကယ္လ္ဆီယမ္ဓာတ္ရရွိေစႏိုင္မယ့္ ႏို႔ထြက္ပစၥည္းေတြ၊ႏွမ္း၊အယ္လ္မြန္သီး နဲ႔ အစိမ္းေရာင္အသီးေတြစားသံုးေပးသင့္ပါတယ္။

ဒါေလးေတြစားေပးရင္လည္း သက္သာပါတယ္ – ရာသီလာစဥ္ နာက်င္ကိုက္ခဲေနတဲ့အခါ ခ်ာမိုမိုင္းေရေႏြးၾကမ္းေသာက္တာ၊ ခ်င္းတစ္ျပားေလာက္ကို ေရေႏြးထဲစိမ္ေသာက္တာ၊ စမုန္ေစ႔ဆီကိုေသာက္ေပးတာ၊ သစ္ၾကံပိုးေခါက္အမႈန္႔စားေပးတာေတြလုပ္လို႔ရပါတယ္။ သစ္ၾံပိုးေခါက္က ေသြးဆင္းတာကို နည္းေစျပီး ရာသီလာတာေၾကာင့္ နာက်င္ကိုက္ခဲတာ၊ မအီမသာျဖစ္တာ၊ ေအာ႔အန္တာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။
ဘယ္လိုေနထိုင္မလဲ

ေလ့က်င့္ခန္းလုပ္ေပးပါ – ရာသီလာစဥ္နာက်င္ကိုက္ခဲတဲ့အခါ အရမ္းမျပင္းထန္ဘဲ သက္ေတာင့္သက္သာလုပ္ႏိုင္မယ့္ ေလ့က်င့္ခန္းကိုလုပ္ေပးပါ။ ဒီလိုလုပ္ေပးတာက ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစႏိုင္ျပီး endorphin ေဟာ္မုန္းထြက္ရွိေစႏိုင္တာေၾကာင့္ ရာသီလာစဥ္နာက်င္ကိုက္ခဲတာကို သက္သာေစႏိုင္ပါတယ္။ လမ္းျဖည္းျဖည္းေလွ်ာက္ေပးတာမ်ိဳးလုပ္ေပးလည္းရပါတယ္။

ဝမ္းဗိုက္ပိုင္းကိုႏွိပ္နယ္ေပးပါ – လက္ေခ်ာင္းထိပ္ေလးေတြကိုအသံုးျပဳျပီး ဝမ္းဗိုက္ေအာက္ဘက္ပိုင္းကို ျဖည္းျဖည္းခ်င္းႏွိပ္နယ္ေပးပါ။ ဒီလိုႏွိပ္နယ္ေပးတာက ေသြးစီးဆင္းမႈကိုေကာင္းမြန္ေစႏိုင္ျပီး သားအိမ္ဆီကိုေသြးေရာက္ရွိေစႏိုင္တာေၾကာင္႔နာက်င္ကိုက္ခဲမႈကို ေလ်ာ႔ပါးသက္သာေစႏိုင္ပါတယ္။

ေရေႏြးအိတ္ကပ္ေပးပါ –  ရာသီလာလို႔နာက်င္ကိုက္ခဲတဲ့အခါ နာက်င္ကိုက္ခဲတဲ့ ဝမ္းဗိုက္ေနရာကို ေရေႏြးအိတ္ကပ္ေပးရင္ နာက်င္ကိုက္ခဲတာကို ေလ်ာ႔ပါးသက္သာေစမွာျဖစ္ပါတယ္။ တကယ္လို႔ေရေႏြးအိတ္မရွိဘူးဆိုရင္ ေရေႏြးပုလင္း၊ေရေႏြးဝတ္ကပ္ေပးပါ။ အပူက ၾကြက္သားေတြကိုေျပေလ်ာ႔ေစႏိုင္ပါတယ္။ ေရေႏြးနဲ႔ေရခ်ိဳးေပးလည္းရပါတယ္။

ဒီနည္းေလးေတြသံုးျပီး လစဥ္ၾကံဳေတြ႔ေနရတဲ့ ျပႆနာေတြကိုေျဖရွင္းလိုက္ၾကပါစို႔ ေလဒီတို႔ေရ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်းမကြုံချင်ဘဲကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိနေမယ်ထင်ပါတယ်။ လေဒီတော်တေ်ာများများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ အလုပ်အကိုင်ပျက်ပြီး အိပ်ယာထဲလှဲနေရတဲ့အထိ ဆိုးရွားတတ်တဲ့ ပြဿနာကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။
ဘာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲရတာလဲ

ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်း တဝိုက်၊ခါးနဲ့တင်ပါးဆုံပိုင်း၊ပေါင်တို့မှာ ကိုက်ခဲတာ၊တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တေ်ာ များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကိုလုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုလစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကိုလျော့ပါးသက်သာအောင် ဆေးပညာအကူအညီနဲ့လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်းရပါတယ်။

ဒီအချက်တွေကြောင့်လည်း ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲနိုင်ပါတယ်။

    ရာသီသွေးအများကြီးဆင်းတာ
    အသက် ၂၀ အောက်အရွယ်ဖြစ်နေတာ
    ပထမဆုံးရာသီသွေးဆင်းတာ
    သားအိမ်အတွင်းပိုင်း ဟော်မုန်းတစ်မျိုးဖြစ်တဲ့ prostaglandin ဟော်မုန်းပမာဏများနေတာ တွေကြောင့်လည်း နာကျင်ကိုက်ခဲနိုင် ပါတယ်။

သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှုးကြီးထွားနေတာ နဲ့ သန္ဓေတားဆေးသောက်သုံးတာကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်။
ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်ဘယ်လိုနေထိုင်စားသောက်မလဲ
ဘယ်လိုစားသောက်မလဲ

ရေများများသောက်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ လေပွတာကို သက်သာစေဖို့ ရေများများသောက်ပေးဖို့လိုပါမယ်။ ရာသီလာနေစဉ်အတွင်းမှာ တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်လောက်အထိသောက်ပေးပါ။ ရာသီလာစဉ်မှာ ဝမ်းသွားတတ်တဲ့မိန်းကလေးဆိုရင်တော့ ရေဓာတ်ကိုပိုဖြည့်ပေးဖို့လိုပါမယ်။

ဒီအစားအစာတွေမစားပါနဲ့ – ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအစာတွေကိုရှောင်ကြဉ်ဖို့လိုပါမယ်။ အဆီများတဲ့အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ကဖင်းဓာတ်နဲ့ဆားပါဝင်မှုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ဒ်အစားအစာတွေကို စားသုံးပေးတာက နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေနိုင်သလို ကြွက်သားတွေတင်းနေတာကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဒါတွေစားပေးပါ – ရာသီလာစဉ်မှာ အမျှင်ဓာတ်ပါတဲ့အစားအစာတွေစားသုံးပေးသင့်ပါတယ်။ သင်္ဘောသီး၊ ဆန်လုံးညို၊သစ်ကြားသီး၊ အယ်လ်မွန်သီး၊ဖရုံစေ့၊သံလွင်ဆီ၊ ပန်းဂေါ်ဖီစိမ်း၊ကြက်သား၊ငါး၊အစိမ်းရင့်ရောင်အရွက်တွေ၊နှမ်းကြတ်စေ့တို့ကိုစားသုံးပေးသင့်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ကို စုပ်ယူနိုင်အောင် အထောက်အကူပြုပေးတဲ့ သတ္တုဓာတ်ဖြစ်တဲ့ Boron ရရှိနိုင်တဲ့ ထောပတ်သီး၊မြေပဲထောပတ်၊ကုလားပဲ၊ ငှက်ပျောသီးတို့ကိုလည်းစားသုံးပေးသင့်ပါတယ်။ Boron ဓာတ်က ရာသီလာစဉ်နာကျင်ကိုက်ဲမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေမယ့် ဆလတ်ရွက်၊သခွားသီး၊ဖရဲသီး၊စတော်ဘယ်ရီ၊ဘလူးဘယ်ရီလိုမျိုး ဘယ်ရီသီးတွေကိုလည်းစားသုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်ရရှိစေနိုင်မယ့် နို့ထွက်ပစ္စည်းတွေ၊နှမ်း၊အယ်လ်မွန်သီး နဲ့ အစိမ်းရောင်အသီးတွေစားသုံးပေးသင့်ပါတယ်။

ဒါလေးတွေစားပေးရင်လည်း သက်သာပါတယ် – ရာသီလာစဉ် နာကျင်ကိုက်ခဲနေတဲ့အခါ ချာမိုမိုင်းရေနွေးကြမ်းသောက်တာ၊ ချင်းတစ်ပြားလောက်ကို ရေနွေးထဲစိမ်သောက်တာ၊ စမုန်စေ့ဆီကိုသောက်ပေးတာ၊ သစ်ကြံပိုးခေါက်အမှုန့်စားပေးတာတွေလုပ်လို့ရပါတယ်။ သစ်ြံပိုးခေါက်က သွေးဆင်းတာကို နည်းစေပြီး ရာသီလာတာကြောင့် နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဘယ်လိုနေထိုင်မလဲ

လေ့ကျင့်ခန်းလုပ်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ အရမ်းမပြင်းထန်ဘဲ သက်တောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး endorphin ဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်းရပါတယ်။

ဝမ်းဗိုက်ပိုင်းကိုနှိပ်နယ်ပေးပါ – လက်ချောင်းထိပ်လေးတွေကိုအသုံးပြုပြီး ဝမ်းဗိုက်အောက်ဘက်ပိုင်းကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး သားအိမ်ဆီကိုသွေးရောက်ရှိစေနိုင်တာကြောင့်နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ကပ်ပေးပါ –  ရာသီလာလို့နာကျင်ကိုက်ခဲတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝမ်းဗိုက်နေရာကို ရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ တကယ်လို့ရေနွေးအိတ်မရှိဘူးဆိုရင် ရေနွေးပုလင်း၊ရေနွေးဝတ်ကပ်ပေးပါ။ အပူက ကြွက်သားတွေကိုပြေလျော့စေနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလည်းရပါတယ်။

ဒီနည်းလေးတွေသုံးပြီး လစဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းလိုက်ကြပါစို့ လေဒီတို့ရေ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top