iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သား က်န္းမာေရး ေစာင့္ ေ႐ွာက္ဖုိ႔အတြက္ ဘာေတြလုိအပ္ မလဲ။ အဓိကလိုအပ္တာကေတာ့ ေလ့က်င့္ခန္းလုပ္ဖုိ႕ပါပဲ။ အ၀လြန္ တာကေတာ့ ရင္သား ကင္ဆာျဖစ္ ႏိုင္ေျခ ပိုမ်ားေစပါတယ္။ ခႏၶာ ကိုယ္မွာ အဆီဆဲလ္ေတြ ပိုမ်ားေလ မေဟာ္မုန္းအီစထ႐ိုဂ်င္ေတြ ပိုထုတ္ ေလ ရင္သားကင္ဆာ ပိုျဖစ္ႏိုင္ေလ ပါပဲ။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ထိန္း ျခင္းအားျဖင့္ ေဟာ္မုန္းကို ထိန္း႐ံု သာမက အဆီလဲနည္းတဲ့အတြက္ ရင္သားကင္ဆာျဖစ္ပြားမႈကို ေလ်ာ့ က်ေစပါတယ္။ ေလ့က်င့္ခန္းလုပ္ ျခင္းကလည္း ခႏၶာကိုယ္ရဲ႕ျပန္ရည္ စီးဆင္းမႈစနစ္ကို အားေကာင္းေစၿပီး ရင္သားထဲမွ အဆိပ္အေတာက္ကို လ်င္လ်င္ျမန္ျမန္ စီးဆင္းသြားေစဖို႔ ကူညီျပန္ပါတယ္။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြ စားပါ။

အာဟာရျပည့္၀ၿပီး ညီညြတ္မွ်တတဲ့ အစားအစာေတြ စားဖို႔က အေရး ႀကီးသလို အသင့္စား အစားအစာေတြ ေ႐ွာင္ၾကဥ္ဖို႔ကလည္း အေရးႀကီးပါ တယ္။ အစိမ္းေရာင္အ႐ြက္ေတြမွာ သဘာ၀ေရာင္ျခည္ ပစၥည္းျဖစ္တဲ့ ဃေမသအနညသငိ် ေတြ ပါ၀င္တဲ့အတြက္ ဓာတ္တုိးဆန္႔က်င္ အာနိသင္ကို ရ႐ွိေစပါတယ္။ ဒါ့အျပင္ အ၀ါေရာင္၊ လိေမၼာ္ေရာင္ အစ႐ွိတဲ့ အသီးအ႐ြက္ ေတြကလည္း ဘီတာကယ္႐ိုတင္း ပါ၀င္တဲ့အတြက္ ဓာတ္တုိးဆန္႔က်င္ အာနိသင္ေၾကာင့္ ရင္သားကင္ဆာ ျဖစ္ပြားမႈကို ေလ်ာ့က်ေစပါတယ္။ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အေလ့ အက်င့္ေတြကို ေ႐ွာင္ပါ။ ေဆးလိပ္ ေသာက္ျခင္းက အဆုတ္ကိုသာမက ခႏၶာေဗဒတစ္ခုလံုးကို ထိခိုက္ေစပါ တယ္။ ဇီ၀႐ုပ္ျဖစ္ပ်က္မႈႏႈန္းကို ေလ်ာ့က်ေစ႐ံုသာမက၊ ဆဲလ္ေရာင္ ရမ္းမႈ ရင့္ေရာ္မႈေတြကို ျဖစ္ေပၚေစ ပါတယ္။ ကိုယ္တိုင္ေသာက္မွသာ မဟုတ္ တစ္ပါးသူရဲ႕ေဆးလိပ္ေငြ႕ကို ႐ႈမိရာကေနလည္း ဒုကၡျဖစ္ေစပါ တယ္။ ကဖင္းနဲ႔အယ္ကိုေဟာ သံုးစြဲ မႈကို ေလ်ာ့ခ်ပါ။ ယင္းအရာေတြက ရင္သားတင္းမႈ၊ နာက်င္မႈတို႔ကို ျဖစ္ ေစပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔ တစ္ရက္ကို အယ္ကိုေဟာ ႏွစ္ဖန္ ခြက္နဲ႔အထက္ ေသာက္သံုးျခင္းက ရင္သားကင္ဆာျဖစ္ပြားမႈကို ျမင့္ တက္ေစပါတယ္။

ေစာေစာအိပ္ပါ။ ေစာေစာထပါ။ ဒါကလည္း အေရး ႀကီးတဲ့အခ်က္ပါ ပဲ။ ညနက္တဲ့အထိ မအိပ္ဘဲေနျခင္းက ကင္ဆာကာ ကြယ္မႈမွာ အေရးပါတဲ့ မယ္လတိုနင္ ထုတ္လုပ္မႈကို ေလ်ာ့က်ေစၿပီး မေဟာ္မုန္းအီစထ႐ိုဂ်င္ အေပၚမွာ လည္း သက္ေရာက္မႈ ႐ွိေစပါတယ္။ မိမိကိုယ္ကို ျပန္လည္စမ္းသပ္ပါ။ မိမိကိုယ္ကို ျပန္လည္စမ္းသပ္မႈကို ေရခ်ိဳးတိုင္း အခ်ိန္မွန္လုပ္သင့္ပါ တယ္။ တကယ္လို႔ အသက္က ၃၀ ေက်ာ္ၿပီး မိသားစုရာဇ၀င္လည္း ႐ွိ မယ္ဆုိရင္ ပုိၿပီးစစ္ေဆးသင့္ပါတယ္။ ရင္သားမွာ ပံုသ႑ာန္အ႐ြယ္အစား၊ အေပၚယံအေရျပား ေျပာင္းလဲမႈေတြ အားလံုးက အေရးႀကီးပါတယ္။ တ ကယ္လို႔ စမ္းသပ္စစ္ေဆးရင္း အလံုး အက်ိတ္ေတြ႕ရင္လည္း လန္႔မသြား ပါနဲ႔။ ရင္သားမွာ အလံုးအက်ိတ္ ေတြ႕တိုင္း ကင္ဆာမဟုတ္ပါဘူး။ အမ်ားစုက ေဟာ္မုန္းအတက္အက် ေၾကာင့္ ျဖစ္ေပၚလာတဲ့ အရည္ အိတ္ေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ေအးေအးထားၿပီး ကြၽမ္းက်င္သူ ေတြနဲ႔ ျပသတုိင္ပင္သင့္ပါတယ္။ ေစာစီးစြာ ျပသျခင္းအားျဖင့္ ေရာဂါ ကိုအခ်ိန္မွီ ကုသႏိုင္ၿပီး အ႐ွင္း ေပ်ာက္ကင္းႏုိင္ေျခ ပိုမ်ားေစႏိုင္ ပါတယ္။

Credit : Health Updates Journal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရင်သား ကျန်းမာရေး စောင့် ရှောက်ဖို့အတွက် ဘာတွေလိုအပ် မလဲ။ အဓိကလိုအပ်တာကတော့ လေ့ကျင့်ခန်းလုပ်ဖို့ပါပဲ။ အဝလွန် တာကတော့ ရင်သား ကင်ဆာဖြစ် နိုင်ခြေ ပိုများစေပါတယ်။ ခန္ဓာ ကိုယ်မှာ အဆီဆဲလ်တွေ ပိုများလေ မဟော်မုန်းအီစထရိုဂျင်တွေ ပိုထုတ် လေ ရင်သားကင်ဆာ ပိုဖြစ်နိုင်လေ ပါပဲ။ ဒါ့ကြောင့် ကိုယ်အလေးချိန်ထိန်း ခြင်းအားဖြင့် ဟော်မုန်းကို ထိန်းရုံ သာမက အဆီလဲနည်းတဲ့အတွက် ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ် ခြင်းကလည်း ခန္ဓာကိုယ်ရဲ့ပြန်ရည် စီးဆင်းမှုစနစ်ကို အားကောင်းစေပြီး ရင်သားထဲမှ အဆိပ်အတောက်ကို လျင်လျင်မြန်မြန် စီးဆင်းသွားစေဖို့ ကူညီပြန်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။

အာဟာရပြည့်ဝပြီး ညီညွတ်မျှတတဲ့ အစားအစာတွေ စားဖို့က အရေး ကြီးသလို အသင့်စား အစားအစာတွေ ရှောင်ကြဉ်ဖို့ကလည်း အရေးကြီးပါ တယ်။ အစိမ်းရောင်အရွက်တွေမှာ သဘာဝရောင်ခြည် ပစ္စည်းဖြစ်တဲ့ ဃမေသအနညသငျိ တွေ ပါဝင်တဲ့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကို ရရှိစေပါတယ်။ ဒါ့အပြင် အဝါရောင်၊ လိမ္မော်ရောင် အစရှိတဲ့ အသီးအရွက် တွေကလည်း ဘီတာကယ်ရိုတင်း ပါဝင်တဲ့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြောင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့ အကျင့်တွေကို ရှောင်ပါ။ ဆေးလိပ် သောက်ခြင်းက အဆုတ်ကိုသာမက ခန္ဓာဗေဒတစ်ခုလုံးကို ထိခိုက်စေပါ တယ်။ ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းကို လျော့ကျစေရုံသာမက၊ ဆဲလ်ရောင် ရမ်းမှု ရင့်ရော်မှုတွေကို ဖြစ်ပေါ်စေ ပါတယ်။ ကိုယ်တိုင်သောက်မှသာ မဟုတ် တစ်ပါးသူရဲ့ဆေးလိပ်ငွေ့ကို ရှုမိရာကနေလည်း ဒုက္ခဖြစ်စေပါ တယ်။ ကဖင်းနဲ့အယ်ကိုဟော သုံးစွဲ မှုကို လျော့ချပါ။ ယင်းအရာတွေက ရင်သားတင်းမှု၊ နာကျင်မှုတို့ကို ဖြစ် စေပါတယ်။ အမျိုးသမီးတွေ အနေနဲ့ တစ်ရက်ကို အယ်ကိုဟော နှစ်ဖန် ခွက်နဲ့အထက် သောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်ပွားမှုကို မြင့် တက်စေပါတယ်။

စောစောအိပ်ပါ။ စောစောထပါ။ ဒါကလည်း အရေး ကြီးတဲ့အချက်ပါ ပဲ။ ညနက်တဲ့အထိ မအိပ်ဘဲနေခြင်းက ကင်ဆာကာ ကွယ်မှုမှာ အရေးပါတဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို လျော့ကျစေပြီး မဟော်မုန်းအီစထရိုဂျင် အပေါ်မှာ လည်း သက်ရောက်မှု ရှိစေပါတယ်။ မိမိကိုယ်ကို ပြန်လည်စမ်းသပ်ပါ။ မိမိကိုယ်ကို ပြန်လည်စမ်းသပ်မှုကို ရေချိုးတိုင်း အချိန်မှန်လုပ်သင့်ပါ တယ်။ တကယ်လို့ အသက်က ၃၀ ကျော်ပြီး မိသားစုရာဇဝင်လည်း ရှိ မယ်ဆိုရင် ပိုပြီးစစ်ဆေးသင့်ပါတယ်။ ရင်သားမှာ ပုံသဏ္ဍာန်အရွယ်အစား၊ အပေါ်ယံအရေပြား ပြောင်းလဲမှုတွေ အားလုံးက အရေးကြီးပါတယ်။ တ ကယ်လို့ စမ်းသပ်စစ်ဆေးရင်း အလုံး အကျိတ်တွေ့ရင်လည်း လန့်မသွား ပါနဲ့။ ရင်သားမှာ အလုံးအကျိတ် တွေ့တိုင်း ကင်ဆာမဟုတ်ပါဘူး။ အများစုက ဟော်မုန်းအတက်အကျ ကြောင့် ဖြစ်ပေါ်လာတဲ့ အရည် အိတ်တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပြီး ကျွမ်းကျင်သူ တွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ စောစီးစွာ ပြသခြင်းအားဖြင့် ရောဂါ ကိုအချိန်မှီ ကုသနိုင်ပြီး အရှင်း ပျောက်ကင်းနိုင်ခြေ ပိုများစေနိုင် ပါတယ်။

Credit : Health Updates Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top