iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႕နဲ႕ ကိုယ္ခႏၶာက်န္းမာေရးေကာင္းမြန္ရန္အတြက္ ေလ့က်င့္ခန္းလုပ္ေပးတာက အထိေရာက္ဆံုးေသာနည္းလမ္းမ်ားထဲမွာ တစ္ခုအပါအ၀င္ပါ။ သို႕ေသာ္ျငားလည္း လူအမ်ားစုဟာ စား၀တ္ေနေရးအတြက္ တေန႕တာလႈပ္ရွားရုန္းကန္ေနရာတာေႀကာင့္ ေလ့က်င့္ခန္းကို ေယာင္လုိ႕ေတာင္လွည့္မႀကည့္ႏိုင္ႀကပါဘူး။

ထုိသို႕အခ်ိန္မေပးႏုိင္ဘူးဟုဆိုကာ ေလ့က်င့္ခန္းလုပ္ျခင္းကို လ်စ္လ်ဴရႈျခင္းက အ၀လြန္ျခင္း၊ ႏွလံုးဆိုင္ရာျပႆနာမ်ား၊ ဆီးခ်ိဳႏွင့္ အျခားက်န္းမာေရးဆိုင္ရာေရာဂါအစံုအလင္မ်ား ျဖစ္ေပၚလာႏုိင္ပါတယ္။ Gym သြားရန္၊ ကိုယ္ကာယေလ့က်င့္ခန္းလုပ္ရန္ အခ်ိန္မေပးႏုိင္ဘူးဆိုလွ်င္ မီးပူတိုက္ျခင္း၊ ဖုန္သုတ္ျခင္း၊ ဖုန္စုပ္ျခင္း၊ ဥယ်ာဥ္စိုက္ပ်ိဳးျခင္း၊ ႀကမ္းတိုက္ျခင္း၊ တံျမက္စည္းလွည္းျခင္း၊ ဟင္းခ်က္ပန္းကန္ေဆး စသျဖင့္ ေန႕စဥ္တဓူ၀အိမ္အလုပ္မ်ားကို လုပ္ေဆာင္ေပးျခင္းျဖင့္ ကယ္လိုရီမ်ားကို ေလာင္ကၽြမ္းေစႏုိင္ပါတယ္။

၁။ အိမ္တေလွ်ာက္သန္႕ရွင္းေရးလုပ္ျခင္း

အိပ္ရာသိမ္းျခင္း၊ ဘီဒိုမ်ားကို အတြင္းေထာင့္မ်ားမက်န္ဖုန္သုတ္ျခင္း၊ ႀကမ္းျပင္ေပၚရွိ ပစၥည္းမ်ားေကာက္ယူျခင္းႏွင့္ အျခားအိမ္သန္႕ရွင္းေရးလုပ္ျခင္းမ်ားက သင့္ခႏၶာကိုယ္ကို ပံုစံတက်ရွိေအာင္ ကူညီေပးႏိုင္ပါတယ္။ ေပါင္တံ၊ တင္ႀကြက္သား၊ ေနာက္ေက်ာေအာက္ပိုင္းႀကြက္သားမ်ားကို ေလ့က်င့္ခန္းလုပ္ၿပီးသားျဖစ္သြားမွာပါ။

၂။ ႀကမ္းျပင္တံျမက္စည္းလွည္း၊ ႀကမ္းတိုက္ျခင္း

အိမ္ကိုဘယ္လိုပဲသန္႕ရွင္းေလးလုပ္လုပ္ ႀကမ္းျပင္ကိုထိမ္ခ်န္ထားမယ္ဆိုရင္ေတာ့ လံုး၀မျပည့္စံုႏိုင္ပါဘူး။ တံျမက္စည္းလွည္း၊ ႀကမ္းတိုက္ျခင္းက လက္မ်ားကိုသန္မာေစၿပီး ခါးႏွင့္ေျခေထာက္ကို ေလ့က်င့္ခန္းလုပ္ေပးကာ ကယ္လိုရီမ်ားကို ေလာင္ကၽြမ္းေစႏုိင္ပါတယ္။

၃။ အ၀တ္ေလွ်ာ္ျခင္း

အ၀တ္မ်ားကိုေလွ်ာ္ျခင္း၊ လွန္းျခင္း၊ မီးပူတိုက္၊ ေခါက္သိမ္းျခင္း ခႏၶာကိုယ္အေပၚပိုင္းႀကြက္သားမ်ားကို ညီညာေျပျပစ္မႈရွိေစပါတယ္။ အ၀တ္ေလွ်ာ္စက္ကိုအသံုးျပဳသည္ထက္ လက္ႏွင့္ေလွ်ာ္ဖြပ္ျခင္းက ပိုမိုထိေရာက္တာေႀကာင့္ အခ်ိန္ေပးၿပီး လက္ႏွင့္ႀကိဳးစားေလွ်ာ္ႀကည့္ပါ။

၄။ ဥယ်ာဥ္ပ်ိဳးျခင္း

သန္႕ရွင္းလက္ဆတ္ၿပီး က်န္းမာေရးႏွင့္ညီညြတ္သည့္ အသီးအႏွံမ်ား၊ ဟင္းသီးဟင္းရြက္မ်ားကို စားသံုးႏုိင္ရံုသာမက က်န္းမာေရးႏွင့္ညီညြတ္သည့္ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းထားႏုိင္မွာျဖစ္ပါတယ္။ ဥယ်ာဥ္ၿခံအလုပ္ကို တစ္နာရီခန္႕လုပ္ေပးျခင္းက ကယ္လိုရီေပါင္း ၃၃၀ ေက်ာ္ကို ေလာင္ကၽြမ္းေစႏုိင္ပါတယ္။

၅။ ေပါင္းသင္ပ်ိဳးႏုတ္ျခင္း

ၿခံအတြင္းရွိ သစ္ရြက္အမိႈက္မ်ားကို နာရီ၀က္ခန္႕ သုတ္သင္ရွင္းလင္းေပးျခင္းက ကယ္လိုရီေပါင္းႏွစ္ရာေက်ာ္ကို ေလာင္ကၽြမ္းေစႏုိင္ပါတယ္။ လုပ္ေနစဥ္အတြင္းမွာလည္း ခါးကိုမတ္မတ္ထားေပးဖို႕ လိုအပ္ပါတယ္။

၆။ ကားေရေဆးျခင္း

နာရီ၀က္အခ်ိန္ေပးရံုနဲ႕ ကယ္လိုရီေပါင္း ၁၅၀ ကိုေလာင္ကၽြမ္းေစႏုိင္ရံုသာမက လက္၊ ေျခေထာက္၊ ေက်ာရိုးႏွင့္ ၀မ္းဗိုက္ႀကြက္သားမ်ားကို ေလ့က်င့္ခန္းလုပ္ၿပီးသားျဖစ္သြားမွာပါ။

၇။ ထင္းေခြ၊ သစ္ခုတ္ျခင္း

ကားေရေဆးျခင္းအတိုင္းပင္ နာရီ၀က္ထဲႏွင့္ ကယ္လိုရီသံုးရာနီးပါးကို ေလာင္ကၽြမ္းသြားေစႏိုင္ကာ ေက်ာ၊ ပခံုးႏွင့္ ရိုးတြင္းျခင္ဆီရွိ ႀကြက္သားမ်ားကို ညီညာမႈရွိေစပါတယ္။ သည့္အျပင္ ထင္းေခြသစ္ခုတ္ေပးျခင္းက ႏွလံုးခံႏုိင္ရည္အားႏွင့္ ခြန္အားတို႕ကိုတိုးျမွင့္ေပးပါတယ္။

၈။ အခန္းေဆးသုတ္ျခင္း

ေဆးသုတ္တာက တစ္ေနရာထဲမွာထိုင္ေနလုိ႕မရဘဲ မႀကာခဏ မတ္တပ္ရပ္လိုက္၊ ေျခေထာက္ ေထာက္လိုက္၊ ေဆာင့္ေႀကာင္ထုိင္လုိက္၊ ငုတ္တုပ္ထုိင္လိုက္၊ ကုန္းလုိက္ကြလိုက္ ပံုစံအမ်ိဳးမ်ိဳးကို လုပ္ေနရာမွာျဖစ္တာေႀကာင့္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ၿပီးသားျဖစ္သြားမွာပါ။

၉။ ဟင္းခ်က္ျခင္း

ဟင္းသီးဟင္းရြက္မ်ားလွီးခၽြတ္ျခင္း၊ ခ်က္ျပဳတ္ျခင္း၊ ပန္းကန္ေဆးျခင္းတို႕က လက္ကိုတခါတည္းေလ့က်င့္ခန္းလုပ္ၿပီးသားျဖစ္သြားပါတယ္။ ေစ်းသုိ႕သြားသည့္အခါမ်ားတြင္ စက္ကိရိယာမ်ားကိုအသံုးျပဳျခင္းထက္ လမ္းေလွ်ာက္ေပးဖို႕ႏွင့္ ဟင္းခ်က္ပစၥည္းမ်ားကုိ သယ္ယူရာ၌ လက္ႏွစ္ဖက္လံုးတြင္ အေလးခ်ိန္ညီမွ်ေနဖို႕ အလြန္အေရးႀကီးပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လျော့ချဖို့နဲ့ ကိုယ်ခန္ဓာကျန်းမာရေးကောင်းမွန်ရန်အတွက် လေ့ကျင့်ခန်းလုပ်ပေးတာက အထိရောက်ဆုံးသောနည်းလမ်းများထဲမှာ တစ်ခုအပါအဝင်ပါ။ သို့သော်ငြားလည်း လူအများစုဟာ စားဝတ်နေရေးအတွက် တနေ့တာလှုပ်ရှားရုန်းကန်နေရာတာကြောင့် လေ့ကျင့်ခန်းကို ယောင်လို့တောင်လှည့်မကြည့်နိုင်ကြပါဘူး။

ထိုသို့အချိန်မပေးနိုင်ဘူးဟုဆိုကာ လေ့ကျင့်ခန်းလုပ်ခြင်းကို လျစ်လျူရှုခြင်းက အဝလွန်ခြင်း၊ နှလုံးဆိုင်ရာပြဿနာများ၊ ဆီးချိုနှင့် အခြားကျန်းမာရေးဆိုင်ရာရောဂါအစုံအလင်များ ဖြစ်ပေါ်လာနိုင်ပါတယ်။ Gym သွားရန်၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရန် အချိန်မပေးနိုင်ဘူးဆိုလျှင် မီးပူတိုက်ခြင်း၊ ဖုန်သုတ်ခြင်း၊ ဖုန်စုပ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ ကြမ်းတိုက်ခြင်း၊ တံမြက်စည်းလှည်းခြင်း၊ ဟင်းချက်ပန်းကန်ဆေး စသဖြင့် နေ့စဉ်တဓူဝအိမ်အလုပ်များကို လုပ်ဆောင်ပေးခြင်းဖြင့် ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ပါတယ်။

၁။ အိမ်တလျှောက်သန့်ရှင်းရေးလုပ်ခြင်း

အိပ်ရာသိမ်းခြင်း၊ ဘီဒိုများကို အတွင်းထောင့်များမကျန်ဖုန်သုတ်ခြင်း၊ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကောက်ယူခြင်းနှင့် အခြားအိမ်သန့်ရှင်းရေးလုပ်ခြင်းများက သင့်ခန္ဓာကိုယ်ကို ပုံစံတကျရှိအောင် ကူညီပေးနိုင်ပါတယ်။ ပေါင်တံ၊ တင်ကြွက်သား၊ နောက်ကျောအောက်ပိုင်းကြွက်သားများကို လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားမှာပါ။

၂။ ကြမ်းပြင်တံမြက်စည်းလှည်း၊ ကြမ်းတိုက်ခြင်း

အိမ်ကိုဘယ်လိုပဲသန့်ရှင်းလေးလုပ်လုပ် ကြမ်းပြင်ကိုထိမ်ချန်ထားမယ်ဆိုရင်တော့ လုံးဝမပြည့်စုံနိုင်ပါဘူး။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်ခြင်းက လက်များကိုသန်မာစေပြီး ခါးနှင့်ခြေထောက်ကို လေ့ကျင့်ခန်းလုပ်ပေးကာ ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ပါတယ်။

၃။ အဝတ်လျှော်ခြင်း

အဝတ်များကိုလျှော်ခြင်း၊ လှန်းခြင်း၊ မီးပူတိုက်၊ ခေါက်သိမ်းခြင်း ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကို ညီညာပြေပြစ်မှုရှိစေပါတယ်။ အဝတ်လျှော်စက်ကိုအသုံးပြုသည်ထက် လက်နှင့်လျှော်ဖွပ်ခြင်းက ပိုမိုထိရောက်တာကြောင့် အချိန်ပေးပြီး လက်နှင့်ကြိုးစားလျှော်ကြည့်ပါ။

၄။ ဥယျာဉ်ပျိုးခြင်း

သန့်ရှင်းလက်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ရုံသာမက ကျန်းမာရေးနှင့်ညီညွတ်သည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဥယျာဉ်ခြံအလုပ်ကို တစ်နာရီခန့်လုပ်ပေးခြင်းက ကယ်လိုရီပေါင်း ၃၃၀ ကျော်ကို လောင်ကျွမ်းစေနိုင်ပါတယ်။

၅။ ပေါင်းသင်ပျိုးနုတ်ခြင်း

ခြံအတွင်းရှိ သစ်ရွက်အမှိုက်များကို နာရီဝက်ခန့် သုတ်သင်ရှင်းလင်းပေးခြင်းက ကယ်လိုရီပေါင်းနှစ်ရာကျော်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ လုပ်နေစဉ်အတွင်းမှာလည်း ခါးကိုမတ်မတ်ထားပေးဖို့ လိုအပ်ပါတယ်။

၆။ ကားရေဆေးခြင်း

နာရီဝက်အချိန်ပေးရုံနဲ့ ကယ်လိုရီပေါင်း ၁၅၀ ကိုလောင်ကျွမ်းစေနိုင်ရုံသာမက လက်၊ ခြေထောက်၊ ကျောရိုးနှင့် ဝမ်းဗိုက်ကြွက်သားများကို လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားမှာပါ။

၇။ ထင်းခွေ၊ သစ်ခုတ်ခြင်း

ကားရေဆေးခြင်းအတိုင်းပင် နာရီဝက်ထဲနှင့် ကယ်လိုရီသုံးရာနီးပါးကို လောင်ကျွမ်းသွားစေနိုင်ကာ ကျော၊ ပခုံးနှင့် ရိုးတွင်းခြင်ဆီရှိ ကြွက်သားများကို ညီညာမှုရှိစေပါတယ်။ သည့်အပြင် ထင်းခွေသစ်ခုတ်ပေးခြင်းက နှလုံးခံနိုင်ရည်အားနှင့် ခွန်အားတို့ကိုတိုးမြှင့်ပေးပါတယ်။

၈။ အခန်းဆေးသုတ်ခြင်း

ဆေးသုတ်တာက တစ်နေရာထဲမှာထိုင်နေလို့မရဘဲ မကြာခဏ မတ်တပ်ရပ်လိုက်၊ ခြေထောက် ထောက်လိုက်၊ ဆောင့်ကြောင်ထိုင်လိုက်၊ ငုတ်တုပ်ထိုင်လိုက်၊ ကုန်းလိုက်ကွလိုက် ပုံစံအမျိုးမျိုးကို လုပ်နေရာမှာဖြစ်တာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားမှာပါ။

၉။ ဟင်းချက်ခြင်း

ဟင်းသီးဟင်းရွက်များလှီးချွတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းကန်ဆေးခြင်းတို့က လက်ကိုတခါတည်းလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားပါတယ်။ ဈေးသို့သွားသည့်အခါများတွင် စက်ကိရိယာများကိုအသုံးပြုခြင်းထက် လမ်းလျှောက်ပေးဖို့နှင့် ဟင်းချက်ပစ္စည်းများကို သယ်ယူရာ၌ လက်နှစ်ဖက်လုံးတွင် အလေးချိန်ညီမျှနေဖို့ အလွန်အရေးကြီးပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top