iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ သရုပ္ေဆာင္ ထြန္းထြန္းရဲ႕ အခ်စ္ေရးကေတာ့ လက္ရွိမွာ အိုေကမွာ စိုေျပေနတယ္လို႕ပဲ ေျပာရမွာပါ။ ခ်စ္သူေကာင္မေလးနဲ႕ ပတ္သက္တဲ့ အမွတ္တရေလးေတြကို ထြန္းထြန္းရဲ႕ အင္စတာဂရမ္မွာ အၿမဲတမ္း တင္ျဖစ္ၿပီး သူ႕ရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္လို႕ ပရိသတ္ေတြကို အၿမဲသိေစခဲ့သူလည္း ျဖစ္ပါတယ္။

ေကာင္မေလးေခ်ာေခ်ာေလးကို ရထားတဲ့ ထြန္းထြန္းရဲ႕ အခ်စ္ေရးကေတာ့သူ႕ရဲ႕ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား သိေနၾကပါၿပီ။

အခုလည္း ထြန္းထြန္းက သူ႕ရဲ႕ အင္စတာဂရမ္မွာ ပံုေလးတစ္ပံုတင္ထားပါတယ္။ အဲ့ဒီပံုေလးကေတာ့ထြန္းထြန္းရဲ႕ ညာဘက္လက္ေလးကို ရုိက္ထားတဲ့ ပံုျဖစ္ပါတယ္။ အဲ့ဒီပံုေၾကာင့္ ထြန္းထြန္းတစ္ေယာက္ ပရိသတ္ေတြရဲ႕ အစကိုလည္း ခံေနရပါတယ္။

ထြန္းထြန္းတင္ထားတဲ့ လက္ပံုေလးမွာ ထူးျခားမႈေလးတစ္ခုပါေနလို႕ပါ။ အဲ့ဒါကေတာ့ ကိုက္ရာေလး ျဖစ္ပါတယ္။ အဲ့ဒီကိုက္ရာေလးနဲ႕ ပတ္သက္ၿပီး သူ႕ရဲ႕ ပရိသတ္ေတြက မေျပာပဲနဲ႕ သိေနၾကပါတယ္။

ထြန္းထြန္းကလည္း အဲ့ဒီ ကိုက္ရာေလးေတြကို သေဘာၾကလုိ႕ မွတ္တမ္းတင္ ဓာတ္ပံုရိုက္ထားတာလည္း ျဖစ္ပါတယ္။ အခ်စ္ေရးမွာ ေအးေဆး ျဖစ္ေနတဲ့ ထြန္းထြန္းက သူ႕ရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ သိခ်င္ရင္ သူ႕ရဲ႕ ေဖ့စ္ဘြတ္အေကာင့္နဲ႕ အင္စတာဂရမ္တို႕ကို Follow လုပ္ထားဖို႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ဖူးပါတယ္။

သူ႕ရဲ႕ အင္စတာဂရမ္မွာလည္း ေကာင္မေလးနဲ႕အတူ ရိုက္ထားတဲ့ ဓာတ္ပုံေလးေတြကို ေတာ္ေတာ္မ်ားမ်ားတင္ထားတာ ေတြ႕ရပါတယ္။ ထြန္းထြန္းကေတာ့ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ေအးေအးေဆးေဆး ျဖစ္ေနခဲ့တာ ၾကာပါၿပီ။ အခုေတာ့ သူ႕ရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ စိတ္ဝင္စားလို႕ ေနပါတယ္။

ထြန္းထြန္းကေတာ့ အခုေနာက္ပိုင္းမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္ဆိုသလုိ ရိုက္ကူးလာရတာကိုလည္း ေတြ႕ရပါတယ္။

ဂီတေလာကမွာ Examplez ဆုိတဲ့ နာမည္နဲ႕ မိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ထြန္းထြန္းဟာ သရုပ္ေဆာင္ပိုင္းသို႕ ဝင္ေရာက္လာခဲ့ပါတယ္။

သရုပ္ေဆာင္ဘက္မွာလည္း က်ရာဇာတ္ ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့သူ တစ္ဦးျဖစ္ၿပီး ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ ထြက္ရွိခဲ့ပါတယ္။ဇာတ္ကားရိုက္ကူးမႈေတြနဲ႕ ပတ္သက္ၿပီး ၂၀၁၆ခုႏွစ္ထဲမွာ ဆက္တိုက္ရိုက္ကူးလာရသလို သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္အားေပးသူ တစ္ဦးျဖစ္လာခဲ့ပါတယ္။

၂၀၁၆ခုႏွစ္အကယ္ဒမီ စာရင္းဝင္ ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ခိုးဆိုးလုႏႈိက္ ရုပ္ရွင္ဇာတ္ကား၊ အုတ္ၾကားျမတ္ေပါက္ ရုပ္ရွင္ဇာတ္ကားတို႕မွာ ပါဝင္ခဲ့သူ တစ္ဦးျဖစ္ၿပီး အုတ္ၾကားျမက္ေပါက္ ဇာတ္ကားနဲ႕ အကယ္ဒမီရရွိသြားခဲ့တာလည္း ျဖစ္ပါတယ္။

Photo : ထြန္းထြန္း အင္စတာဂရမ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် သရုပ်ဆောင် ထွန်းထွန်းရဲ့ အချစ်ရေးကတော့ လက်ရှိမှာ အိုကေမှာ စိုပြေနေတယ်လို့ပဲ ပြောရမှာပါ။ ချစ်သူကောင်မလေးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို ထွန်းထွန်းရဲ့ အင်စတာဂရမ်မှာ အမြဲတမ်း တင်ဖြစ်ပြီး သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို အမြဲသိစေခဲ့သူလည်း ဖြစ်ပါတယ်။

ကောင်မလေးချောချောလေးကို ရထားတဲ့ ထွန်းထွန်းရဲ့ အချစ်ရေးကတော့သူ့ရဲ့ ပရိသတ်တွေ တော်တော်များများ သိနေကြပါပြီ။

အခုလည်း ထွန်းထွန်းက သူ့ရဲ့ အင်စတာဂရမ်မှာ ပုံလေးတစ်ပုံတင်ထားပါတယ်။ အဲ့ဒီပုံလေးကတော့ထွန်းထွန်းရဲ့ ညာဘက်လက်လေးကို ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ အဲ့ဒီပုံကြောင့် ထွန်းထွန်းတစ်ယောက် ပရိသတ်တွေရဲ့ အစကိုလည်း ခံနေရပါတယ်။

ထွန်းထွန်းတင်ထားတဲ့ လက်ပုံလေးမှာ ထူးခြားမှုလေးတစ်ခုပါနေလို့ပါ။ အဲ့ဒါကတော့ ကိုက်ရာလေး ဖြစ်ပါတယ်။ အဲ့ဒီကိုက်ရာလေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေက မပြောပဲနဲ့ သိနေကြပါတယ်။

ထွန်းထွန်းကလည်း အဲ့ဒီ ကိုက်ရာလေးတွေကို သဘောကြလို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားတာလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ အေးဆေး ဖြစ်နေတဲ့ ထွန်းထွန်းက သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိချင်ရင် သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ အင်စတာဂရမ်တို့ကို Follow လုပ်ထားဖို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သူ့ရဲ့ အင်စတာဂရမ်မှာလည်း ကောင်မလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တော်တော်များများတင်ထားတာ တွေ့ရပါတယ်။ ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့ နေပါတယ်။

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရတာကိုလည်း တွေ့ရပါတယ်။

ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။

သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ် ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo : ထွန်းထွန်း အင်စတာဂရမ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top