iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
သရုပ်ဆောင်မြင့်မြတ်ကတော့ ဇနီးဖြစ်သူ မခင်သူဇာအောင်ကတော့ ကိုယ်ဝန် ၂ လလွယ်ထားရပြီဆိုတာကို ပရိသတ်တွေရော အနုပညာ အသိုင်းအဝိုင်းကပါ သိရှိပြီးနေပေမယ့် ဖခင်လောင်း မြင့်မြတ်ကတော့ သားယောက်ျားလေး လိုချင်တယ်လို့ ပြောပြ ခဲ့ပါတယ်။
” လိုချင်တာကတော့ သားယောကျ်ားလေးပေါ့။ ဒါပေမယ့် ဘာလေးပဲ ရရပါ ကိုယ့်ကလေးပဲလေ။ အခုလောလောဆယ်မှာတော့ ကိုယ်ဝန်က ၂လပဲ ရှိသေးတော့ ၃လ ၄လ လောက်မှ လက်တွေ၊ ခြေတွေထွက်လာမှာဆိုတော့ အဲ့ဒီအချိန်ကျရင် ဘာလေးဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်ကို တော်တော်လေး ရင်ခုန်နေပါတယ်။ မကြာခင်အဖေဖြစ်တော့မယ် ဆိုတာလေးတော့ ခံစားမိပါတယ်” လို့ ဆိုပါတယ်။
ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးဖြစ်သူကိုလည်း ဂရုစိုက်နေရပြီး ဒီအချိန်မှာတော့ သူက ဘုရင်မပေါ့လို့ ချစ်စနိုးနဲ့ လှောင်ခဲ့ပါသေးတယ်။
” အခုတော့ ကျွန်တော် နယ်တွေသွားရင် သူလိုက်လို့မရတော့ဘူး အန်တာတော့ အန်နေတယ်။ဂရုစိုက်ရတာပေါ့ ဒီအချိန်မှာတော့ သူက ဘုရင်မပဲလေ။ ကလေးမွေးလာရင်တော့ ကလေးရဲ့ ပုံကိုတက်တူးထိုးဖို့ နေရာချန်ထားပါတယ်။ ကျွန်တော်မိန်းမယူတုန်းကလည်း ကျွန်တော့်မိန်းမကို ချစ်ပေးကြတယ်၊ ကလေးရတော့မယ်ဆိုတော့လည်း ကျွန်တော့် ကလေးကိုပါချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ သူကဆိုပါတယ်။
သရုပ်ဆောင်မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူဇာအောင် တို့ကတော့ ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ ထဲမှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံကတော့ ချစ်သူသက်တမ်း ၅ နှစ်မြောက်မှာ လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Photo: မြင့်မြတ်ဖေ့စ်ဘုတ်
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top