iMyanmarHouse.com - Best Property Website for Myanmar
×





Source : Guardian

Photos : Huffington

Credit : Duwun

ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘယ်အချိန်ဖြစ်ဖြစ် စားလို့ သင့်တော်တဲ့အသီးတစ်မျိုးကတော့ ထောပတ်သီးပါ။ ဖျော်ရည်ပဲ ဖျော်သောက်သောက်၊ ဒီအတိုင်းပဲ စားစား သင့်တော်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

ပြဿနာက မမှည့်သေးတဲ့ ထောပတ်သီးဆိုရင် ဘယ်လိုမှ စားလို့မရတာပါပဲ။ ဒီတော့ ထောပတ်သီးကို ဘေးထွက်ဆိုးကျိုးမရှိပဲ မြန်မြန်မှည့်အောင် လုပ်နည်းရှိပါတယ်။ ဒီအတွက် လိုအပ်တာကတော့ ပန်းသီးတစ်လုံးရယ်၊ အညိုရောင်စက္ကူအိတ်တစ်လုံးရယ်သာ ဖြစ်ပါတယ်။ ထောပတ်သီးအစိမ်းကို ဝယ်လာပြီးမှာ အိမ်မှာ မှည့်အောင်စောင့်တာဟာ ပိုပြီးလည်း ဈေးသက်သာသလို စိတ်လည်းချရပါတယ်။

အညိုရောင်စက္ကူအိတ်တစ်လုံးကိုယူပြီး အသင့်ရှိနေတဲ့ ထောပတ်သီးနဲ့ ပန်းသီးကို ပေါင်းထည့်လိုက်ပါ။ နောက်ပြီးတော့ စက္ကူအိတ်ကို တက်နိုင်သလောက် အလုံပိတ်လိုက်ပါမယ်။ ဒါပြီးရင်တော့ စားပွဲတစ်နေရာမှာ တစ်ညလောက် ထားလိုက်တဲ့အခါ မနက်ကျရင် ထောပတ်သီး မှည့်နေတာ တွေ့ပါလိမ့်မယ်။

ဒီနည်းနဲ့ ခရမ်းချဉ်သီးအစိမ်းကိုလည်း ချက်ခြင်းမှည့်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီးကိုတော့ ငှက်ပျောသီးနဲ့ အတူထားရမှာပါ။

Source : Guardian

Photos : Huffington

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top