iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳပ်ိဳေမတိုင္းကေတာ့ ဝဝတုတ္တုတ္ မျဖစ္ခ်င္ၾကပါဘူး။ လူတကာ ေငးၾကည့္ရတဲ့ က်စ္လစ္ေသးသြယ္ၿပီး လွပတဲ့ ခႏၶာကိုယ္ေလးပဲ ပိုင္ဆုိင္ခ်င္ၾကတာခ်ည္းပါပဲ။ က်စ္လစ္ေသးသြယ္တဲ့ ခႏၶာကိုယ္ေလး ပိုင္ဆုိင္ရဖို႔ဆိုတာ ျဖစ္ကို ျဖစ္ရမယ္ဆိုတဲ့ စိတ္ဓါတ္က အေရးအႀကီးဆံုးပါ။ ဘာေတြ လုပ္ေဆာင္မလဲဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။

ဘယ္သူပဲ ျဖစ္ျဖစ္ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ကိုယ္အားက်ရတဲ့သူေတာ့ ရွိၾကတာပါပဲ။ ဒီေတာ့ ပထမဆံုးအေနနဲ႔ ကိုယ္လိုခ်င္တဲ့ ခႏၶာကိုယ္ ပိုင္ဆိုင္ထားတဲ့သူကို ၾကည့္ပါ။ ကိုယ္လိုခ်င္တဲ့ အေလးခ်ိန္ကိုလည္း သတ္မွတ္ပါ။ ကိုယ္စားသံုးတဲ့ အစားအစာေတြမွာလည္း ကယ္လိုရီ ဘယ္ေလာက္ ပါဝင္တယ္ဆိုတာ သိထားရင္ အေကာင္းဆံုးပါပဲ။ ကယ္လိုရီ မမ်ားဖို႔ ဂရုစိုက္ပါမယ္။

မနက္စာ

မိန္းကေလးေတာ္ေတာ္မ်ားမ်ားကေတာ့ မနက္စာ စားျခင္းကို ေရွာင္ရွားၾကပါတယ္။ မနက္စာ မစားတာက ကယ္လိုရီေတြ ေလွ်ာ့ခ်ႏိုင္မယ္္လို႔ ေတြးထင္တာေၾကာင့္ မစားၾကတာပါ။ တကယ္ေတာ့ မနက္စာက စားရမွာပါ. အကယ္လို႔ မနက္စာ မစားဘူးဆိုရင္ ေန႔လည္ ဗိုက္ဆာတဲ့အခါမွာ ကယ္လိုရီေတြ အမ်ားႀကီး စားမိႏိုင္ပါတယ္။

ေရ

ခႏၶာကိုယ္ေလး က်စ္လစ္ဖို႔ဆိုရင္ေတာ့ ေရဓါတ္ လိုပါတယ္။ ေရက ခႏၶာကိုယ္ထဲမွာ ရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ႏိုင္ၿပီး ေရဓါတ္ရေစတာမို႔ ခႏၶာကိုယ္ကို အားအင္ရွိေစပါတယ္။ Mayo Clinic အရ ေရဓါတ္နည္းတာဟာ ေမာပန္းလြယ္ျခင္းကို ျဖစ္ေစၿပီး သြက္သြက္လက္လက္ လႈပ္ရွားတာေတြ မရွိေတာ့ပါဘူး။ ဒါဆိုရင္ေတာ့ ကိုယ့္ဆီမွာ ဇီဝျဖစ္ပ်က္မႈလည္း ေကာင္းမွာ မဟုတ္ဘူး ဝတာေတြလည္း ျဖစ္ေစပါတယ္။ ေရဓါတ္ကို အသီးအရြက္၊ အသီးအႏွံေတြကေနလည္း ရရွိႏိုင္ပါတယ္။

အစားမစားျခင္း

အစားမေလွ်ာ့ႏိုင္လု႔ိ ဝတယ္ဆိုတဲ့သူေတြ အမ်ားႀကီးပါ။ ဒီေတာ့ အစားေလွ်ာ့စားႏိုင္ဖို႔ နည္းလမ္းလိုပါတယ္။ လံုးဝမစားတာမ်ိဳး မဟုတ္ဘဲ နည္းနည္းပဲ စားျဖစ္ေအာင္ ႀကိဳးစားပါ။ အစားကို ေၾကညက္ေအာင္ ဝါးပါ။ ၿပီးရင္ ျဖည္းျဖည္းခ်င္းစားပါ။ စားေနရင္းမွာ ဗိုက္ျပည့္လာသလို ခံစားလာရမွာပါ။ ဒါဆိုရင္ေတာ့ အစားနည္းနည္းပဲ စားျဖစ္မွာပါ။ ဇြန္းနဲ႔ စားတာကလည္း အစားစားခ်င္စိတ္ကို နည္းနည္းေတာ့ အဟန္႔အတား ျဖစ္ေစႏိုင္ပါတယ္။

အစားစားၿပီးရင္

ခႏၶာကိုယ္မွာ အဆီပိုေတြ မရွိဖို႔ဆိုတာ လႈပ္ရွားမႈ လိုပါတယ္။ အစားစားၿပီးတိုင္း လမ္းေလွ်ာက္ေပးပါ။ အစားစားၿပီးတိုင္း ဆယ္မိနစ္ေလာက္ လမ္းေလွ်ာက္တာက ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစသလို အစာေျခလမ္းေၾကာင္းကိုလည္း ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ ကယ္လိုရီေတြ ျမန္ျမန္ ေလာင္ကၽြမ္းခ်င္တယ္ဆိုရင္ေတာ့ အစားစားၿပီးရင္ တန္းထိုင္တာမ်ိဳး မလုပ္ပါနဲ႔။

အမွ်င္ဓါတ္

အမွ်င္ဓါတ္ကေတာ့ က်စ္လစ္တဲ့ ခႏၶာကိုယ္ ပိုင္ဆိုင္ခ်င္သူတိုင္းအတြက္ အလိုအပ္ဆံုးပါ။ အမွ်င္ဓါတ္ေတြက က်န္းမာေရး ေကာင္းမြန္ေစၿပီး အဆီလည္း က်ေစပါတယ္။ အမွ်င္ဓါတ္ မ်ားမ်ား စားသံုးတာက တျခားကယ္လိုရီေတြ မစားမိေတာ့ေအာင္ ထိန္းခ်ဳပ္ေပးပါတယ္။ အမွ်င္ဓါတ္ပါဝင္တဲ့ အစားအစာေတြက ၾကာၾကာလည္း ဝါးရတာမို႔ ဗိုက္ခဏခဏ ျပန္ဆာတာကို သက္သာေစပါတယ္။ အသီးအရြက္ေလးေတြ ပိုစားေပးေနာ္။

ေလ့က်င့္ခန္း

ခႏၶာကိုယ္ေလးေတာ့ က်စ္လစ္ခ်င္ပါရဲ႕ ေလ့က်င့္ခန္း မလုပ္ခ်င္ဘူးဆိုရင္ေတာ့ အဆင္မေျပပါဘူးေနာ္။ ေျပးျခင္း၊ ေရကူးျခင္း၊ ၾကက္ေတာင္ရိုက္၊ GYM ေဆာ့တာေတြ လုပ္ေပးပါ။ အနည္းဆံုးေတာ့ လမ္းေလွ်ာက္ပါေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျိုပျိုမေတိုင်းကတော့ ဝဝတုတ်တုတ် မဖြစ်ချင်ကြပါဘူး။ လူတကာ ငေးကြည့်ရတဲ့ ကျစ်လစ်သေးသွယ်ပြီး လှပတဲ့ ခန္ဓာကိုယ်လေးပဲ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ရဖို့ဆိုတာ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်က အရေးအကြီးဆုံးပါ။ ဘာတွေ လုပ်ဆောင်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ဘယ်သူပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်အားကျရတဲ့သူတော့ ရှိကြတာပါပဲ။ ဒီတော့ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူကို ကြည့်ပါ။ ကိုယ်လိုချင်တဲ့ အလေးချိန်ကိုလည်း သတ်မှတ်ပါ။ ကိုယ်စားသုံးတဲ့ အစားအစာတွေမှာလည်း ကယ်လိုရီ ဘယ်လောက် ပါဝင်တယ်ဆိုတာ သိထားရင် အကောင်းဆုံးပါပဲ။ ကယ်လိုရီ မများဖို့ ဂရုစိုက်ပါမယ်။

မနက်စာ

မိန်းကလေးတော်တော်များများကတော့ မနက်စာ စားခြင်းကို ရှောင်ရှားကြပါတယ်။ မနက်စာ မစားတာက ကယ်လိုရီတွေ လျှော့ချနိုင်မယ်လို့ တွေးထင်တာကြောင့် မစားကြတာပါ။ တကယ်တော့ မနက်စာက စားရမှာပါ. အကယ်လို့ မနက်စာ မစားဘူးဆိုရင် နေ့လည် ဗိုက်ဆာတဲ့အခါမှာ ကယ်လိုရီတွေ အများကြီး စားမိနိုင်ပါတယ်။

ရေ

ခန္ဓာကိုယ်လေး ကျစ်လစ်ဖို့ဆိုရင်တော့ ရေဓါတ် လိုပါတယ်။ ရေက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပြီး ရေဓါတ်ရစေတာမို့ ခန္ဓာကိုယ်ကို အားအင်ရှိစေပါတယ်။ Mayo Clinic အရ ရေဓါတ်နည်းတာဟာ မောပန်းလွယ်ခြင်းကို ဖြစ်စေပြီး သွက်သွက်လက်လက် လှုပ်ရှားတာတွေ မရှိတော့ပါဘူး။ ဒါဆိုရင်တော့ ကိုယ့်ဆီမှာ ဇီဝဖြစ်ပျက်မှုလည်း ကောင်းမှာ မဟုတ်ဘူး ဝတာတွေလည်း ဖြစ်စေပါတယ်။ ရေဓါတ်ကို အသီးအရွက်၊ အသီးအနှံတွေကနေလည်း ရရှိနိုင်ပါတယ်။

အစားမစားခြင်း

အစားမလျှော့နိုင်လု့ိ ဝတယ်ဆိုတဲ့သူတွေ အများကြီးပါ။ ဒီတော့ အစားလျှော့စားနိုင်ဖို့ နည်းလမ်းလိုပါတယ်။ လုံးဝမစားတာမျိုး မဟုတ်ဘဲ နည်းနည်းပဲ စားဖြစ်အောင် ကြိုးစားပါ။ အစားကို ကြေညက်အောင် ဝါးပါ။ ပြီးရင် ဖြည်းဖြည်းချင်းစားပါ။ စားနေရင်းမှာ ဗိုက်ပြည့်လာသလို ခံစားလာရမှာပါ။ ဒါဆိုရင်တော့ အစားနည်းနည်းပဲ စားဖြစ်မှာပါ။ ဇွန်းနဲ့ စားတာကလည်း အစားစားချင်စိတ်ကို နည်းနည်းတော့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အစားစားပြီးရင်

ခန္ဓာကိုယ်မှာ အဆီပိုတွေ မရှိဖို့ဆိုတာ လှုပ်ရှားမှု လိုပါတယ်။ အစားစားပြီးတိုင်း လမ်းလျှောက်ပေးပါ။ အစားစားပြီးတိုင်း ဆယ်မိနစ်လောက် လမ်းလျှောက်တာက ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို အစာခြေလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ကယ်လိုရီတွေ မြန်မြန် လောင်ကျွမ်းချင်တယ်ဆိုရင်တော့ အစားစားပြီးရင် တန်းထိုင်တာမျိုး မလုပ်ပါနဲ့။

အမျှင်ဓါတ်

အမျှင်ဓါတ်ကတော့ ကျစ်လစ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ချင်သူတိုင်းအတွက် အလိုအပ်ဆုံးပါ။ အမျှင်ဓါတ်တွေက ကျန်းမာရေး ကောင်းမွန်စေပြီး အဆီလည်း ကျစေပါတယ်။ အမျှင်ဓါတ် များများ စားသုံးတာက တခြားကယ်လိုရီတွေ မစားမိတော့အောင် ထိန်းချုပ်ပေးပါတယ်။ အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေက ကြာကြာလည်း ဝါးရတာမို့ ဗိုက်ခဏခဏ ပြန်ဆာတာကို သက်သာစေပါတယ်။ အသီးအရွက်လေးတွေ ပိုစားပေးနော်။

လေ့ကျင့်ခန်း

ခန္ဓာကိုယ်လေးတော့ ကျစ်လစ်ချင်ပါရဲ့ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တော့ အဆင်မပြေပါဘူးနော်။ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်၊ GYM ဆော့တာတွေ လုပ်ပေးပါ။ အနည်းဆုံးတော့ လမ်းလျှောက်ပါနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top