iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ဳိ႕သူေတြဟာ ဘယ္လိုမွ လက္တြဲလို႔မရေအာင္ စ႐ိုက္ေတြ ကြဲျပားလြန္းပါတယ္။

တခ်ဳိ႕စံုတြဲေတြက ဘာလုပ္လုပ္ တက္ညီလက္ညီရွိၿပီး ေပ်ာ္စရာေကာင္းသေလာက္ တခ်ဳိ႕က်ေတာ့ ေတြ႔တာနဲ႔ တေဇာင္းေစးနဲ႔ မ်က္ေခ်းလို ျဖစ္ေနပါတယ္။ ဒီလို စံုတြဲမ်ဳိးေတြကေတာ့ ေရရွည္မွာ အပ်က္အပ်က္နဲ႔ ႏွာေခါင္းေသြး ထြက္မွာပါပဲ။

၁။ အျမဲတမ္း ျပႆနာတက္ေနတဲ့ စံုတြဲ

သူတုိ႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုကေတာ့ အျမဲလြဲေနတယ္။ အေသးအဖြဲေလးေတြကအစ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္မတူဘူး။ ဘယ္လုိမွ အေစးမကပ္ၾကေပမဲ့ ဇာတ္လမ္းကို အဆံုးမသတ္ခ်င္ၾကဘူး။ ဒါေပမဲ့ ေရရွည္မွာ ဘယ္လိုမွ မျဖစ္ႏုိင္ပါဘူး။

၂။ တစ္ေယာက္နဲ႔တစ္ေယာက္ လံုးဝၾကည့္မရတဲ့ စံုတြဲ

အျမဲတမ္း အခ်င္းခ်င္း စိတ္ဆိုးေနၾကသူေတြပါ။ သူတုိ႔ၾကားမွာ ဘယ္ေတာ့မွ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနရတယ္မရွိဘဲ ျပႆနာမဟုတ္တာ ျပႆနာလုပ္ေနၾကသူေတြ။ သူငယ္ခ်င္းေတြေရွ႕ ရန္ထျဖစ္ၿပီး ေပ်ာ္စရာအခ်ိန္ကို ဖ်က္ဆီးပစ္ဖို႔ ဝန္ေလးၾကသူေတြ မဟုတ္ဘူး။

၃။ ပိုကဲလြန္းတဲ့ စံုတြဲ

ခ်စ္သူသက္တမ္း ႏွစ္လျပည့္ေလာက္ကို ႀကီးႀကီးက်ယ္က်ယ္ေတြ လုပ္ေနသူေတြ။ တစ္ေယာက္နဲ႔တစ္ေယာက္ နာမည္ေျပာင္ေတြေပး၊ ေဖ့စ္ဘြတ္ခ္ေပၚမွာ လူေတြ မ်က္စိေနာက္ေလာက္ေအာင္ အျပန္အလွန္ စာေတြပို႔။ တစ္ဖက္နဲ႔ တစ္ဖက္ အသက္႐ွဴခြင့္ေတာင္ မေပးဘဲ တြယ္ကပ္လြန္းေနၾကတဲ့အတြက္ မြန္းက်ပ္လာတဲ့တစ္ေန႔ သူတုိ႔ Relationship က အစိတ္စိတ္အျမႊာျမႊာ ျဖစ္သြားပါလိမ့္မယ္။

၄။ ေမွ်ာ္လင့္တာေတြမ်ားလြန္းတဲ့ စံုတြဲ

သူမအေဖက သူမကို ဖူးဖူးမႈတ္ထားလို႔ ရည္းစားက သူမကို မင္းသမီးေလးလို ဆက္ဆံမယ္လို႔ ေမွ်ာ္လင့္တယ္။ ေကာင္ေလးကက်ေတာ့လည္း သူ႔ရဲ႕ေဝရာဝစၥအားလံုး လုပ္ေပးမယ့္ အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္ကို ေမွ်ာ္လင့္တယ္။ အဲဒါဆုိရင္ေတာ့ မၾကာခင္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ပ်က္ၾကရေတာ့မွာပါ။

Source & Photos : Life

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တချို့သူတွေဟာ ဘယ်လိုမှ လက်တွဲလို့မရအောင် စရိုက်တွေ ကွဲပြားလွန်းပါတယ်။

တချို့စုံတွဲတွေက ဘာလုပ်လုပ် တက်ညီလက်ညီရှိပြီး ပျော်စရာကောင်းသလောက် တချို့ကျတော့ တွေ့တာနဲ့ တဇောင်းစေးနဲ့ မျက်ချေးလို ဖြစ်နေပါတယ်။ ဒီလို စုံတွဲမျိုးတွေကတော့ ရေရှည်မှာ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်မှာပါပဲ။

၁။ အမြဲတမ်း ပြဿနာတက်နေတဲ့ စုံတွဲ

သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုကတော့ အမြဲလွဲနေတယ်။ အသေးအဖွဲလေးတွေကအစ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူဘူး။ ဘယ်လိုမှ အစေးမကပ်ကြပေမဲ့ ဇာတ်လမ်းကို အဆုံးမသတ်ချင်ကြဘူး။ ဒါပေမဲ့ ရေရှည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

၂။ တစ်ယောက်နဲ့တစ်ယောက် လုံးဝကြည့်မရတဲ့ စုံတွဲ

အမြဲတမ်း အချင်းချင်း စိတ်ဆိုးနေကြသူတွေပါ။ သူတို့ကြားမှာ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း နေရတယ်မရှိဘဲ ပြဿနာမဟုတ်တာ ပြဿနာလုပ်နေကြသူတွေ။ သူငယ်ချင်းတွေရှေ့ ရန်ထဖြစ်ပြီး ပျော်စရာအချိန်ကို ဖျက်ဆီးပစ်ဖို့ ဝန်လေးကြသူတွေ မဟုတ်ဘူး။

၃။ ပိုကဲလွန်းတဲ့ စုံတွဲ

ချစ်သူသက်တမ်း နှစ်လပြည့်လောက်ကို ကြီးကြီးကျယ်ကျယ်တွေ လုပ်နေသူတွေ။ တစ်ယောက်နဲ့တစ်ယောက် နာမည်ပြောင်တွေပေး၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူတွေ မျက်စိနောက်လောက်အောင် အပြန်အလှန် စာတွေပို့။ တစ်ဖက်နဲ့ တစ်ဖက် အသက်ရှူခွင့်တောင် မပေးဘဲ တွယ်ကပ်လွန်းနေကြတဲ့အတွက် မွန်းကျပ်လာတဲ့တစ်နေ့ သူတို့ Relationship က အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပါလိမ့်မယ်။

၄။ မျှော်လင့်တာတွေများလွန်းတဲ့ စုံတွဲ

သူမအဖေက သူမကို ဖူးဖူးမှုတ်ထားလို့ ရည်းစားက သူမကို မင်းသမီးလေးလို ဆက်ဆံမယ်လို့ မျှော်လင့်တယ်။ ကောင်လေးကကျတော့လည်း သူ့ရဲ့ဝေရာဝစ္စအားလုံး လုပ်ပေးမယ့် အိမ်ထောင်ရှင်မကောင်း တစ်ယောက်ကို မျှော်လင့်တယ်။ အဲဒါဆိုရင်တော့ မကြာခင်မှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်ကြရတော့မှာပါ။

Source & Photos : Life

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top