iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္အားျဖင့္ေတာ့ ေရက ဆိုးက်ိဳးေပးတယ္ဆိုတာ ရွားပါတယ္။ ေရေသာက္ျခင္းျဖင့္ ေရဓာတ္ ျပည့္ဝေစတယ္၊ အလြန္အကၽြံ စားမိတာေတြကို ေရွာင္ရွားေပးႏိုင္တဲ့အျပင္ ပိုေနတဲ့ကယ္လိုရီေတြကိုေတာင္မွ ေလာင္ကၽြမ္းေစႏိုင္တဲ့အစြမ္း ရွိပါတယ္။ ယံုဖို႔ခက္ေပမယ့္ ေရမေသာက္ဘဲေနသင့္တဲ့ အခ်ိန္အခါေတြလည္း ရွိပါတယ္။

 ရွားပါးေပမယ့္ ေရအမ်ားႀကီးေသာက္ျခင္းက က်န္းမာေရးျပႆနာအခ်ိဳ႕ ျဖစ္ႏိုင္ေျခမ်ားပါတယ္။ ေရကို တစ္ႀကိဳက္တည္း အမ်ားႀကီး ေမာ့ေသာက္လုိက္ျခင္းျဖင့္ ခႏၶာကိုယ္ထဲမွာရွိတဲ့ ဆားရဲ႕သဘာဝအရ ညီမွ်ေနမႈကို ေလ်ာ့က်သြားေစၿပီး Hyponatremia ဆိုတဲ့ ဆိုဒီယမ္ဓာတ္နည္းေနတဲ့ အေျခအေနမ်ိဳးကို ျဖစ္ေစႏိုင္ပါတယ္။ ဥပမာအားျဖင့္ - ခံႏိုင္ရည္ရွိတဲ့ အားကစားသမားေတြမွာ မာရသြန္ေျပးေနစဥ္ တစ္ေလွ်ာက္လံုးမွာ ေရမေေသာက္ဘဲ ေနေလ့ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအခ်ိန္မွာ ေသာက္လိုက္ျခင္းျဖင့္ ဆဲလ္ေတြေရာင္ၿပီးေတာ့ အန္ျခင္း၊ တက္ျခင္းနဲ႔ အသက္ေသဆံုးသည္အထိေတာင္ ျဖစ္ႏိုင္ပါတယ္။

အသည္း၊ ေက်ာက္ကပ္၊ ႏွလံုး၊ ပီက်ဴထရီဂလင္းျပႆနာ ရွိသူေတြ၊ ဆီးေဆး၊ စိတ္က်ေရာဂါကုေဆးနဲ႔ အနာသက္သာေဆးေတြ ေသာက္ေနရသူေတြမွာလည္း ေသြးတြင္းဆိုဒီယမ္ နည္းတတ္ပါတယ္။

 ဒီေတာ့ ေရဓာတ္ လံုေလာက္ၿပီလား၊ ဆက္ေသာက္ဖို႔ လိုေသးလား ဆိုတာကို ဘယ္လိုသိႏိုင္မလဲ။

အရင္သိထားတဲ့ နည္းလမ္းျဖစ္တဲ့ တစ္ေန႔ကို ေရ 8 ဖန္ခြက္ ေသာက္ရမယ္ဆိုတာကို ေမ့ထားလိုက္ပါ။ ဒီအစား ဆီးအေရာင္ကိုၾကည့္ၿပီး ဆံုးျဖတ္ႏိုင္ပါတယ္။ ဆီးေရာင္က အဝါေရာင္ေဖ်ာ့ေဖ်ာ့ေလးပဲဆိုရင္ ေရဓာတ္ လံုေလာက္ေနပါၿပီ။ ဆီက အရမ္းၾကည္ေနတယ္ဆိုရင္ ေရ ဆက္မေသာက္ပါနဲ႔ေတာ့၊ ဆီးေရာင္က ရင့္ေနမယ္၊ အရမ္းဝါေနတယ္ ဆိုရင္ေတာ့ ေရကို ျဖည္းျဖည္းခ်င္း တစြတ္စြတ္ ေသာက္ေပးပါ။

ကယ္လိုရီေတြ မတက္ေစဖို႔ အစားမစားခင္မွာ ေရေသာက္ေလ့ ရွိၾကပါတယ္။ ဗိုက္ထဲမွာ ေရေတြ ေနရာယူသြားတဲ့အခါမွာ အစာစားတာ နည္းသြားေစပါတယ္။ ဒါေပမဲ့ အစား အမ်ားႀကီးမစားခင္ (သို႔) စားေနခ်ိန္မွာ ေရမ်ားမ်ားေသာက္ျခင္းက မအီမသာ ျဖစ္ေစပါတယ္။ ေရမ်ားမ်ားေသာက္ျခင္းက ဗိုက္ႀကီး ျပည့္ၿပီး ကယ္ေနေစႏိုင္ပါတယ္။

ေခၽြးထြက္တဲ့အခါမွာ ပိုတက္ဆီယမ္၊ ဆိုဒီယမ္ စတဲ့ဓာတ္ေတြ ဆံုး႐ႈံးသြားပါတယ္။ ေခၽြး အရမ္းထြက္တဲ့အခါမွာ ခႏၶာကိုယ္ထဲကို ဒီဓာတ္ေတြ ျပန္လည္ျဖည့္ေပးဖို႔ လိုအပ္ပါတယ္။ ဒါကို ေရကေန မရႏိုင္ပါဘူး။ သၾကားဓာတ္ပါတဲ့ အားျဖည့္အခ်ိဳရည္ေတြ ေသာက္မယ့္အစား ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္၊ ဆိုဒီယမ္နဲ႔ ဗီတာမင္စီေတြ သဘာဝအတိုင္း ပါဝင္မႈမ်ားၿပီး ကယ္လိုရီ အမ်ားႀကီးမပါဘဲ အမွ်င္ဓာတ္ပါဝင္မႈမ်ားတဲ့ အုန္းရည္ကို ေသာက္ေပးႏိုင္ပါတယ္။

သိမွတ္စရာအခ်က္

အရသာရွိတဲ့ ခ်ိဳရည္ေတြ ေရြးခ်ယ္စရာမ်ားေနတဲ့ ဒီလုိေခတ္ႀကီးမွာ ေရေသာက္နည္းၿပီး ဒီအခ်ိဳရည္ေတြ အေသာက္ မ်ားလာၾကပါတယ္။ ဒါေပမဲ့ ဒီလိုအရသာရွိတဲ့အခ်ိဳရည္ေတြမွာ အခ်ိဳဓာတ္ ျဖည့္ထားတဲ့အရာေတြ ထည့္ထားၿပီးေတာ့ ဒီအခ်ိဳဓာတ္ေတြက ဆာေလာင္မႈကို အားေပးၿပီး ကိုယ္အေလးခ်ိန္ တက္ေစပါတယ္။ ဒါေၾကာင့္ ေၾကာ္ျငာအားေကာင္းတဲ့ ဒီအခ်ိဳရည္ေတြက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုၿပီးေပးစြမ္းႏိုင္ပါတယ္။ ဒီအစား အရသာရွိခ်င္ရင္ ကိုယ္ေသာက္မယ့္ေရထဲမွာ ကိုယ့္ဟာကိုယ္ သံပရာသီး၊ သခြားသီး၊ ကၽြဲေကာသီး၊ ဘယ္ရီသီးနဲ႔ အျခားအသီးအႏွံေတြကို ညႇစ္ထည့္ၿပီး ေသာက္သံုးႏိုင္ပါတယ္။

Credit : Dr. Mya Myo Myo Swe (drmyanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပုံမှန်အားဖြင့်တော့ ရေက ဆိုးကျိုးပေးတယ်ဆိုတာ ရှားပါတယ်။ ရေသောက်ခြင်းဖြင့် ရေဓာတ် ပြည့်ဝစေတယ်၊ အလွန်အကျွံ စားမိတာတွေကို ရှောင်ရှားပေးနိုင်တဲ့အပြင် ပိုနေတဲ့ကယ်လိုရီတွေကိုတောင်မှ လောင်ကျွမ်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ယုံဖို့ခက်ပေမယ့် ရေမသောက်ဘဲနေသင့်တဲ့ အချိန်အခါတွေလည်း ရှိပါတယ်။

 ရှားပါးပေမယ့် ရေအများကြီးသောက်ခြင်းက ကျန်းမာရေးပြဿနာအချို့ ဖြစ်နိုင်ခြေများပါတယ်။ ရေကို တစ်ကြိုက်တည်း အများကြီး မော့သောက်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆားရဲ့သဘာဝအရ ညီမျှနေမှုကို လျော့ကျသွားစေပြီး Hyponatremia ဆိုတဲ့ ဆိုဒီယမ်ဓာတ်နည်းနေတဲ့ အခြေအနေမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် - ခံနိုင်ရည်ရှိတဲ့ အားကစားသမားတွေမှာ မာရသွန်ပြေးနေစဉ် တစ်လျှောက်လုံးမှာ ရေမေသောက်ဘဲ နေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ သောက်လိုက်ခြင်းဖြင့် ဆဲလ်တွေရောင်ပြီးတော့ အန်ခြင်း၊ တက်ခြင်းနဲ့ အသက်သေဆုံးသည်အထိတောင် ဖြစ်နိုင်ပါတယ်။

အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ပီကျူထရီဂလင်းပြဿနာ ရှိသူတွေ၊ ဆီးဆေး၊ စိတ်ကျရောဂါကုဆေးနဲ့ အနာသက်သာဆေးတွေ သောက်နေရသူတွေမှာလည်း သွေးတွင်းဆိုဒီယမ် နည်းတတ်ပါတယ်။

 ဒီတော့ ရေဓာတ် လုံလောက်ပြီလား၊ ဆက်သောက်ဖို့ လိုသေးလား ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

အရင်သိထားတဲ့ နည်းလမ်းဖြစ်တဲ့ တစ်နေ့ကို ရေ 8 ဖန်ခွက် သောက်ရမယ်ဆိုတာကို မေ့ထားလိုက်ပါ။ ဒီအစား ဆီးအရောင်ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဆီးရောင်က အဝါရောင်ဖျော့ဖျော့လေးပဲဆိုရင် ရေဓာတ် လုံလောက်နေပါပြီ။ ဆီက အရမ်းကြည်နေတယ်ဆိုရင် ရေ ဆက်မသောက်ပါနဲ့တော့၊ ဆီးရောင်က ရင့်နေမယ်၊ အရမ်းဝါနေတယ် ဆိုရင်တော့ ရေကို ဖြည်းဖြည်းချင်း တစွတ်စွတ် သောက်ပေးပါ။

ကယ်လိုရီတွေ မတက်စေဖို့ အစားမစားခင်မှာ ရေသောက်လေ့ ရှိကြပါတယ်။ ဗိုက်ထဲမှာ ရေတွေ နေရာယူသွားတဲ့အခါမှာ အစာစားတာ နည်းသွားစေပါတယ်။ ဒါပေမဲ့ အစား အများကြီးမစားခင် (သို့) စားနေချိန်မှာ ရေများများသောက်ခြင်းက မအီမသာ ဖြစ်စေပါတယ်။ ရေများများသောက်ခြင်းက ဗိုက်ကြီး ပြည့်ပြီး ကယ်နေစေနိုင်ပါတယ်။

ချွေးထွက်တဲ့အခါမှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် စတဲ့ဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ချွေး အရမ်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲကို ဒီဓာတ်တွေ ပြန်လည်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ရေကနေ မရနိုင်ပါဘူး။ သကြားဓာတ်ပါတဲ့ အားဖြည့်အချိုရည်တွေ သောက်မယ့်အစား ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ဗီတာမင်စီတွေ သဘာဝအတိုင်း ပါဝင်မှုများပြီး ကယ်လိုရီ အများကြီးမပါဘဲ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အုန်းရည်ကို သောက်ပေးနိုင်ပါတယ်။

သိမှတ်စရာအချက်

အရသာရှိတဲ့ ချိုရည်တွေ ရွေးချယ်စရာများနေတဲ့ ဒီလိုခေတ်ကြီးမှာ ရေသောက်နည်းပြီး ဒီအချိုရည်တွေ အသောက် များလာကြပါတယ်။ ဒါပေမဲ့ ဒီလိုအရသာရှိတဲ့အချိုရည်တွေမှာ အချိုဓာတ် ဖြည့်ထားတဲ့အရာတွေ ထည့်ထားပြီးတော့ ဒီအချိုဓာတ်တွေက ဆာလောင်မှုကို အားပေးပြီး ကိုယ်အလေးချိန် တက်စေပါတယ်။ ဒါကြောင့် ကြော်ငြာအားကောင်းတဲ့ ဒီအချိုရည်တွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီးပေးစွမ်းနိုင်ပါတယ်။ ဒီအစား အရသာရှိချင်ရင် ကိုယ်သောက်မယ့်ရေထဲမှာ ကိုယ့်ဟာကိုယ် သံပရာသီး၊ သခွားသီး၊ ကျွဲကောသီး၊ ဘယ်ရီသီးနဲ့ အခြားအသီးအနှံတွေကို ညှစ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

Credit : Dr. Mya Myo Myo Swe (drmyanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top