iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအႏွံေတြ၊ ဟင္းသီးဟင္းရြက္ေတြအကုန္လံုးဟာ လူသားအားလံုးရဲ႕ကိုယ္ခႏၶာကို ေကာင္းက်ိဳးမ်ားျဖည့္စြမ္းေပးႏုိင္ပါတယ္။ ထိုအထဲကမွ လိေမၼာ္သီးမ်ားဟာ ဗီတာမင္စီပါ၀င္မႈအလြန္မ်ားျပားၿပီး အင္မတန္ေကာင္းမြန္သည့္အရသာကို ေပးစြမ္းႏိုင္ရံုသာမက အိမ္ကိုလည္းေမႊးရနံ႕သင္းထံုေစပါတယ္။ ဒီအတိုင္းစားတာပဲျဖစ္ျဖစ္၊ အရည္ေသာက္သံုးေပးတာပဲျဖစ္ျဖစ္ စိတ္ႀကိဳက္ပံုစံနဲ႕စားသံုးႏိုင္ေသာ္လည္း ေရႏွင့္ေရာစပ္ၿပီးေသာက္သံုးတ့အခါမွာ အရသာပိုမိုေကာင္းမြန္ေစရံုသာမက ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္မ်ားကိုလည္း ဖယ္ရွားပစ္ႏိုင္ပါတယ္။

လိေမၼာ္သီး၏အသား၊ အူတိုင္၊ အခြံ အကုန္လံုးမွာ စြမ္းအားမ်ိဳးစံုပါ၀င္ၿပီး လိေမၼာ္ရည္ကိုေရႏွင့္တြဲဖက္ေသာက္သံုးေပးတဲ့အခါမွာ ဘယ္လိုအက်ိဳးေက်းဇူးေတြကို ရရွိလာႏုိင္သလဲဆိုတာ မသိေသးေသာသူမ်ားအတြက္ ျပန္လည္ေ၀မွ်ေပးလိုက္ရပါတယ္။

ကင္ဆာတုိက္ဖ်က္ေပးျခင္း

ကင္ဆာေရာဂါကို ကာကြယ္ႏိုင္တဲ့ စပ်စ္သီး၊ ေထာပတ္သီး နဲ႔ နာနတ္သီးရဲ႕ အက်ိဳးေက်းဇူး

အဆုတ္၊ ရင္သား၊ ခံတြင္း၊ အေရျပားႏွင့္ အူမႀကီးတို႕တြင္ ကင္ဆာေရာဂါျဖစ္ပြားမႈကို တိုက္ထုတ္ေပးႏုိင္တဲ့ liminoids ႏွင့္ carotenoids ဟုေခၚေသာ ျဒပ္ေပါင္းမ်ားပါ၀င္ပါတယ္။

ဖိုက္ဘာႀကြယ္၀ျခင္း

အူမ်ားကို သန္႕စင္ေပးႏိုင္သည့္ ဖိုက္ဘာပါ၀င္ၿပီး ခႏၶာကိုယ္အတြင္းမွ ကိုလက္စထေရာမ်ားကို ထုတ္ပစ္ကာ ေသြးခ်ိဳပမာဏကိုထိန္းခ်ဳပ္ေပးပါတယ္။

ကိုလက္စထေရာေလ်ာ့ခ်ေပးျခင္း

Cholesterol

အသီးႏွင့္အခြံတြင္ပါ၀င္သည့္ Hesperidin သည္ ကိုလက္စထေရာႏွင့္ ေသြးေပါင္ခ်ိန္ကို ေလ်ာ့က်ေစပါတယ္။

ကိုယ္တြင္းအနာမ်ားျဖစ္ေပၚမႈကို ကာကြယ္ေပးျခင္း

ဗီတာမင္စီသည္ အစာအိမ္ သို႕မဟုတ္ အူမ်ားတြင္ H. pylori ဘတ္တီးရီးယားတြယ္ကပ္ျခင္းျဖင့္ အနာမ်ားျဖစ္တည္မႈကို ဟန္႕တားေပးပါတယ္။

အသည္းေက်ာက္တည္မႈကို တားဆီးေပးျခင္း

လိေမၼာ္ရည္ကိုေသာက္သံုးေပးျခင္းျဖင့္ အခ်ဥ္ဓာတ္သည္ ဆီးအတြင္းသို႕ေရာက္သြားသည့္အတြက္ အသည္းတြင္ ေက်ာက္မ်ားျဖစ္ေပၚမႈကို ပိတ္ဆို႕ေပးႏုိင္ပါတယ္။

အသားအေရတိုးတက္ေကာင္းမြန္ေစျခင္း

လိေမၼာ္သီးအရည္ကို အသံုးျပဳၿပီး မ်က္ႏွာေပၚတြင္ တိုနာအေနျဖင့္အသံုးျပဳေပးျခင္းသည္ ေခၽြးေပါက္မ်ားကို သန္႕ရွင္းေပးၿပီး က်ဥ္းေျမာင္းသြားေစပါတယ္။ သည့္အျပင္ ေရာင္ၿခည္လိႈင္းမ်ားမွ အသားအေရပ်က္စီးအိုမင္းျခင္းကို ကာကြယ္ေပးၿပီး ၀င္းလက္ေတာက္ပမႈရွိေစပါတယ္။

မ်က္လံုးကိုေထာက္ပံ့ေပးျခင္း

ဗီတာမင္စီအျပင္ ဗီတာမင္ေအႏွင့္ပိုတက္စီယမ္တို႕သည္လည္း ပါ၀င္တာေႀကာင့္ မ်က္လံုးအားကို ေကာင္းမြန္ေစပါတယ္။

ကိုယ္အေလးခ်ိန္က်ရန္ ကူညီေပးျခင္း

လိေမၼာ္သီးေဖ်ာ္ရည္ကို မနက္ခင္းတြင္ေသာက္သံုးေပးပါက တေနကုန္လံုး အဆိပ္အေတာက္မ်ားကိုဖယ္ရွားႏုိင္ရန္ႏွင့္ ဗိုက္အဆီဖယ္ရွားရန္တုိ႕ကို ကူညီေပးႏုိင္ပါတယ္။ အစာမစားမွီ လိေမၼာ္သီးေဖ်ာ္ရည္ေသာက္သံုးေပးျခင္းက ဗိုက္အင့္ျခင္းကို ျဖစ္ေပၚေစေသာေႀကာင့္ အစားမ်ားမ်ားစားျခင္း၊ မႀကာခဏဗိုက္ဆာျခင္းတို႕ မျဖစ္ေပၚနိုင္ေတာ့ေပ။

အဆစ္အျမစ္ေရာင္ရမ္းကိုက္ခဲမႈကို သက္သာေစျခင္း

ဗီတာမင္စီႏွင့္ Antioxidants မ်ားပါ၀င္သည့္ လိေမၼာ္သီးေဖ်ာ္ရည္ကို မနက္ခင္းတြင္ ေသာက္သံုးေပးျခင္းက ေရာင္ရမ္းမႈကိုသက္သာေစႏုိင္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေအကုန်လုံးဟာ လူသားအားလုံးရဲ့ကိုယ်ခန္ဓာကို ကောင်းကျိုးများဖြည့်စွမ်းပေးနိုင်ပါတယ်။ ထိုအထဲကမှ လိမ္မော်သီးများဟာ ဗီတာမင်စီပါဝင်မှုအလွန်များပြားပြီး အင်မတန်ကောင်းမွန်သည့်အရသာကို ပေးစွမ်းနိုင်ရုံသာမက အိမ်ကိုလည်းမွှေးရနံ့သင်းထုံစေပါတယ်။ ဒီအတိုင်းစားတာပဲဖြစ်ဖြစ်၊ အရည်သောက်သုံးပေးတာပဲဖြစ်ဖြစ် စိတ်ကြိုက်ပုံစံနဲ့စားသုံးနိုင်သော်လည်း ရေနှင့်ရောစပ်ပြီးသောက်သုံးတ့အခါမှာ အရသာပိုမိုကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်။

လိမ္မော်သီး၏အသား၊ အူတိုင်၊ အခွံ အကုန်လုံးမှာ စွမ်းအားမျိုးစုံပါဝင်ပြီး လိမ္မော်ရည်ကိုရေနှင့်တွဲဖက်သောက်သုံးပေးတဲ့အခါမှာ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိလာနိုင်သလဲဆိုတာ မသိသေးသောသူများအတွက် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

ကင်ဆာတိုက်ဖျက်ပေးခြင်း

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ စပျစ်သီး၊ ထောပတ်သီး နဲ့ နာနတ်သီးရဲ့ အကျိုးကျေးဇူး

အဆုတ်၊ ရင်သား၊ ခံတွင်း၊ အရေပြားနှင့် အူမကြီးတို့တွင် ကင်ဆာရောဂါဖြစ်ပွားမှုကို တိုက်ထုတ်ပေးနိုင်တဲ့ liminoids နှင့် carotenoids ဟုခေါ်သော ဒြပ်ပေါင်းများပါဝင်ပါတယ်။

ဖိုက်ဘာကြွယ်ဝခြင်း

အူများကို သန့်စင်ပေးနိုင်သည့် ဖိုက်ဘာပါဝင်ပြီး ခန္ဓာကိုယ်အတွင်းမှ ကိုလက်စထရောများကို ထုတ်ပစ်ကာ သွေးချိုပမာဏကိုထိန်းချုပ်ပေးပါတယ်။

ကိုလက်စထရောလျော့ချပေးခြင်း

Cholesterol

အသီးနှင့်အခွံတွင်ပါဝင်သည့် Hesperidin သည် ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

ကိုယ်တွင်းအနာများဖြစ်ပေါ်မှုကို ကာကွယ်ပေးခြင်း

ဗီတာမင်စီသည် အစာအိမ် သို့မဟုတ် အူများတွင် H. pylori ဘတ်တီးရီးယားတွယ်ကပ်ခြင်းဖြင့် အနာများဖြစ်တည်မှုကို ဟန့်တားပေးပါတယ်။

အသည်းကျောက်တည်မှုကို တားဆီးပေးခြင်း

လိမ္မော်ရည်ကိုသောက်သုံးပေးခြင်းဖြင့် အချဉ်ဓာတ်သည် ဆီးအတွင်းသို့ရောက်သွားသည့်အတွက် အသည်းတွင် ကျောက်များဖြစ်ပေါ်မှုကို ပိတ်ဆို့ပေးနိုင်ပါတယ်။

အသားအရေတိုးတက်ကောင်းမွန်စေခြင်း

လိမ္မော်သီးအရည်ကို အသုံးပြုပြီး မျက်နှာပေါ်တွင် တိုနာအနေဖြင့်အသုံးပြုပေးခြင်းသည် ချွေးပေါက်များကို သန့်ရှင်းပေးပြီး ကျဉ်းမြောင်းသွားစေပါတယ်။ သည့်အပြင် ရောင်ခြည်လှိုင်းများမှ အသားအရေပျက်စီးအိုမင်းခြင်းကို ကာကွယ်ပေးပြီး ဝင်းလက်တောက်ပမှုရှိစေပါတယ်။

မျက်လုံးကိုထောက်ပံ့ပေးခြင်း

ဗီတာမင်စီအပြင် ဗီတာမင်အေနှင့်ပိုတက်စီယမ်တို့သည်လည်း ပါဝင်တာကြောင့် မျက်လုံးအားကို ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်ကျရန် ကူညီပေးခြင်း

လိမ္မော်သီးဖျော်ရည်ကို မနက်ခင်းတွင်သောက်သုံးပေးပါက တနေကုန်လုံး အဆိပ်အတောက်များကိုဖယ်ရှားနိုင်ရန်နှင့် ဗိုက်အဆီဖယ်ရှားရန်တို့ကို ကူညီပေးနိုင်ပါတယ်။ အစာမစားမှီ လိမ္မော်သီးဖျော်ရည်သောက်သုံးပေးခြင်းက ဗိုက်အင့်ခြင်းကို ဖြစ်ပေါ်စေသောကြောင့် အစားများများစားခြင်း၊ မကြာခဏဗိုက်ဆာခြင်းတို့ မဖြစ်ပေါ်နိုင်တော့ပေ။

အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲမှုကို သက်သာစေခြင်း

ဗီတာမင်စီနှင့် Antioxidants များပါဝင်သည့် လိမ္မော်သီးဖျော်ရည်ကို မနက်ခင်းတွင် သောက်သုံးပေးခြင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top